အာနာပါန သတိပဋ္ဌာန် ဘာဝနာ။
အာနာပါန သတိပဋ္ဌာန် ဘာဝနာအတွက် ရှေးဦးပြုဖွယ်ရာများကို တရား စတင် အားထုတ်သူတို့ သိရှိနိုင်စေရန် တင်ပြအပ်ပါတယ်။
"ရှေးဦးစွာဘုရားရှိခိုးပါ၊သီလဆောက်တည်ပါ၊ရတနာမြတ်သုံးပါးနဲ့ အရိယာသူတော်စင်တွေကျေးဇူးရှင်တွေအပေါ်ပြစ်မှားမိခဲ့တဲ့အပြစ်များ ရှိရင်ဝန်ချတောင်းပန်ကန်တော့ပါ၊ ပြီးလျှင်ဘုရားရှေ့မှာဖြစ်စေ၊အဆ င်ပြေရာမှာဖြစ်စေ၊ကြာကြာထိုင်နိုင်မဲ့အနေအထားမျိုးနဲ့ထိုင်ပါ။နှာသီးဖျားလေးမှာ မိမိစိတ်ကလေးကိုစိုက်ထားပါထွက်သွားသောလေကိုထွက်လေလို့မှတ်ပါ၊ဝင်လာတဲ့လေကိုဝင်လေလို့မှတ်ပါ၊မိမိစိတ်ကလေးကိုနှာသီးဖျားကလေးမှာသ တိလေးနဲ့ကပ်ထားပြီးထွက်လေ ဝင်လေကိုရှု့မှတ်နေပါ။
ထွက်လေထွက်သွားရာ၊ဝင်လေဝင်သွားရာကိုစိတ်ကလိုက်မသွားပဲနှာသီးဖျားလေးမှာသာစိတ်စိုက်ထားပြီးရှု့မှ တ်နေပါ။စိတ်ကလေးမငြိမ်သက်ပဲဟိုေ ရာက်ဒီရောက်ဖြစ်နေပါလိမ့်မယ်၊စိ တ်မပျက်ပါနဲ့၊ပျံ့လွင့်နေတဲ့စိတ်ကလေးကိုနှာသီးဖျားပေါ်ပြန်ပြီးေ ခ်ါတင်ပါ။ထွက်လေဝင်လေကိုကြိုးစား ပြီးမှတ်နေပါ။
အဲ့ဒီလိုမှတ်နေတုန်းပဲစိတ်ကလေးက ထွက်သွားတတ်ပါတယ်၊သတိနဲ့ပြန်ပြီးခေါ်ပါ၊ဒါဟာဖြစ်ရိုးဖြစ်စဉ်ပါပဲ ။တစ်ဖြေးဖြေးနဲ့စိတ်ကလေးငြိမ်သက်လာပါလိမ့်မယ်၊သတိပဋ္ဌာန်ဆိုတဲ့အတိုင်းသတိပြဋ္ဌာန်းတဲ့တရားဖြစ်ပါတယ်၊သတိအားကောင်းလာတာနဲ့သမာဓိပေါ်လာပါတယ်၊သတိနဲ့သမာဓိရင့်ကျက်လာလေ ရှု့မှတ်အားကောင်းလေလေဖြစ်လာပါမယ်၊တစ်ခြားအာရုံတွေအပေါ်စိတ်မရောက်တော့ပဲထွက်လေဝင်လေအပေါ်မှာသာစိတ်ကိုတည်ငြိမ်စွာထားနိုင်လာတာတွေ့ လာရပါမယ်။
ဒီအာရုံအပေါ်မှာပဲမြဲမြဲမြံမြံ တည်ကြည်ငြိမ်သက်လာရင်စိတ္တဝိသုဒ္ဓိဖြစ်ပါပြီ။မိမိကမ္မဋ္ဌာန်းအာရုံပေါ်မှာစိတ်ကိုနိုင်နင်းစွာထားနိုင်တာကိုသမာဓိတည်ပြီလို့နားလည်ရပါ တယ်။ကျေးဇူးတော်ရှင်ဝေဘူဆရာတော် ဘုရားကြီးက-ဒီအာနာပါနနည်းကိုတစ် ပြည်လုံးကြွရောက်ဟောကြားတော်မူခဲ့ပါတယ်၊၂၄-နာရီပြည့်အောင်တစ်ဆက်တည်းအားထုတ်ကြဖို့တဖွဖွတိုက်တွ န်းတော်မူပါတယ်။၂၄-နာရီဣရိယာပုတ်လေးပါးလုံးနဲ့အာနာပါနသတိနဲ့နေနိုင်အောင်ကြိုးစားကြဖို့မိန့်ကြားတော်မူပါတယ်။
အဲ့ဒီလိုထွက်လေဝင်လေအာရုံအပေါ်မှာစိတ်စူးစိုက်ပြီးနေနိုင်အောင်သ တိ ဝီရိယတို့နဲ့ကြိုးစားပေးရင်ခဏိက သမာဓိ၊ဥပစာရသမာဓိတို့ဟာမကြာခင် ဖြစ်လာနိုင်ပါတယ်။
မိမိတို့၏ ရရှိလာသော သမာဓိဖြင့် ပရမတ် နာမ် ရုပ်များကိုရှုပွားကာ ဝိပဿနာဘာဝနာသို့ ကူးပြောင်းကြရပါမယ်။
cretid to U Kyi Soe.
အာနာပါန သတိပဋ္ဌာန် ဘာဝနာအတွက် ရှေးဦးပြုဖွယ်ရာများကို တရား စတင် အားထုတ်သူတို့ သိရှိနိုင်စေရန် တင်ပြအပ်ပါတယ်။
"ရှေးဦးစွာဘုရားရှိခိုးပါ၊သီလဆောက်တည်ပါ၊ရတနာမြတ်သုံးပါးနဲ့
ထွက်လေထွက်သွားရာ၊ဝင်လေဝင်သွားရ
အဲ့ဒီလိုမှတ်နေတုန်းပဲစိတ်ကလေးက
ဒီအာရုံအပေါ်မှာပဲမြဲမြဲမြံမြံ တည်ကြည်ငြိမ်သက်လာရင်စိတ္တဝိသုဒ္ဓ
အဲ့ဒီလိုထွက်လေဝင်လေအာရုံအပေါ်မှ
မိမိတို့၏ ရရှိလာသော သမာဓိဖြင့် ပရမတ် နာမ် ရုပ်များကိုရှုပွားကာ ဝိပဿနာဘာဝနာသို့ ကူးပြောင်းကြရပါမယ်။
cretid to U Kyi Soe.
No comments:
Post a Comment