+++++++++++++++++++
*** ဦးဥတ္တမ နိုင်ငံရေးလုပ်တော့ လူတွေထောက်ခံတယ်။ အားပေးတယ်။
ဟော ထောင်ထဲလည်းရောက်ကော ဘယ်သူမှ လာမတွေ့ဘူး။ လာတွေ
တဲ့သူ တစ်ယောက် နှစ်ယောက်တော့ ရှိတယ်။ တိုက်ပိတ်ခန်းမထဲမှာချို့
ချို့တဲ့တဲ့နဲ့ ပျံလွန်တော်မူသွားရှာတယ်။ သိချင်ရင်တော့ ဦးဥတ္တမ သမိုင်း
ကို ဖတ်ကြည့်ပါ။ ပျံလွန်တော့ မူတော့ သာသနာအာဇာနည်ဆိုပြီး ဂုဏ်ပြု
တယ်။ မှတ်တမ်းတင်တယ်။
*** ၂၀၀၇ မှာ ရေနံတွေဈေး၊ ကုန်ဈေးနှုန်းတွေတက်လာတော့
ရဟန်းတော်တွေ ဦးဆောင်ပြီး ဆန္ဒပြတယ်။ တနိုင်ငံလုံးအတိုင်းတာ
အားပေးတယ်။ ထောက်ခံတယ်။ ဟော သံဃာငယ်လေးတွေ ထောင်
ထဲရောက်၊ အထုခံ၊ အနှက်ခံရတော့ လူတွေကြက်ပြောက် ငှက်ပျောက်
ပျောက်ကုန်တယ်။ နောက်တော့ ပြန်သတင်းကြားတာက အဲဒီမှာပါဝင်
တဲ့သံဃာတော်လေးတွေ အိမ်လာရင်တောင် ကြောက်ရမဲ့သူတွေကို
ကြောက်လို့ အိမ်အလာ မခံတော့ဘူးလို့ဆိုတယ်။
*** ခုခေတ်လည်း ရဟန်းတော်တွေ လက်ပန်းတောင်းမှာ သပိတ်မှောက်
တော့ သာသနာ့အာဇာနည်ဆိုပြီး အားပေးတယ်။ မြှောက်ပင့်တယ်။
ဘုမသိ ဘမသိ ကလေးတွေ မီးလောင်ဗုံးကြောင့် သေရာဒဏ်ရာ အမာ
ရွတ်ထင်ကျန်ကုန်တယ်။ ထောက်ပြတဲ့စကားတခွန်းတောင် ရှိသေးတယ်။
ဘာတဲ့ ဘုရားတောင် နှစ်ပြည်ထောင်အရေး စိတ်မအေးလို့ လူတွေကြား
ဝင် နိုင်ငံရေးလုပ်တယ်ဆိုပဲ။
*** ၉၆၉ စလုပ်တယ်။ အားပေးတယ်။ ထောက်ခံတယ်။ ဟော မျိုးစောင့်
ဥပဒေဆိုတာလည်း ထွက်ကော ဘုန်းကြီးများ နိုင်ငံရေးနဲ့ မပတ်သတ်ရဘူး
ဆိုပြီး အသံတွေ ထွက်လာတယ်။ ၀ိနည်းနဲ့ မညီဘူးဆိုပြီး စကားသံတွေစီ
ညံလာတယ်။ ၀ိနည်းနဲ့ ညီ၊ မညီထောက်ပြချင်ရင်လည်း ၀ိနည်းငါးကျမ်း၊
၎င်းရဲ့ အဋ္ဌကထာ၊ ဋီကာ၊ အနုဋီတွေကို စုံအောင်လေ့လာထားဖို့လိုလိမ့်မယ
ပိဋကတ်ကို အနှောင့်လေးကိုင်ပြီး လှေနဲံဓားထစ်မှတ်နေရင်တော့ မြန်မာပြည်
ကြီးတိုးတက်လာဖို့ သိပ်မမြင်ဘူး။
*** မိမိပြောချင်တာက ၀ိနည်းနဲ့ ညီ၊ မညီဆိုတာ အဓိက ပြောချင်တာ
မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံလူမျိုးတွေရဲ့ စိတ်ဓာတ်လေးတွေကို သိသာ
အောင်ချပြမိရုံပါ။ ဘာသာရေးကို လိုအပ်သလိုအသုံးချပြီး ကိုယ့်အတွက်
ကိုယ့်ကျိုးရှာ အမြတ်ထုတ်ရင်တော့ သင်တို့လားရာ ဂတိ အ၀ီစိသာရှိ
တော့မည်ဆိုတာ မမေ့ပါနဲ့။
( 'ဌေး' သာမဏေကျော်)
No comments:
Post a Comment