အသက် ၂၉ နှစ်ရှိ အင်ဒိုနီးရှားအမျိုးသား ဆီပီယာနိုကသူသည်
ဗုံးပြုလုပ်ပြီး အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ ရှိမြန်မာသံရုံးကို ဖောက်ခွဲရန် ရည်ရွယ်ခဲ့ ကြောင်း တင်္နလာနေ့ ကတရားရုံးတွင်ဝန်ခံထွက်ဆိုခဲ့ ပါသည်။
ဆီပီယာနို က တရားရုံးတွင်ထွက်ဆိုရာတွင် သူသည်လူအများသေခြင်းကို ရှောင်ရှားလိုသည့်အတွက် ဗုံး၏ ပြင်းအားကိုမှုလျှော့ ချပြုလုပ်ခဲ့ သည်ဟုဆိုသည်။ သူနှင့်သူ့ အဖော်များသည် ပြီးခဲ့သည့်မေလတွင် ဗုံးကို မြန်မာသံရုံး၏ အပြင်ဘက်တွင် ထားရန် ကြံစည်ခဲ့ သည်ဟု သူက ထွက်ဆိုသည်။
ထိုစဉ်က မြန်မာသံရုံးရှေ့ တွင်ဆန္ဒလာပြမည့် မွတ်ဆလင်အုပ်စုများမလာခင် ထိုဗုံးကိုဖောက်ခွဲရန်သူက စီစဉ်ထားသည်ဟုသိရသည်။ သူနှင့်တခြားကြံရာပါများကိုလည်း တရားရုံးတွင်စတင်စစ်ဆေးနေဆဲ ဖြစ်ပါသည်။
“ကျနော်နောင်တရပါပြီ။ အခုချိန်မှာတော့ မိသားစုဆီကိုဘဲ ကျနော်ပြန်သွားချင်ပါတော့တယ်”ဟု ဆီပီယာနို က ပြောကြားပါသည်။ သူက ဗုံးလုပ်နည်းကို အင်တာနက်ကနေ လေ့လာသင်ယူခဲ့ သည်ဟုဆိုသည်။
အင်ဒိုနီးရှားအကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ က ဆီပီယာနို ကို ဂျကာတာမြို့ တွင် မေလ၂ရက်နေ့ က ဖမ်းဆီးခဲ့ ၏ သူနှင့် အခြားသူတဦးက ဗုံးများကို ကျောပိုးအိတ်ထဲသယ်ပြီး မော်တော်ဆိုင်ကယ်စီးလာစဉ်မှာ ဖမ်းဆီးမိခြင်းဖြစ်သည်။
တရားရုံးတွင် ဆီပီယာနို ၏၀န်ခံချက်အရ သူနှင့်အပေါင်းအဖော်များသည် နောက်တနေ့ မနက်တွင် မြန်မာသံရုံးရှေ့ တွင်ဗုံးဖောက်ခွဲရန်စီစဉ်ထားသည်ဟု သိရသည်။
ဆီပီယာနို ကို အကြမ်းဖက်ဥပဒေအရ အင်ဒိုနီးရှားအစိုးရက တရားစွဲထားပါသည်။ အကြမ်းဖက်ခြင်းကျူးလွန်ကြောင်း စစ်ဆေးတွေ့ ရှိပါက သေဒဏ်အထိပင်အပြစ်ပေးနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်လူနည်းစုများ၏ ပြသာနာကြောင့် မွတ်ဆလင်လူမျိုးအချို့ သေဆုံးပြီး လူပေါင်း နှစ်သိန်းခန့်မှာလည်း အိုးအိမ်စွန့်ခွာ၍နေရသည်။
ကမ္ဘာပေါ်တွင် မွတ်ဆလင်ဘာသာဝင်ဦးရေအများဆုံးဖြစ်သည့်အင်ဒိုနီးရှားနိုင်ငံ မွတ်ဆလင်အုပ်စုအချို့ က မြန်မာတွင် ဖြစ်ခဲ့ သော အကြမ်းဖက်မှုများသည် ဂျေဟက်ခေါ်ဘာသာရေးစစ်ပွဲများဖြစ်ပွဲများဖြစ်လာစေသည့်အကြောင်းရင်းဟု ယူဆက မြန်မာသံရုံးကို လက်တုံပြန်ရန်စီစဉ်ခဲ့ ကြသည်။
အင်ဒိုနီးရှားသမ္မတ ယူဒို ယိုနိကမှု မြန်မာအစိုးရကို မွတ်ဆလင်လူနည်းစုများအပေါ် အကြမ်းဖက်နေမှုများကို ရပ်တန့် ရန်တိုက်တွန်းခဲ့ သည်။ သို့ သော်လည်း အင်ဒိုနီးရှားနိုင်ငံရှိ မွတ်ဆလင်လူမျိုးများက မြန်မာပြည်က ဗုဒ္ဓဘာသာဝင်များ၏ လုပ်ရပ်အပေါ်မကျေနပ်သဖြင့် အင်ဒိုနီးရှားနိုင်ငံတွင်ဆန္ဒပြမှုများပြုလုပ်ခဲ့ ကြသည်။
ဆီပီယာနိုသည် နောက်တပတ်တွင်တရားရုံး၌ထပ်လာရရန်ရှိပြီး သူက အပြစ်ဝန်ခံပါက တရားရုံးက ပြစ်ဒဏ်စီရင်ချမှတ်မည်ဖြစ်ပါသည်မြန်မာနိုင်ငံကမှု ယခုအပတ်တွင် အရှေ့ တောင်အာရှအားကစားပွဲတော်ကို ကျင်းပရန်အတွက် အကြမ်းဖက်မှုများမှကာကွယ်ရန် လုံခြုံရေးကိုပြင်ဆင်တင်းကျပ်ထားလျှက်ရှိပါသည်။
(h ၊ကိုးကားWSJ)

No comments:
Post a Comment