Sunday, June 2, 2013

စံကောင်းကမ္ဘာကျော်ပီနံအိတ်စက်ရုံ အလုပ်သမားများအစာငတ်ခံဆန္ဒပြ

အလုပ်သမားများ၏ ရပိုင်ခွင့်များကို ဖြေရှင်းမပေးပါက အစာငတ်ခံ၍ ဆန္ဒဖော်ထုတ်မည်

25.5.2013

တောင်းဆိုမှုများကို အမြန်ဆုံး ညှိ့နှိုင်းဖြေရှင်း မပေးပါက လာမည့် ၂၇ ရက်နေ့မှ စတင်ကာ ၂၄ နာရီပတ် လုံး အစာအငတ်ခံ၍ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း လတ်တလော ဆန္ဒပြကာ အလုပ်သမားများ၏ အခွင့်ရေးများကို တောင်းဆိုနေသည့် လှိုင်သာယာစက်မှုဇုံရှိ ကမ္ဘာကျော် စံကောင်း ပီနံအိတ်စက်ရုံမှ အလုပ်သမားများက ပြောကြသည်။

ယခုလ ၁၁ ရက်နေ့မှ စတင်ကာ စက်ရုံတွင်းရှိ အလုပ်သမား ၄၉ ဦးအား အကြောင်းပြချက် မပေးဘဲ အလုပ် ထုတ် လိုက်သည့် ကိစ္စမှ စတင်ကာ စက်ရုံတွင်းရှိ အလုပ်သမားများက မခံမရပ်နိုင်ဖြစ်ပြီး စက်ရုံရှေ့ ၌ စတင်ဆန္ဒထုတ်ဖော် နေခဲ့ရာမှ ယနေ့ချိန်ထိ ဌာနဆိုင်ရာပိုင်း အပါအ၀င် အလုပ်ရှင်ဖ က် ကပါ ဖြေရှင်းမှုများ မပြုလုပ်ပေးသောကြာင့် အစာအငတ်ခံ၍ ဆန္ဒမည့် အစီစဉ်ကို စီစဉ် ရခြင်းဖြစ်ကြောင်း အဆိုပါစက်ရုံမှ ဆန္ဒပြ အလုပ်သမား ကိုဝင်းထွန်းအောင် က ပြောကြားသည်။

“ကျွန်တော်တို့ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ အဓိကတော့ အလုပ်သမားတွေကို အလုပ်က ထုတ် ပစ်မယ်ဆိုရင် အလုပ်မထုတ်ခင် အလုပ်သမား သမဂ္ဂအပါအ၀င် သက်ဆိုင်ရာ အလုပ်သမားဌာနတွေ အလုပ်သမားတွေနဲ့ အရင်ညှိ့နှိုင်း တိုင်ပင်ပြီးမှ အလုပ်ထုတ်ရေး၊ မထုတ်ရေးကို စီစဉ်ဖို့ အဓိ က တောင်း ဆိုနေတာပါ။ ကျန်တဲ့ အချက်တွေကတော့ စက်ရုံတိုင်းက တောင်းဆိုနေတဲ့ လုပ်ငန်း လိုအပ်ချက် ကိစ္စတွေ ပါပဲ” ဟု ၎င်းကပြောကြားသည်။

ယင်းသို့ အလုပ်သမားများဘက်က ၎င်းတို့၏ လိုအပ်ချက်များကို ဆန္ဒဖော်ထုတ်၍ တောင်းဆိုမှု များ ပြု လုပ်နေသည့်တိုင် သက်ဆိုင်ရာပိုင်းက ကြားဝင် ဖြေရှင်ပေးမှုများ မပြုလုပ်ဘဲ အလုပ်သမားများကို သာ ခေါ်ယူ၍ ဥပဒေအရ ခြိမ်းခြောက်မှုများ ပြုလုပ်နေပြီး အလုပ်ရှင်များကိုမူ မည်သည့် အကြောင်းကြား အသိပေး ခေါ်ယူပြောဆိုမှုများ မပြုလုပ်ကြောင်း ဆန္ဒဖော်ထုတ် နေကြသည့် အလုပ်သမားများ က ပြောကြ သည်။

“ကျွန်တော်တို့က အလုပ်သာ လုပ်နေရတာ ကျွန်တော်တို့အတွက် ဘာအာမခံချက်မှ မရှိဘူး။ ဘယ်အချိန် အလုပ်ပြုတ်မလည်း ဘယ်အချိန် လစာအဖြတ် ခံရမလည်းဆိုတာကိုပဲ တွေးနေရတယ်။ အဲလိုဖြစ်သွားရင် လည်း ကျွန်တော်တို့ အလုပ်သမားတွေ အတွက် အရမ်းကို နစ်နာတယ်။ ဒါကြောင့် နောက်နောင် ဒီလိုမျိုး ကိစ္စတွေ ထပ်မဖြစ်အောင်အတွက် အခုလိုမျိုးတွေ လုပ်နေရတာဖြစ်ပါတယ်” ဟု ဆန္ဒဖော်ထုတ်မှုအတွင်း ပါဝင်သည့် အလုပ်သမား တစ်ဦးက ပြောကြားသည်။
လက်ရှိ အနေထားတွင် လှိုင်သာယာ စက်မှုဇုံအတွင်းရှိ စက်ရုံ ၈ရုံကျော်မှ အလုပ်သမားများ ၎င်းတို့၏ စက်ရုံရှေ့များ၌ အသီးသီး ဆန္ဒဖော်ထုတ်၍ အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများ ကို တောင်းဆို လျှက်ရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စက်ရုံဖက်မှ မေလ ၁၆ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ရှင်းလင်း ထားသည်။ အလုပ်ထုတ်ပယ်ရခြင်းမှာ အလုပ်သမားများအနေဖြင့် အလုပ်မလုပ် ဆန္ဒထုတ်ဖော်၍ စုဝေးခြင်း၊    ဆွေးနွေးခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း၊ စာရွက်စာတမ်း ဖြန့်ဝေခြင်း၊ ကြော်ငြာ ပိုစတာ ကပ်ခြင်း၊ အစည် အဝေးပြုလုပ်ခြင်းတို့ကြောင့် ကုမဏီ၏ အလုပ်ခန့်အပ်မှု စာချုပ်ပါအရ လုပ်ထုတ်ခြင်းဖြစ်ကြောင်း Admin Director ဦးခင်မောင်မြင့် ကပြောကြားသည်။

အလုပ်ထုတ်လိုက်သော (၄၇)ဦးမှာ တည်ဆဲ ဥပဒေနှင့်ဆန့်ကျင်သော စုဝေးခြင်း၊ စက်ရုံးအတွင်း ရုန်းရင်း ဆန်ခက် ဖြစ်စေရန်၊ ဆူပူမှုများဖြစ်စေရန်နှင့် စက်ရုံလုပ်ငန်းများကို ပျက်ပြားစေရန် လုပ်ဆောင် ခဲ့သောကြောင့် ယင်းတို့အား အလုပ်ခန့်ထားမှု အဘောတူစာချုပ်အရ ဧပြီလ ၂၉ရက်နေ့တွင် အလုပ်ထုတ် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

The Myanma Age
သမဂ္ဂခေါင်းဆောင်နှင့် အလုပ်သမားထု၏ သဘောဆန္ဒအရ ဘ၀ အသက်နှင့် ရင်းပြီး အစာငတ်ခံဆန္ဒပြနေ ပါသည်။ ထောက်ခံသည် ဖြစ်စေ မထောက်ခံသည်ဖြစ်စေ မိမိအခွင့်အရေး ဘ၀နှင့်ရင်းပြီး အမှန်တရား အလုပ်သမားထုတစ်ရပ်လုံးအတွက် တိုက်ပွဲဝင်နေသော အလုပ်သမားထုအား ပူးပေါင်းဝန်းရံရမှာဖြစ်သည်။ စံကောင်းစက်ရုံနှင့်တကွ အခြားစက်ရုံများသို့ မိမိတတ်နိုင်သမျှ ၀ိုင်းဝန်းကူညီပံ့ပိုးကြပါရန် လေးစား စွာ နှိုးဆော် အပ်ပါသည်။ ကျေးဇူးပြုပြီး စကားလက်ဆင့်ပါးပေးစေလိုပါသည်။ စံကောင်းကမ္ဘာကျော်ပီနံအိတ်စက်ရုံ လှိုင်သာယာ။  သမဂ္ဂ ခေါင်းဆောင်အမည် ၀င်းထွန်းအောင် ဖုန်း - 09421165879

 

No comments: