13 December 2013 at 04:30
၂၀၁၃၊ ဒီဇင်ဘာ၊ ရနံ့သစ်
ဝင်းထွဋ်ဇော်
ယနေ့ကမ္ဘာမှာ ဒီမိုကရေစီစနစ် မထွန်းကားသေးတဲ့ နိုင်ငံတွေ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒီမိုကရေစီအောင်မြင် ရေးနဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုဆက်စပ်နေသလဲ ဆိုတဲ့ ပြဿနာဟာ အရေးကြီးပြဿနာတစ်ခုဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်းက နိုင်ငံရေး၊ သိပ်္ပံပညာရှင်တွေက အရှေ့တောင်အာရှဒေသရဲ့ ဒီမိုကရေစီအောင်မြင်မှု သို့မဟုတ် ဒီမို ကရေစီအောင်မြင်ရေးအတွက် လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဝေ ဖန်ဆန်းစစ်တဲ့ ဆောင်းပါးနဲ့စာတမ်းတွေအများအပြားကို ရေးသားခဲ့ ကြတယ်။
ထိုင်းနိုင်ငံက ပညာရှင်တစ်ဦးဖြစ်တဲ့ သစ်တီနန်ပေါင်ဆူဒီရက်က သူ့ဇာတိထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုတင်ပြခဲ့တယ်။ မာတင်ဂိန်း(စ်)ဘာရိုကလည်း ကမေ်္ဘာဒီးယား၊ လာအိုနဲ့ မလေးရှားနိုင်ငံတွေမှာ ဒီမိုကရေစီ ဘာကြောင့်ကျရှုံးရသလဲ ဆိုတာကိုရေးသားတင်ပြခဲ့တယ်။
ဒန်စလေတာက စင်ကာပူနဲ့ မလေးရှားတို့မှာ နိုင်ငံတော်က ကြပ်မတ်ထိန်းချုပ်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးပုံကို ဆန်းစစ်လေ့လာ ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးသိပ်္ပံပညာရှင်တစ်ဦးဖြစ်သူ ဒွန်အမ်မာ ဆန် ကတော့ အရှေ့တောင်အာရှဒေသတစ်ခုလုံးကို ယေဘုယျခြုံငုံ သုံးသပ်ကာရေးသားထားပါတယ်။
အထူးသဖြင့် စလေတာနဲ့ ဂိန်း(စ်) ဘာရိုတို့ရဲ့လေ့လာသုံးသပ် ချက်တွေထဲမှာ တွေ့ရတဲ့တူညီတဲ့အကြောင်းအရာတွေကတော့ ပြည် တွင်းရေပေါ်ဆီလူတန်းစားများဖြစ်တဲ့ အီလစ် (elite) တွေအ ကြောင်း၊ နိုင်ငံတော်ရဲ့ အခြေခံအဆောက်အအုံတွေ အကြောင်းနဲ့ ဒေသတစ်လွှားမှာ ဒီမိုကရေစီဖွံ့ဖြိုးမှုမညီမမျှဖြစ်ကြရာမှာငွေရဲ့ အခရာ ကျပုံကိုရေးသားတင်ပြထားပါတယ်။
တကယ်တော့ သိပ်မကြာပြန်သေးတဲ့ စီးပွားဖွံ့ဖြိုးမှုနဲ့ နိုင်ငံရေး ဖွံ့ဖြိုးမှု နှစ်တွေအတွင်းက နိုင်ငံရေးနဲ့စီးပွားရေး တိုးတက်မှုအများအ ပြားကို တွေ့ကြုံခဲ့ရတဲ့ ဒေသတစ်ခုဖြစ်တဲ့ အရှေ့တောင်အာရှဟာ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီအကြားမှာ အပြုသဘောဆက်သွယ်မှုတစ်ခု ကို ခင်ကျင်းပြသနိုင်တဲ့ စင်မြင့်တစ်ခုဖြစ်သင့်ပါတယ်။
အိမ်နီးချင်းဒေသ အာရှအရှေ့မြောက်ဒေသက တောင်ကိုရီး ယားနဲ့ ထိုင်ဝမ်နှစ်နိုင်ငံစလုံးက စီးပွားရေးခေတ်မီတိုးတက်ရေးနဲ့ နိုင်ငံ ခေတ်မီတိုးတက်မှု (modernization) အကြား ဆက်စပ်မှုပြုတဲ့ နမူနာကောင်းတွေကို ပြသခဲ့ကြတယ်။
ယင်းနှစ်နိုင်ငံစလုံးမှာ မကျေမနပ် ဖြစ်နေတဲ့ လူလတ်တန်းစား တွေအားကောင်းနေပေမဲ့လည်း အာဏာကိုဆုပ်ကိုင်ထားတဲ့ အာ ဏာရှင်တစ်ပိုင်း အစိုးရတွေဟာ နှစ်ကာလအတော်ကြာမျှ ဆက် တိုက်ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ခဲ့ကြ တယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့ နှောင်းပိုင်းမှာတော့ ထိုနှစ်နိုင်ငံရဲ့ အစိုးရတွေဟာ ဒီမိုကရေစီကို ကာလတိုမျှခံစားရစေတဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေပေးခဲ့တယ်။
တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ဟာ ကမ်္ဘာမှာအဖွဲ့ဖြိုးဆုံးနဲ့အ ချမ်းသာဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ သို့ပေမဲ့ အရှေ့တောင် အာရှမှာတော့ ““စီးပွားရေးဖွံ့ဖြိုးမှုနဲ့ နိုင်ငံရေးဖွံ့ဖြိုးမှုတို့ အကြားဆက် သွယ်မှု”” ဟာ ပျောက်ကွယ်နေပါတယ်။
ဒီမိုကရေစီ ထွန်းကားရေးအယူအဆများ
ဒေသတွင်းကလူမှုရေးသိပံ်္ပပညာရှင် ဆေမာ မာတင်လစ်ပ်ဆက် ရဲ့ အမည်ကို အစွဲပြုမှည့်ခေါ်ထားတဲ့ ““လစ်ပ်ဆက်သီးစစ်”” (Lipset thesis) က ““ဒီမိုကရေစီဟာ ဆင်းရဲတဲ့နိုင်ငံတွေမှာထက်ပိုမို ချမ်းသာ တဲ့ နိုင်ငံတွေမှာ ပိုပြီးအောင်မြင်ဖြစ်ထွန်းနိုင်တယ်””လို့ဆိုပါတယ်။
သို့ပေမဲ့ လက်တွေ့မှာတော့ ဆင်းရဲတဲ့နိုင်ငံတွေ ဖြစ်ကြတဲ့ အင်ဒို နီးရှား၊ ဖိလစ်ပိုင်နဲ့တီမော-လက်(စ်)တီ နိုင်ငံတွေမှာ ဒီမိုကရေစီဟာ အနည်းဆုံးတော့ အတိုင်းအတာတစ်ခုအထိ အောင်မြင်တာတွေ့ရ တယ်။
ဒါ့အပြင် ““နိုင်ငံတွေမှာ မျိုးနွယ်စုကွဲပြားမှုတွေ သို့မဟုတ် ဘာသာရေးကွဲပြားမှုတွေ ရှိခဲ့ရင် ယင်းလူ့အဖွဲ့အစည်းတွေမှာ ဒီမိုက ရေစီထွန်းကားဖို့မလွယ်ဘူး”” ဆိုတဲ့ အစဉ်အလာ အယူအဆတစ်ခု လည်းရှိနေပါတယ်။
သို့ပေမဲ့ ကမ်္ဘာမှာမူ လူဦးရေ အများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ မှာ ဒီမိုကရေစီကျင့်သုံးမှုဟာ အရှိန်မြင့်တက်လာတာ တွေ့ရတယ်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ တီမော-လက်(စ)တီသုံးနိုင်ငံစလုံးမှာ စာတတ် မြောက်မှု၊ မိခင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အလားတူ ကိစ်္စ တွေမှာ အားမကောင်းလှပါဘူး။ သို့ပေမဲ့ ထိုနိုင်ငံတွေဟာ ဒီမိုကရေစီ ကျင့်သုံးမှုမှာ အရှိန်မြင့်တက်လာနေပါတယ်။
စင်ကာပူနိုင်ငံဟာ နိုင်ငံရေးပညာရှင်တွေရဲ့ ဒီမိုကရေစီ အဓိပ်္ပါယ် ဖွင့်ဆိုမှုအတွက်ကတော့ မူမမှန်ဆုံးနိုင်ငံတစ်နိုင်ငံလို့ ဆိုရမှာပါ။ ထိုနိုင် ငံဟာ တစ်နှစ်လျှင် လူတစ်ဦးကျ ဂျီဒီပီ (GDP) (စုစုပေါင်းထုတ်ကုန် တန်ဖိုး) ဒေါ်လာ ၅၄ယ၀၀၀ရှိပြီး ထိုပမာဏဟာ အမေရိကန်ပြည် ထောင်စုထက်ပင် များပါတယ်။
သို့ပေမဲ့ စင်ကာပူဟာ အပျော့စားအာဏာရှင်နိုင်ငံ သို့မဟုတ် ဒီမိုကရေစီတစ်ဝက်တစ်ပျက် နိုင်ငံသာဖြစ်တယ်။ လာရီဒိုင်းမွန်းက တော့ ““စင်ကာပူဟာ ကမ်္ဘာ့သမိုင်းမှာ ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေထဲက စီးပွားရေးအဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်တယ်”” လို့ပြောဆိုပါတယ်။
ဒါ့အပြင် စင်ကာပူရဲ့ အိမ်နီးချင်းဖြစ်တဲ့ မလေးရှားနိုင်ငံဟာ လည်း ဒီမိုကရက်တစ်သီအိုရီတွေကို စိန်ခေါ်နေတဲ့ နိုင်ငံတစ်နိုင်ငံ ပါ။ မလေးရှားအစိုးရဟာ လစ်ဘရယ်မဟုတ်ဘဲ ထိရောက်တဲ့ယှဉ် ပြိုင်မှုလည်း မရှိတဲ့အစိုးရတစ်ခုသာဖြစ်တယ်။ သို့ပေမဲ့ မလေးရှား နိုင်ငံရဲ့တစ်ဦးကျ ၀င်ငွေဟာတစ်နှစ်လျှင် ဒေါ်လာ ၁၅ယ၀၀၀ရှိပါတယ်။
စင်ကာပူနဲ့ မလေးရှားနှစ်နိုင်ငံစလုံးဟာ အတိုက်အခံတွေရဲ့ ယှဉ် ပြိုင်မှုကို အတိုင်းအတာတစ်ခုအထိတော့ ခွင့်ပြုထားပါတယ်။ သို့ပေ မဲ့ ထိုနှစ်နိုင်ငံစလုံးဟာ ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ပေါက်လာတဲ့ အထိတော့ ဖြစ်မလာသေးပါဘူး။
ဆန့်ကျင်ဘက် အနေနဲ့ကတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ တီ မောလက်(စ်)တီ နိုင်ငံတွေမှာ ဒီမိုကရေစီဖွံ့ဖြိုးမှုရဲ့ အရေးပါတဲ့ပြောင်း လဲမှုတွေရှိခဲ့တယ်။ အာဏာလွှဲပြောင်းမှုတွေလည်း ရှိခဲ့ပါတယ်။
ယခင်က ပြင်သစ်ကိုလိုနီဟောင်းတွေဖြစ်ခဲ့တဲ့ ကမေ်္ဘာဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း စီးပွားရေးဖွံ့ဖြိုးမှုအထိုက် အလျောက်ရှိနေပြီး လူလတ်တန်းစားတွေ တိုးပွားလာမှုရှိနေတယ်။ သို့ပေမဲ့ ထိုနိုင်ငံတွေမှာ လစ်ဘရယ်လွတ်လပ်ခွင့်တွေမရှိဘဲ ရွေး ကောက်ပွဲနဲ့ဖြစ်စေ ရွေးကောက်ပွဲမလုပ်ဘဲနဲ့ဖြစ်စေ အာဏာရယူထား တဲ့တစ်ပါတီအုပ်စိုးမှုတွေရှိနေပါတယ်။
နှစ်ပေါင်းများစွာကြာမျှ ဒီမိုကရေစီအတွက် မျှော်လင့်ချက်တွေ ကင်းမဲ့ခဲ့တဲ့ မြန်မာနိုင်ငံမှာတော့ ယခုအခါမှာ အပြောင်းအလဲအချို့ တာစူလျှက်ရှိနေပါပြီ။
ဘယ်လိုအဖြေရှာကြမလဲ
ယနေ့အချိန်မှာတော့ အရှေ့တောင်အာရှဒေသရဲ့ ဒီမိုကရေစီ နဲ့ ဒီမိုကရေစီတည်ဆောက်ရေးပြဿနာကို ဘယ်လိုအဖြေရှာကြမ လဲဆိုတာ အလေးအနက်စဉ်းစားဖို့လိုနေပါပြီ။ သြစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ်ရှိ ပြည်သူ့ရေးရာပေါ်လစီကျောင်းရဲ့ နိုင်ငံရေး သိပ္ပံပါမောက္ခဖြစ်တဲ့ ဘင်ဂျမင်ရိုင်လီကတော့ သူ့ရဲ့အမြင်ကိုအောက် ပါအတိုင်းတင်ပြထားပါတယ်။
သူ့ရဲ့အမြင်ကတော့ ထိုနိုင်ငံတွေရဲ့လူမှုရေးဆိုင်ရာ သို့မဟုတ် နိုင်ငံရေးဆိုင်ရာအချက်အလက်တွေပေါ်မှာထက် ပထ၀ီအခြေအနေ၊ နိုင်ငံ တကာလွှမ်းမိုးမှုနဲ့ သမိုင်းတို့အပေါ်မှာ အခြေခံထားတာပါ။ ပထမအ ချက်ကပထ၀ီအနေအထားပါ။ ဖရီးဒမ်းဟောက်(စ်) (Freedom House) ကတိုင်းတာသလိုပဲ အရှေ့တောင်အာရှတစ်လွှားမှာ အရပ် ဘက်လွတ်လပ်ခွင့်နဲ့ နိုင်ငံရေးအခွင့်အရေးတွေ ခွဲဝေမှုဟာ သိပ်ကို သိသာထင်ရှားတဲ့ နေရာဒေသဆိုင်ရာ ပုံစံအပေါ်မှာ တည်မှီနေတာ တွေ့ရတယ်။
““အရှေ့တောင်အာရှရှိ ပင်လယ်ပြင်နဲ့ ဆက်စပ်နေတဲ့နိုင်ငံတွေ အားလုံးဟာ (ဘရူနိုင်းနိုင်ငံကလွဲပြီး) ဒီမိုကရေစီ နိုင်ငံတွေဖြစ်ကြပြီး တရုတ်နိုင်ငံနဲ့ဆက်စပ်နေတဲ့ နိုင်ငံတွေကတော့ အာဏာရှင်နိုင်ငံတွေ ဖြစ်ကြတယ်”” ဆိုတဲ့တွေ့ရှိချက်ပါ။ ဘင်ဂျမင်ရေလီက ““ဒီမိုကရေစီ တစ်ပိုင်း နိုင်ငံတွေဟာ ကုန်းတွင်းနိုင်ငံတွေနဲ့ ပင်လယ်ပြင်နိုင်ငံတွေ အကြားမှာရှိနေကြတယ်”” လို့တင်ပြတယ်။
၎င်းင်းက ““၁၉၈၆ခုနှစ်က ဖိလစ်ပိုင်နိုင်ငံဟာ ပြည်သူ့အာဏာ တော်လှန်ရေးကြောင့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တယ်””လို့ ဆိုတယ်။
ဒီနောက် ၁၉၉၈ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံမှာ ဆူဟာတိုအစိုး ရပြုတ်ကျခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာတော့ အရှေ့တီမော (ယခုတီမော လက်(စ်)တီ) နိုင်ငံလွတ်လပ်ရေးရခဲ့တယ်။ ထိုဖြစ်ရပ်တွေဖြစ်ပွားခဲ့ ပြီးနောက်မှာတော့ ပင်မကုန်းမြေနိုင်ငံတွေနဲ့ပင်လယ်ထွက်ပေါက် နိုင်ငံတွေအကြားမှာ ဒီမိုကရေစီနိုင်ငံဖြစ်မှုမဖြစ်မှုနဲ့ ပတ်သက်တဲ့ သီအို ရီကို အတည်ပြုနိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံမော်ဒယ်
တရုတ်နိုင်ငံတောင်ပိုင်း နယ်နိမိတ်နဲ့ဆက်စပ်နေတဲ့ နိုင်ငံတွေ ကတော့ဘယ်တုန်းကမှ ဒီမိုကရေစီနိုင်ငံတွေဖြစ်မလာခဲ့ပါဘူး။ ယနေ့ အချိန်မှာ လာအိုနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ နိုင်ငံရေးကို ပိတ်ဆို့ ထားပြီး အမည်ခံကွန်မြူနစ် နိုင်ငံရေးစနစ်ကို ကျင့်သုံးကာ စီးပွားရေး အရ တံခါးဖွင့်ထားပြီး ယှဉ်ပြိုင်မှုရှိတဲ့ ဈေးကွက်စီးပွားရေးကို ကျင့် သုံးနေတဲ့ တရုတ်နိုင်ငံရဲ့ မော်ဒယ်ကို ကျင့်သုံးနေကြတာပါ။
ကမေ်္ဘာဒီးယား နိုင်ငံကတော့ တစ်ပါတီအုပ်စိုးမှုကို ထိရောက်စွာ အကာအကွယ်ပေးတဲ့ တစ်စိတ်တစ်ပိုင်းအားဖြင့် ယှဉ်ပြိုင်မှုရှိတဲ့ ရွေး ကောက်ပွဲစနစ်ကိုကျင့်သုံးပါတယ်။
ယနေ့အချိန်မှာ မြန်မာနိုင်ငံဟာလည်း နိုင်ငံရေးကို ဖွင့်ပေးထား ပါပြီ။ သို့ပေမဲ့ မြန်မာနိုင်ငံဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဆူဟာတို ခေတ် အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ စနစ်တွေထဲကမှတ်မိသမျှကို အသုံးချလျှက်ရှိ နေပါတယ်။ ၂၀၁၀ခုနှစ်ကစတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပွင့် လင်းမှုလုပ်ငန်းစဉ်က တရုတ်နိုင်ငံကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ တယ်။
တကယ်တော့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားက တော့ ၎င်းင်းနဲ့အတွေးအခေါ်ချင်း စိတ်ကူးချင်းတူတဲ့ အစိုးရတွေကို စုစည်းထားရေးပဲဖြစ်တယ်။
အရှေ့တောင်အာရှမှာ ပင်မကုန်းမြေနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်း နိုင်ငံကတော့ ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ယှဉ်ပြိုင်မှုရှိတဲ့ ဒီမိုကရေစီစနစ်၊ အာဏာသိမ်းစစ်အစိုးရ ခေတ်နဲ့ ဒီမိုကရေစီတစ် စိတ်တစ်ပိုင်းအရပ်သားအစိုးရခေတ်ဆိုတဲ့ ခေတ်သုံးခေတ်ကို ဖြတ် ကျော်ခဲ့ရပါတယ်။ ယနေ့အချိန်မှာတော့ ဖရီးဒမ်းဟောက်(စ်) (Freedom House) က ယင်းနိုင်ငံကို လွတ်လပ်မှု တစ်စိတ်တစ်ပိုင်းရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။
ထိုင်းနိုင်ငံဟာ ၎င်းင်းရဲ့ပထ၀ီတည်နေရာအရရော မသေချာမရေ ရာတဲ့ နိုင်ငံရေး အနာဂတ်ကြောင့်ပါ (တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေ တဲ့ လွှမ်းမိုးမှုလည်း ပါပါတယ်) ဒေသတွင်းမှာ ဟိုယိမ်းဒီယိမ်းဖြစ် နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်တွေ့နေရတာပါ။
အပျော့စား အာဏာရှင်နိုင်ငံတွေ
တောင်ဘက်ပိုင်းကို လှမ်းမျှော်ကြည့်မယ်ဆိုရင်တော့ ပါလီမန် အစိုးရနဲ့ တစ်ပါတီအုပ်စိုးမှုတို့ပေါင်းစပ်ထားတဲ့ ကမ်္ဘာပေါ်မှာ ဒူပေ နာပေအခံနိုင်ဆုံးသော နိုင်ငံနှစ်နိုင်ငံကိုတွေ့ရမှာပါ။ ယင်းနှစ်နိုင်ငံက တော့ အပျော့စား အာဏာရှင်နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ မလေးရှားနဲ့ စင်ကာ ပူနိုင်ငံတွေပါ။
ထိုနှစ်နိုင်ငံဟာ ပထ၀ီတည်နေရာအရ နှစ်မျိုးနှစ်စားရှိနေပြီး နိုင်ငံတစ်ဝက်က ပင်မကုန်းမြေပေါ်မှာတည်ရှိကာ ကျန်တစ်ဝက်က တော့ အရှေ့တောင်အာရှရဲ့ ပင်လယ်ပြင်မှာ တည်ရှိနေပါတယ်။
ကမေ်္ဘာဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေနဲ့ (မကြာသေးမီ ကအထိ မြန်မာနိုင်ငံမှာ) အာဏာရှင်စနစ် သက်ဆိုးရှည်ကြလို့ အရှေ့ တောင်အာရှက ပင်လယ်ပိုင်း နိုင်ငံတွေရဲ့ ဒီမိုကရေစီအောင်မြင်မှု တွေနဲ့ ဆက်စပ်ကာ ရှင်းလင်းပြရရင်တော့ တရုတ်နိုင်ငံ၊ နိုင်ငံရေး ပေါ်လစီရဲ့ သက်ရောက်မှုကိုပဲ အလေးပေးဖော်ပြရမှာပါ။
တရုတ်နိုင်ငံဟာ အစဉ်အလာ အားဖြင့်တော့ မွန်ဂိုတွေနဲ့ မြောက်ပိုင်းက ကျူးကျော်သူတွေနဲ့ စစ်ပွဲတွေဆင်နွှဲခဲ့ရတဲ့ ခေတ်တွေ ကလိုမဟုတ်ပဲ အရှေ့တောင်အာရှက အိမ်နီးချင်းတွေကို မိမိနိုင်ငံရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်ရှိလာအောင်၊ သဟဇာတနည်းလမ်းနဲ့ ရောနှောပေါင်းစပ်လာအောင် ဆောင်ရွက်ခဲ့တယ်။
လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာအတွင်းမှာ တောင်ပိုင်းက ဘုရင့် နိုင်ငံတွေကို တရုတ်လူမှုယဉ်ကျေးမှုစနစ်ကို လက်ခံလာအောင် ဆောင်ရွက်ခဲ့တယ်။ တရုတ်နိုင်ငံဟာ ပထမခြေလှမ်းအနေနဲ့ ယူနန်၊ ဖူဂျီအန်နဲ့ ဂွန်ဒေါင်း ပြည်နယ်တွေကို ၎င်းင်းရဲ့ နယ်နိမိတ်အတွင်းမှာ ပါဝင်လာအောင် ဆောင်ရွက်ခဲ့တယ်။
ထို့နောက်မှာတော့ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို တရုတ်နိုင်ငံကို ဦးညွတ်ကာ ပဏ်္ဏာဆက်ရတဲ့စနစ်ကို ဖော်ဆောင်ခဲ့ တယ်။ တရုတ်နိုင်ငံ မင် မင်းဆက်ခေတ် (၁၃၆၈-၁၆၄၄) မှာ ၎င်းင်း ရဲ့တောင်ဘက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ အာဏာစက် ကျရောက်ရေးအတွက် ပဏ်္ဏာဆက်စေတဲ့စနစ်ကို ကျင့်သုံးခဲ့တယ်။
တရုတ်နိုင်ငံဟာ ၎င်းင်းရဲ့တောင်ဘက်ပိုင်းမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် တိုင်းငယ်ပြည်ငယ်တွေကို ထူထောင်စေခဲ့ တယ်။ လက်ရှိ ယူနန်ပြည်နယ်နေရာမှာ လူချူအန်နဲ့ ဆီလီဒေသတို့ပါဝင်တဲ့ ““တိုင်”” နယ်ပယ်ကို ထူထောင်ခဲ့တယ်။ ဒါ့အပြင် လက်ရှိလာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ မြန်မာ နိုင်ငံတွေမှာလည်း ၎င်းင်းကို ပဏ်္ဏာဆက်ရတဲ့ တိုင်းငယ်ပြည်ငယ်တွေကို အသိအမှတ်ပြုခဲ့ပြီး ထိုနယ်ပယ်တွေမှာ ရွှေ ပြည်အေး ဘုရင်ခံတွေကို အုပ်ချုပ်စေခဲ့တယ်။
၁၉၆၀ ပြည့်လွန်နှစ်တွေ အတွင်းကတော့ တရုတ်နိုင်ငံဟာ လာအို နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ကွန်မြူနစ် တော်လှန်ရေးတွေကို ထောက် ခံခဲ့ပြီး လီနင်ဝါဒီနိုင်ငံရေးပုံစံ တွေပေါ်ပေါက်လာရေး အတွက် အား ပေးအားမြှောက်ပြုခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန် ခဲ့တဲ့နှစ်တွေ အတွင်းတုန်းက လည်း ဘေဂျင်းဟာ ကမေ်္ဘာဒီးယား နိုင်ငံမှာ ခမာနီတွေကို အားပေး ထောက်ခံခဲ့တယ်။
ဘေဂျင်းဟာ စစ်အေးလွန်ကာလတစ်လျှောက်လုံးမှာ ဒီမိုကရေ စီ စနစ်ကို မလိုလားတဲ့နိုင်ငံတွေကို မိမိရဲ့ ခေါင်းဆောင်မှုစက်ဝန်း အတွင်းသို့ သိမ်းသွင်းခဲ့တယ်။ တရုတ်အာဏာပိုင်တွေဟာ မိမိရဲ့ ပြည်သူတွေကိုလည်း ဒီမိုကရေစီဆိုတာဟာ ခြိမ်းခြောက်မှုတစ်ခုဖြစ် တယ်လို့ သဘောပေါက်လာအောင် ပုံဖော်ပြသခဲ့တယ်။
ဂိန်း(စ်)ဘာရိုက ကမေ်္ဘာဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေ မှာ အာဏာရှင်စနစ်ကြာရှည်ခံခြင်းဟာ ““ယင်းနိုင်ငံတွေရဲ့ ပြည်တွင်း အကြောင်းအရာတွေဖြစ်တဲ့ ကိုလိုနီအမွေဆိုး၊ ၀ါစဉ်အရ အုပ်စိုးမှု စနစ်နဲ့ ဖခင်အသွင် အုပ်စိုးမှုဝါဒလွှမ်းမိုးမှုနဲ့ ဗဟုဝါဒ ကိုမုန်းတီးမှု ဆိုတဲ့ အခြေခံအကြောင်းအရာတွေကြောင့်ဖြစ်တယ်”” လို့ ထောက်ပြ ပါတယ်။
၁၈၃၉-၄၂ နဲ့ ၁၈၅၆-၆၀ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဘိန်းစစ်ပွဲ နှစ်ခုနဲ့နောက်ပိုင်းကာလမှာတော့ တရုတ်ရဲ့ ထီးတစ်ရာပဏ်္ဏာကျို့ မှု ၀ါဒ သို့မဟုတ် တိုင်းငယ်ပြည်ငယ်တွေကို လက်ဆောင်ပဏ်္ဏာဆက် စေတဲ့ ၀ါဒဟာ ပြိုပျက်သွားခဲ့ပါတယ်။
အမွေဆိုးကိုဆက်ထိန်းသိမ်း
တရုတ်နိုင်ငံက သဘောကျနှစ်ခြိုက်တဲ့ အဆိုပါပဏ်္ဏာဆက်သမှု ၀ါဒဟာ တရားဝင်အနေနဲ့မရှိတော့ ပေမဲ့ ၎င်းင်းရဲ့အမွေဆိုးကတော့ ဆက်လက်ရှိနေခဲ့ပါတယ်။ မော်စီတုန်းနဲ့ ၎င်းင်းရဲ့ ကွန်မြူနစ်ပါတီ အာဏာရလာပြီး နောက်မှာတော့ တရုတ်နိုင်ငံဟာ ၎င်းင်းရဲ့အိမ်နီး ချင်းကြားခံနိုင်ငံတွေမှာ အနှစ်သာရအားဖြင့် ၎င်းင်းရဲ့ထီးရိပ်အောက် ကနိုင်ငံတွေဖြစ်လာအောင် ဆောင်ရွက်ခဲ့တယ်။
မော်စီတုန်းခေတ်က တရုတ်နိုင်ငံဟာ မြောက်ကိုရီးယား၊ မြောက်ဗီယက်နမ်နဲ့ ကြားနေမြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတွေကို အကာ အကွယ်ပေးခဲ့တယ်။ မော်စီတုန်းခေတ်နောက်ပိုင်းကာလမှာလည်း တရုတ်နိုင်ငံဟာ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှ ကွန်မြူနစ်ပါတီတွေ ကိုတက်တက်ကြွကြွထောက်ပံ့ခဲ့တယ်။ ကမေ်္ဘာဒီးယား နိုင်ငံက ပြည်သူ့ပါတီ (ခမာနီ) ကိုလည်း စစ်ရေးအထောက်အပံ့နဲ့ ငွေကြေး အထောက်အပံ့တွေပေးခဲ့ပါတယ်။
စစ်အေးခေတ်ကုန်ဆုံးခဲ့ပြီးနောက်မှာတော့ တရုတ်ဟာ ၎င်းင်းရဲ့ အိမ်နီးချင်းတွေထဲက ၎င်းင်းနဲ့နိုင်ငံရေးအမြင်တူတဲ့ နိုင်ငံတွေကို သိမ်း သွင်းပြီးအာရှ ဆိုရှယ်လစ် အသိုင်းအ၀န်း (ASC) ကိုဖွဲ့စည်းခဲ့တယ်။ ထိုနိုင်ငံတွေရဲ့ အစိုးရတွေဟာ လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ ပါတီတွေကိုအခြေပြုပြီးတစ်ပါတီအုပ်စိုးမှုကို ထူထောင်ခဲ့ကြပါ တယ်။
သို့ပေမဲ့ တရုတ်ရဲ့သြဇာစက်ဝန်း ပြင်ပမှာရှိတဲ့အရှေ့တောင် အာရှ နိုင်ငံတွေကတော့ ယင်းအစီအစဉ်ကို လက်မခံခဲ့ကြပါဘူး။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေဟာ တရုတ်ခေါင်းဆောင်မှုကို လက်မခံခဲ့ကြပါဘူး။
အရှေ့တောင်အာရှနိုင်ငံအားလုံးနီးပါးမှာ ကွန်မြူနစ်တွေက အာဏာရယူဖို့ ကြိုးပမ်းခဲ့ကြတယ်။ သို့ပေမဲ့ ၎င်းင်းတို့ဟာ အင်ဒိုချိုင်း နားမှာသာ အောင်မြင်မှုရခဲ့ကြတာပါ။
အချုပ်အားဖြင့် သုံးသပ်ရမယ်ဆိုရင်တော့ အရှေ့တောင်အာရှ ဒေသနိုင်ငံတွေမှာ ဒီမိုကရေစီနိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံတွေ အဖြစ် ကွဲပြားကာ ပေါ်ထွက်လာစေတဲ့အခြေခံ အကြောင်းတရားကတော့ အစဉ်အလာ နိုင်ငံရေး သိပ်္ပံပညာက ရှင်းပြနိုင်တဲ့အ ကြောင်းတရားတွေထက် နောက်ခံသမိုင်းကြောင်းနဲ့ ပထ၀ီအနေအထား (ပထ၀ီ နိုင်ငံရေး)တွေကသာ အဆုံး အဖြတ်ပေးခဲ့တယ်လို့ ဆိုရ မှာပါ။
ဝင်းထွဋ်ဇော်
Ref; Southeast Asia; In The Shadow of China by Benjanin Reilly

Benjanin Reilly
ဝင်းထွဋ်ဇော်
Ref; Southeast Asia; In The Shadow of China by Benjanin Reilly
No comments:
Post a Comment