Thursday, April 11, 2013

နိုင်ငံရေးပါတီကြီးများနှင့် အတိုက်ခံ အပေါင်းတို့ အား ပြုတ်စားနည်း



နိုင်ငံရေးပါတီကြီးများနှင့် အတိုက်ခံ အပေါင်းတို့ အား ပြုတ်စားနည်း

ခုတလော ဂိုလ်ရှယ်လေးကို အဆဲအဆိုတွေနဲ့ ခွန်းဆက်နေကြလို့ သူတို့အားလုံးနားလည်အောင် ဒီစာလေးကို ရေဖို့ လိုက်ရှာလိုက်ရတာအမော ပါပဲ။ ခုတော့ရပြီ ဟော့ဒီမှာ ကြည့်ကြပေတော့….
ကြွံဖွတ် ၀န်ကြီး ၃ ဦး အမတ် ၁ဦး တို့သင်္ကြန်မကျခင်ကလေး ရန်ကုန်က တိတ်ဆိတ်တဲ့ နေရားလေးတခုက ၀ှက်ပုန်းလေးနဲ့ ဇိမ်ကျကျဖွင့်ထားပြီး ဦးသောင်းရဲ့သား ပိုင်တဲ့ အနှိမ့်ခန်းလေးထဲမှာတဲ့….

ဝန်ကြီး၃းဦးက ဂျိုပေါက်နေတာမဟုတ်တော့ ပထမတော့ သာမန်း စီပွါးရေးသမားတွေနဲ့ ဘိန်းရာဇာတွေလို့ပဲ ထင်နေခဲ့တာ ပြီးတော့မှ သူတို့စကားလေးတွေက နူးညလှပလွန်းလို့ ၀န်ကြီးတွေမှန်းသိသွားရတာတဲ့။

ဝန်ကြီး ၃ ဦး တလှည့်စီ ရှေ့ခ၇ီးအတွက် စထိုင်ကတည်းက ပြောနေလိုက်ကြတာ ၀န်းကြီးတဦးက စိတ်ရှည်၇ှည်လေးနဲ့ မယီဝေတဲ့ ရှန်ပိန် စိမ်းစိမ်းလေးကို သောက်ပြီး နားထောင်ပေးနေတာ။ ၀န်ကြီး ၂ ဦးက အလှည့်ကျ နွဲ့နွဲ့ယယလေးပြောနေလိုက်တာ ၀ိုင်းတာဝန်ခံ အဖျော်ယမကာ သမီးလေးများတောင် နာမလည်ကြ၇ှာပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို လခ်ျမီးမယ်တော်လို့ တောင်ဥက္ကလာ ထိပ်ပြောင် အမတ်ကြီးက ရည်ညွန်းနေလိုက်တာ ဘာကြောင့်များ ကုလားရာဇ၀င်တွေ ပြောနေကြပါလိမ့်ဆိုပြီး နားထောင်နေရင်းက ထွက်ခါနီး နိဂုံးချုပ်မှ ယမကာမမီးမလေး ၂ယောက် သဘောကျပြီး ပြုံးကြရသတဲ့။ ထူးထူးဆန်းဆန်း ဖားကြော်ကြီး ၂ကောင်ကို စားနေကြလို့ နောက်ဆုံး အကိုကြီးလို့ ထပ်ဆင့်တလဲလဲခေါ်ခံနေရတဲ့ ၀န်ကြီးက ပြောချတော့မှပဲ ရှင်းတော့တယ်တဲ့။

“ညီလေးတို့ စဉ်းစားကြည့်နော် ကိုယ်ကြီးပြောမယ်၊ ခုပဲ ကိုယ်တို့ ဖားကြော်ကို စားနေကြတော့ ကိုယ်က သွားသတိရတဲ့ အမေရိကန် တက်ခ်ျနစ် (Techanic) ကို သွားသတိရတယ်၊ အဲဒါကလဲ အစည်းဝေးတခုမှာ အိမ်စောင့် ဗိုလ်သန်းထွန်းက ပြောဘူးလို့ ကိုယ်ပြန်သတိရတာပြောမယ်၊ (အိမ်စောင့် ဗိုလ်သန်းထွန်း ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လုံခြုံရေး တာဝန်ယူခဲ့သူ ဗိုလ်မှုးချုပ် သန်းထွန်း ကိုဆိုလိုပါသည်။)

“သူက အစည်းဝေးတခုမှာ nifty allegory နီဖတီ အဲလီဂိုရီ လို့ပြောတော့ ကိုယ်တို့ နားမလဲတော့ အသေခြာမေးကြည့်မှ ပုဂ္ဂိုလ်က ရှင်းပြတော့မှပဲ ရှင်းသွားတယ်။”
“သူဆိုပုံကတော့ ဖားအရှင်တကောင်ကို ညီလေးတို့ ရေပူထဲကို ထည့်ပြုတ်ရင် ရေက ပူနေတာကြောင် သူ့မှာ အပြားကျယ်တဲ့ ချေထောက်နဲ့ ခတ်ယက်ပြီး ချက်ခြင်း ရေနွေးပူအိုး အပြင်ဘက်ကို အချိန်တိုင်း ခုန်ထွက်သွားမယ်၊ ဒါကြောင့် သူကို ရေးအေးနေတဲ့ အိုးထဲမှာပဲ ပထမ ထည့်လိုက်ရင် ခုန်မထွက်တော့ပဲ အဲဒီရေနဲ့ သူက သာယာကြည်နူးနေတုံးမှာ အောက်ကနေ ဖြေးဖြေးနှေးနှေးလေး အပူပေးပါတဲ့၊ အဲဒီဖားက သူနေနေတဲ့ ရေအေးကတဖြေးဖြေးချင်း နွေးလာတာကို သူက ခံစားရပေမယ့် သဘာဝလို့ထင်ပြီး ခုန်မထွက်တော့ပဲ အသားကျလာတယ်။ ပြီးတော့ ရေက အပူတက်တက်လာပြီး ပွက်ပွက်ဆူခါနီးလဲရောက်ရော သူဘာမှ လုပ်ချိန်မ၇တော့ပဲ ပွဲသိမ်းသွားတော့တာ။၊ ခုဟာက အဲလိုသွားရမှာလေ ညီလေးတို့ လောကြတာကိုး” ဟု ဆိုခဲ့ပါသတည်း၊”
ဗိုလ်မှူးချုပ် သန်းထွန်း ပြောခဲ့သော ပြယုတ်ဂ် အား အောက်တွင် ဖေါ်ပြပေးလိုက်ပါသည်။

Nifty allegory
you can't cook a frog by tossing him into a pot of boiling water. His legs are strong and reflexes fast enough that he'll jump right back out every time, those big webbed feet serving to push him off the water and out of the pot.
So what you do is put him in a pot of cool water. Not only will he not jump out, he'll probably be thrilled at the new, safe place.
Then you turn on the fire under the pot, nice and low. You heat the water up slowly, and the frog will always sorta be used to it, and never actually get around to jumping out, until it's too late.
လက်ရှိနိုင်ငံရေး ပါတီကြီး နှင့် အတိုက်ခံအပေါင်းတို့ အထက်ဖေါ်ပြပါ ပုံစံအတိုင်း လုပ်ကိုင်ဆောင်ရွက်နေသာ အသွင်အားတွေ့ ရှိရသဖြင့် တင်ပြလိုက်ခြင်းပါ။

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

No comments: