၅-၆-၂၀၁၃
တစ်ခါတုံးက လူတစ်ယောက်ဟာ မခံမရပ်နိုင်အောင် ဗိုက်အောင့်တဲ့ ဝေဒနာကို
ခံစားနေရ သတဲ့။ ရောဂါရဲ့ဒဏ်က ပြင်းထန်လွန်းတော့ အဲဒီလူဟာ
လူးလှိမ့်ညည်းငြူနေရတာပေါ့။ အဲဒီအချိန်မှာ လူနာရေဂါခံစားနေရတာကို
မြင်တွေ့ရတဲ့ ဘေးက လူတစ်ယောက်က
"ခင်ဗျားရောဂါဟာ ကျွန်တော့် ဘကြီး ဆေးသာ သောက်လိုက်၊ ယူပစ်လိုက်သလိုကို ပျောက်သွားစေရမယ်" လို့ ပြောလိုက်သတဲ့။
ဒိတော့လည်း ဝေဒနာ ခံစားနေရတဲ့ လူနာဟာ အအားကိုးတကြီးနဲ့ပေါ့။
"လုပ်စမ်းပါ အကိုကြီးရယ်၊ ကျွန်တော် ဒီဝေဒနာ နဲ့ အသက်ထွက်ရတော့မယ်။ ကယ်နိုင်ရင် ကယ်ပါဦး" လို့ အားကိုးတကြီးနဲ့ ပြောသတဲ့။
အဲဒီတော့ စောစောက လူက
"ခင်ဗျား၊ ကျွန်တော့ ဘကြီးဆေးကို သောက်တော့မယ်ဆိုရင် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးကို ရေသန့်သန့်နဲ့ ပြောင်အောင်ဆေး"
"ဟုတ်ကဲ့"
"အဲဒီပြောင်အောင်ဆေးထားတဲ့ လက်ဖက်ရည်ပန်းကန်ထဲကို ကျွန်တော့ဘကြီးရဲ့ ဆေးကို မီးခြစ်ဆန်ခေါင်း သုံးခေါင်းစာလောက် ထည့်"
"ဟုတ်ကဲ့..ခင်ဗျ"
"ထည့်ပြီးတာနဲ့ ရေသန့်သန့်လေးကိုယူ၊ ညာဖက် လက်ခလယ်နဲ့ လက်နှစ်ဆစ် စာလောက် ရေကိုထည့်"
"ဟုတ်ကဲ့ပါ..ခင်ဗျ"
"အဲဒီလို ထည့်ပြီးရင် အဲဒီလက်ခလယ်နဲ့ဘဲ လက်ျာရစ် ခွန်နှစ်ကြိမ် မွှေ"
"ဟုတ်ကဲ့ပါခင်ဗျ"
"မွှေ ပြီးရင်တော့ တစ်ခါတည်းသောက်ချလိုက်၊ ခင်ဗျားရောဂါ ယူပစ်သလိုကို ပျောက်ရောဗျား"
"အမယ်လး ဆရာရယ် ကျေးဇူးကြီးလှပါပေတယ် ခင်ဗျာ၊ ဆေးကရော.. ခင်ဗျ"
အဲဒီအချိန်မှာ ဘကြီးဆေးညွှန်နေတဲ့သူ ပြောလိုက်တာကတော့
"ဆေးတော့ ငါမှတ်မထားမိဘူးကွာ"
ပါတဲ့ဗျာ။
မောင်ထွန်းလွင် (မိုးလေ၀သ)
မှတ်ချက်။ လောကမှာ အဓိက နဲ့ သမည ပိုင်းခြားခွဲနိုင်ကြပါစေ။
၅-၆-၂၀၁၃
တစ်ခါတုံးက လူတစ်ယောက်ဟာ မခံမရပ်နိုင်အောင် ဗိုက်အောင့်တဲ့ ဝေဒနာကို ခံစားနေရ သတဲ့။ ရောဂါရဲ့ဒဏ်က ပြင်းထန်လွန်းတော့ အဲဒီလူဟာ လူးလှိမ့်ညည်းငြူနေရတာပေါ့။ အဲဒီအချိန်မှာ လူနာရေဂါခံစားနေရတာကို မြင်တွေ့ရတဲ့ ဘေးက လူတစ်ယောက်က
"ခင်ဗျားရောဂါဟာ ကျွန်တော့် ဘကြီး ဆေးသာ သောက်လိုက်၊ ယူပစ်လိုက်သလိုကို ပျောက်သွားစေရမယ်" လို့ ပြောလိုက်သတဲ့။
ဒိတော့လည်း ဝေဒနာ ခံစားနေရတဲ့ လူနာဟာ အအားကိုးတကြီးနဲ့ပေါ့။
"လုပ်စမ်းပါ အကိုကြီးရယ်၊ ကျွန်တော် ဒီဝေဒနာ နဲ့ အသက်ထွက်ရတော့မယ်။ ကယ်နိုင်ရင် ကယ်ပါဦး" လို့ အားကိုးတကြီးနဲ့ ပြောသတဲ့။
အဲဒီတော့ စောစောက လူက
"ခင်ဗျား၊ ကျွန်တော့ ဘကြီးဆေးကို သောက်တော့မယ်ဆိုရင် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးကို ရေသန့်သန့်နဲ့ ပြောင်အောင်ဆေး"
"ဟုတ်ကဲ့"
"အဲဒီပြောင်အောင်ဆေးထားတဲ့ လက်ဖက်ရည်ပန်းကန်ထဲကို ကျွန်တော့ဘကြီးရဲ့ ဆေးကို မီးခြစ်ဆန်ခေါင်း သုံးခေါင်းစာလောက် ထည့်"
"ဟုတ်ကဲ့..ခင်ဗျ"
"ထည့်ပြီးတာနဲ့ ရေသန့်သန့်လေးကိုယူ၊ ညာဖက် လက်ခလယ်နဲ့ လက်နှစ်ဆစ် စာလောက် ရေကိုထည့်"
"ဟုတ်ကဲ့ပါ..ခင်ဗျ"
"အဲဒီလို ထည့်ပြီးရင် အဲဒီလက်ခလယ်နဲ့ဘဲ လက်ျာရစ် ခွန်နှစ်ကြိမ် မွှေ"
"ဟုတ်ကဲ့ပါခင်ဗျ"
"မွှေ ပြီးရင်တော့ တစ်ခါတည်းသောက်ချလိုက်၊ ခင်ဗျားရောဂါ ယူပစ်သလိုကို ပျောက်ရောဗျား"
"အမယ်လး ဆရာရယ် ကျေးဇူးကြီးလှပါပေတယ် ခင်ဗျာ၊ ဆေးကရော.. ခင်ဗျ"
အဲဒီအချိန်မှာ ဘကြီးဆေးညွှန်နေတဲ့သူ ပြောလိုက်တာကတော့
"ဆေးတော့ ငါမှတ်မထားမိဘူးကွာ"
ပါတဲ့ဗျာ။
မောင်ထွန်းလွင် (မိုးလေ၀သ)
မှတ်ချက်။ လောကမှာ အဓိက နဲ့ သမည ပိုင်းခြားခွဲနိုင်ကြပါစေ။
No comments:
Post a Comment