Monday, April 8, 2013

ကျောရိုးသစ်

ကင်းထောက်တွေ လွှတ်တော်ထဲရောက်လို့ ကျနော်စိတ်ပူနေ
မဆလ ခေတ်ဦး တော်လှန်ရေးကောင်စီတက်ခါစက ကင်းထောက်လူငယ်ဆိုတာ ရှိခဲ့တယ်ဗျ ။ အဲဒီအထဲမှာ ကျနော် နေမျိုးဝေ ရဲ့အဖေ ကျောင်းဆရာ ဦးလှမြင့် ဘိုကလေးသားကြီး ပါခဲ့တာပေါ့ ။ နှစ် ပေါင်း ၅၀ လောက် တိမ်မြုပ်နေပြီး အခုပြန်ဖော်ထုတ်လာတယ် ။ လွန်ခဲ့တဲ့ တလ လောက်က ဘကြီးဦးလှမြင့် ( ကျနော့်အဖေကို ကျနော်ချစ်စနိုးခေါ်တာ အသက် ၇၃ နှစ် ) ရန်ကုန်ကို တစ်ယောက်ထဲ ခပ်တည်တည်တက်လာတယ် ။ ကျနော့်အိမ်ရောက်လာတယ် ။ ငါအစည်း အဝေးလာတက်တာတဲ့ ။ ဘာအစည်းအဝေးလည်းဆိုတော့ ကင်းတောက် ဟောင်းကြီးတွေ ပြန်လည်တွေ့ဆုံ ပွဲကွတဲ့ - ကျနော်က စူးစမ်းတယ် အဖေ လူဟောင်းကြီးတွေတော်တော် များများလာသလားဆိုတော့ ၁၀၀၀ ကျော် တယ်တဲ့ ဗျ ။
အဖေ့ကို ဘယ်သူက ဘယ်လိုဖိတ်သလည်းဆိုတော့ - - - စာအိပ်နဲ့သေချာရောက်လာတာကွ
( အဖေက အိမ်လိပ်စာပြောင်းနေပြီအခုက ။ ဒါပေမဲ့လိပ်စာမမှားဘူးဗျနော် )
ကိုင်းဗျာ မဆလ ခေတ်ဦး တော်လှန်ရေးကောင်စီတက်ခါစက - ဖွဲ့ထားတဲ့ ကင်းထောက်တွေ ကို လိပ်စာပြောင်းသွားတာတောင် - ရအောင်ဖိတ်နိုင် တယ် ။ တစ်နိုင်လုံးလူစုံတယ် ။ အဖေပျော်နေတယ် ။ ကျနော်မပျော် ဘူးဖြစ်သွားတယ် ။
တစ်ပါတီအာဏာရှင်တွေ ဂျော့အွန်ဝဲရဲ့ အမ်းနီးမန်းဖမ်း ၀တ္ထုထဲကလို အပေါ်ထပ်မှာ ဒိုဘာမင်တွေကို တော်လှန်သော ၀က်တွေက ခိုးမွေးထားခဲ့တာ ပြန်သတိရတယ် ။
လွတ်လပ်တဲ့ကျောင်းသားသမဂ္ဂတွေ မပေါ်သေးဘူး အစိုးရ ရွေးချယ်ဖွဲ့စည်းတဲ့ ဗဟိုချုပ်ကိုင်မှုအောက်က ကင်း ထောက် တွေ လွှတ်တော်ထဲတောင်ရောက်လာပြီ ။
အနှစ် ၅၀ က လိပ်စာအမျိုးမျိုး ပြောင်းခဲ့တဲ့ အဘိုးကြီးအဘွားကြီးတွေကို ရအောင်ဖိတ်နိုင်တဲ့ အစိုးရရဲ့ စိတ်ဝင်စား တဲ့ယန္တယား - ဂျော့အွန်ဝဲရဲ့ ၀တ္ထုထဲက တော်လှန်သောဝက်တွေရဲ့ ခါးပိုက်ဆောင် ဒိုဘာမင် - လွှတ်တော်ထဲ လာလေ့လာတဲ့ ခေတ်သစ် ကင်းထောက်လူငယ် -
ကျနော့် အတွေးများစွာ - - - ကျနော် သံသယ ပွါးလွန်းနေသလား - - - အစိုးရ ၀ါယမစိုက်လွန်းနေသလား သုံးချက် ကို ထောက်ရှု ဆင်ချင်ရင်း ကျနော် မပျော်မိပါ - - - -
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ
ရက်စွဲ ( ၅-၄-၂၀၁၃)
 
Like This Page · 21 hours ago
 
ဧပြီ ၄ရက် နေ့လည် ၁၁နာရီကျော်လောက်မှာ သမီးက ဖုန်းဆက်ပြီး သူတို့ကင်းထောက်အဖွဲ့တွေ
ပြည်သူ့လွှတ်တော်ကို လေ့လာပြီးလို့ ထွက်လာကြပြီလို့ သတင်းပို့ပါတယ်။
“ မေမေရယ်... ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ရတယ်။ သမီးတို့ကို စကားပြောတာ..
သမီးဖြင့် ကြက်သီးတွေတောင်ထတယ်...” တဲ့။
အိုးးးးးး သမီး အပြောကို ကြားရတာနဲ့တင် ကိုယ်တောင် သူ့အစား စိတ်လှုပ်ရှားမိသွားတာ..
ကလေးတွေအတွက်တော့ တကယ့်ကို ပီတိဖြစ်စရာပေါ့။
“ ဒီလို မျက်စေ့ဖွင့်၊ နားစွင့်ခွင့်ရတာ နည်းတဲ့အခွင့်အရေးလား။ သမီးတို့ ကံကောင်းတယ်။
သေချာလေ့လာ... သေချာမှတ်သား... အားစိုက်နာယူ... ။ သမီးတို့နားချိန်ရောက်မှ မေမေ့ဆီဖုန်းဆက်တော့။ မေမေ ခဏခဏ မဆက်တော့ဘူး..” လို့ ပြောလိုက်ရတယ်။

နေပြည်တော်ကို ရောက်စညက ညနေတော်တော်နောက်ကျမှ ရောက်တာမို့ သမီးတို့ခမျာ ၇နာရီကျော်တဲ့အထိ ရေမချိုး၊ ထမင်းမစားရသေးဘူး။ ကျွန်မဖုန်းဆက်ချိန်မှာ ရောက်တာမကြာသေးဘဲ အရင်ဆုံး အိပ်ရာခင်းကြရတုန်းရှိသေးတာ။
ဒီတော့ နောက်နေ့မနက် ၇နာရီလောက်မှ သမီးဆီဖုန်းဆက်ရတယ်။
နောက်ပိုင်းတော့ ကျွန်မဖုန်းဆက်တိုင်း လူကြီးမင်းနဲ့ချည်း တိုးတော့တာပဲ။ သမီးက လူလည်လုပ်ပြီး ဖုန်းပိတ်ထားတာလေ။ တစ်နေ့လုံး ဖုန်းခေါ်မရတော့ သူ့အဖေကလည်း စိတ်တွေပူလို့...
ကျွန်မကထင်ပါတယ်။ သူတို့ လူစုပြီး တစ်ခုခုလုပ်နေရလို့နေမှာ.. လို့။
နေ့လည်စာ စားချိန်လောက် ဆက်လိုက်မှ ဖုန်းပြန်ဖွင့်ထားတယ်။ လူစုပြီး ဆွေးနွေးပွဲ လုပ်နေလို့..တဲ့။
တစ်ခါ ညနေကျတော့ လူကြီးမင်းနဲ့ တိုးပြန်ရော... တော်တော်ကြာမှ ညနေစောင်းမှာ “ အားကစား လုပ်နေရလို့...” တဲ့။

ပထမတော့ ဖုန်းပိတ်ထားရင် စိတ်ပူမိသလိုလို... ၀မ်းနည်းသလိုလို...
သမီးတို့ခေတ်က အရွယ်ရောက်ကြီးပြင်းတာ မြန်လှချည့်လို့ နှမြောသလိုလို...
ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ သူ့ခမျာလည်း အစီအစဉ်တွေ ဆက်တိုက်ဆိုတော့ မအားရရှာဘူးကိုး။
ဒါကြောင့် ဒီမနက်လည်း နိုးနိုးချင်း တစ်ခါပဲ ဆက်လိုက်တာ။ ဘုရားသွားမလို့ ကားပေါ်ရောက်နေပြီတဲ့။
နေ့လည်ကျတော့ ပြည်သူ့လွှတ်တော်၊ အဲဒီကတဆင့် အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တွေကို သွားရမတဲ့။

ဒါကြောင့်မို့ ကျွန်မ ဖုန်းတွေ ခဏခဏမဆက်တော့ပါဘူး။
သမီးအားချိန် နားချိန်ကျမှ ဆက်လာမယ့်ဖုန်းကိုပဲ စောင့်နေလိုက်တော့မယ်။
ပျံသာပျံ သမီးရေ... မြင့်မြင့်ပျံ... ဝေးဝေးကြည့်... ဒါပေမဲ့ နှလုံးသားတော့ ရှိပါစေ..
 

No comments: