ရန်ကုန်-ဒီဇင်ဘာ၁၄
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို ယနေ့ညနေယှဉ်ပြိုင်မည့်
ထိုင်းအသင်းကို အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း(၂၀၀)ချီးမြှင့်မည်ဟု
AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)မှကြေညာသည်.။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော ၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်တွင်ယှဉ်ပြိုင်သည်
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ အောင်နိုင်ရေးအတွက်
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်သည်
တစ်ဖက်တစ်လမ်းမှ အားပေးချီးမြှောက်ခြင်းအနေဖြင့် အောက်ပါဆုများကို ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
(က)မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည့်ယနေ့ညနေယှဉ်ပြိုင်မည့်
ထိုင်းအသင်းကို အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း(၂၀၀)
(ခ) အင်ဒိုနီးရှားအသင်းကို အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း (၂၀၀)
(ဂ) အကြိုဗိုလ်လုပွ္ပဲတွင် အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း(၅၀၀)
(ဃ) ချန်ပီယံဆု ဆွတ်ခူးခဲ့လျှင် ဆုကြေးငွေ ကျပ်သိန်း(၁၀၀၀) တိတိတို့ကို ချီးမြှင့်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကိုလည်း အောင်မြင်မှု ရရှိပါက ဆုကြေးငွေများ ချီးမြှင့်သွားရန် စီစဉ်ထားကြောင်းသိရသည်။
Aye Chan Mon# ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်
Credit To: Popular Myanmar News Journal

No comments:
Post a Comment