Monday, April 1, 2013

မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ မီးလောင်မှုဖြစ်ပွား


နေပြည်တော်၊ ဧပြီ ၂
၂-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲသတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်ရာသို့ အမှတ်(၂)တိုင်းမီးသတ်ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၃၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၃၁၃ အချိန် မီးငြိမ်းသွား ခဲ့ကြောင်း မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀)ဦးရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးနေပြီး (၄)ဦးမှာ ပျောက်ဆုံးနေကြောင်း ဗလီမှာ စာသင်ကျောင်းနှင့်တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ်အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။


48 Street Swadikia Islamic Religious School was torched  - 13 Students were burnt and death. 

၄၈ လမ်း ဆွာဒီကီယာ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးငြိမ်းသတ်နေပုံ နှင့် ကယ်ဆယ်ရေး ဆောင်ရွက်နေသော ရပ်ကွက် အတွင်းရှိ ပြည်သူများ မှ ဒဏ်ရာ ရနေသော ခလေးငယ် များကို ရွှေ့ပြောင်းပေးခဲ့ပုံ

ှ
48 Street Swadikia Islamic Religious School was torched - 13 Students were burnt and death.

၄၈ လမ်း ဆွာဒီကီယာ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးငြိမ်းသတ်နေပုံ နှင့် ကယ်ဆယ်ရေး ဆောင်ရွက်နေသော ရပ်ကွက် အတွင်းရှိ ပြည်သူများ မှ ဒဏ်ရာ ရနေသော ခလေးငယ် များကို ရွှေ့ပြောင်းပေးခဲ့ပုံ

ရန်ကုန် ဗိုလ်တထောင် မြို့နယ်က အစ္စလာမ် စာသင်ကျောင်းမှာ မီးလောင်မှု ဖြစ်ပွား

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တခုမှာ ဒီကနေ့ မနက် ၂ နာရီ ၁၅ မိနစ် လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁၇ ဦး လောက် သေဆုံးသွား တယ်လို့ သိရပါတယ်။

၄၈ လမ်း အပေါ် ဘလောက်က အစ္စလာမ် စာသင်ကျောင်းမှာ ဖြစ်ပွား ခဲ့တဲ့ ဒီမီးလောင်မှုဟာ လျှပ်စစ်ဝါယာရှော့ ဖြစ်ပြီး စလောင် ခဲ့တာလို့ သိရကြောင်း ဗိုလ်တထောင် ဒေသခံ အမျိုးသမီး တဦးက ဘီဘီစီကို ပြောပါတယ်။

မနက် ၃ နာရီ ကျော်လောက် အချိန်မှာ မီးငြိမ်း သတ်နိုင်ခဲ့ပြီး၊ အနီး အနားက အိမ်တွေတော့ ထိခိုက်မှု ကြီးကြီး မားမား မရှိခဲ့ ဘူးလို့လည်း အဲဒီ အမျိုး သမီးက ပြောပါတယ်။

No comments: