Sunday, December 15, 2013
အောင်မင်း ဘယ်လို ယာတြာချေသလဲ?
အောင်မင်း ဘယ်လို ယာတြာချေသလဲ? အောင်မင်းက ၂၀၁၃ ခုနှစ်ပြည်ထောင်စုနေ့ညစာ စားပွဲမှာ ဒေါ်စု လက်ဖ၀ါးပြင်ကို ကြည့်ပါရစေလို့ပြောတယ်။ ဒေါ်စု က ထိုင်နေရင်းကနေ မျက်ပြူးဆန်ပြာကလေးဖြစ်သွားသတဲ့၊ အောင်မင်းက ဆက်ပြောတယ် “ကျနော် လက်္ခဏာပညာရပ်ကို လိုက်စားတာ နှစ်ပေါင်း ၃၀ လောက်ကိုကြာပြီ “တဲ့၊ ဒေါ်စုက မျက်လုံးလေးအ၀ိုင်းသားကလေးဖြစ်ပြီး ဆက်နားထောင်တယ်၊ “ကျတော်က နာမည်ကြီးတဲ့သူတွေရဲ့လက်တွေကိုကြည့် ဘူးတယ် နာမည်ပဲကြီးကြတာ ဘုန်းတန်ခိုး မကြီးကြဘူး “တဲ့၊ “ဒါကြောင်း အဲဒီနှစ်ပါးနဲ့ ပြည်စုံမှ အရာရာ ပြည်စုံပါတယ် “တဲ့၊ အောင်မင်းက ပြောနေတုံး ဒေါ်စုလက် လက်နှစ်ဖက်လုံးကို ဖြန့်လျှက်အနေထားလေးနဲ့ ထုတ်ပေးလိုက်ပါတယ်။ အောင်မင်းက ဟုတ်တိပတ်တိတောင် မကြည့်လိုက်ပါ၊” ကျနော် တွေ့သွားပြီဗျာ ဒီလိုလက်္ခဏာပိုင်ရှင်တွေဟာ တိုင်းပြည်အုပ်ချုပ်မဲ့ မင်းလုပ်တဲ့ လက်္ခဏာ “ဆိုပြီး အောင်းမင်းက ပြောချပါသတဲ့။ အမှန်တော့ အောင်မင်းက ဘယ်တုန်းကမှ လက်္ခဏာ ကြည့်သူမဟုတ်ပါ၊ လက်္ခဏာများနှင့် ပတ်သက်သော ဆောင်းပါးလေးတပုဒ် စာလေးတကြောင်း တောင်း အောင်မင်း မရေးဘူးခဲ့ပါ။ စစ်တပ်ထဲက လူပဲဖြစ်ဖြစ်၊ စစ်တပ်က ထွက်လာသူပဲဖြစ်ဖြစ် သူတို့ ယုံတာ ဗေဒင် ယာတြာ များ နှင့် ဓါတ်ဆင်ဓါတ်ရိုက် များသားဖြစ်ကြသည်။ ယခုလဲ အောင်မင်း အတည်ပေါက်နှင့် ယာတြာချေလိုက်သည်။ ဖြစ်ပုံကို အများသိအောင် ပြောရမည်။ အောင်သောင်းတို့နှင့် အနားယူသူ ဗိုလ်သန်းရွှေတို့ ဗိုလ်မောင်အေးတို့ ၏ မိန်းမများ အသိုင်းဝိုင်းသည် အလွန်ပင် ဗေဒင်တွုက်ကြသည်၊ ဓါတ်ဆင် ဓါတ်၇ိုက် လုပ်သည့် အပြင် ဗိုလ်သန်းရွှေ၏ အငယ်ဆုံးသားအတွက် ဓါတ်စီးခန်းကို သီးသန့် ဆောက်ထားပေ၏၊ ရန်ကုန် ၉ မိုင်မှ ဆရာမဲ ဆိုသော ဘိုးတော်ကို ရဟတ်ယာဉ်ဖြင့် မကြာခနပင့်ကြပြီး ၄င်းတို့၏ ကံကြမ္မာအနာဂတ်များကို စစ်တမ်းထုတ် ဓါတ်ဆင် ယာတြာများ ပြုလုပ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်လာသောအခါ ထိုဘိုးတော် မဲက မိန်းမ အုပ်ချုပ်မည့် လက္ခဏာပေါ်သည်ဟု ပြောချ လေသည်။ ထိုအခါ ဒေါ်ကြိုင်ကြိုင်နှင့် အောင်သောင်းတို့ တသိုက် ယာတြာဘက်သို့ လိုက်ကြတော့သည်။ အောင်မင်း၊ စိုးသိန်း၊ ဌေးဦးနှင့် အောင်သိန်းလင်းက အောင်သောင်းတို့ ကိုးကွယ်သော ဘိုးတော်မဲ ဂိုဏ်းသားများဖြစ်ကြသည်။ ဘိုတော်မဲက အဟောအပြော အတော်ကောင်းသည်ဟုသိရသည်။ ဘိုတော်မဲအား မိန်းမအုပ်ချုပ်မှုက ကင်းလွတ်အောင် ယာတြာတောင်းကြသည်။ ရွေးကောက်ပွဲပြီးသည်နှင့် ဘိုးတော်မဲပေးသော အကြံအား စတင်အကောင်ထည်ဖေါ်ကြသည်။ ဘိုတော်မဲက မဂဏန်းနှင့် ပတ်သက်သော ရှေ့က မဖြင့် နာမည်တွင်သော မြို့များတွင်နေရာ ၁၃ခုတွင် ပြသနာများ အထိကရုံန်းများဖြစ်အောင် ဖန်တီးပြီး ယာတြာချေကြတော့သည်။ (၁)မြစ်ဆုံဆည် (၂) မောင်းတော ( ဗလီဆရာ နှင့် မူဆလင် ၁၀ဦး သတ်ဖြတ်ခံရမှုမှ စတင်မီးမွှေးကြသည် (၃) မင်္ဂလာဈေး မီးရှို့ကြသည် (၄)မုံရွာ လက်ပံတောင်း မီးလောင်ဗုံး (၅) မန္တလေး တိုင်း၇င်းသားသိပ္ပံကျောင်း ပြောင်းရွေ့မှု (၆) မော်လမြိုင် ဈေးကြီး မီးလောင်အောင်လုပ်ကြသည် (၇) မြစ်ကြီးနား ဗုံးခွဲမှုနှင့် မိုးမောက်ကားလမ်းပေါ်တွင် စစ်ပွဲဆင်သည် (၈) မအူပင် လယ်သမားအရေးခင်း (၉) ယခု မိတ္ထိလာ မြို့ အပါဝင် ဆိုနိုင်သည်။ (၁၀) မိချောင်းကန် (ရန်ကုန်) နောက်ထပ် မ စာလုံးရှိသော မြို့ ၃ မြို့ ကျန်နေသေးသည်။ မည်သည့် မြို့များဖြစ်မည်ကို ခန့်မှန်းရခက်ပါသည်။ သို့သော် မစာလုံးများစသောမြို့များကိုသာ ကွက်လုပ်နေလျှင် လူတွေ ရိပ်မိ ဖမ်းစားမိလာမည်ဖြစ်သောကြောင့် အချို့မြို့များသည် မစာလုံးနှင့် မစသော်လည်း ပြသနာဖြစ်အောင် ဟန်ပြလုပ်ကြလေသည်။ အထက်က ဖေါ်ပြခဲ့သော အောင်မင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ လက္ခဏာအားကြည့်ပြီး ပြောသော စကားလုံးတို့သည်လဲ ဘိုးတော်မဲ၏ ယာတြာများဖြစ်သည်ဟုသိရသည်။ အောင်မင်းပြောဆိုပုံကို အသေခြာ ပြန်ကောက်ကြည့်နိုင်ပါသည်။ “တွေ့သွားပြီဗျာ ဒီလိုလက်္ခဏာပိုင်ရှင်တွေဟာ တိုင်းပြည်အုပ်ချုပ်မဲ့ မင်းလုပ်တဲ့ လက်္ခဏာ” ဆိုသော အောင်မင်း စကားလုံးများထဲတွင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်မဲ့ ဆိုသော စကားလုံး ပါအောင် ယာတြာက ဇာတ်တိုက်ထားပေးပြီး အောင်မင်း ဆိုသော နာမည်ဖြင့် လုပ်ခိုင်းခြင်းပင်ဖြစ်သည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မဲ့ စကား၏ အဓိပ္ပါယ်ကာ တိုင်းပြည်အား မင်းလုပ်အုပ်ချုပ်မရခြင်းဟု ဘိုးတော်မဲက ဘာသာပြန်ပြီး ချပေးသော စကားလုံးအတိုင်း အောင်မင်း က ပြောလေသည်။ ထို့အပြင် ဒေါ်စုလက်နှစ်ဖက် ဖြန့်ပေးပြီး ကမ်းပေးရသော အနေထားမှာ ဘာကိုမဆို ဒေါ်စုအဖို့ အောက်ကျနောက်ကျ တောင်းရန် ရည်ရွယ်ထားသည်ဟု သိရသည်။ အဆုံးသတ်ဆိုရသော် အာဏာရှင် ဦးနေ၀င်း ခေတ်တလျောက်လုံး တိုင်းပြည်အား စေတနာ ပညာ များဖြင့် တရားမျှတစွာ အုပ်ချုပ်ခဲ့ခြင်း သိပ်မရှိလှကြောင်း၊ နှင့် ၈၈ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှ ယနေ့ထိပင် တိုင်းပြည်အား ယာတြာ ကက်ကင်း အောက်လမ်းပေါင်းစုံနှင့် ဓါတ်အင်း သနင်းဂြိုလ်ခွင်များမှ ပြည်သူများအား ယစ်ပူဇော်သကဲ့သို့ ချနင်းကာ ဆက်လက်အုပ်ချုပ်နေပါ ကြောင်း ……………. မှတ်ချက် ကောလ ဟာလ မဟုတ်ပါ ( ကောင်းမွန်သော ကွန်မန့်များကိုလက်ခံပေးထားပါမည်) ကျေးဇူးတင်ပါသည်။ ဂိုလ်ရှယ်လေး
Labels:အတိတ်က မြိတ်သမိုင်း
သူ့အတွေး သူ့အမြင်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment