BANCA အဖွဲ့၏လုပ်ရပ်အားပြည်သူများမှဖေါ်ထုတ် အဆိုပါအကြောင်းရာနှင့်ပတ်သက်ပြီး
လော့လော့ကျေးရွာတွင်း တည်ဆောက်မည့် ကျောက်မီးသွေး
လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် EIA & SIA လုပ်ရန်အတွက်
သန်းဖြိုးသူကုပ္ပဏီမှ ငှားရမ်းထားသော BANCA ဘင်ကာ အဖွဲ့သည် ပညာရှင်ပီသသော
ကြားနေရေးအဖွဲ့မဟုတ်ပဲ သန်းဖြိုးသူကုပ္ပဏီဘက်မှလိုက်ပြီး ကျောက်မီးသွေးလျှပ်စစ်ဓာတ်းအားပေးစက်ရုံစီမံကိန်းအား
ထောက်ခံပေးရန် သွယ်ဝိုက်သောနည်း တိုက်ရိုက်နည်းများဖြင့်
ဒေသခံပြည်သူများကို စည်းရုံးခဲံကြောင်း ထို့အပြင် အဆိုပါအဖွဲ့မှ
တင်ထွန်းအောင်ဆိုသူက မြိတ်ခရိုင် (၈၈)မျိုးဆက်များလည်း
ထိုစီမံကိန်းကိုထောက်ခံကြောင်း လိမ်လည်ပြောဆိုခဲ့သည်များကို
ဒေသခံပြည်သူများက သူတို့၏အတွေ့ကြုံများကို RFA, ELEVEN
စသောသတင်းထောက်များသို ပြောကြားခဲ့သည်။ ထိုသို့ပြောဆိုရာတွင်
ကျောက်မီးသွေးစက်ရုံအားမထောက်ခံသော
မိမိတို့၏ ထွက်ဆိုချက်များကို ခဲတံနှင့်သာဖြည့်စေခြင်း
လက်မှတ်မထိုးခိုင်းခြင်း မိမိတို့ဖြေဆိုသည်များကို ကြည်ရှုခွင့်မရခြင်းသည်
ဘင်ကာအဖွဲ၏ဘက်လိုက်မှုကိုသက်သေပြကြောင်း မိမိတို့ဒေသခံများအနေဖြင့် ကျောက်မီးသွေးစီမံကိန်းကို လုံးဝကန့်ကွက်ကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။
ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။
" BANCA အဖွဲ့၏လုပ်ရပ်အားပြည်သူများမှဖေါ်ထုတ် "
မြိတ်မြို့နယ်၊ လော့လော့ကျေးရွာအတွင်း တည်ဆောက်မည့် ကျောက်မီးသွေးသုံး
လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် EIA & SIA လုပ်ရန်အတွက်
သန်းဖြိုးသူကုမ္ပဏီမှ ငှားရမ်းထားသော BANCA (ဘင်ကာ)အဖွဲ့သည် ပညာရှင်ပီသသော
ကြားနေရေးအဖွဲ့မဟုတ်ပဲ သန်းဖြိုးသူကုမ္ပဏီဘက်မှလိုက်ပြီး ကျောက်မီးသွေး
လျှပ်စစ်ဓာတ်းအားပေးစက်ရုံစီမံကိန်းအား ထောက်ခံပေးရန် သွယ်ဝိုက်သောနည်းများ
၊ တိုက်ရိုက်နည်းများဖြင့် ဒေသခံပြည်သူများကို စည်းရုံးခဲ့ကြောင်း၊
ထို့အပြင် အဆိုပါအဖွဲ့မှ တင်ထွန်းအောင်ဆိုသူက မြိတ်ခရိုင်
(၈၈)မျိုးဆက်များလည်း ထိုစီမံကိန်းကိုထောက်ခံကြောင်း
လိမ်လည်ပြောဆိုခဲ့သည်များကို ဒေသခံပြည်သူများက သူတို့၏အတွေ့ကြုံများအား RFA
နှင့် ELEVEN စသောသတင်းထောက်များသို့ ယနေ့ ပြောကြားခဲ့သည်။
ထိုသို့ပြောဆိုရာတွင် ကျောက်မီးသွေးစက်ရုံအားမထောက်ခံသော မိမိတို့၏
ထွက်ဆိုချက်များကို ခဲတံနှင့်သာဖြည့်စေခြင်း လက်မှတ်မထိုးခိုင်းခြင်း
မိမိတို့ဖြေဆိုသည်များကို ကြည်ရှု့ခွင့်မရခြင်းသည် ဘင်ကာအဖွဲ၏
ဘက်လိုက်မှုကိုသက်သေပြကြောင်း မိမိတို့ဒေသခံများအနေဖြင့်
ကျောက်မီးသွေးစီမံကိန်းကို လုံးဝကန့်ကွက်ကြောင်း သတင်းထောက်များသို့
ပြောကြားခဲ့ပါသည်။
အဆိုပါအကြောင်းအရာ နှင့်ပါတ်သက်ပြီး
မြိတ်ခရိုင် (၈၈) မျိုးဆက်အမည် အလွဲသုံးပြောဆိုနေခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။
မြိတ်ခရိုင် (၈၈)မျိုးဆက်များ
No comments:
Post a Comment