Monday, April 15, 2013

ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှု Boston Marathon Explosion


Boston Marathon Explosion

Medical workers aid injured people at the finish line of the 2013 Boston Marathon following an explosion in Boston, Monday, April 15, 2013. (AP Photo/Charles Krupa) AP2013
— in Boston, MA.

ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှု
အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၆၄ ဦးခန့်ရှိကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူများအနက် စိုးရိမ်ရသည့် အခြေအနေရှိသူများလည်း ပါဝင်သည်ဟုဆိုသည်။ ဘော်စတွန်မြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်သည့် ဘော်စတွန်မာရသွန်ပြိုင်ပွဲ၏ ပန်းဝင်စည်းအနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ အဆိုပါ မာရသွန်ပြိုင်ပွဲသို့ ထောင်နှင့်ချီသော ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
ဘော်စတွန်မြို့တွင် တတိယမြောက် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဘော်စတွန် မာရသွန်ပြေးပွဲ၌ ဗုံး ၂ လုံး ပေါက်ကွဲခဲ့ကာ မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးအား ရှာဖွေတွေ့ရှိခဲ့ပြီး မကြာမီအချိန်၌ ဘော်စတွန်မြို့ရှိ သမ္မတ John F. Kennedy စာကြည့်တိုက်၌ ဗုံးတစ်လုံး ပေါက်ကွဲတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ဤ ဖြစ်ရပ်များမှာ ဆက်စပ်မှုရှိကြောင်း သိရှိရပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာ ၅၀ ဦးထိ ရှိသွားပြီဟု သိရှိရသည်။

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ မာရသွန်ပြေးပွဲ ဗုံးပေါက်ကွဲမှု၌ လူ ၂ ဦးသေဆုံးပြီး အနည်းဆုံး ၂၈ ဦး ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံ ရဲတပ်ဖွဲ့ဆို။

မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးအားလည်း ရှာဖွေတွေ့ရှိခဲ့ပြီး အချိန်မီ ဖယ်ရှားနိုင်ခဲ့ကြောင်း သိရှိရသည်။

ကံကောင်းသည်မှာ လူပေါင်း ၁၇၀၀၀ ခန့် အတူတကွနီးပါး ပန်းဝင်သည့် အချိန်ထက် မိနစ် ၄၀ ခန့် နောက်ကျပြီးမှ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါကမူ မတွေးဝံ့စရာပင်ဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ငန်းများတွင် အမေရိကန် အမျိုးသား လုံခြုံရေး တပ်မတော်သားများက ဒေသခံ လုံခြုံရေးနှင့် ကယ်ဆယ်ရေး အဖွဲ့များအား ကူညီဆောင်ရွက်လျက်ရှိသည်။

နှစ်စဉ်ကျင်းပသည့် ဤမာရသွန်ပြေးပွဲသို့ ကမ္ဘာတစ်ဝန်းမှ အားကစားသမားပေါင်း သောင်းချီ၍ ပါဝင်ယှဉ်ပြိုင်လေ့ရှိသည်။
ဘော်စတွန်၊ အမေရိကန် ပြည်ထောင်စု (ဧပရယ်လ ၁၄ ရက်) - ဘော်စတွန် မာရသွန်ပြေးပွဲ၏ ပန်းအဝင်၌ ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို မှတ်တမ်းတင် ရိုက်ကူးထားသည့် ပုံကို Photo of the Day အဖြစ် ရွေးချယ် လိုက်ရပါသည်။

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ မာရသွန်ပြေးပွဲ ဗုံးပေါက်ကွဲမှု၌ လူ ၂ ဦးသေဆုံးပြီး အနည်းဆုံး ၅၀ ဦး ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံ ရဲတပ်ဖွဲ့ဆို။

မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးအားလည်း ရှာဖွေတွေ့ရှိခဲ့ပြီး အချိန်မီ ဖယ်ရှားနိုင်ခဲ့သည်။

တတိယမြောက် ဗုံးတစ်လုံးမှာလည်း သမ္မတ John F. Kennedy ၏ စာကြည့်တိုက်၌ ပေါက်ကွဲခဲ့သည်။

ကယ်ဆယ်ရေး လုပ်ငန်းများတွင် အမေရိကန် အမျိုးသား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံအဖွဲ့များအား ကူညီဆောင်ရွက်လျက်ရှိ။
 

Two explosions near finish line of Boston Marathon, suspect held
Do Suicide bombers have voyeurs watching? who was behind this? who benefits from generating fear of terrorists?
Two blasts happened near the race's finish line and police confirm a third explosion at JFK library in the US city.


https://www.youtube.com/watch?feature=player_embedded&v=D77irCrauxo
 

No comments: