Sunday, December 15, 2013

ရန်ကုန်လေဆိပ်သို့ ငါးနှစ်တာအတွင်း ခရီးသည် ၀င်ရောက်မှု ၁ ဒသမ ၈ သန်း တိုးတက်ခဲ့ပြီး လေယာဉ်ဝင်ထွက် ပျံသန်းမှု အကြိမ်အရေအတွက် သုံးသောင်းကျော် တိုးလာ



Created on Sunday, 15 December 2013 18:47

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ငါးနှစ်တာ ကာလအတွင်း ခရီးသည်ဝင်ရောက်မှု ၁ ဒသမ ၈ သန်း တိုးတက်ခဲ့ပြီး၊ လေယာဉ်ပျံသန်းမှု အကြိမ်အရေအတွက်မှာလည်း ၃၁၄၄၄ ကြိမ် တိုးတက်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

၂၀၀၉ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီးသည် ၀င်ရောက်မှုမှာ ၁ ဒသမ ၆၇၂ သန်း ရှိခဲ့ပြီး၊ ၂၀၁၀ တွင် ၁ ဒသမ ၉၉ သန်း၊ ၂၀၁၁ တွင် ၂ ဒသမ ၅၄ သန်း၊ ၂၀၁၂ တွင် ၃ ဒသမ ၀၈ သန်း ၀င်ရောက်ခဲ့သည်။ ယခုနှစ် ၂၀၁၃ ခုနှစ်တွင် နိုဝင်ဘာနှင့် ဒီဇင်ဘာလများအား ခန့်မှန်းတွက်ချက်ထားပြီး ဒီဇင်ဘာလကုန်အထိ ခရီးသည် ၃ ဒသမ ၅၄ သန်း ၀င်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

၂၀၀၉ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေယာဉ်ပျံသန်းမှု အကြိမ်အရေအတွက်မှာ ၁၄၈၃၃ ကြိမ် ရှိခဲ့ပြီး၊ ၂၀၁၀ တွင် ၁၇၈၂၈ ကြိမ်၊ ၂၀၁၁ တွင် ၁၉၀၉၅ ကြိမ်၊ ၂၀၁၂ တွင် ၃၈၀၉၇ ကြိမ်နှင့် ၂၀၁၃ နိုဝင်ဘာလကုန်အထိ ၄၆၂၇၇ ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။
ဟံသာဝတီ လေဆိပ်သစ်ကြီးကို အကြမ်းဖျင်းအားဖြင့် ၂၀၁၄ မှာ စဆောက်မယ်။ ၂၀၁၇ ခုနှစ်ကုန်လောက် ကျရင်တော့ ပြီးမှာပါ။ ကျွန်တော်တို့ ၀န်ကြီးဌာနရဲ့ အမျိုးသား စီမံကိန်းထဲမှာ ဒါကနံပါတ်တစ် ဦးစားပေး အဆင့်ပါ။ ဒါပြီးသွားရင် နိုင်ငံတော်အတွက်၊ ပဲခူးတိုင်းဒေသကြီးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်လာမှာပါ . . . . .

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ပြည်တွင်းပြည်ပ ခရီးသည် လက်ခံနိုင်မှု ပမာဏမှာ ၂ ဒသမ ၇ သန်းသာ ရှိပြီး၊ အဆိုပါ ပမာဏမှာ ၂၀၁၂ ခုနှစ် ကတည်းက ကျော်လွန်ခဲ့ပြီး ဖြစ်သဖြင့် လက်ရှိအချိန်တွင် ရန်ကုန်လေဆိပ်အား အဆင့်မြှင့်တင် တိုးချဲ့ခြင်း လုပ်ငန်းများအား စတင်ဆောင်ရွက်တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိက ခရီးသည် ၀င်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခရီးသည် ခြောက်သန်းအထိ ၀င်ထွက်နိုင်သည်အထိ အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိနှုန်းအတိုင်း ဆက်လက်တိုးတက်မည် ဆိုပါက ၂၀၁၅ တွင် ခရီးသည် ၀င်ရောက်မှု ခြောက်သန်းအထိ ရှိလာမည် ဖြစ်သည့်အတွက် အခြားအပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုအား ထပ်မံတည်ဆောက်ရန် လိုအပ်လာမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

သို့ဖြစ်၍ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ထပ်မံတည်ဆောက် သွားမည်ဖြစ်ပြီး၊ ရန်ကုန်လေဆိပ် ခရီးသည် လက်ခံနိုင်သည့် အတိုင်းတာ ကျော်လွန်သွားသည့် ၂၀၁၇ ခုနှစ်တွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား အသုံးပြုနိုင်ရန် တည်ဆောက်သွားမည်ဟု သိရသည်။

"ဟံသာဝတီ လေဆိပ်သစ်ကြီးကို အကြမ်းဖျင်းအားဖြင့် ၂၀၁၄ မှာ စဆောက်မယ်။ ၂၀၁၇ ခုနှစ်ကုန်လောက် ကျရင်တော့ ပြီးမှာပါ။ ကျွန်တော်တို့ ၀န်ကြီးဌာနရဲ့ အမျိုးသား စီမံကိန်းထဲမှာ ဒါကနံပါတ်တစ် ဦးစားပေး အဆင့်ပါ။ ဒါပြီးသွားရင် နိုင်ငံတော်အတွက်၊ ပဲခူးတိုင်းဒေသကြီးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်လာမှာပါ" ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းက ပြောကြားခဲ့သည်။

Aye Chan Mon# Credit To: Eleven Media Group>ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်

No comments: