တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင် ရေလုပ်ငန်းနှင့် ကုန်စည်
စီးဆင်းမှုများ ပုံမှန် လည်ပတ်နေပါသည်။ ဒီမိုကရေစီ ပန်းတိုင်သို့
ခြေလှမ်းမှန်မှန် ချီတက်နေသော အချိန်တွင် အခြား မြို့များ ကဲ့သို့
အကြမ်းဖက်မှုများ မဖြစ်ပွားရအောင် မြိတ်မြို့ ပြည်သူများနှင့်
အစိုးရအဖွဲ့များက တာဝန်ယူ ထိန်းသိမ်းနေသည် ကိုလည်း တွေ့ရှိ ရပါသည်။
ဒီမိုကရေစီ နိုင်ငံတွင် အခွန်ထမ်းဆောင်ခြင်းတည်း ဟူသော တာဝန်သည် အလွန်ပင်
အရေးပါ ပါသည်။ မြိတ်မြို့ ရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး
လုပ်ငန်းများက အခွန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ပါမှ ၄င်း အခွန်များမှ
ရရှိသော ငွေများကို မြိတ်မြို့ လှပ သာယာ တိုးတက်ရေးအတွက် အချိုးကျ ခွဲဝေ
သုံးစွဲ ပေးရမည် ဖြစ်သည်။
သို့သော်လည်း အခွန်ရှောင်လွဲနေသည့် စီးပွားရေးသမား များစွာ ရှိနေပါသည်။
(၅-၄-၂၀၁၃) နံနက် ၆ နာရီအချိန်တွင် ဓနအောင် အမည်ရ ကုန်လှေတစ်စီးအား
တပ်မတော်ရေမှ စစ်ရေယာဉ် (၄၁၃)မှ ခေါ်ယူ စစ်ဆေးရာ တန်ပို ကုန်ပစ္စည်းများ
တင်ဆောင် လာသည်ကို တွေ့ရှိရ၍ ၄င်းကုန်လှေအား မြိတ်မြို့သို့ ၀င်၍ အခွန်
ပြန်ဆောင်ရန် အရေးယူ ဆောင်ရွက်ခဲ့သည်။ ဤသို့ ဆောင်ရွက်သည့်အတွက်
တပ်မတော်ရေမှ စစ်ရေယာဉ် (၄၁၃)မှ စီအို (စစ်ရေယာဉ်မှူး) အား
ကျေးဇူးတင်ပါသည်။
သို့သော်လည်း ၄င်းဓနအောင် ကုန်လှေကဲ့သို့
အခွန်ရှောင် လုပ်စားနေသော လှေများ မြောက်များစွာ ရှိနေပါသေးသည်။
၎င်းတို့ကိုလည်း ဆက်လက် စောင့်ကြည့်၍ အရေးယူဆောင်ရွက်ပါမှ အခွန်မှန်မှန်
ထမ်းဆောင်ပြီး တာဝန်ကျေသော ဒီမိုကရေစီ နိုင်ငံ၏ စီးပွားရေး
လုပ်ငန်းရှင်များ ဖြစ်လာကြမည် ဖြစ်သည်။ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်
အနေဖြင့်လည်း ၄င်းကဲ့သို့ အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်း၊ သတိပေး
ကာလသတ်မှတ်၍ စစ်ဆေးခြင်းများ ပြုလုပ်သင့်ပါသည်။ ၄င်းစီးပွားရေး
လုပ်ငန်းရှင်များကို အခွန်လုပ်ငန်း ဆိုင်ရာ ပညာပေးခြင်း၊ အခွန်အား တိတိကျကျ
စနစ်တကျ ထမ်းဆောင်စေခြင်းများကို ပြုလုပ်စေရန် လိုအပ်သလို
စစ်ရေယာဉ်(၄၁၃)မှ စီအို (စစ်ရေယာဉ်မှူး) ကဲ့သို့ တပ်မတော် (ရေ)မှလည်း
စနစ်တကျ စစ်ဆေး အရေးယူပေးပါမှ စနစ်တကျ ပြောင်းလဲ တိုးတက်လာမည် ဖြစ်ကြောင်း
တင်ပြအပ်ပါသည်။
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင် ရေလုပ်ငန်းနှင့် ကုန်စည် စီးဆင်းမှုများ ပုံမှန် လည်ပတ်နေပါသည်။ ဒီမိုကရေစီ ပန်းတိုင်သို့ ခြေလှမ်းမှန်မှန် ချီတက်နေသော အချိန်တွင် အခြား မြို့များ ကဲ့သို့ အကြမ်းဖက်မှုများ မဖြစ်ပွားရအောင် မြိတ်မြို့ ပြည်သူများနှင့် အစိုးရအဖွဲ့များက တာဝန်ယူ ထိန်းသိမ်းနေသည် ကိုလည်း တွေ့ရှိ ရပါသည်။
ဒီမိုကရေစီ နိုင်ငံတွင် အခွန်ထမ်းဆောင်ခြင်းတည်း ဟူသော တာဝန်သည် အလွန်ပင် အရေးပါ ပါသည်။ မြိတ်မြို့ ရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းများက အခွန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ပါမှ ၄င်း အခွန်များမှ ရရှိသော ငွေများကို မြိတ်မြို့ လှပ သာယာ တိုးတက်ရေးအတွက် အချိုးကျ ခွဲဝေ သုံးစွဲ ပေးရမည် ဖြစ်သည်။
သို့သော်လည်း အခွန်ရှောင်လွဲနေသည့် စီးပွားရေးသမား များစွာ ရှိနေပါသည်။ (၅-၄-၂၀၁၃) နံနက် ၆ နာရီအချိန်တွင် ဓနအောင် အမည်ရ ကုန်လှေတစ်စီးအား တပ်မတော်ရေမှ စစ်ရေယာဉ် (၄၁၃)မှ ခေါ်ယူ စစ်ဆေးရာ တန်ပို ကုန်ပစ္စည်းများ တင်ဆောင် လာသည်ကို တွေ့ရှိရ၍ ၄င်းကုန်လှေအား မြိတ်မြို့သို့ ၀င်၍ အခွန် ပြန်ဆောင်ရန် အရေးယူ ဆောင်ရွက်ခဲ့သည်။ ဤသို့ ဆောင်ရွက်သည့်အတွက် တပ်မတော်ရေမှ စစ်ရေယာဉ် (၄၁၃)မှ စီအို (စစ်ရေယာဉ်မှူး) အား ကျေးဇူးတင်ပါသည်။
သို့သော်လည်း ၄င်းဓနအောင် ကုန်လှေကဲ့သို့ အခွန်ရှောင် လုပ်စားနေသော လှေများ မြောက်များစွာ ရှိနေပါသေးသည်။ ၄င်းတို့ကိုလည်း ဆက်လက် စောင့်ကြည့်၍ အရေးယူဆောင်ရွက်ပါမှ အခွန်မှန်မှန် ထမ်းဆောင်ပြီး တာဝန်ကျေသော ဒီမိုကရေစီ နိုင်ငံ၏ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်လာကြမည် ဖြစ်သည်။ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် အနေဖြင့်လည်း ၄င်းကဲ့သို့ အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်း၊ သတိပေး ကာလသတ်မှတ်၍ စစ်ဆေးခြင်းများ ပြုလုပ်သင့်ပါသည်။ ၄င်းစီးပွားရေး လုပ်ငန်းရှင်များကို အခွန်လုပ်ငန်း ဆိုင်ရာ ပညာပေးခြင်း၊ အခွန်အား တိတိကျကျ စနစ်တကျ ထမ်းဆောင်စေခြင်းများကို ပြုလုပ်စေရန် လိုအပ်သလို စစ်ရေယာဉ်(၄၁၃)မှ စီအို (စစ်ရေယာဉ်မှူး) ကဲ့သို့ တပ်မတော် (ရေ)မှလည်း စနစ်တကျ စစ်ဆေး အရေးယူပေးပါမှ စနစ်တကျ ပြောင်းလဲ တိုးတက်လာမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
No comments:
Post a Comment