ဟားဟားဟား ဘာမှကို မသိရဘဲလေ . . ."
နိင်ငံသားတစ်ယောက်ကို တရားခံပြေးအဖြစ် ကြေငြာဖို့ တရားရုံးများမှ တရားသူကြီးများအနေနှင့် မည်သည့်ဥပဒေများကို လိုက်နာကျင့်သုံးဖို့ လိုပါသနည်း ။
ဥပမာ၊(က)စွတ်စွဲခံရသူနိင်ငံ
ခေါ်ယူစစ်ဆေးမှုပြုနိင်ရန် ကာယကံရှင်အား ရဲစခန်းမှဆင့်ခေါ်မှု ပြုခဲ့ခြင်း ရှိ ၊ မရှိ
(ခ) ယင်းအမှုအားရင်ဆိုင်ရန် သက်ဆိုင်ရာ တရားရုံးမှ စွတ်စွဲခံရသူအား တရားရုံး ဆင့်စာဖြင့်
ခေါ်ယူ အကြောင်းကြားခြင်း ရှိ မရှိ ၊
(ဂ) ခေါ်ယူမှု ပျက်ကွက်ပါက တရားခံပြေးအဖြစ် ထုတ်ပြန်ကြေငြာမည်ဖြစ်ကြောင
တရားဥပဒေ ညီမျှ စိုးမိုးရေးကို လိုလားကြသော နိင်ငံသားများမှ ဥပဒေအရ တရားခံပြေးလို့
တရားရုံးများမှာ ကြေငြာဖို့ ဥပဒေအရ ဘာတွေ လိုတယ်ဆိုတာ ဥပဒေ တက်ကျွမ်းသူများနှင့်
ပညာရှင်များမှပါ ကျေးဇူးပြု၍ ဖော်ပြရေးသားပေးစေချင်ပါတယ်
လေးစားလျှက် . . .
ကိုဝေဠု
အမှတ်(၉၀၁)၊သုဇိတာ လမ်းမကြီး၊ (၂) ရပ်ကွက် ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်း ၀၉ ၄၅၀၀ ၃၇၆၈၅
ရန်ကုန်ပြည်သူ့အကျိုးဆောင်က
မှတ်ချက် ။ ။ ၈၈ က ကိုအောင်သူရယ် ၊ GW က ကိုမိုဃ်းသွေးရယ် ၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်က
ဖြေရှင်းနိင်ရေးနဲ့ ပဋိပက္ခများ ဖြေလျော့နိင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းတွေ နဲ့ ဆွေးနွေးတင်ပြနိင်ဖို့ ရောက်ခဲ့တယ် ၊ တိုင်းဒေသကြီး သတင်းရဲတပ်ဖွဲ့ရဲမှူး ကိုစိုးအောင်နဲ့ ၉.၅.၂၀၁၃ ညနေ ၃ နာရီခန့်မှာ တွေ့ပြီး၊ ၆ နာရီကျော်ထိအောင် သတင်းတပ်ဖွဲ့ရုံးမှာ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီ ဒေသခံတွေရဲ့ တင်ပြတောင်းဆိုမှုတွေကို ရဲမှူးကတစ်ဆင့် ကျွန်တော်တို့ လေးယောက် စောင့်ပြီး တင်ပြခဲ့တယ် ။ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိ လူကြီးမင်းများ အား တင်ပြနိင်ဖို့နဲ့ တွေ့ဆုံနိင်ရန် ၁၂.၅.၂၀၁၃ ရက်နေ့ထိ စောင့်စိုင်းနေစဉ်
ရန်ကုန် ငြိမ်းချမ်းရေးစင်တာတွင် သမ္မတရုံး ၀န်ကြီးအား အချိန်ပိုင်း ဆုံတွေ့ခွင့်ရနိင်သည်ဆိုသဖြ
တွေ အမြဲ လိုက်ပါ ကူညီခဲ့တယ် ။
၁၅.၅.၂၀၁၃ မှာ မြန်မာ့ငြိမ်းချမ်းရေးစင်တာ
ကုလသမ္မဂ အရာရှိ(ပြင်သစ်နိင်ငံသား) ဟောပြောမှုမှာ ဖိတ်ကြားခြင်းခံရလို့ ကွန်ရက်ရေးရာ တာဝန်ခံ ကိုဝေမှူးသွင်နဲ့ တက်ရောက်ခဲ့တယ် ။
ကြားအချိန်ကာလတွေမှာလဲ မိမိနေထိုင်ရာ အိမ်မှာ မိသားစုနှင့်အတူ ရှိနေပြီး ၊ သက်ဆိုင်ရာ
ရဲစခန်း ၊ သက်ဆိုင်ရာ တရားရုံးများမှ အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပဲ ယခုကဲ့သို့ တရားခံပြေး ကြေငြာခံရခြင်းမှာ . . .
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခြေခံမူတွင် တရားစီရင်ရေးမူများအဖြင့်
ဥပဒေပုဒ်မ ၁၉
(က) ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး
(ခ) ဥပဒေအရ ကန့်သက်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး
(ဂ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့် နှင့် အယူခံပိုင်ခွင့်ရရှိရေး ဆိုတဲ့ အခြေခံမူဥပဒေအပြင်
နိင်ငံသားများ၏ လူ့သိက္ခာကို နိင်ငံတော်မှ တရားဥပဒေအရ ကာကွယ်စောင့်ရှောက်ခြင်းဖြင
ဥပဒေပုဒ်မ ၄၄ အရ
လူ့သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ် ပြဋ္ဌာန်းခွင့် မရှိစေရဟူသည့် ဥပဒေမှပြဋ္ဌာန်းထား
ချက်အားလည်း မိမိမှာ သက်ဆိုင်ရာ ရဲစခန်း ၊ တရားရုံးများမှ ဆင့်ဆို အကြောင်းကြားမှု တစ်စုံတစ်ရာ မသိရှိရပဲ ဥပဒေအရ မိမိအားစွဲဆိုမှုကို ခုခံကာကွယ်ပိုင်ခွင့် မရပဲ တရားခံပြေး အဖြစ်ထည့်သွင်း ကြေငြာခံခဲ့ ရခြင်းဖြစ်ပါသည် ။
နားလည်မှု လွဲမှားစွာ ထိန်းသိမ်းခံခဲ့ရသော ၃၁.၈.၂၀၁၃ အကြိမ်နှင့် ၂၆.၁၁.၂၀၁၃ အကြိမ်များ တွင် သက်ဆိုင်ရာ ရဲစခန်းများနှင့် တရားရုံးများမှ ဆင့်ခေါ်မှုများကို သွားရောက် ရင်ဆိုင်ခြင်း ၊ ဖမ်းဆီးထိန်းသိမ်းမှုတွင် တည်ငြိမ်စွာ နေထိုင်ရင်ဆိုင်ခြင်း ၊ အမှု ရင်ဆိုင်ရမှုများတွင် မလွှဲမရှောင် အခြေအနေများမှ အပ လိုအပ်သည့် ရုံးချိန်းများကို မှန်ကန်စွာ သက်ဆိုင်ရာ တရားရုံးများသို့ သွားရောက်ခြင်းများဖြင့် ရပ်တည်ခဲ့ပါသည် ။
မိမိနေအိမ်တွင် ဥပဒေနှင့်အညီ နေထိုင်လျှက် တရားခံပြေး အဖြစ်ကြေငြာခံရခြင်းမှာ၂၀၀၈
(၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ နိင်ငံသားရပိုင်ခွင့်ဥပဒေ ပုဒ်မ ၃၇၅ အရ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူတစ်ဦးဦးသည် ဥပဒေနှင့်အညီ ခုခံပိုင်ခွင့်ရှိသည်
ဆိုသည့် အခြေခံ ဥပဒေအား တိတိလင်းလင်း ချိုးဖျက်ခြင်းခံခဲ့ရခြင်ြး
မိမိ ရန်ကုန်တွင် နေထိုင်ပြီး လက်ပံတောင်းအရေး ငြိမ်းချမ်းစွာ အဖြေရှာရေး ကြိုးစားနေသူ ပင်လျှင် ထိုသို့ခံရသည်ဆိုပါမူ . . .
ဒေသတွင် ရှိနေကြသော ဒေသခံများနှင့် လက်ပံတောင်းအရေး ကူညီသူများဆိုလျှင် . . .
ကိုဝေဠု ရန်ကုန်ပြည်သူ့အကျိုးဆောင်က
ယနေ့ ၅.၆.၂၀၁၃ တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားမြို့နယ်နှင့် ပန်းပဲတန်း တရားရုံးများတွင် ၂၆.၁၁.၂၀၁၂ တွင် မှားယွင်းထိန်းသိမ်းခံရသော ဥပဒေပုဒ်မ (၁၈)နှင့်
(၅၀၅/ခ) အမှုများအား ရင်ဆိုင်ရမည်ဖြစ်သည် ။ ဥပဒေကြောင်းအရ မိမိမှ သွားရောက်၍ အမှုရင်ဆိုင်သွားပါမည် ။
No comments:
Post a Comment