Thursday, April 4, 2013

သက်ဆိုင်သူများသိရှိအရေးယူနိုင်ကြစေရန်

ရက်စွဲ၊၃၁-၃-၂၀၁၃
အကြောင်းအရာ။ ။ တင်ပြခြင်း။

ကျွန်တော်သည် (၃၀-၃-၂၀၁၃) ရက်နေ့ ည (၁၀း၄၅) အချိန် တသကျော်ဆွေဝင်း၊ တသရန်နောင်စိုး၊ တသရဲအောင် (၂) တို့နှင့်အတူ ရွာရှည်ကျေးရွာ၌ ၀မ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ ၀မ်းတွင်းမြို့နယ်အတွင်း ကားများ ၀င်/ထွက်သွားလာမှု ပိတ်ဆို့ တားဆီးရာတွင် ယာဉ်ကြောများ ပိတ်ဆို့မှုမရှိစေရန် ကျယ်သောနေရာဖြစ်၍ ကားများအား တားဆီးနေရာချပေးနေစဉ် မန္တလေးဘက်မှ ယာဉ်တစ်စီး မောင်းနှင်လာ၍ ရဲတပ်သားရန်နောင်စိုးမှ တားဆီးရာ ၎င်းကားမှ ရပ်တန့်ပြီး ယင်းကားပေါ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ယောက်ဆင်းလာကာ ဘာမှမပြောပဲ ရဲတပ်သား ရန်နောင်စိုးအား ပါးရိုက်ပါသည်။ ထို့နောက် ရဲတပ်သား ရန်နောင်စိုး ကိုင်ထားသော ရိုင်ဖယ် သေနတ်အား ၎င်း၏ ဒုတိယဗိုလ်မှူးကြီးနောက်မှပါလာသူ စစ်သညတစ်ဦးမှ ဆွဲလု၍ ရဲတပ်သား ရန်နောင်စိုးအား ဘေးဘယ်ညာတစ်ယောက်စီချုပ်ထားပေးပြီး ဒုတိယဗိုလ်မှူးကြီးဆိုသူမှ ရှေ့ကနေ၍ ပါးရိုက် ထိုးတြိတ်ကာ ကျန်စစ်သညများမှ ကျောပြင်၊ ခါးတို့အား သေနတ်ဒင်ဖြင့် ထုပါသည်။ ထို့နောက ကားပေါ်မှ အရာရှိ အကြပ်စစ်သည်များ သေနတ်ကိုယ်စီဖြင့် ဆင်းလာကာ ကျွန်တော်တို့ တာဝန်ကျတပ်ဖွဲ့ဝင် (၄) ဦးစလုံးအား ၀ိုင်းရံထားပြီး ဒူးထောက်ထိုင်ခိုင်း၍ ကျွန်တော်တို့ ထုတ်ယူလာသော သေနတ်များအား ဆွဲလုယူသွားပါသည်။

ယင်းစစ်သည်များမှ ကျွန်တော်တို့ (၄) ဦးအား သောင်းကျန်သူများပမာ ၀ိုင်းဝန်းထိုးတြိတ် ရိုက်နှက်ကြပြီး ကျွန်တော်တို့ (၄) ဦးနှင့် ၎င်းတို့ဘက်မှ စစ်သည် (၄) ဦး သေနတ်ချင်းယှဉ်ပစ်မလား ဟု စိန်ခေါ်ပါသည်။

၎င်းတို့အဖွဲ့စီးလာသောယာဉ်အား ရပ်တန့်စေခြင်းကြောင့် ဒုတိယဗိုလ်မှူးကြီး ဆိုသူမှ “၎င်းအား မမြင်ဖူးလား၊ ၎င်းကို တားရမလား” ဟု သခင်နှင့်ကျွန်ပမာ နိုင့်ထက်စီးနင်း မောက်မာစွာ ပြောဆို ထိုးတြိတ်ခြင်း ဖြစ်ပါသည်။ထိုသို့ ပြောစဉ် ကျွန်တော်တို့ အဖွဲ့မှ ပြေပြစ်ချေငံစွာ တင်ပြပြောဆိုသည်ကို လက်မခံပဲ ပါးရိုက်ကာ “၁၄၄ ထုတ်ထားသော နယ်မြေဖြစ်ကြောင်း၊ ၎င်းတွင်တာဝန်ရှိကြောင်း၊ ငါလိုးမသားတွေ မင်းတို့ပါ ပစ်သတ်လို့ရကြောင်း” ဒုတိယဗိုလ်မှူးကြီးဆိုသူမှ ၎င်း၏ သေနတ်ထုတ် ချိန်ရွယ်၍ မောက်မာစွာ ပြောဆို ပြုမူဆက်ဆံပါသည်။

၎င်းတို့အဖွဲ့ စီးနင်းလာသောကားမှာ တပ်မှ ထုတ်ပေးထားသော ကားမဟုတ်ပဲ အရပ်ကား (၆) ဘီး ကင်ဒါယာဉ်ဖြင့် ရောက်လာခြင်းဖြစ်၍ ကျွန်တော်တို့ အဖွဲ့မှ မသိရှိပဲ တားဆီးမိသဖြင့် ပြေပြစ်ချေငံစွာ ပြောဆို ရှင်းပြသည်ကို လက်မခံဘဲ ထိုသို့ ပြုမူဆက်ဆံခြင်းဖြစ်ပါသည်။

၎င်း ဒုတိယဗိုလ်မှူးကြီးနှင့်အဖွဲ့သည် ကျွန်တော်တို့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအား သောင်းကျန်းသူများ သဖွယ်၊ သခင်နှင့် ကျွန်ပမာ မောက်မာစွာပြောဆို ဆက်ဆံ ရိုက်နှက် ထိုးတြိတ်ပြုမှုသည် အများပြည်သူလူထု၏ ရှေ့မှောက်တွင် အထက်အရာရှိတန်မဲ့ ပြေလည်စွာ ပြောဆိုခြင်းမရှိ၊ လက်နက်ကိုင်ညီနောင်တပ်ဖွဲ့ဝင်အချင်းချင်း ထောက်ထားမှုမရှိပဲ နိုင့်ထက်စီးနင်းနှိမ့်ချဆက်ဆံခြင်း ဖြစ်ပါသည်။

ယာဉ်များရပ်တန့်နေရာချထားပေးချိန်ဖြစ်၍ လူများရောက်ရှိလာကာ ၀ိုင်းအုံကြည့်ရှုနေသည့်အချိန်တွင် ဤသို့ ပြုမူဆက်ဆံခြင်းသည် ကျွန်တော်တို့ တာဝန်ကျတပ်ဖွဲ့ဝင်များအား အရှက်ရစေပြီး စိတ်ဓာတ်ရေးရာအရ ကျဆင်းစေပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝတ်စုံများဖြင့် တာဝန်ထမ်းဆောင်နေချိန်တွင် ပြုလုပ်ခြင်းဖြစ်၍ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ကျဆင်းစေပါသည်။

၎င်း ဒုတိယဗိုလ်မှူးကြီးခေါင်းဆောင်သောအဖွဲ့သည် နိုင်ငံတော်အား ကာကွယ်ရန် ထုတ်ပေးထားသော လက်နက်များကို အားကိုးပြု၊ လူအင်အားသုံး၍ ၀မ်းတင်း-သဲတော-မန္တလေး ပြေးဆွဲနေသော “ကံ့ကော်”“ရန်နိုင်ကျော်” ကားများ တားဆီးပိတ်ဆို့ထားမှုနှင့်ပတ်သတ်၍ ကားသမားများ၏ သွေးထိုးပေးမှုသက်သက်ကြောင့် ကျွန်တော်တို့ ရဲစခန်းပိုင်နယ်မြေအတွင်း တစ်ကြိမ်တစ်ခါမှ လုံခြုံရေးဆောင်ရွက်ခြင်းမရှိပဲ ယခုမှ ၎င်းတို့တာဝန်ရှိသည်ဟု ပြောဆို ရောက်ရှိလာခြင်းဖြစ်ပါသည်။ ၎င်းတို့နှင့်အတူ သဲတောမြို့နေ အရပ်သား ဦးအောင်မြင့်ကျော် (ခ) ဦးသာဘေး ဆိုသူပါလာပါသည်။

၎င်းဒုတိယဗိုလ်မှူးကြီးမှာ ထွန်းထွန်းမြင့် ဟု သိရှိရပြီး ၎င်းခေါင်းဆောင် လာသော အရာရှိ အကြပ်စစ်သည် (၂၁) ဦး၏ ပြုမူဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ ကျဆင်းစေ၍ ကျွန်တော်တို့ တာဝန်ထမ်းဆောင်ချိန်တွင်လည်း ၎င်းတို့အဖွဲ့အား ကြောက်ရွံ့ထိတ်လန့် နေရပါကြောင်း သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

Credit to : Moe Zay Nyein : http://www.facebook.com/moe.zaynyein

No comments: