Monday, June 3, 2013

ဖြူဖြူတိုက်ပွဲပျော်

ဖြူဖြူတိုက်ပွဲပျော်
(၁)

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းကို ကျနော် တွေ့ဆုံခဲ့သည်မှာ(၉၁)လမ်းက NLD ရုံးခွဲတစ်ခုမှာဖြစ်ပါသည်။၂၀၁၂၊ဧပြီလ၁၀။
ဒေါ်ဖြူဖြူသင်းက သင်ဖြူးဖျာတစ်ချပ်ပေါ်တွင်ထိုင်နေသည်။ကိုအောင်ထွန်းဝင်းက ဒေါ်ဖြူဖြူသင်း၏ Portaitကိုသူ့ကင်မရာဖြင့် ဓာတ်ပုံရိုက်ရန် ပြင်ဆင်နေ၏။
အပြောင်းအလဲအပျက်အကွက် မရှိသော ဒေါ်ဖြူဖြူသင်း၏မျက်နှာကို ကျနော်သတိထားမိ သည်။ကျနော်တို့စိတ်ချယုံကြည်ရသည့်မျက်နှာ၊ ကျနော်တို့စိတ်ချယုံကြည်ရသည့်အပြုံး ကိုသူမပိုင် ဆိုင်ထားသည်။
ဒေါ်ဖြူဖြူသင်းကို ကဗျာဆရာလှသန်းကွယ်လွန်ပြီး ရက်လည်ဆွမ်းကျွေးစဉ်မှာ ကျနော်ဆုံ ဖူးသည်။ကျနော်အချိန်တစ်ခုစောင့်ဆိုင်းနေလိုက်သည်။ ယခုတော့အချိန်ကောင်း အခါကောင်း။
ထလော့မြန်မာ၊မြန်မာထလော့၊လွတ်လပ်စွာပြောဆိုမယ်။လွတ်လပ်စွာတွေးခေါ်မယ်။
NLD နိုင်ပြီ။ဒေါ်ဖြူဖြူသင်းမဲအပြတ်အသတ်နှင့်နိုင်ပြီ။လွတ်လပ်စွာတွေးခေါ်မယ်။လွတ် လပ်စွာပြောဆိုမယ်။ထလော့မြန်မာ၊ မြန်မာထလော့။
ဒေါ်ဖြူဖြူသင်းပြုံးသည်။
ထိုအပြုံးကိုကျနော်တို့အားလုံးယုံကြည်လိုက်ပြီ။ ထလော့မြန်မာ၊ မြန်မာထလော့။
(၂)
(လူတိုင်းတွင် အသက်ရှင်ရန် လွတ်လပ်ခွင့်နှင့် ယုံကြည်စိတ်ချခွင့်ရှိသည်)
ဖြူဖြူ့ကိုရန်ကုန်မြို့၊တောင်ဥက္ကလာပ၊(၇)ရပ်ကွက်၊(၁၁)လမ်းမှာမွေးဖွားသည်။
၁၉၇၁၊ဒီဇင်ဘာ၊၂၃။
ဖခင်ဦးလှထွန်း၊မိခင်ဒေါ်ခင်ဆွေ။
“အဖေကမြန်မာ့ဆိပ်ကမ်းအာဏာပိုင်က၀န်ထမ်းတစ်ဦးပါ။အမေကအိမ်မှာဆေးလိပ်လုပ်ငန်းလုပ် တယ်။ဆေးလိပ်ခုံထောင်ထားတယ်။ ဆေးလိပ်ခုံဆိုတော့အိမ်မှာလူတွေအများကြီးနဲ့ နေ့စဉ်အတူရှိရ တာပေါ့။ကျွန်မရဲ့ပင်ကိုသဘာဝကတော့အေးအေးဆေးဆေး နေထိုင်တတ်တယ်”
ဖြူဖြူကလေးဘ၀က တောင်ဥက္ကလာပသည် ယခုကဲ့သို့လမ်းများမကောင်းသေးပါ။ တည်စမြို့ သစ်တစ်မြို့ကဲ့သို့ဖြစ်နေသည်။
“ရွှံ့တွေဗွက်တွေနဲ့ပေါ့။ ကျောင်းသွားရင်ရေထဲဆင်းသွားရတယ်။ သောက်ရေ၊သုံးရေလည်းမ ရဘူး။ ရေလှည်းတွန်းကြရတာ”
ဖြူဖြူသည်အမနှင့် နှစ်တန်းသာကွာသည်။ကျောင်းသွားလျှင် အတူတူသွားကြသည်။ ညီအမ နှစ်ယောက်မှာ သူငယ်ချင်းပမာဖြစ်နေကြ၏။ ငယ်စဉ်ကအမှတ်(၂)အ.လ.က၊တောင်ဥက္ကလာမှာ ပညာ ဆည်းပူးသည်။
“ကျွန်မကသူငယ်ချင်းများများ မထားတတ်ဘူး။ကျွန်မတို့သူငယ်ချင်းလေးယောက်ရှိတယ်။ မူလတန်းကတည်းက အထက်တန်းအထိအဲ့ဒီသူငယ်ချင်းလေးယောက်ဟာ အရင်းအချာဖြစ်နေတာပဲ”
သူမကပြောသည်။
“အငယ်ဆုံးကမောင်လေး၊ အငယ်ဆုံးရဲ့အထက်နည်းနည်းလေးကြီးသူက ကျွန်မရဲ့ညီမ လေး။ ကျွန်မခြောက်တန်းမှာ သူတို့နှစ်ယောက်ကသူငယ်တန်းပေါ့”
အငယ်ဆုံးများကို နည်းနည်းအင်အားကြီးသူများက အနိုင်ကျင့်ချင်ကြ၏။ မောင်လေးနှင့် ညီမလေးက ကျောင်းမှာပြဿနာဖြစ်လျှင် ဖြူဖြူ့ကိုလာခေါ်ကြ၏။
“အဲ့ဒီလိုအနိုင်ကျင့်တယ်ကြားရင် ကျွန်မကလိုက်သွားတာပဲ။သွားရှင်းတာပဲ။ကျွန်မအ ထက်ကအမကနည်းနည်းပျော့တယ်။အခြားလူအပေါ် မှီခိုချင်တယ်။ကျွန်မကပျော့ညံ့တာ၊တစ်ဖက်လူ ကိုမှီခိုတတ်တာမျိုးကိုမကြိုက်ဘူး။အစ်မလိုမပျော့စေရဘူး မမှီခိုဘူး။အဲ့ဒီစိတ်နဲ့နေထိုင်တယ်”
ဖြူဖြူတို့ကျောင်းမှ ပဲခူးသို့ပျော်ပွဲစားထွက်သည်။ ဖြူဖြူသည်အစ်မနှင့်အတူလိုက်သွား သည်။အဖွဲ့ကပဲခူးကျောင်းမှာ ထမင်းစားမည်ဟုဆိုကြသည်။ ဖြူဖြူကမဟုတ်ဘူး။ ဘုရားမှာစားမည်။ ဖြူဖြူတစ်ယောက်တည်းထမင်းစား၏။
ပျော်ပွဲစားထွက်စဉ် အုပ်စုလိုက်ဓာတ်ပုံရိုက်ကြသည်။ ဖြူဖြူကဓာတ်ပုံရိုက်မခံချင်။အဖွဲ့ထဲ ၀င်မပါ။အစ်မကဖြူဖြူကိုလာဆွဲခေါ်သည်။ အခြားသူများကလည်းဖြူဖြူကို ဆွဲခေါ်ကြ၏။ အားလုံးတူ တူဓာတ်ပုံရိုက်ကြမည်။ပြုံးပြုံးလေးနေပေးကြပါ။
“ဓာတ်ပုံဆရာက ဓာတ်ပုံလည်းရိုက်ရော ကျွန်မကခေါင်းကို ငုံ့ထားပစ်လိုက်တယ်”
ဓာတ်ပုံထွက်လာချိန်မှာ ဖြူဖြူ၏မျက်နှာကိုသူတို့မြင်ခွင့်မရ။
“ကျွန်မငယ်တုန်းက ဂျစ်တစ်တစ်နဲ့စွာတယ်။ အဲ့လိုဂျစ်ပေမယ့်ဆရာ၊ ဆရာမတွေနဲ့ ကျွန်မ ချစ်ခင်ကြတယ်၊မိဘလိုဖြစ်နေတဲ့ဆရာ၊ဆရာမတွေရှိတယ်။ ငယ်တုန်းကဆရာ၊ဆရာမတွေဟာ အခု ထက်ထိကျွန်မရဲ့ မိဘတွေလိုဖြစ်နေကြတာပဲ”
သူမကပြောသည်။
ဖြူဖြူငယ်စဉ်က ကျောင်းစာမှာ အတော်ဆုံးမဟုတ်ခဲ့ပါ။ ညံ့သူစာရင်းထဲမှာလည်း သူမမပါ ၀င်ခဲ့။ အမေ၏ဆေးလိပ်ခုံလုပ်င်းထဲမှာလည်း တစ်နိုင်တစ်ပိုင် ၀င်ရောက်ကူညီရ၏။ တစ်အိမ်လုံးအ လုပ်လုပ်ကြသည်။
“စတုတ္ထတန်းမှာကျွန်မ ဆုရဖူးတယ်”
သူမကပြောသည်။
ဖြူဖြူသည်အထက်တန်းပညာကို အမှတ်(၁)၊အ.ထ.က တောင်ဥက္ကလာပမှာ ဆက်လက် ဆည်းပူး၏။ရှစ်တန်းအထိကျူရှင်မတက်ခဲ့။ကိုးတန်းမှာအင်္ဂလိပ်စာကျူရှင်တက်သည်။ တက္ကသိုလ်ဝင် တန်းမှာအင်္ဂလိပ်စာကျူရှင်တက်သည်။
“ဆယ်တန်းရောက်တော့မြို့ထဲသွားပြီး ဘောဂဗေဒကျူရှင်တက်တယ်။ မြို့ထဲကိုတစ် ယောက်တည်းပဲသွားတယ်။ တစ်ယောက်တည်းသွားလာရတာကို အရမ်းကြိုက်တယ်။နောက်တော့ တစ်ယောက်တည်းသွားတာအကျင့်လိုဖြစ်လာတယ်။ တစ်ယောက်တည်းပဲသွားချင်လာတယ်”
ဖြူဖြူသည်လူအုပ်ကို မုန်းတတ်သူမဟုတ်။လူအုပ်ကိုကြောက်တတ်သူလည်းမဟုတ်။ လူတောသူတောထဲ တစ်ယောက်တည်းတိုးဝင်ရခြင်းကို နှစ်သက်သည်။ ရန်ကုန်မြို့၏ဘုရားပွဲများ၊ ပွဲတော်ရှုခင်းများကို ဖြူဖြူချစ်သည်။
“ဘုရားပွဲတွေမှာ ပိုက်ဆံတောင်းစားသူတွေ အများကြီးကိုတွေ့ရတယ်။ ကျွန်မမှာရှိသမျှ ပိုက်ဆံအကုန်ထုတ်ကာ သူတို့ကို ထည့်ပစ်ခဲ့တာပဲ”
ဖြူဖြူသည်ငယ်စဉ်ကပင် အားနည်းသူကို၊ ချို့တဲ့သူကိုကူညီတတ်၏။ ကိုယ့်အတွက်မသုံး စွဲပဲ လူအများအတွက် ကိုယ့်ပိုက်ဆံကိုသုံးစွဲချင်သည်။
ဖြူဖြူ့ရှေ့မှာငိုပြ၊ ညည်းပြလျှင် ဖြူဖြူကသနားတတ်သည်။ ကူညီ၏။
“တက္ကသိုလ်မှာ တစ်ခုံတည်းထိုင်တဲ့သူငယ်ချင်းက အခြေအနေဆိုးတယ်။ တစ်ခုံတည်း အတူထိုင်နေရလို့ ကျွန်မတို့ ခင်မင်သွားကြတာ။ ကျွန်မကမုန့်ထွက်ဝယ်ရင်လည်း သူငယ်ချင်းအ တွက်ပါဝယ်တယ်။ ကျွန်မကပိုက်ဆံကို ကိုယ့်တစ်ယောက်တည်းအတွက်မသုံးဘူး၊သူငယ်ချင်းနဲ့ပဲ မျှဝေသုံးစွဲတတ်တယ်”
သူမကပြောသည်။
တစ်ခါကဖြူဖြူ၏အဖေက ခါးနာရောဂါဖြစ်သည်။ ဆေးရုံတက်ရသည်။ ညီမလေးကည်း အထက်လှန်အောက်လျှောနှင့် ဆေးရုံတင်ထားရသည်။ ထိုအချိန်မှာပင် ဖြူဖြူ၏သူငယ်ချင်းမိန်းက လေးကပိုက်ဆံလိုနေသည်။ ဖြူဖြူလက်ထဲမှာပိုက်ဆံမရှိ။ သူငယ်ချင်းမိန်းကလေးအား နားကပ်ကိုချွတ် ပေးခဲ့၏။ပေါင်ပြီးသုံး။ နောက်မှပြန်ရွေးပေး။
“ အဲ့ဒီတန်ုးကကျွန်မအိမ်က ဆူလိုက်တာလေ။ အိမ်မှာဒီလိုဒုက္ခဖြစ်နေတုန်းမှာ ဒီလိုလုပ်ရ ပါ့မလားပေါ့။အဲ့ဒီနားကပ်ကတော်တော်နဲ့ ပြန်မရဘူး”
သူမကပြောသည်။
ဖြူဖြူသည်မာကျော၏။ သူငယ်ချင်းအရင်းအချာများအပေါ်မှာ သစ္စာရှိသည်။ ဆုံးဖြတ် ချက်များကိုကိုယ်တိုင်ပဲချတတ်၏။ မည်သည့်ကိစ္စမဆို အောင်မြင်အောင်လုပ်တတ်၏ ။တက္ကသိုလ် ၀င်တန်းကို ဖြူဖြူနှစ်ချင်းပေါက်အောင်၏။
(လူတိုင်းတွင်လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့်ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်)
ဖြူဖြူတက္ကသိုလ်အောင်မြင်သည့်ခုနှစ်က ၁၉၈၈။
ပြည်သူလူထုတစ်ရပ်လုံးက အစိုးရကိုဆန့်ကျင်တော်လှန်အုံကြွသော အရေးတော်ပုံ ကာလ။ ၈ရက်၊၈လ၊၈၈မှာ တစ်ပြည်လုံးလူတန်းစားအားလုံးကတညီတညွတ်တည်း အလုံးအရင်းဖြင့် လမ်းမပေါ်ထွက်၍ ဆန္ဒပြကြသည်။ ရေဒီယိုသည်ပြည်သူကိုလင်းပွင့်စေ၏။
ဖြူဖြူ၏အဖေသည် အစိုးရ၀န်ထမ်းဖြစ်သော်လည်း ပြည်သူဘက်ကရပ်တည်သော ရေဒီယိုအသံလွှင့်ချက်များကိုနားထောင်သည်။ အများနှင့်အတူ မိုးခါးရေသောက်ရသော်လည်း လုပ်ငန်းထဲကဆီကို ခိုးရောင်းပြီး ခွဲဝေယူကြရသော ဘ၀အပေါ်မှာ ဖြူဖြူ၏ အဖေကလိပ်ပြာမသန့် မိုးကောင်းကင်ကိုပြောင်းလဲပစ်ချင်သည်။ ဒီပတ်ဝန်းကျင်၊ဒီမိုးကောင်းကင်၊ဒီလူ့အဖွဲ့အစည်း၊ဒီဘ၀ အားလုံးမှားယွင်းနေသည်။
“အဖေတို့တွေက ညဆိုရေဒီယိုအမြဲနားထောင်ကြတယ်။ကျွန်မတို့က ရေနွေးအိုးတည် တယ်။ပဲကြမ်းကြော်သုပ်တယ်။ အဖတို့အတွက်ပေါ့။ အဖေတို့ကမိုးချုပ်ထိရေနွေးကြမ်းသောက်လိုက် ပဲကြမ်းသုပ်စားလိုက်နဲ့ ရေဒီယိုနားထောင်ကြတယ်။ ၈ရက် ၊၈လ ၊၈၈ နီးကပ်လေလေအဖေကရေဒီယို ကိုကျယ်ကျယ်ဖွင့်လေပဲ။ကျွန်မတို့လည်း ရေဒီယိုရဲ့အသံကို အလုပ်လုပ်ရင်း၊ပဲကြမ်းကြော်သုပ်ရင်း ကြားနေရတာပေါ့”
ပြည်ပရေဒီယိုအသံလွှင့်ဌာနက မြန်မာပြည်ကိုသိနေသည်။ မြန်မာပြည်၏အနာဂတ်ကို သိနေ၏။ ရေဒီယိုကနိမိတ်သည့်အတိုင်း တကယ်ဖြစ်လာသည်။
၁၇နှစ်သမီးဖြူဖြူသည်မြန်မာပြည်၏ အရေးတော်ပုံကြီးကို ကြုံရပြီ။ပြည်သူအားလုံးသည် ခံစားချက်ခြင်းတူညီသည်။ တစ်မြို့တည်း၊ တစ်နေရာတည်း၊ကွက်၍ဆန္ဒပြခြင်းမဟုတ်။ မြို့ပြ၊ ကျေးလက်၊ အရပ်သား၊ ၀န်ထမ်း၊ကျောင်းသူ၊ကျောင်းသား၊တစ်ပြည်လုံးက(လူတွေအားလုံးအတူတူ) အစိုးရကိုဆန့်ကျင်အုံကြွ တော်လှန်လိုက်ကြသည်။တစ်တိုင်းပြည်လုံး ဒို့အရေးသံများညံဟိန်းနေ သည်။
အားလုံးရရင်ရ
မရရင်တစ်ခုမှမလိုချင်ဘူး
အားလုံးလွတ်ရင်လွတ်
မလွတ်ရင်တစ်ယောက်မှမလွတ်ချင်ဘူး။
သည်းနေ၊ မည်းနေ၊ ခဲနေသောလူအုပ်ကြီး။ နှစ်ပေါင်းများစွာချုပ်တည်းခဲ့ရသောဒေါသ တို့အုံကြွပေါက်ကွဲကြပြီ။
“အဖေနဲ့အမေက သေနတ်ပစ်ကွင်းရဲ့ မျက်စောင်းထိုးနေရာကနေ ဆန္ဒပြတဲ့လူတွေကို ထမင်းထုပ်တွေဝေတယ်။ သစ်သီးတွေဝေတယ်။ ရေဘူးတွေကမ်းတယ်။ကျွန်မကလည်း ဆေးလိပ် စည်းတွေထွက်ကမ်းတယ်”
ဖြူဖြူသည်ပြည်လူလူထုနှင့် တစ်သွေးတည်းဖြစ်နေ၏။ဆန္ဒပြသူများနှင့်အတူ ဖြူဖြူ ကိုယ်တိုင်ရဲရင့်တက်ကြွနေ၏။ ဒို့အရေးအသံကြားလျှင် ဖြူဖြူမနေနိုင်တော့။အိမ်ပြင်လမ်းမပေါ်သို့ ပြေးထွက်သည်။
“နယ်ကလူတွေက တောင်ဥက္ကလာကို တက်လာကြတယ်။နယ်ကလူအုပ်ကြီးကညမှာ တက်လာကြတာ။ သူတို့ညမှာပဲ တက်တက်လာကြတာ။အဲ့ဒီအသံတွေကြားရင် ကျွန်မမနေနိုင်ဘူး။ ညမှာလည်းမအိပ်တော့ဘူး။ ကြံတွေပေါချိန်မို့ကြံချောင်းတွေခုတ်ဖြတ်တယ်။ ဆန္ဒပြတဲ့လူတွေကို ကျွန်မလိုက်ဝေတယ်”
၁၉၈၈ အေ၇းတော်ပုံကြီးသည် ၁၇နှစ်သမီး ဖြူဖြူ၏သွေးကြောအနှံ့အပြားထဲတွင် တရကြမ်းစီးဆင်းပွက်ဆူနေပြီ။
အားလုံးရရင်ရ
မရရင်တစ်ခုမှမလိုချင်ဘူး
အားလုံးလွတ်ရင်လွတ်
မလွတ်ရင်တစ်ယောက်မှမလွတ်ချင်ဘူး။
ဖြူဖြူသည်တစ်ယောက်တည်းလွတ်မြောက်ချင်သူမဟုတ်။ ပြည်သူပြည်သားအားလုံး နှင့်အတူလွတ်မြောက်ချင်သည်။
ဆေးလိပ်ဖြန့်လျှင် ဆေးလိပ်ကားနှင့်အတူ မော်တင်သို့လိုက်သွား၏။အမေလည်း ပါသည်။ ရန်ကုန်မြို့ထဲမှာလည်း အကြီးအကျယ် ဆန္ဒပြနေကြသည်။လူထုတရားဟောပွဲများလည်းရှိ သည်။ဇင်ဝိုင်း၊ဇာဂနာလည်း ဟောပြောသည်။၁၉၈၈မှာ လူအားလုံးသည် စင်မြင့်ပေါ်တက်၍ ခံစား ချက်များကိုပြောပြချင်နေဘကသည်။ ဖြူဖြူနှင့် မေမေသည် ဆေးလိပ်ဖြန့်ရင်း နိုင်ငံရေးဟောပြောပွဲ များမှာနားထောင်သည်။
ဖြူဖြူသည် ဗိုလ်ချုပ်အောင်ဆန်းအကြာင်း ကျောင်းစာမှာ သင်ခဲ့ရသည်။ဗိုလ်ချုပ် အောင်ဆန်းကို ဖြူဖြူသည် အလွန်ကြည်ညို၏။ဗိုလ်ချုပ်အောင်ဆန်းမိသားစုဓာတ်ပုံကို ဖြူဖြူသည် မကြာခဏ ကြည့်တတ်၏။ အောင်ဆ်းစုကြည်သည် ကလေးငယ်လည်းဖြစ်သည်။ အောင်ဆန်းစုကြည် ဆိုလျှင် ကလေးငယ်လေးဟုစိတ်ထဲကသိနေ၏။
ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟောပြောမည်။ဖြူဖြူ တို့တစ်အိမ်သားလုံးသည် တောင်ဥက္ကလာပမှ ရွှေတိဂုံတောင်ဘက်မုခ်သို့ခြေလျင်လျောက်လာသည်။
“လမ်းတစ်ဝက်ရောက်မှ တက္ကစီတွေ့လို့အဖေကတက္ကစီငှားတယ်။ ရွှေတိဂုံ တောင်ဘက်မုခ်ရောက်တော့ လူအုပ်ကြီးကအကြီးကြီးပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်မတို့မမြင် ရဘူး။ ရွှံ့ဗွက်တွေထဲဖြတ်တယ်။ ဘုန်းကြီးကျောင်းတံတိုင်းတွေပေါ်ကျော်တက်ရတယ်။ဒေါ်အောင် ဆန်းစုကြည်ကိုတော့မမြင်ရဘူး။အသံပဲကြားရတယ်။ ကျွန်မကဗိုလ်ချှုပ်မိသားစု ဓာတ်ပုံကိုစွဲလန်းနေ တော့အောင်ဆန်းစုကြည်ကို ကလေးပဲမှတ်ထင်နေခဲ့တာ။ အခုတော့ ရွှေတိဂုံတောင်ဘက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရဲတောက်မိန့်ခွန်းတွေ စတင်ကြားလိုက်ရကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုရင်ထဲမှာစွဲမြဲသွားတယ်”
၁၉၈၈၊အရေးတော်ပုံသည်ဆက်လက်အားကောင်းနေသည်။ပြည်သူလူထုအင်အား ဖြင့်ဆက်လက်အရှိန်မြှင့်မောင်းနှင်နေသည်။တောင်ဥက္ကလာပမှာစုဝေးသောလူထုသည် ရန်ကန်ုမြို့ထဲ ဆူးလေသို့ချီတက်သည်။
တစ်နေ့တွင်ဖြူဖြူသည် လူအုပ်ကြီးထဲသို့ ပြေးဝင်လိုက်သည်။ ဒို့အရေး၊ဒို့အရေး။ ဖြူဖြူသည်လူအုပ်ကြီးနှင့်အတူ ရန်ကုန်မြို့ထဲသို့ချီတက်မည်။ ပြည်သသူလူထု၏ အရေးကို လက်သီး လက်မောင်းတန်း၍ အသားကုန်အော်မည်။ပါဝါမြှင့်၍ အော်ဟစ်မည်။
မောင်လေးကဖြူဖြူထံပြေးကပ်လာ၏။
“မမ မလိုက်ရဘူး”
“မဟုတ်ဘူးငါလိုက်မယ်”
“မမ မလိုက်ရဘူး”
မောင်လေးကဖြူဖြူ၏ လက်မောင်းကိုအတင်းဆောင့်ဆွဲခေါ်သည်။ ဖြူဖြူကမောင် လေးလက်မောင်းကိုရိုက်ထည့်လိုက်၏။
“မဟုတ်ဘူး၊ မမ မလိုက်ရဘူး”
“လိုက်မယ် လိုက်မယ်”
မောင်လေးကဇွတ်ဆွဲခေါ်သည်။
အိမ်သားများကလည်းဖြူဖြူ့ကိုဆွဲခေါ်သည်။
“အဲ့ဒါမျိုးသုံးကြိမ်လောက်ဖြစ်တယ်။ ကျွန်မကလည်းလူအုပ်ကြီးရဲ့အသံကိုကြားရင်မ နေနိုင်ဘူး။သူတို့နဲ့အတူဆူးလေကိုလိုက်ချင်တာ”
သူမကပြောပြသည်။
ရဲရင့်…ကျောက်ခက်တို့ပြိုနေဆဲ…ငါ့အတွက်အဖြရှာနေတုန်း..တချို့တွေနေ နိုင်လွန်းတယ်။
(၄)
(မိမိ၏စရိုကလက္ခဏာ လွတ်လပ်စွာဖွံဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိက်အ၀န်းအတွက်လူတိုင်းတွင်တာဝန်ရှိသည်။)
၁၉၈၈အရေးတော်ပုံကြီးအပြီးမှာ ဖြူဖြူသည် NLDပါတီသို့ဝင်သည်။ လူငယ်တစ် ယောက်အနေနှင့် NLD ပါတီထံတွင် လုပ်နိုင်စွမ်းရှိသမျှလုပ်၏။၁၉၉၀တွင် NLD အောင်နိုင်ရေး အတွက်ဖြူဖြူလှုပ်ရှားသည်။တစ်အိမ်တက်ဆင်းမဲစာရင်းကောက်သည်။
၁၉၉၁ တွင်ဖြူဖြူသည်တက္ကသိုလ်နယ်မြေ(လှိုင်)သို့ရောက်သွားပြီ။ သမိုင်းဘာသာ ရပ်အဓိကယူသည်။ဖြူဖြူ၏ရင်ထဲတွင်ခံစားမှုရှိနေပြီ။၁၉၈၈ကိုသူမဘယ်လိုမှမမေ့နိုင်။ ဖခင်ဖြစ်သူက တော့ဝန်ထမ်းအလုပ်မှထွက်လိုက်ပြီ။ဌာနဆိုင်ရာထဲတွင် စစ်ဖက်ကလူတွေအများကြီးဝင်လာကြသည်။ ဌနအသီးသီးမှာ စစ်ဖက်ကလူများက အသာစီးယူထးသည်။ ဖခင်ဖြစ်သူကထိုအပြုအမူကိုမကြိုက်၍ ၀န်ထမ်းအလုပ်မှထွက်သည်။ရေဒီယိုနားထောင်သည်။ ဖခင်၏နိုင်ငံရေးစိတ်ဓာတ်ကိုဖြူဖြူက အနီးကပ်မြင်တွေ့နေရ၏။
“တက္ကသိုလ်တက်တယ်ဆိုပေမယ့်ကျောင်းကဖွင့်လိုက်ပိတ်လိုက်ပေါ့။တစ်နှစ်ဟာ ဆိုရင် နှစ်လကျော်လောက်ပဲစာသင်လိုက်ရတယ်။ ကျောင်းစာတွေလည်းထိမိအောင်မသင်ရတော့ဘူး
သူမကပြောသည်။
တစ်ရက်တွင်ဖြူဖြူ၏စိတ်ထဲတွင် ပင်မတက္ကသိုလ်ထဲကျောင်းသားလှုပ်ရှားမှု တစ်ခုဖြစ်နေသည်ဟု ခံစားလာရ၏။ သူငယ်ချင်းများကိုခေါ်သည်။ပင်မတက္ကသိုလ်သွားရအောင်။ မလိုက်င်္ကြ။နောက်တော့အရင်းနှီးဆုံးတစ်ယောက်လိုက်လာ၏။မာလာဆောင်အနောက်ဘက်စံရိပ်ငြိမ် တ၀ိုက်မှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေစုဝေးနေကြ၏
“ကျောင်းသားတွေကငါတော့လစ်တော့မယ် ငါတော့လစ်တော့မယ်။ ဒီမှာ အခြေအနေမကောင်းတော့ဘူးတဲ့။လစ်တော့မယ်။ဘယ်ကိုလစ်မှာလည်း။ ကျွန်မလည်းမသိဘူး။ကျွန်မ တို့လည်းစံရိပ်ငြိမ်မှာနေကုန်သွားတယ်။နောက်တော့ထုံးစံအတိုင်းကျောင်းကြီးပိတ်သွားတယ်။ ကျောင်းပြန်ဖွင့်တော့အတန်းထဲမှာယောက်ကျားလေးတစ်ယောက်မှမရှိတော့ဘူး။တောခိုသွားကြပြီ။အဲ့တော့မှလစ်တော့မယ်ဆိုတဲ့စကားကိုကျွန်မသဘောပေါက်မိတယ်”
သူမကပြောပြသည်။
၁၉၈၈ကတက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သောမဖြူဖြူသင်းသည်၁၉၉၆တွင်ရန်ကုန်တက္ကသိုလ်(ပင်မ)မှသမိုင်းအထူးပြုဘာသာရပ်ဖြင့်ဘွဲ့ရခဲ့၏။
(၅)
(မည်သူမျှဥပဒေအရ မဟုတ်သောဖမ်းဆီးခြင်းကိုဖြစ်စေ၊ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေမခံစေရ)
“ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့မှာဟောပြောပွဲရှိတယ်”
ဖခင်ကပြောသည်။
ဖြူဖြူကဖခင်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့သို့လိုက်ပါသွား၏။
“ခြံရှေ့မှာနားထောင်တဲ့လူတွေက အဖ့မိတ်ဆွေတွေချည်းပဲ။ အဲ့ဒီခြံရှေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် တရားဟောတာနားထောင်ရင်းမိတ်ဆွေဖြစ်သွားကြတာ”
ခြံရှေ့မှာပထမတော့နားထောင်သူ လူနှစ်ဆယ်ကျော်မျှသာရှိ၏။ဖခင်ကအပတ်စဉ် သွားသည်။ဖြူဖြူကအပတ်စဉ်မလိုက်ဖြစ်။
“နောက်တစ်ခေါက်အဖေနဲ့လိုက်သွားတော့ခြံရှေ့မှာ လူတွေအများကြီးဖြစ်နေ တယ်။ကျွန်မအံ့သြသွားတယ်။လူတွေကမေးခွန်းတွေ ထထမေးတယ်။ဒေါ်အောင်ဆန်းစုကြည်က ဖြေတယ်။အန်တီဖြေတာ၊ ပြောတာတွေကအချက်ကျလွန်းလို့ ကျွန်မသိပ်သဘောကျမိတယ်”
ရုံးချုပ်ကိုလည်းသွားသည်။ထိုအချိန်ကပွင့်လင်းလူ့အဖွဲ့အစည်းမဟုတ်သေး။ ရုံးချုပ်ကိုသာမန်လူတွေကြောက်ကြသည်။ရုံးရှေ့ကပင်မဖြတ်သန်းချင်ကြ။
ဖြူဖြူသည်NLDအလုပ်လုပ်ရင်း၊အိမ်ကမိသားစုအလုပ်ဝင်လုပ်ရင်း ဆေးလိပ်ဖြန့် ရင်း၁၉၉၉သို့ရောက်လာ၏။
“NLD ဗဟိုလူငယ်အဖွဲ့မှာ ကျွန်မသူငယ်ချင်းရှိတယ်။ သူနဲ့ကျွန်မအတွဲများတယ် သူကတော့ NLD မှာထဲထဲဝင်ဝင်အရေးပါတယ်။သူကျွန်မအိမ်လာတယ်။ကျွန်မတို့နှစ်ယောက်နောက် ကိုထောက်လှမ်းရေးတွေလိုက်နေတယ်တဲ့။ကျွန်မတို့သူငယ်ချင်းနှစ်ယောက်သားဟာ အခြားသူငယ် ချင်းတတစ်ယောက်အိမ်ကို သွားပြီးပုန်းရှောင်အိပ်ရတယ်။အဲ့ဒီလိုပုန်းရှောင်နေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်ပေါ်လာတယ်။ ကျွန်မတို့ကရန်ကုန်ဘူတာကြီးကို သွားပို့ကြ မယ်ပေါ့။ ကျွန်မတို့မိန်းကလေးနှစ်ယောက် သမ္မတရုံရှေ့က ဘုရားကျောင်းနားမှာရောက်နေကြပြီ ဘူတာရှေ့ကအခြေအနေကို လေ့လာဖို့လည်းလိုသေးတယ်လေ။အဲ့ဒီနားမှာ ကျွန်မတို့ကိုးယောက် လုံးအဖမ်းခံလိုကရတယ်။ဒိုင်နာကားတွေနဲ့တင်သွားတယ်။”
သူမကပြောသည်။
အင်းစိန်ထောင်၏အပေါ်ထပ်အခန်းတစ်ခန်းထဲမှာ ပိတ်လှောင်ခံထားရသည်။ ပထမရက်သတ္တပတ်လုံး စစ်ကြောရေးကစစ်ဆေးမေးမြန်းသည်။
“သူတို့ကလူကိုကြည့်ပြီးနိုင်လို့ရတဲ့လူဆိုရင် တအားနိုင်တယ်။ဟောက်လို့ရတဲ့လူ ဆိုတအားဟောက်တယ်”
စစ်ကြောရေးအဖွဲ့နှင့်တွေ့အပြီး အမေးမြန်းခံရလျင် ဘယ်လိုရင်ဆိုင်ရမည်ဆို သည်ကိုဖြူဖြူက ကြီုတင်လေ့ကျင့်ပြင်ဆင်ထားမှုမရှိဒ
သို့သော်ဖြူဖြူမကြောက်တတ်။ အချင်းချင်းအပေါ်မှာ သစ္စာစောင့်သိတတ်သည်။ ဖြူဖြူကိုစစ်ဆေးမေးမြန်းသူများမှာ ဗိုလ်အဆင့်ဖြစ်၍ အခြေအနေမဆိုး။
“သူတို့ကလည်းမေးချင်တာတွေမေးတယ်။ ကျွန်မဘက်ကလည်းဖြေချင်မှဖြေမှာ ပေါ့။ သူတို့ကဗဟိုလူငယ်အဖွဲ့ကကွှန်မသူငယ်ချင်း အကြောင်းအများဆုံးမေးတယ်။ ကျွန်မကလည်း မသိဘူးပဲဖြတယ်”
သူမကပြောသည်။
ဖြူဖြူတို့နေရသောအင်းစိန်ထောင်၏ အပေါ်ထပ်ဆောင်ထဲမှာ သောက်ရေအိုး တစ်လုံးသာရှိသည်။
ရေသောက်တော့လည်းသည်သောက်ရေအိုးထဲကရေ။
ပန်းကန်ဆေးတော့လည်း သည်သောက်ရေအိုးထဲကရေ။
အိမ်သာသုံးတော့လည်း သည်သောက်ရေအိုးထဲကရေ။
“ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ တောက်လျှောက်ထောင်ထဲမှာနေခဲ့ရတယ်။ အကျီ င်္လျှော်ရင်ထဘီရင်လျားထားရတယ်။ ထဘီလျှော်ရင်ကိုယ်အောက်ပိုင်းစောင်ပတ်ထားရတယ်”
သူမကပြောသည်။
ဤထောင်ထဲတွင် ခေတ်အဆက်ဆက် မိန်မသားများစွာနေထိုင်ခဲ့ရသည်။ ယခင်ထောင်ကျခဲ့သူများက ထောင်နံရံမှာ စာတွေရေးထားခဲ့သည်။ ဖြူဖြူလိုက်ဖတ်သည်။ အချို့စာ သားများကိုထောင်အာဏာပိုင်များက ဖျက်ထားကြပြီ။ သို့သော် ဖြူဖြူ၏နှလုံးသားက ယခင်လူများ၏ ခံစားမှုများကိုဖတ်ရှုနိုင်ခဲ့၏။ဖြူဖြူသည်အင်းစိန်ထောင်မှာ နေထိုင်လိုကရသောအခါ စိတ်ဓာတ်သိသိ သာသာခိုင်ကျည်သွား၏။ ဘ၀၏တာဝန်ကိုရှင်းရှင်းလင်းလင်းတွေ့မြင်မိသည်။ဘ၀မှာအမှန်တရား ဘက်ကရပ်တည်မည်။ ဘ၀မှာအမှန်တရားဘက်ကတိုက်ပွဲဝင်မည်။ ထောင်ထဲမှာစိတ်ဓာတ်ကိုသံမဏိ သွန်းလောင်းပြီးပြီ။ ဘယ်တော့မှနောက်မဆုတ်တော့။
နှစ်အလအကြာ ဖြူဖြူကိုစစ်ကြောရေးကမေးမြန်းသည်။စိတ်ခံစားချက်ကိုလေ့ လာသည်။
“ဘယ်လိုလည်း”
“ဒီလိုပါပဲ”
“နောင်တရပြီလား”
“ဘာကိုနောင်တရရမှာလည်း”
“စိတ်ပြောင်းသွားပြီလား”
“မပြောင်းဘူး”
“ထောင်ကထွက်ရင်ဘာဆက်လုပ်မှာလည်း”
“နိုင်ငံရေး”
ဖြူဖြူသည်အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် အင်းစိန်ထောင်ထဲတွင် (၄)လနှင့်(၄) ရက်နေထိုင်ခဲ့ရသည်။
“လွတ်လာပြီးတဲ့နောက်မှာ နိုင်ငံရေးပဲလုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်။ ၂၀၀၂ခုနှစ်မှာ တောင်ဥက္ကလာပမြို့နယ် NLD လူငယ်တာဝန်ခံ (၁)ဖြစ်လာတယ်။ကလေးတွေကိုNLDရုံးမှာစာသင် ပေးတယ်။တောင်ဥက္ကလာပ NLD စာကြည့်တိုက်မှာလည်းကျွန်မ၀င်လုပ်တယ်။ ရုံးချုပ်ကိုလည်းသွား တယ်။လူငယ်တွေနဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲတွေ ရုံးချုပ်မှာနှစ်ပတ်တစ်ခါရှိတယ်။ အင်္ဂလိပ် စာသင်တန်းတွေလည်းရှိတယ်။ ၂၀၀၂မှာပဲဒေါ်အောင်ဆန်းစုကြည်ရဲ့ညွှန်ကြားချက်နဲ့ ကုလသမဂ္ဂဖွံ့ ဖြိုးရေးအစီအစဉ်အရ UNDP မှာ HIV/AIDS ကာကွယ်တားဆီးကုသပြုစုရေးသင်တန်းတက်ရောက်ခဲ့ ပါတယ်။သင်တန်းကတစ်ပတ်ပါ။ဒါပေမဲ့အကျိုးကျေးဇူးရှိတယ်။ပို့ချချက်တွေ၊ပညာပေးတာတွေကသိပ် ကောင်းတယ်”
သူမကပြောသည်။
“White Campaign တွေမှာကျွန်မ၀င်ပါတယ်။၂၀၀၇ မှာဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းမှုကိုဦးဆောင်လုပ်တယ်။ ကျိုက္ကဆံစစ်ကြောရေးမှာထိန်းသိမ်းခံ ရတယ်။ဒါကမတရားဘူးလို့ယူဆတယ်။အဲ့ဒီစစ်ကြောရေးစခန်းမှာကျွန်မဆယ်ရက် အစာငတ်ခံဆန္ဒ ပြတယ်။တစ်လနဲ့ခုနှစ်ရက်နေတော့ကျွန်မပြန်လွတ်လာတယ်”
သူမကပြောသည်။
(၆)
(မည်သူ့ကိုမျှညှဉ်းပန်းနှိပ်စက်ခြင်း၊သို့တည်းမဟုတ်ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ၊သို့တည်းမဟုတ်အပြစ်ဒဏ်ပေးခြင်းမပြုရ။)
၂၀၀၇သည် ဖြူဖြူ့အတွက်တိမ်းရှောင်နေရသောနှစ်ဖြစ်သည်။HIV/AIDS ပညာ ပေးရေး၊ကာကွယ်တားဆီးရေး၊ကုသပြုစုရေးကို အခက်အခဲမျိုးစုံကြားက အောင်မြင်အောင်လုပ်ကိုင် နေပြီ။နယ်မှလူနာများစွာကိုနေရာပေး၍ စောင့်ရှောက်ထားရသည်။
ထိုနှစ်မှာပင်(၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ လောင်စာဆီ ဈေးနှုန်းကျဆင်းရးလှုပ်ရှားမှုတွေင် ဖြူဖြူကတက်တက်ကြွကြွပါဝင်ဆောင်ရွက်သည်။ထိုနှစ်မှာပင် Saffron revolution မှာဖြူဖြူဝင်ေ်ရာက်လှုပ်ရှားသည်။အာဏာပိုင်များကဖြူဖြူ့ကိုလိုက်လံဖမ်းဆီး သည်။ဖြူဖြူသည်တစ်နေနရာမှတစ်နေရာ၊တစ်အိမ်မှတစ်အိမ်တိမ်းရှောင်ပုန်းခိုရသည်။သူငယ်ချင်း ရင်းချာဖြစ်သော်လည်းဤကိစ္စမျိုးတွင်သူငယ်ချင်း၏မိဘကပါသဘောတူလက်ခံမှခိုလှုံ၍ရသည်။
“ကျွန်မရဲ့မိဘက နိုင်ငံရေးလုပ်တာကိုအားပေးတယ်။ ဒါကြောင့်လည်းဆက်လုပ် နိုင်တာပါ၊သူငယ်ချင်းမိန်းကလေးတွေထဲမှာကျွန်မထက်ပိုတော်သူ၊ပိုပြီးထက်မြက်သူတွေရှိပါတယ်။ မိဘကအားမပေးတော့၊သဘောမတူတော့ ဆက်လုပ်လို့မရခဲ့ကြတာမျိုးလည်းရှိတယ်”
ဖြူဖြူသည်လက်ကိုင်ဖုန်းတစ်လုံးနှင့်ပြေးလွှားနေရသည်။ပုန်းအောင်းနေရသည်။ AIDS လူနာများနှင့်ပတ်သက်၍လည်းဖြူဖြူက တာဝန်အကြီးကြီးယူထားပြီးပြီ။ထိုဌာနတွင်ဖြူဖြူရှိခွင့် မရ။
“ဖုန်းတစ်လုံးနဲ့ပဲဘာလုပ်၊ဘာလုပ်နေ့စဉ်ပြောနေရတာပေါ့၊အဲ့ဒီမှာကကျွန်မအဖွဲ့ သားတွေရှိနေပါတယ်”
ဖြူဖြူသည်လက်ကိုင်ဖုန်းတစ်လုံးနှင့်ညွှန်ကြားနေရသည်။ဦးဆောင်သူမှာဖြူဖြူသာ ဖြစ်၏။
“ရှောင်တိမ်းနေရတဲ့ကာလတွေ၊ ပုန်းခိုနေရတဲ့ကာလတွေဟာ ထောင်ထဲမှာနေရ တာထက်ပိုပြီးစိတ်ပင်ပန်း၊လူပင်ပန်းဖြစ်ရတယ်”
ဖြူဖြူတိမ်းရှောင်ပုန်းအောင်နေရဆဲကာလမှပင် ဖခင်ကအောင်ရတနာဆေးရုံတင် ထားရသည်။
မောင်လေးကစင်ကာပူမှာအလုပ်ထွက်လုပ်နေသည်။ဖြူဖြူအိမ်သို့ပြန်ချင်၏။ဖခင် အနားသို့ချဉ်းကပ်ချင်သည်။ဆေးရုံကိုခဏဖြစ်ဖြစ်သွားချင်သည်။
“ဖမ်းချင်ဖမ်းပစေတော့သမီးအဖေ့ဆီပြန်လာမယ်”
အိမ်ကဖြူဖြူကိုပြန်လာခွင့်မပြု။
အစ်မကအဖေ့ကိုမေးသည်။
“ဖြူဖြူ့ကိုအဖေ့နားခေါ်ပေးရမလား”
“မခေါ်နဲ့ ၊ ဖြူဖြူ့ကိုမခေါ်လိုက်နဲ့”
“စင်ကာပူရောက်နေတဲ့မောာင်လေးကိုပြန်ခေါ်ရမလား”
“အေး…..ပြန်ခေါ်လိုက်”
ထိုအချိန်မှာ ဖြူဖြူ၏ဖခင်ကိုစောင့်ရှောက်နေရသော သူနာပြုဆရာမ၏အမည်မှာ ဖြူဖြူသင်းဖြစ်နေ၏။ဖြူဖြူကိုလိုက်လံရှာဖွေနေသူများကသူနာပြုဆရာမ ဖြူဖြူသင်းကိုဆေးရုံအပေါက် ၀မှဆီး၍စစ်ကြောမေးမြန်းတော့သည်။ပြဿနာဖြစ်ရသည်။ညီမလေးကဆေးရုံအပေါက်ဝသို့ထွက် ပြော၏။
“ဒီမှာကျွန်မတို့အဖေ လူနာခုတင်ပေါ်မှာအသည်းအသန်ဖြစ်နေရတာ။ ရှင်တို့ကဘာဖြစ်ချင်တာလဲ”
ဖခင်ဖြစ်သူကထိုပြဿနာသံကိုလူနာခုတင်ပေါ်မှကြားသွား၏။
ညီမလေးအပေါက်ဝမှပြန်ဝင်လာတော့ဖခင်သည် ရုတ်တရက်ရှော့ခ်ရကာဆုံးရ ရှာပြီ။
ဖခင်၏ ဈာပနမှာလည်းဖြူဖြူလိုက်ပါပို့ဆောင်ခွင့်မရ။အိမ်ကပြန်မလာနဲ့ ဆက်ရှောင် ပုန်းနေဟုပြော၏။
ဖြူဖြူ၏အနောက်မှာ AIDS လူနာများစွာရှိနေသည်။လူနာများစွာသည်ဖြူဖြူကိုအား ကိုးနေရ၏။ဖြူဖြူထောင်ထဲသို့ရောက်သွား၍ မဖြစ်။
(၇)
(လူပုဂ္ဂိုလ်တစ်ဦးချင်းသည်သူ့ဘ၀အတွက်လွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်)
Gorge W.Bush
လူ့အဖွဲ့အစည်းတစ်င်္ရပ်သည် ကံဆိုးမိုးမှောင်ကျနေပြီဆိုလျှင် သူရဲကောင်းများ ပေါ်ထွက်လာတတ်ပါသည်။သူရဲကောင်းများသည် လူ့အဖွဲှ့စည်းထံသို့ကံကောင်းခြင်းများကို သယ်ဆောင်လာနိုင်သည်။သို့သော်သူရဲကောင်းသည် စွန့်လွှတ်အနစ်နာခံတတ်သော အသည်းနှလုံး ရှိရုံနှင့်မလုံလောက်။သူရသတ္တိရှိရုံနှင့် မလုံလောက်။ သူရဲကောင်း၏အသည်းနှလုံးကို တည့်မတ်ရှေ့ ဆောင်နိုင်မည့် အမြှော်အမြင်ကြီးသောဦးနှောက်ရှိရန်လည်းလိုအပ်သည်။ ထိုသို့Time၏ အက်ဆေး ဆရာတစ်ဦးကသူရဲကောင်းအသစ်များ ရှာဖွေခြင်းအက်ဆေးတွင်ရေးခဲ့ဖူး၏။
“ပရဟိတတွေဘာကြောင့်လုပ်နေလည်းဆိုတော့ တိုင်းပြည်ရဲ့လိုအပ်ချက် အရလုပ်နေတာပါ”
သူမကပြောဖူးသည်။
“နိုင်ငံရေးဆိုတာလူထုနဲ့အမြဲနီးကပ်ဖို့လိုတယ်”
သူမကကျွန်တော့်ကိုပြောသည်
သူမသည်HIV/AIDS Peer Educator Training ကို UNDP တွင်(၇)ရက်ကြာ သင်တန်းတက်ခဲ့ပြီးကတည်းကထိုရောဂါ ဝေဒနာသည်များကိုကူညီပေးရန်ဆုံးဖြတ်ခဲ့သည်။ဖြူဖြူသည် သူမ၏ အသည်းနှလုံးထဲတွင်အမြစ်တွယ်နေသော ပရဟိတစိတ်ဓာတ်ကိုလက်တွေ့ကျကျအကောင် ထည်ဖော်ဆောင်ရွက်၏။
“HIV ကလူထုနဲ့ပတ်သက်တယ်။ လူမှုရေးဆိုတာနိုင်ငံရေးရဲ့အကြောင်း အရာတစ်ခုပါပဲ။နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူတွေအခက်အခဲရှိနေတာကိုဖြေရှင်းပေးရပါတယ်”
သူမကပြောသည်။
၂၀၀၂က ဖြူဖြူစတင်လုပ်ဆောင်သည်မှာ အားပေးနှစ်သိမ့်မှုအဆင့်သာဖြစ်၏။ HIVရောဂါခံစားနေရသောသန်လျင်မှရဲမိသားစုက ဖြူဖြူတို့ထံရောက်လာ၏။ထို့နောက်မူဆလင်မိ သားစု။
သူတို့ဘာတွေရမလည်း။
သူတို့ဘာအကြံညဏ်တွေရမလည်း။
“ရောဂါဝေဒနာခံစားနေရသူတွေက ကျွန်မနဲ့သက်တူရွယ်တူတွေပေါ့။ ကျွန်မ ထက်နည်းနည်းငယ်တာလည်းပါဝင်တယ်။သူတို့ရစရာမရှိအောင်တော်တော်လေးဆိုးဆိုးရွားရွားခံစားနေရတယ်။သူတို့သေမှာလား။သူတို့ကိုယ်တိုင်မသိဘူး။သူတို့ကိုယ်တိုင်မသေချာဘူး။ကျွန်မတို့၁၉ ယောက်သန်လျင်ကရဲစခန်းထဲကိုအကြိမ်ပေါင်းများစွာ သွားကြတယ်။ရှေ့က၀င်လိုက် ၊နောက်က၀င် လိုက်နဲ့။သူတို့ကဆေးကုပေးပါတဲ့။ကျွန်မတော်တော်ထိတ်လန့်သွားတယ်။ကျွန်မဘာဆက်လုပ်ရမလဲ။ကျွန်မဘာဆက်လုပ်ရမလဲ”
ရောဂါဝေဒနာသည်နှင့်ဖြူဖြူတို့အဖွဲ့ကအတူနေပေးသည်။အတူစားပေးသည်။
“ဒီရောဂါကစိတ်နဲ့လည်းဆိုင်တယ်။ အချို့ကအခန်းထဲမှာအလုံပိတ်ပြီးအသေ ခံလိုက်ကြတယ်။အချို့ကအခန်းတံခါးဖွင့်ပြီး ကျွန်မတို့ဆီရောက်လာကြတယ်။ ကျွန်မတို့ဘက်က အားပေးနှစ်သိမ့်ရုံ၊ကွန်ဒုံးပေးရုံ၊ပညာပေးရုံ၊စာရွက်စာတမ်းဝေငှရုံနဲ့တင် မလုံလောက်ဘူးဆိုတာတော့ သိတယ်”
နယ်မှရောဂါဝေဒနာသည်များ ရန်ကုန်သို့ပို၍ရောက်လာကြသည်။နယ်မှာ မသေချင်။လူသိလည်းမခံချင်။ကိုယ့်မြို့ကိုယ့်ရွာမဟုတ်သော ရန်ကုန်မှာနေမည်။သေမည်။ ဆေးတွေ့ ပြီးပျောက်ကင်းသွားလျှင်လည်းကုသိုလ်ကံ။
ဖြူဖြူသည်နယ်မှရောက်လာသောHIV/AIDS ရောဂါဝေဒနာသည်များကိုထား ရန်ဦးစွာနေရာရှာရ၏။အိမ်ငှားပေးသည်။အိရှင်ကလက်ခံသည်။ရပ်ကွက်လုံခြုံရေးအဖွဲ့အစည်းများကလက်မခံနိုင်။ရပ်ကွက်ထ်ဲသို့ ရောဂါတွေဖြန့်ဝေနေသည်ဟုစွပ်စွဲ၏။ရောဂါသည်များကို တစ်အိမ်ပြီး တစ်အိမ် ရွှေ့ပြောင်းပေးနေရ၏။ဆရာဝန်တစ်ဦး၏ အကူအညီနှင့်ဘုန်းကြီးကျောင်းများတွင် ရောဂါ သည်များကို တင်ထားရန်ဖြူဖြူကြိုးစားပြန်၏။ ရွှေဝါရောင်အရေးအခင်းပြီးကတည်းက ဘုန်းကြီး ကျောင်းပေါ်သို့လူတင်ရန်မလွယ်ကူပြန်။
နောက်တော့ဖြူဖြူသည်အမေပိုင်သောအိမ်ပေါ်သို့အမေ့ကိုခွင့်တောင်းပြီး ရောဂါသည်များကိုတင်ရတော့၏။သူမနေထိုင်ရာ တောင်ဥက္ကလာနေအိမ်အပါအ၀င် ဒဂုံမြို့သစ် တောင်ပိုင်း၊၁၈ရပ်ကွက်မိသားစုအပိုင် အိမ်ကြီးပေါ်မှာရောဂါသည်တွေကိုတင်ထားသည်၊နောက် တော့ဒဂုံမြို့သစ်မြောက်ကပိုင်း၊၁၁ရပ်ကွက်ကအိမ်တစ်လုံးကိုထပ်မံငှားရမ်းသည်။
အခက်အခဲများ၊အတားအဆီးများ၊အနှောင့်အယှက်များ၊အဖျက်အဆီးများကြား မှဖြူဖြူသည်သတ္တိကောင်းစွာHIV/AIDS Prevention and Care Sectors ကိုဦးဆောင်သည်။
“ဝေဒနာရှင်တွေအတွက်လိုအပ်တဲ့ARTဆေးကတော့၂၀၀၅မှစတင်ရရှိခဲ့တာပေါ့။ ၂၀၀၆၊၂၀၀၇မှာဒီဆေးရဖို့အခက်အခဲဖြစ်လာတယ်။ဒီဆေးကဝေဒနာရှင်ကိုဖြတ်ထားလို့မရဘူး။ ကျွန်မကိုယ်တိုင်ဒီဆေးကိုမရ ရအောင်ရှာခဲ့တယ်။နိုင်ငံရေးကြောင့်ကျွန်မဟာ အကြောက်ဆိုတာမရှိပဲ ဘာမဆိုရဲရဲဝံ့ဝံ့ရင်ဆိုင်တယ်။ဝေဒနာရှင်တွေရှေ့ကဘာမဆိုရပ်တည်ကာကွယ်တယ်။ပြဿနာရှာရင် ကျွန်မကိုယ်တိုင်ရှင်းတယ်။တရားဥပဒေအတွင်းကပေါ့။နိုင်ငံရပ်ခြားရောက်နေတဲ့မြန်မာတွေကလည်း ငွေကြေးကူညီကြပါတယ်။NGOတစ်ခုကလည်းဆေးဝါးကူညီတယ်။ပြည်တွင်းပထနှစ်တွေမှာမကူညီရဲ ကြဘူး။ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးဝေဒနာသည်တွေကိုထားတဲ့နေရာ လာကြည့်တယ်အဲ့ဒီနောက်မှာပြည်တွင်းအလှူ့ရှင်တွေပေါ်ပေါက်လာတယ်”
သူမကပြောပြသည်။
သူမသည်တက်ကြွစွာလှုပ်ရှားသူ။
(၈)
ဒေါ်ဖြူဖြူသင်းသည်၉၁လမ်းက NLD ရုံးခန်းပေါ်တွင်ပြုံးပြုံးရွှင်ရွှင်ထိုင်နေသည်။
၂၀၀၀ပြည့်နှစ်ကအင်းစိန်ထောင်၏ အဆောင်တစ်ခုတွင် အ၀တ်တစ်ထည်ကိုယ် တစ်ခုဖြင့်(၄)လနှင့်(၄)ရက်နေထိုင်ခဲ့ရသော၊သောက်ရေအိုးကလေးတစ်လုံးသာရှိသောအဆောင်ထဲတွင်အပိတ်လှောင်ခံခဲ့ရသောသူမသည် လွှတ်တော်ထဲတွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အဖြစ်တရားဥပဒေစိုးမိုးရေး၊ပြည်တွင်းငြမ်းချမ်းရေးရရှိရေး၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးအတွက်ပြောရေးဆိုခွင့်ရှိတော့မည်။
“တရားဥပဒေကို ကွန်မတို့သိနားလည်ထားဖို့လိုပါတယ်။ဥပဒေအကြောင်းကိုနား လည်အောင်လည်းကျွန်မကြိုးစားလေ့လာနေပါတယ်”
သူမကပြောသည်။
ယခုအခါဒေါ်ဖြူဖြူသင်းသည်HIV/AIDS ရောဂါဝေဒနာရှင်သုံးရာကျော်ကိုတောင်ဒ ဂုံနှင့်မြောက်ဒဂုံနေရာနှစ်နေရာတွင်ကာကွဝ်စောင့်ရှောက်မှုပေးထားသည်။တစ်လလျှင်ဆေးဖိုးသိန်း ၆၀ကျော်ကုန်သည်။
“ရောဂါကပြန်သက်သာလာပြီးမိသားစုအတွက်၊တိုင်းပြည်အတွက်ပြန်လည်အလုပ် လုပ်နိုင်သူတွေရှိလာတယ်”
သူမကပြောသည်။
သူတို့အားဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်အရေးကိုကျွန်တော်မေးမြန်း ကြည့်၏။
“၂၀၀၇မှာ ကျွန်မရှောင်တိမ်းနေရစဉ်ကတောင် ဖုန်းတစ်လုံးနဲ့ဆက်လက်လည် ပတ်အောင်လုပ်နိုင်သေးတာပဲ။အခုတော့ကျွန်မတို့ထံပူးပေါင်းပါဝင်လာတဲ့လူငယ်တွေလည်းများလာ ပြီ။ကျွန်မတို့အားလုံးအတူတူဆက်လက်ကြိုးစားဆောင်ရွက်မှာပေါ့”
သူမကပြောသည်။
သူမသည်ပရဟိတလုပ်ငန်းကိုမည်သည့်အခါမျှပစ်ချမည်မဟုတ်ဟုကျွန်တော် ယုံကြည်သည်။
(၉)
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဒေါ်ဖြူဖြူသင်း၏ Campaign ကာလတွေကို ကျွန်တော်မေးကြည့်၏။
“လူတွေကအရမ်းအသိစိတ်ရှိလာနေပြီ။လူငယ်တွေကလည်းတက်တက်ကြွတယ်။ ကျွန်မကိုလူတွေအများကြီးကကူညီခဲ့ကြပါတယ်။ မင်္ဂလာတောင်ညွန့်NLD ရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လာပြီး ဖြူဖြူကိုကျွန်မယုံကြည်တယ်။ဖြူဖြူကိုယုံကြည်ကြပါ။ဖြူဖြူ ကိုမဲပေးကြပါလို့ပြောလိုက်တိာကလည်းကျွန်မအတွက်ထောက်ခံမဲအပြည့်အ၀ရစေတယ်”
သူမကပြောသည်။
လူတော်တော်များများကလည်းဒေါ်ဖြူဖြူသင်းကိုသိပြီးဖြစ်နေကြ၏။
“ဘယ်လိုသိတာလည်းလို့ကျွန်မမေးကြည့်တယ်။ဂျာနယ်ပေါ်မှာမြင်ဖူးတာ။ ဂျာနယ်ထဲမှာဖတ်ဖူးတာတဲ့။ကျွန်မရဲ့ပရဟိတလုပ်ငန်းကို နိုင်ငံခြားမီဒီယာသမားတွေကပိုပြီးလေ့ လာခဲ့ကြတယ်။ကျွန်မကညကိုးနာရီမှာပို့ထားခဲ့ပြီး မနက်လေးနာရီလောက်မှာပြန်ခေါ်ထုတ်ပေးလိုက် တယ်။တစ်ညလုံးနိုင်ငံခြားသတင်းထောက်ဟာကျွန်မဆီက ဝေဒနာရှင်တွေကိုမေးချင်သလိုမေးပေ တော့ပေါ့”
မင်္ဂလာတောင်ညွန့်မြို့နယ်မှာလူငယ်များ၊ကလေးများကလည်းဒေါ်ဖြူဖြူသင်း ကိုမီဒီယာမှတစ်ဆင့်သိပြီးဖစ်ြနေကြသည်။
“မီဒီယာအပေါ်မှာပွင့်လင်းဖို့လိုအပ်ပါတယ်။အဘဦးဝင်းတင်ကလည်းမီဒီယာ အရေးပါကြောင်းမကြာမကြာပြောပါတယ်”
၂၀၁၂၊ဧပြီ(၁)ရက်ကအနိုင်ရရှိချိန်မှာဒေါ်ဖြူဖြူသင်း၏ပျော်ရွှင်မှုကိုကျွန်တော် မေးကြည့်၏။
“အဓိကတော့ပြည်သူတွေကပျော်ကြတာပေါ့၊ပြည်သူလူထုရဲ့ပျော်ရွှင်မှုဟာ ကျွန်မထံကူးစက်လာပြီးကျွန်မလည်းပျော်ပါတယ်။တစ်ချိန်တည်းမှာပြည်သူလူထုကိုကျွန်မအလုပ်တွေ အများကြီးလုပ်ပေးရမယ်ဆိုတဲ့တာဝန်ကိုအလေးအနက်သိနားလည်လိုက်ပါတယ်”
သူမကပြောသည်။
ကိုအောင်ထွန်းဝင်းသည်ဒေါ်ဖြူဖြူသင်း၏portrait ကိုသူ၏ကင်မရာဖြင့်အမိ အရရိုက်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည်ဒေါ်ဖြူဖြူသင်းအား “ဖြူဖြူ” ဟုခေါ်ဝေါ်သုံး နှုန်းခဲ့ပုံကိုကျွန်တော်သဘောကျနေ၏။
ထို့ကြောင့်မည်သည့်အရာကစိန်ခေါ်ခေါ်……
“ဖြူဖြူတိုက်ပွဲပျော်” ဟုကျွန်တော်Titleထိုးချင်၏။
ဒေါ်ဖြူဖြူသင်းသည်၂၀၀၇ခုနှစ်တွင်ချက်သမ္မတနိုင်ငံPEOPLE In NEED အဖွဲ့ကြီးမှချီးမြင့်သောHOMOHOMINI(ရဲရင့်သောမြန်မာနိုင်ငံသား)ဆုကိုရရှိခဲ့ဖူးသည်။
၂၀၁၂ခုနှစ်တွင်အမေရိကန်နိုင်ငံမှပေးအပ်သော “လူငယ်သတ္တိရှင်ဆု” ကိုရရှိခဲ့ဖူးသည်။
“မိဘကအားပေးလို့ ကျွန်မနိုင်ငံရေးကိုတောက်လျှေက်လုပ်နိုင်ခဲ့တာပါ”
ဒေါ်ဖြူဖြူသင်းကကျွန်တော်တို့ပြန်ခါနီးတွင်ပြောပြလိုက်၏။

မောင်ကိုကို(အမရပူရ)

(NLD HIV/AIDS Section ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်မောင်ကိုကို(အမရပူရ)၊ဖြူဖြူသင်း၊ ကိုရာဇာတို့ရေးသားထုတ်ဝေခဲ့သောအများခန္ဓာနဲ့နာဖျားနေတဲ့ကိစ္စစာအုပ်ထဲမှဆရာမောင်ကိုကို ရေးသားသော “ဖြူဖြူတိုက်ပွဲပျော်” ဆိုတဲ့ကောက်ကြောင်းကလေးပါ)

မူရင်း.....ဒေါ်ဖြူဖြူသင်း   ဖေ့စ်ဘုတ်မှ....

Daw Aung San Suu Kyi ဒေါ်အောင်ဆန်းစုကြည် စာမျက်နှာ
ဖြူဖြူတိုက်ပွဲပျော်
(၁)

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်
ဖြူဖြူသင်းကို ကျနော် တွေ့ဆုံခဲ့သည်မှာ(၉၁)လမ်းက NLD ရုံးခွဲတစ်ခုမှာဖြစ်ပါသည်။၂၀၁၂၊ဧပြီလ၁၀။
ဒေါ်ဖြူဖြူသင်းက သင်ဖြူးဖျာတစ်ချပ်ပေါ်တွင်ထိုင်နေသည်။ကိုအောင်ထွန်းဝင်းက ဒေါ်ဖြူဖြူသင်း၏ Portaitကိုသူ့ကင်မရာဖြင့် ဓာတ်ပုံရိုက်ရန် ပြင်ဆင်နေ၏။
အပြောင်းအလဲအပျက်အကွက် မရှိသော ဒေါ်ဖြူဖြူသင်း၏မျက်နှာကို ကျနော်သတိထားမိ သည်။ကျနော်တို့စိတ်ချယုံကြည်ရသည့်မျက်နှာ၊ ကျနော်တို့စိတ်ချယုံကြည်ရသည့်အပြုံး ကိုသူမပိုင် ဆိုင်ထားသည်။
ဒေါ်ဖြူဖြူသင်းကို ကဗျာဆရာလှသန်းကွယ်လွန်ပြီး ရက်လည်ဆွမ်းကျွေးစဉ်မှာ ကျနော်ဆုံ ဖူးသည်။ကျနော်အချိန်တစ်ခုစောင့်ဆိုင်းနေလိုက်သည်။ ယခုတော့အချိန်ကောင်း အခါကောင်း။
ထလော့မြန်မာ၊မြန်မာထလော့၊လွတ်လပ်စွာပြောဆိုမယ်။လွတ်လပ်စွာတွေးခေါ်မယ်။
NLD နိုင်ပြီ။ဒေါ်ဖြူဖြူသင်းမဲအပြတ်အသတ်နှင့်နိုင်ပြီ။လွတ်လပ်စွာတွေးခေါ်မယ်။လွတ် လပ်စွာပြောဆိုမယ်။ထလော့မြန်မာ၊ မြန်မာထလော့။
ဒေါ်ဖြူဖြူသင်းပြုံးသည်။
ထိုအပြုံးကိုကျနော်တို့အားလုံးယုံကြည်လိုက်ပြီ။ ထလော့မြန်မာ၊ မြန်မာထလော့။
(၂)
(လူတိုင်းတွင် အသက်ရှင်ရန် လွတ်လပ်ခွင့်နှင့် ယုံကြည်စိတ်ချခွင့်ရှိသည်)
ဖြူဖြူ့ကိုရန်ကုန်မြို့၊တောင်ဥက္ကလာပ၊(၇)ရပ်ကွက်၊(၁၁)လမ်းမှာမွေးဖွားသည်။
၁၉၇၁၊ဒီဇင်ဘာ၊၂၃။
ဖခင်ဦးလှထွန်း၊မိခင်ဒေါ်ခင်ဆွေ။
“အဖေကမြန်မာ့ဆိပ်ကမ်းအာဏာပိုင်က၀န်ထမ်းတစ်ဦးပါ။အမေကအိမ်မှာဆေးလိပ်လုပ်ငန်းလုပ် တယ်။ဆေးလိပ်ခုံထောင်ထားတယ်။ ဆေးလိပ်ခုံဆိုတော့အိမ်မှာလူတွေအများကြီးနဲ့ နေ့စဉ်အတူရှိရ တာပေါ့။ကျွန်မရဲ့ပင်ကိုသဘာဝကတော့အေးအေးဆေးဆေး နေထိုင်တတ်တယ်”
ဖြူဖြူကလေးဘ၀က တောင်ဥက္ကလာပသည် ယခုကဲ့သို့လမ်းများမကောင်းသေးပါ။ တည်စမြို့ သစ်တစ်မြို့ကဲ့သို့ဖြစ်နေသည်။
“ရွှံ့တွေဗွက်တွေနဲ့ပေါ့။ ကျောင်းသွားရင်ရေထဲဆင်းသွားရတယ်။ သောက်ရေ၊သုံးရေလည်းမ ရဘူး။ ရေလှည်းတွန်းကြရတာ”
ဖြူဖြူသည်အမနှင့် နှစ်တန်းသာကွာသည်။ကျောင်းသွားလျှင် အတူတူသွားကြသည်။ ညီအမ နှစ်ယောက်မှာ သူငယ်ချင်းပမာဖြစ်နေကြ၏။ ငယ်စဉ်ကအမှတ်(၂)အ.လ.က၊တောင်ဥက္ကလာမှာ ပညာ ဆည်းပူးသည်။
“ကျွန်မကသူငယ်ချင်းများများ မထားတတ်ဘူး။ကျွန်မတို့သူငယ်ချင်းလေးယောက်ရှိတယ်။ မူလတန်းကတည်းက အထက်တန်းအထိအဲ့ဒီသူငယ်ချင်းလေးယောက်ဟာ အရင်းအချာဖြစ်နေတာပဲ”
သူမကပြောသည်။
“အငယ်ဆုံးကမောင်လေး၊ အငယ်ဆုံးရဲ့အထက်နည်းနည်းလေးကြီးသူက ကျွန်မရဲ့ညီမ လေး။ ကျွန်မခြောက်တန်းမှာ သူတို့နှစ်ယောက်ကသူငယ်တန်းပေါ့”
အငယ်ဆုံးများကို နည်းနည်းအင်အားကြီးသူများက အနိုင်ကျင့်ချင်ကြ၏။ မောင်လေးနှင့် ညီမလေးက ကျောင်းမှာပြဿနာဖြစ်လျှင် ဖြူဖြူ့ကိုလာခေါ်ကြ၏။
“အဲ့ဒီလိုအနိုင်ကျင့်တယ်ကြားရင် ကျွန်မကလိုက်သွားတာပဲ။သွားရှင်းတာပဲ။ကျွန်မအ ထက်ကအမကနည်းနည်းပျော့တယ်။အခြားလူအပေါ် မှီခိုချင်တယ်။ကျွန်မကပျော့ညံ့တာ၊တစ်ဖက်လူ ကိုမှီခိုတတ်တာမျိုးကိုမကြိုက်ဘူး။အစ်မလိုမပျော့စေရဘူး မမှီခိုဘူး။အဲ့ဒီစိတ်နဲ့နေထိုင်တယ်”
ဖြူဖြူတို့ကျောင်းမှ ပဲခူးသို့ပျော်ပွဲစားထွက်သည်။ ဖြူဖြူသည်အစ်မနှင့်အတူလိုက်သွား သည်။အဖွဲ့ကပဲခူးကျောင်းမှာ ထမင်းစားမည်ဟုဆိုကြသည်။ ဖြူဖြူကမဟုတ်ဘူး။ ဘုရားမှာစားမည်။ ဖြူဖြူတစ်ယောက်တည်းထမင်းစား၏။
ပျော်ပွဲစားထွက်စဉ် အုပ်စုလိုက်ဓာတ်ပုံရိုက်ကြသည်။ ဖြူဖြူကဓာတ်ပုံရိုက်မခံချင်။အဖွဲ့ထဲ ၀င်မပါ။အစ်မကဖြူဖြူကိုလာဆွဲခေါ်သည်။ အခြားသူများကလည်းဖြူဖြူကို ဆွဲခေါ်ကြ၏။ အားလုံးတူ တူဓာတ်ပုံရိုက်ကြမည်။ပြုံးပြုံးလေးနေပေးကြပါ။
“ဓာတ်ပုံဆရာက ဓာတ်ပုံလည်းရိုက်ရော ကျွန်မကခေါင်းကို ငုံ့ထားပစ်လိုက်တယ်”
ဓာတ်ပုံထွက်လာချိန်မှာ ဖြူဖြူ၏မျက်နှာကိုသူတို့မြင်ခွင့်မရ။
“ကျွန်မငယ်တုန်းက ဂျစ်တစ်တစ်နဲ့စွာတယ်။ အဲ့လိုဂျစ်ပေမယ့်ဆရာ၊ ဆရာမတွေနဲ့ ကျွန်မ ချစ်ခင်ကြတယ်၊မိဘလိုဖြစ်နေတဲ့ဆရာ၊ဆရာမတွေရှိတယ်။ ငယ်တုန်းကဆရာ၊ဆရာမတွေဟာ အခု ထက်ထိကျွန်မရဲ့ မိဘတွေလိုဖြစ်နေကြတာပဲ”
သူမကပြောသည်။
ဖြူဖြူငယ်စဉ်က ကျောင်းစာမှာ အတော်ဆုံးမဟုတ်ခဲ့ပါ။ ညံ့သူစာရင်းထဲမှာလည်း သူမမပါ ၀င်ခဲ့။ အမေ၏ဆေးလိပ်ခုံလုပ်င်းထဲမှာလည်း တစ်နိုင်တစ်ပိုင် ၀င်ရောက်ကူညီရ၏။ တစ်အိမ်လုံးအ လုပ်လုပ်ကြသည်။
“စတုတ္ထတန်းမှာကျွန်မ ဆုရဖူးတယ်”
သူမကပြောသည်။
ဖြူဖြူသည်အထက်တန်းပညာကို အမှတ်(၁)၊အ.ထ.က တောင်ဥက္ကလာပမှာ ဆက်လက် ဆည်းပူး၏။ရှစ်တန်းအထိကျူရှင်မတက်ခဲ့။ကိုးတန်းမှာအင်္ဂလိပ်စာကျူရှင်တက်သည်။ တက္ကသိုလ်ဝင် တန်းမှာအင်္ဂလိပ်စာကျူရှင်တက်သည်။
“ဆယ်တန်းရောက်တော့မြို့ထဲသွားပြီး ဘောဂဗေဒကျူရှင်တက်တယ်။ မြို့ထဲကိုတစ် ယောက်တည်းပဲသွားတယ်။ တစ်ယောက်တည်းသွားလာရတာကို အရမ်းကြိုက်တယ်။နောက်တော့ တစ်ယောက်တည်းသွားတာအကျင့်လိုဖြစ်လာတယ်။ တစ်ယောက်တည်းပဲသွားချင်လာတယ်”
ဖြူဖြူသည်လူအုပ်ကို မုန်းတတ်သူမဟုတ်။လူအုပ်ကိုကြောက်တတ်သူလည်းမဟုတ်။ လူတောသူတောထဲ တစ်ယောက်တည်းတိုးဝင်ရခြင်းကို နှစ်သက်သည်။ ရန်ကုန်မြို့၏ဘုရားပွဲများ၊ ပွဲတော်ရှုခင်းများကို ဖြူဖြူချစ်သည်။
“ဘုရားပွဲတွေမှာ ပိုက်ဆံတောင်းစားသူတွေ အများကြီးကိုတွေ့ရတယ်။ ကျွန်မမှာရှိသမျှ ပိုက်ဆံအကုန်ထုတ်ကာ သူတို့ကို ထည့်ပစ်ခဲ့တာပဲ”
ဖြူဖြူသည်ငယ်စဉ်ကပင် အားနည်းသူကို၊ ချို့တဲ့သူကိုကူညီတတ်၏။ ကိုယ့်အတွက်မသုံး စွဲပဲ လူအများအတွက် ကိုယ့်ပိုက်ဆံကိုသုံးစွဲချင်သည်
ဖြူဖြူ့ရှေ့မှာငိုပြ၊ ညည်းပြလျှင် ဖြူဖြူကသနားတတ်သည်။ ကူညီ၏။
“တက္ကသိုလ်မှာ တစ်ခုံတည်းထိုင်တဲ့သူငယ်ချင်းက အခြေအနေဆိုးတယ်။ တစ်ခုံတည်း အတူထိုင်နေရလို့ ကျွန်မတို့ ခင်မင်သွားကြတာ။ ကျွန်မကမုန့်ထွက်ဝယ်ရင်လည်း သူငယ်ချင်းအ တွက်ပါဝယ်တယ်။ ကျွန်မကပိုက်ဆံကို ကိုယ့်တစ်ယောက်တည်းအတွက်မသုံးဘူး၊သူငယ်ချင်းနဲ့ပဲ မျှဝေသုံးစွဲတတ်တယ်”
သူမကပြောသည်။
တစ်ခါကဖြူဖြူ၏အဖေက ခါးနာရောဂါဖြစ်သည်။ ဆေးရုံတက်ရသည်။ ညီမလေးကည်း အထက်လှန်အောက်လျှောနှင့် ဆေးရုံတင်ထားရသည်။ ထိုအချိန်မှာပင် ဖြူဖြူ၏သူငယ်ချင်းမိန်းက လေးကပိုက်ဆံလိုနေသည်။ ဖြူဖြူလက်ထဲမှာပိုက်ဆံမရှိ။ သူငယ်ချင်းမိန်းကလေးအား နားကပ်ကိုချွတ် ပေးခဲ့၏။ပေါင်ပြီးသုံး။ နောက်မှပြန်ရွေးပေး။
“ အဲ့ဒီတန်ုးကကျွန်မအိမ်က ဆူလိုက်တာလေ။ အိမ်မှာဒီလိုဒုက္ခဖြစ်နေတုန်းမှာ ဒီလိုလုပ်ရ ပါ့မလားပေါ့။အဲ့ဒီနားကပ်ကတော်တော်နဲ့ ပြန်မရဘူး”
သူမကပြောသည်။
ဖြူဖြူသည်မာကျော၏။ သူငယ်ချင်းအရင်းအချာများအပေါ်မှာ သစ္စာရှိသည်။ ဆုံးဖြတ် ချက်များကိုကိုယ်တိုင်ပဲချတတ်၏။ မည်သည့်ကိစ္စမဆို အောင်မြင်အောင်လုပ်တတ်၏ ။တက္ကသိုလ် ၀င်တန်းကို ဖြူဖြူနှစ်ချင်းပေါက်အောင်၏။
(လူတိုင်းတွင်လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့်ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်)
ဖြူဖြူတက္ကသိုလ်အောင်မြင်သည့်ခုနှစ်က ၁၉၈၈။
ပြည်သူလူထုတစ်ရပ်လုံးက အစိုးရကိုဆန့်ကျင်တော်လှန်အုံကြွသော အရေးတော်ပုံ ကာလ။ ၈ရက်၊၈လ၊၈၈မှာ တစ်ပြည်လုံးလူတန်းစားအားလုံးကတညီတညွတ်တည်း အလုံးအရင်းဖြင့် လမ်းမပေါ်ထွက်၍ ဆန္ဒပြကြသည်။ ရေဒီယိုသည်ပြည်သူကိုလင်းပွင့်စေ၏။
ဖြူဖြူ၏အဖေသည် အစိုးရ၀န်ထမ်းဖြစ်သော်လည်း ပြည်သူဘက်ကရပ်တည်သော ရေဒီယိုအသံလွှင့်ချက်များကိုနားထောင်သည်။ အများနှင့်အတူ မိုးခါးရေသောက်ရသော်လည်း လုပ်ငန်းထဲကဆီကို ခိုးရောင်းပြီး ခွဲဝေယူကြရသော ဘ၀အပေါ်မှာ ဖြူဖြူ၏ အဖေကလိပ်ပြာမသန့် မိုးကောင်းကင်ကိုပြောင်းလဲပစ်ချင်သည်။ ဒီပတ်ဝန်းကျင်၊ဒီမိုးကောင်းကင်၊ဒီလူ့အဖွဲ့အစည်း၊ဒီဘ၀ အားလုံးမှားယွင်းနေသည်။
“အဖေတို့တွေက ညဆိုရေဒီယိုအမြဲနားထောင်ကြတယ်။ကျွန်မတို့က ရေနွေးအိုးတည် တယ်။ပဲကြမ်းကြော်သုပ်တယ်။ အဖတို့အတွက်ပေါ့။ အဖေတို့ကမိုးချုပ်ထိရေနွေးကြမ်းသောက်လိုက် ပဲကြမ်းသုပ်စားလိုက်နဲ့ ရေဒီယိုနားထောင်ကြတယ်။ ၈ရက် ၊၈လ ၊၈၈ နီးကပ်လေလေအဖေကရေဒီယို ကိုကျယ်ကျယ်ဖွင့်လေပဲ။ကျွန်မတို့လည်း ရေဒီယိုရဲ့အသံကို အလုပ်လုပ်ရင်း၊ပဲကြမ်းကြော်သုပ်ရင်း ကြားနေရတာပေါ့”
ပြည်ပရေဒီယိုအသံလွှင့်ဌာနက မြန်မာပြည်ကိုသိနေသည်။ မြန်မာပြည်၏အနာဂတ်ကို သိနေ၏။ ရေဒီယိုကနိမိတ်သည့်အတိုင်း တကယ်ဖြစ်လာသည်။
၁၇နှစ်သမီးဖြူဖြူသည်မြန်မာပြည်၏ အရေးတော်ပုံကြီးကို ကြုံရပြီ။ပြည်သူအားလုံးသည် ခံစားချက်ခြင်းတူညီသည်။ တစ်မြို့တည်း၊ တစ်နေရာတည်း၊ကွက်၍ဆန္ဒပြခြင်းမဟုတ်။ မြို့ပြ၊ ကျေးလက်၊ အရပ်သား၊ ၀န်ထမ်း၊ကျောင်းသူ၊ကျောင်းသား၊တစ်ပြည်လုံးက(လူတွေအားလုံးအတူတူ) အစိုးရကိုဆန့်ကျင်အုံကြွ တော်လှန်လိုက်ကြသည်။တစ်တိုင်းပြည်လုံး ဒို့အရေးသံများညံဟိန်းနေ သည်။
အားလုံးရရင်ရ
မရရင်တစ်ခုမှမလိုချင်ဘူး
အားလုံးလွတ်ရင်လွတ်
မလွတ်ရင်တစ်ယောက်မှမလွတ်ချင်ဘူး
သည်းနေ၊ မည်းနေ၊ ခဲနေသောလူအုပ်ကြီး။ နှစ်ပေါင်းများစွာချုပ်တည်းခဲ့ရသောဒေါသ တို့အုံကြွပေါက်ကွဲကြပြီ။
“အဖေနဲ့အမေက သေနတ်ပစ်ကွင်းရဲ့ မျက်စောင်းထိုးနေရာကနေ ဆန္ဒပြတဲ့လူတွေကို ထမင်းထုပ်တွေဝေတယ်။ သစ်သီးတွေဝေတယ်။ ရေဘူးတွေကမ်းတယ်။ကျွန်မကလည်း ဆေးလိပ် စည်းတွေထွက်ကမ်းတယ်”
ဖြူဖြူသည်ပြည်လူလူထုနှင့် တစ်သွေးတည်းဖြစ်နေ၏။ဆန္ဒပြသူများနှင့်အတူ ဖြူဖြူ ကိုယ်တိုင်ရဲရင့်တက်ကြွနေ၏။ ဒို့အရေးအသံကြားလျှင် ဖြူဖြူမနေနိုင်တော့။အိမ်ပြင်လမ်းမပေါ်သို့ ပြေးထွက်သည်။
“နယ်ကလူတွေက တောင်ဥက္ကလာကို တက်လာကြတယ်။နယ်ကလူအုပ်ကြီးကညမှာ တက်လာကြတာ။ သူတို့ညမှာပဲ တက်တက်လာကြတာ။အဲ့ဒီအသံတွေကြားရင် ကျွန်မမနေနိုင်ဘူး။ ညမှာလည်းမအိပ်တော့ဘူး။ ကြံတွေပေါချိန်မို့ကြံချောင်းတွေခုတ်ဖြတ်တယ်။ ဆန္ဒပြတဲ့လူတွေကို ကျွန်မလိုက်ဝေတယ်”
၁၉၈၈ အေ၇းတော်ပုံကြီးသည် ၁၇နှစ်သမီး ဖြူဖြူ၏သွေးကြောအနှံ့အပြားထဲတွင် တရကြမ်းစီးဆင်းပွက်ဆူနေပြီ။
အားလုံးရရင်ရ
မရရင်တစ်ခုမှမလိုချင်ဘူး
အားလုံးလွတ်ရင်လွတ်
မလွတ်ရင်တစ်ယောက်မှမလွတ်ချင်ဘူး
ဖြူဖြူသည်တစ်ယောက်တည်းလွတ်မြောက်ချင်သူမဟုတ်။ ပြည်သူပြည်သားအားလုံး နှင့်အတူလွတ်မြောက်ချင်သည်။
ဆေးလိပ်ဖြန့်လျှင် ဆေးလိပ်ကားနှင့်အတူ မော်တင်သို့လိုက်သွား၏။အမေလည်း ပါသည်။ ရန်ကုန်မြို့ထဲမှာလည်း အကြီးအကျယ် ဆန္ဒပြနေကြသည်။လူထုတရားဟောပွဲများလည်းရှိ သည်။ဇင်ဝိုင်း၊ဇာဂနာလည်း ဟောပြောသည်။၁၉၈၈မှာ လူအားလုံးသည် စင်မြင့်ပေါ်တက်၍ ခံစား ချက်များကိုပြောပြချင်နေဘကသည်။ ဖြူဖြူနှင့် မေမေသည် ဆေးလိပ်ဖြန့်ရင်း နိုင်ငံရေးဟောပြောပွဲ များမှာနားထောင်သည်။
ဖြူဖြူသည် ဗိုလ်ချုပ်အောင်ဆန်းအကြာင်း ကျောင်းစာမှာ သင်ခဲ့ရသည်။ဗိုလ်ချုပ် အောင်ဆန်းကို ဖြူဖြူသည် အလွန်ကြည်ညို၏။ဗိုလ်ချုပ်အောင်ဆန်းမိသားစုဓာတ်ပုံကို ဖြူဖြူသည် မကြာခဏ ကြည့်တတ်၏။ အောင်ဆ်းစုကြည်သည် ကလေးငယ်လည်းဖြစ်သည်။ အောင်ဆန်းစုကြည် ဆိုလျှင် ကလေးငယ်လေးဟုစိတ်ထဲကသိနေ၏။
ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟောပြောမည်။ဖြူဖြူ တို့တစ်အိမ်သားလုံးသည် တောင်ဥက္ကလာပမှ ရွှေတိဂုံတောင်ဘက်မုခ်သို့ခြေလျင်လျောက်လာသည်။
“လမ်းတစ်ဝက်ရောက်မှ တက္ကစီတွေ့လို့အဖေကတက္ကစီငှားတယ်။ ရွှေတိဂုံ တောင်ဘက်မုခ်ရောက်တော့ လူအုပ်ကြီးကအကြီးကြီးပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်မတို့မမြင် ရဘူး။ ရွှံ့ဗွက်တွေထဲဖြတ်တယ်။ ဘုန်းကြီးကျောင်းတံတိုင်းတွေပေါ်ကျော်တက်ရတယ်။ဒေါ်အောင် ဆန်းစုကြည်ကိုတော့မမြင်ရဘူး။အသံပဲကြားရတယ်။ ကျွန်မကဗိုလ်ချှုပ်မိသားစု ဓာတ်ပုံကိုစွဲလန်းနေ တော့အောင်ဆန်းစုကြည်ကို ကလေးပဲမှတ်ထင်နေခဲ့တာ။ အခုတော့ ရွှေတိဂုံတောင်ဘက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရဲတောက်မိန့်ခွန်းတွေ စတင်ကြားလိုက်ရကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုရင်ထဲမှာစွဲမြဲသွားတယ်”
၁၉၈၈၊အရေးတော်ပုံသည်ဆက်လက်အားကောင်းနေသည်။ပြည်သူလူထုအင်အား ဖြင့်ဆက်လက်အရှိန်မြှင့်မောင်းနှင်နေသည်။တောင်ဥက္ကလာပမှာစုဝေးသောလူထုသည် ရန်ကန်ုမြို့ထဲ ဆူးလေသို့ချီတက်သည်။
တစ်နေ့တွင်ဖြူဖြူသည် လူအုပ်ကြီးထဲသို့ ပြေးဝင်လိုက်သည်။ ဒို့အရေး၊ဒို့အရေး။ ဖြူဖြူသည်လူအုပ်ကြီးနှင့်အတူ ရန်ကုန်မြို့ထဲသို့ချီတက်မည်။ ပြည်သသူလူထု၏ အရေးကို လက်သီး လက်မောင်းတန်း၍ အသားကုန်အော်မည်။ပါဝါမြှင့်၍ အော်ဟစ်မည်။
မောင်လေးကဖြူဖြူထံပြေးကပ်လာ၏။
“မမ မလိုက်ရဘူး”
“မဟုတ်ဘူးငါလိုက်မယ်”
“မမ မလိုက်ရဘူး”
မောင်လေးကဖြူဖြူ၏ လက်မောင်းကိုအတင်းဆောင့်ဆွဲခေါ်သည်။ ဖြူဖြူကမောင် လေးလက်မောင်းကိုရိုက်ထည့်လိုက်၏
“မဟုတ်ဘူး၊ မမ မလိုက်ရဘူး”
“လိုက်မယ် လိုက်မယ်”
မောင်လေးကဇွတ်ဆွဲခေါ်သည်။
အိမ်သားများကလည်းဖြူဖြူ့ကိုဆွဲခေါ်သည်။
“အဲ့ဒါမျိုးသုံးကြိမ်လောက်ဖြစ်တယ်။ ကျွန်မကလည်းလူအုပ်ကြီးရဲ့အသံကိုကြားရင်မ နေနိုင်ဘူး။သူတို့နဲ့အတူဆူးလေကိုလိုက်ချင်တာ”
သူမကပြောပြသည်။
ရဲရင့်…ကျောက်ခက်တို့ပြိုနေဆဲ…ငါ့အတွက်အဖြရှာနေတုန်း..တချို့တွေနေ နိုင်လွန်းတယ်။
(၄)
(မိမိ၏စရိုကလက္ခဏာ လွတ်လပ်စွာဖွံဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိက်အ၀န်းအတွက်လူတိုင်းတွင်တာဝန်ရှိသည်။)
၁၉၈၈အရေးတော်ပုံကြီးအပြီးမှာ ဖြူဖြူသည် NLDပါတီသို့ဝင်သည်။ လူငယ်တစ် ယောက်အနေနှင့် NLD ပါတီထံတွင် လုပ်နိုင်စွမ်းရှိသမျှလုပ်၏။၁၉၉၀တွင် NLD အောင်နိုင်ရေး အတွက်ဖြူဖြူလှုပ်ရှားသည်။တစ်အိမ်တက်ဆင်းမဲစာရင်းကောက်သည်။
၁၉၉၁ တွင်ဖြူဖြူသည်တက္ကသိုလ်နယ်မြေ(လှိုင်)သို့ရောက်သွားပြီ။ သမိုင်းဘာသာ ရပ်အဓိကယူသည်။ဖြူဖြူ၏ရင်ထဲတွင်ခံစားမှုရှိနေပြီ။၁၉၈၈ကိုသူမဘယ်လိုမှမမေ့နိုင်။ ဖခင်ဖြစ်သူက တော့ဝန်ထမ်းအလုပ်မှထွက်လိုက်ပြီ။ဌာနဆိုင်ရာထဲတွင် စစ်ဖက်ကလူတွေအများကြီးဝင်လာကြသည်။ ဌနအသီးသီးမှာ စစ်ဖက်ကလူများက အသာစီးယူထးသည်။ ဖခင်ဖြစ်သူကထိုအပြုအမူကိုမကြိုက်၍ ၀န်ထမ်းအလုပ်မှထွက်သည်။ရေဒီယိုနားထောင်သည်။ ဖခင်၏နိုင်ငံရေးစိတ်ဓာတ်ကိုဖြူဖြူက အနီးကပ်မြင်တွေ့နေရ၏။
“တက္ကသိုလ်တက်တယ်ဆိုပေမယ့်ကျောင်းကဖွင့်လိုက်ပိတ်လိုက်ပေါ့။တစ်နှစ်ဟာ ဆိုရင် နှစ်လကျော်လောက်ပဲစာသင်လိုက်ရတယ်။ ကျောင်းစာတွေလည်းထိမိအောင်မသင်ရတော့ဘူး
သူမကပြောသည်။
တစ်ရက်တွင်ဖြူဖြူ၏စိတ်ထဲတွင် ပင်မတက္ကသိုလ်ထဲကျောင်းသားလှုပ်ရှားမှု တစ်ခုဖြစ်နေသည်ဟု ခံစားလာရ၏။ သူငယ်ချင်းများကိုခေါ်သည်။ပင်မတက္ကသိုလ်သွားရအောင်။ မလိုက်င်္ကြ။နောက်တော့အရင်းနှီးဆုံးတစ်ယောက်လိုက်လာ၏။မာလာဆောင်အနောက်ဘက်စံရိပ်ငြိမ် တ၀ိုက်မှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေစုဝေးနေကြ၏
“ကျောင်းသားတွေကငါတော့လစ်တော့မယ် ငါတော့လစ်တော့မယ်။ ဒီမှာ အခြေအနေမကောင်းတော့ဘူးတဲ့။လစ်တော့မယ်။ဘယ်ကိုလစ်မှာလည်း။ ကျွန်မလည်းမသိဘူး။ကျွန်မ တို့လည်းစံရိပ်ငြိမ်မှာနေကုန်သွားတယ်။နောက်တော့ထုံးစံအတိုင်းကျောင်းကြီးပိတ်သွားတယ်။ ကျောင်းပြန်ဖွင့်တော့အတန်းထဲမှာယောက်ကျားလေးတစ်ယောက်မှမရှိတော့ဘူး။တောခိုသွားကြပြီ။အဲ့တော့မှလစ်တော့မယ်ဆိုတဲ့စကားကိုကျွန်မသဘောပေါက်မိတယ်”
သူမကပြောပြသည်။
၁၉၈၈ကတက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သောမဖြူဖြူသင်းသည်၁၉၉၆တွင်ရန်ကုန်တက္ကသိုလ်(ပင်မ)မှသမိုင်းအထူးပြုဘာသာရပ်ဖြင့်ဘွဲ့ရခဲ့၏။
(၅)
(မည်သူမျှဥပဒေအရ မဟုတ်သောဖမ်းဆီးခြင်းကိုဖြစ်စေ၊ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေမခံစေရ)
“ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့မှာဟောပြောပွဲရှိတယ်”
ဖခင်ကပြောသည်။
ဖြူဖြူကဖခင်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့သို့လိုက်ပါသွား၏။
“ခြံရှေ့မှာနားထောင်တဲ့လူတွေက အဖ့မိတ်ဆွေတွေချည်းပဲ။ အဲ့ဒီခြံရှေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် တရားဟောတာနားထောင်ရင်းမိတ်ဆွေဖြစ်သွားကြတာ”
ခြံရှေ့မှာပထမတော့နားထောင်သူ လူနှစ်ဆယ်ကျော်မျှသာရှိ၏။ဖခင်ကအပတ်စဉ် သွားသည်။ဖြူဖြူကအပတ်စဉ်မလိုက်ဖြစ်။
“နောက်တစ်ခေါက်အဖေနဲ့လိုက်သွားတော့ခြံရှေ့မှာ လူတွေအများကြီးဖြစ်နေ တယ်။ကျွန်မအံ့သြသွားတယ်။လူတွေကမေးခွန်းတွေ ထထမေးတယ်။ဒေါ်အောင်ဆန်းစုကြည်က ဖြေတယ်။အန်တီဖြေတာ၊ ပြောတာတွေကအချက်ကျလွန်းလို့ ကျွန်မသိပ်သဘောကျမိတယ်”
ရုံးချုပ်ကိုလည်းသွားသည်။ထိုအချိန်ကပွင့်လင်းလူ့အဖွဲ့အစည်းမဟုတ်သေး။ ရုံးချုပ်ကိုသာမန်လူတွေကြောက်ကြသည်။ရုံးရှေ့ကပင်မဖြတ်သန်းချင်ကြ။
ဖြူဖြူသည်NLDအလုပ်လုပ်ရင်း၊အိမ်ကမိသားစုအလုပ်ဝင်လုပ်ရင်း ဆေးလိပ်ဖြန့် ရင်း၁၉၉၉သို့ရောက်လာ၏။
“NLD ဗဟိုလူငယ်အဖွဲ့မှာ ကျွန်မသူငယ်ချင်းရှိတယ်။ သူနဲ့ကျွန်မအတွဲများတယ် သူကတော့ NLD မှာထဲထဲဝင်ဝင်အရေးပါတယ်။သူကျွန်မအိမ်လာတယ်။ကျွန်မတို့နှစ်ယောက်နောက် ကိုထောက်လှမ်းရေးတွေလိုက်နေတယ်တဲ့။ကျွန်မတို့သူငယ်ချင်းနှစ်ယောက်သားဟာ အခြားသူငယ် ချင်းတတစ်ယောက်အိမ်ကို သွားပြီးပုန်းရှောင်အိပ်ရတယ်။အဲ့ဒီလိုပုန်းရှောင်နေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်ပေါ်လာတယ်။ ကျွန်မတို့ကရန်ကုန်ဘူတာကြီးကို သွားပို့ကြ မယ်ပေါ့။ ကျွန်မတို့မိန်းကလေးနှစ်ယောက် သမ္မတရုံရှေ့က ဘုရားကျောင်းနားမှာရောက်နေကြပြီ ဘူတာရှေ့ကအခြေအနေကို လေ့လာဖို့လည်းလိုသေးတယ်လေ။အဲ့ဒီနားမှာ ကျွန်မတို့ကိုးယောက် လုံးအဖမ်းခံလိုကရတယ်။ဒိုင်နာကားတွေနဲ့တင်သွားတယ်။”
သူမကပြောသည်။
အင်းစိန်ထောင်၏အပေါ်ထပ်အခန်းတစ်ခန်းထဲမှာ ပိတ်လှောင်ခံထားရသည်။ ပထမရက်သတ္တပတ်လုံး စစ်ကြောရေးကစစ်ဆေးမေးမြန်းသည်။
“သူတို့ကလူကိုကြည့်ပြီးနိုင်လို့ရတဲ့လူဆိုရင် တအားနိုင်တယ်။ဟောက်လို့ရတဲ့လူ ဆိုတအားဟောက်တယ်”
စစ်ကြောရေးအဖွဲ့နှင့်တွေ့အပြီး အမေးမြန်းခံရလျင် ဘယ်လိုရင်ဆိုင်ရမည်ဆို သည်ကိုဖြူဖြူက ကြီုတင်လေ့ကျင့်ပြင်ဆင်ထားမှုမရှိဒ
သို့သော်ဖြူဖြူမကြောက်တတ်။ အချင်းချင်းအပေါ်မှာ သစ္စာစောင့်သိတတ်သည်။ ဖြူဖြူကိုစစ်ဆေးမေးမြန်းသူများမှာ ဗိုလ်အဆင့်ဖြစ်၍ အခြေအနေမဆိုး။
“သူတို့ကလည်းမေးချင်တာတွေမေးတယ်။ ကျွန်မဘက်ကလည်းဖြေချင်မှဖြေမှာ ပေါ့။ သူတို့ကဗဟိုလူငယ်အဖွဲ့ကကွှန်မသူငယ်ချင်း အကြောင်းအများဆုံးမေးတယ်။ ကျွန်မကလည်း မသိဘူးပဲဖြတယ်”
သူမကပြောသည်။
ဖြူဖြူတို့နေရသောအင်းစိန်ထောင်၏ အပေါ်ထပ်ဆောင်ထဲမှာ သောက်ရေအိုး တစ်လုံးသာရှိသည်။
ရေသောက်တော့လည်းသည်သောက်ရေအိုးထဲကရေ။
ပန်းကန်ဆေးတော့လည်း သည်သောက်ရေအိုးထဲကရေ။
အိမ်သာသုံးတော့လည်း သည်သောက်ရေအိုးထဲကရေ။
“ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ တောက်လျှောက်ထောင်ထဲမှာနေခဲ့ရတယ်။ အကျီ င်္လျှော်ရင်ထဘီရင်လျားထားရတယ်။ ထဘီလျှော်ရင်ကိုယ်အောက်ပိုင်းစောင်ပတ်ထားရတယ်”
သူမကပြောသည်။
ဤထောင်ထဲတွင် ခေတ်အဆက်ဆက် မိန်မသားများစွာနေထိုင်ခဲ့ရသည်။ ယခင်ထောင်ကျခဲ့သူများက ထောင်နံရံမှာ စာတွေရေးထားခဲ့သည်။ ဖြူဖြူလိုက်ဖတ်သည်။ အချို့စာ သားများကိုထောင်အာဏာပိုင်များက ဖျက်ထားကြပြီ။ သို့သော် ဖြူဖြူ၏နှလုံးသားက ယခင်လူများ၏ ခံစားမှုများကိုဖတ်ရှုနိုင်ခဲ့၏။ဖြူဖြူသည်အင်းစိန်ထောင်မှာ နေထိုင်လိုကရသောအခါ စိတ်ဓာတ်သိသိ သာသာခိုင်ကျည်သွား၏။ ဘ၀၏တာဝန်ကိုရှင်းရှင်းလင်းလင်းတွေ့မြင်မိသည်။ဘ၀မှာအမှန်တရား ဘက်ကရပ်တည်မည်။ ဘ၀မှာအမှန်တရားဘက်ကတိုက်ပွဲဝင်မည်။ ထောင်ထဲမှာစိတ်ဓာတ်ကိုသံမဏိ သွန်းလောင်းပြီးပြီ။ ဘယ်တော့မှနောက်မဆုတ်တော့။
နှစ်အလအကြာ ဖြူဖြူကိုစစ်ကြောရေးကမေးမြန်းသည်။စိတ်ခံစားချက်ကိုလေ့ လာသည်။
“ဘယ်လိုလည်း”
“ဒီလိုပါပဲ”
“နောင်တရပြီလား”
“ဘာကိုနောင်တရရမှာလည်း”
“စိတ်ပြောင်းသွားပြီလား”
“မပြောင်းဘူး”
“ထောင်ကထွက်ရင်ဘာဆက်လုပ်မှာလည်း
“နိုင်ငံရေး”
ဖြူဖြူသည်အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် အင်းစိန်ထောင်ထဲတွင် (၄)လနှင့်(၄) ရက်နေထိုင်ခဲ့ရသည်။
“လွတ်လာပြီးတဲ့နောက်မှာ နိုင်ငံရေးပဲလုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်။ ၂၀၀၂ခုနှစ်မှာ တောင်ဥက္ကလာပမြို့နယ် NLD လူငယ်တာဝန်ခံ (၁)ဖြစ်လာတယ်။ကလေးတွေကိုNLDရုံးမှာစာသင် ပေးတယ်။တောင်ဥက္ကလာပ NLD စာကြည့်တိုက်မှာလည်းကျွန်မ၀င်လုပ်တယ်။ ရုံးချုပ်ကိုလည်းသွား တယ်။လူငယ်တွေနဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲတွေ ရုံးချုပ်မှာနှစ်ပတ်တစ်ခါရှိတယ်။ အင်္ဂလိပ် စာသင်တန်းတွေလည်းရှိတယ်။ ၂၀၀၂မှာပဲဒေါ်အောင်ဆန်းစုကြည်ရဲ့ညွှန်ကြားချက်နဲ့ ကုလသမဂ္ဂဖွံ့ ဖြိုးရေးအစီအစဉ်အရ UNDP မှာ HIV/AIDS ကာကွယ်တားဆီးကုသပြုစုရေးသင်တန်းတက်ရောက်ခဲ့ ပါတယ်။သင်တန်းကတစ်ပတ်ပါ။ဒါပေမဲ့အကျိုးကျေးဇူးရှိတယ်။ပို့ချချက်တွေ၊ပညာပေးတာတွေကသိပ် ကောင်းတယ်”
သူမကပြောသည်။
“White Campaign တွေမှာကျွန်မ၀င်ပါတယ်။၂၀၀၇ မှာဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းမှုကိုဦးဆောင်လုပ်တယ်။ ကျိုက္ကဆံစစ်ကြောရေးမှာထိန်းသိမ်းခံ ရတယ်။ဒါကမတရားဘူးလို့ယူဆတယ်။အဲ့ဒီစစ်ကြောရေးစခန်းမှာကျွန်မဆယ်ရက် အစာငတ်ခံဆန္ဒ ပြတယ်။တစ်လနဲ့ခုနှစ်ရက်နေတော့ကျွန်မပြန်လွတ်လာတယ်”
သူမကပြောသည်။
(၆)
(မည်သူ့ကိုမျှညှဉ်းပန်းနှိပ်စက်ခြင်း၊သို့တည်းမဟုတ်ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ၊သို့တည်းမဟုတ်အပြစ်ဒဏ်ပေးခြင်းမပြုရ။)
၂၀၀၇သည် ဖြူဖြူ့အတွက်တိမ်းရှောင်နေရသောနှစ်ဖြစ်သည်။HIV/AIDS ပညာ ပေးရေး၊ကာကွယ်တားဆီးရေး၊ကုသပြုစုရေးကို အခက်အခဲမျိုးစုံကြားက အောင်မြင်အောင်လုပ်ကိုင် နေပြီ။နယ်မှလူနာများစွာကိုနေရာပေး၍ စောင့်ရှောက်ထားရသည်။
ထိုနှစ်မှာပင်(၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ လောင်စာဆီ ဈေးနှုန်းကျဆင်းရးလှုပ်ရှားမှုတွေင် ဖြူဖြူကတက်တက်ကြွကြွပါဝင်ဆောင်ရွက်သည်။ထိုနှစ်မှာပင် Saffron revolution မှာဖြူဖြူဝင်ေ်ရာက်လှုပ်ရှားသည်။အာဏာပိုင်များကဖြူဖြူ့ကိုလိုက်လံဖမ်းဆီး သည်။ဖြူဖြူသည်တစ်နေနရာမှတစ်နေရာ၊တစ်အိမ်မှတစ်အိမ်တိမ်းရှောင်ပုန်းခိုရသည်။သူငယ်ချင်း ရင်းချာဖြစ်သော်လည်းဤကိစ္စမျိုးတွင်သူငယ်ချင်း၏မိဘကပါသဘောတူလက်ခံမှခိုလှုံ၍ရသည်။
“ကျွန်မရဲ့မိဘက နိုင်ငံရေးလုပ်တာကိုအားပေးတယ်။ ဒါကြောင့်လည်းဆက်လုပ် နိုင်တာပါ၊သူငယ်ချင်းမိန်းကလေးတွေထဲမှာကျွန်မထက်ပိုတော်သူ၊ပိုပြီးထက်မြက်သူတွေရှိပါတယ်။ မိဘကအားမပေးတော့၊သဘောမတူတော့ ဆက်လုပ်လို့မရခဲ့ကြတာမျိုးလည်းရှိတယ်”
ဖြူဖြူသည်လက်ကိုင်ဖုန်းတစ်လုံးနှင့်ပြေးလွှားနေရသည်။ပုန်းအောင်းနေရသည်။ AIDS လူနာများနှင့်ပတ်သက်၍လည်းဖြူဖြူက တာဝန်အကြီးကြီးယူထားပြီးပြီ။ထိုဌာနတွင်ဖြူဖြူရှိခွင့် မရ။
“ဖုန်းတစ်လုံးနဲ့ပဲဘာလုပ်၊ဘာလုပ်နေ့စဉ်ပြောနေရတာပေါ့၊အဲ့ဒီမှာကကျွန်မအဖွဲ့ သားတွေရှိနေပါတယ်”
ဖြူဖြူသည်လက်ကိုင်ဖုန်းတစ်လုံးနှင့်ညွှန်ကြားနေရသည်။ဦးဆောင်သူမှာဖြူဖြူသာ ဖြစ်၏။
“ရှောင်တိမ်းနေရတဲ့ကာလတွေ၊ ပုန်းခိုနေရတဲ့ကာလတွေဟာ ထောင်ထဲမှာနေရ တာထက်ပိုပြီးစိတ်ပင်ပန်း၊လူပင်ပန်းဖြစ်ရတယ်”
ဖြူဖြူတိမ်းရှောင်ပုန်းအောင်နေရဆဲကာလမှပင် ဖခင်ကအောင်ရတနာဆေးရုံတင် ထားရသည်။
မောင်လေးကစင်ကာပူမှာအလုပ်ထွက်လုပ်နေသည်။ဖြူဖြူအိမ်သို့ပြန်ချင်၏။ဖခင် အနားသို့ချဉ်းကပ်ချင်သည်။ဆေးရုံကိုခဏဖြစ်ဖြစ်သွားချင်သည်။
“ဖမ်းချင်ဖမ်းပစေတော့သမီးအဖေ့ဆီပြန်လာမယ်”
အိမ်ကဖြူဖြူကိုပြန်လာခွင့်မပြု။
အစ်မကအဖေ့ကိုမေးသည်။
“ဖြူဖြူ့ကိုအဖေ့နားခေါ်ပေးရမလား”
“မခေါ်နဲ့ ၊ ဖြူဖြူ့ကိုမခေါ်လိုက်နဲ့”
“စင်ကာပူရောက်နေတဲ့မောာင်လေးကိုပြန်ခေါ်ရမလား”
“အေး…..ပြန်ခေါ်လိုက်”
ထိုအချိန်မှာ ဖြူဖြူ၏ဖခင်ကိုစောင့်ရှောက်နေရသော သူနာပြုဆရာမ၏အမည်မှာ ဖြူဖြူသင်းဖြစ်နေ၏။ဖြူဖြူကိုလိုက်လံရှာဖွေနေသူများကသူနာပြုဆရာမ ဖြူဖြူသင်းကိုဆေးရုံအပေါက် ၀မှဆီး၍စစ်ကြောမေးမြန်းတော့သည်။ပြဿနာဖြစ်ရသည်။ညီမလေးကဆေးရုံအပေါက်ဝသို့ထွက် ပြော၏။
“ဒီမှာကျွန်မတို့အဖေ လူနာခုတင်ပေါ်မှာအသည်းအသန်ဖြစ်နေရတာ။ ရှင်တို့ကဘာဖြစ်ချင်တာလဲ”
ဖခင်ဖြစ်သူကထိုပြဿနာသံကိုလူနာခုတင်ပေါ်မှကြားသွား၏။
ညီမလေးအပေါက်ဝမှပြန်ဝင်လာတော့ဖခင်သည် ရုတ်တရက်ရှော့ခ်ရကာဆုံးရ ရှာပြီ။
ဖခင်၏ ဈာပနမှာလည်းဖြူဖြူလိုက်ပါပို့ဆောင်ခွင့်မရ။အိမ်ကပြန်မလာနဲ့ ဆက်ရှောင် ပုန်းနေဟုပြော၏။
ဖြူဖြူ၏အနောက်မှာ AIDS လူနာများစွာရှိနေသည်။လူနာများစွာသည်ဖြူဖြူကိုအား ကိုးနေရ၏။ဖြူဖြူထောင်ထဲသို့ရောက်သွား၍ မဖြစ်။
(၇)
(လူပုဂ္ဂိုလ်တစ်ဦးချင်းသည်သူ့ဘ၀အတွက်လွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်)
Gorge W.Bush
လူ့အဖွဲ့အစည်းတစ်င်္ရပ်သည် ကံဆိုးမိုးမှောင်ကျနေပြီဆိုလျှင် သူရဲကောင်းများ ပေါ်ထွက်လာတတ်ပါသည်။သူရဲကောင်းများသည် လူ့အဖွဲှ့စည်းထံသို့ကံကောင်းခြင်းများကို သယ်ဆောင်လာနိုင်သည်။သို့သော်သူရဲကောင်းသည် စွန့်လွှတ်အနစ်နာခံတတ်သော အသည်းနှလုံး ရှိရုံနှင့်မလုံလောက်။သူရသတ္တိရှိရုံနှင့် မလုံလောက်။ သူရဲကောင်း၏အသည်းနှလုံးကို တည့်မတ်ရှေ့ ဆောင်နိုင်မည့် အမြှော်အမြင်ကြီးသောဦးနှောက်ရှိရန်လည်းလိုအပ်သည်။ ထိုသို့Time၏ အက်ဆေး ဆရာတစ်ဦးကသူရဲကောင်းအသစ်များ ရှာဖွေခြင်းအက်ဆေးတွင်ရေးခဲ့ဖူး၏။
“ပရဟိတတွေဘာကြောင့်လုပ်နေလည်းဆိုတော့ တိုင်းပြည်ရဲ့လိုအပ်ချက် အရလုပ်နေတာပါ”
သူမကပြောဖူးသည်။
“နိုင်ငံရေးဆိုတာလူထုနဲ့အမြဲနီးကပ်ဖို့လိုတယ်”
သူမကကျွန်တော့်ကိုပြောသည်
သူမသည်HIV/AIDS Peer Educator Training ကို UNDP တွင်(၇)ရက်ကြာ သင်တန်းတက်ခဲ့ပြီးကတည်းကထိုရောဂါ ဝေဒနာသည်များကိုကူညီပေးရန်ဆုံးဖြတ်ခဲ့သည်။ဖြူဖြူသည် သူမ၏ အသည်းနှလုံးထဲတွင်အမြစ်တွယ်နေသော ပရဟိတစိတ်ဓာတ်ကိုလက်တွေ့ကျကျအကောင် ထည်ဖော်ဆောင်ရွက်၏။
“HIV ကလူထုနဲ့ပတ်သက်တယ်။ လူမှုရေးဆိုတာနိုင်ငံရေးရဲ့အကြောင်း အရာတစ်ခုပါပဲ။နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူတွေအခက်အခဲရှိနေတာကိုဖြေရှင်းပေးရပါတယ်”
သူမကပြောသည်။
၂၀၀၂က ဖြူဖြူစတင်လုပ်ဆောင်သည်မှာ အားပေးနှစ်သိမ့်မှုအဆင့်သာဖြစ်၏။ HIVရောဂါခံစားနေရသောသန်လျင်မှရဲမိသားစုက ဖြူဖြူတို့ထံရောက်လာ၏။ထို့နောက်မူဆလင်မိ သားစု။
သူတို့ဘာတွေရမလည်း။
သူတို့ဘာအကြံညဏ်တွေရမလည်း။
“ရောဂါဝေဒနာခံစားနေရသူတွေက ကျွန်မနဲ့သက်တူရွယ်တူတွေပေါ့။ ကျွန်မ ထက်နည်းနည်းငယ်တာလည်းပါဝင်တယ်။သူတို့ရစရာမရှိအောင်တော်တော်လေးဆိုးဆိုးရွားရွားခံစားနေရတယ်။သူတို့သေမှာလား။သူတို့ကိုယ်တိုင်မသိဘူး။သူတို့ကိုယ်တိုင်မသေချာဘူး။ကျွန်မတို့၁၉ ယောက်သန်လျင်ကရဲစခန်းထဲကိုအကြိမ်ပေါင်းများစွာ သွားကြတယ်။ရှေ့က၀င်လိုက် ၊နောက်က၀င် လိုက်နဲ့။သူတို့ကဆေးကုပေးပါတဲ့။ကျွန်မတော်တော်ထိတ်လန့်သွားတယ်။ကျွန်မဘာဆက်လုပ်ရမလဲ။ကျွန်မဘာဆက်လုပ်ရမလဲ”
ရောဂါဝေဒနာသည်နှင့်ဖြူဖြူတို့အဖွဲ့ကအတူနေပေးသည်။အတူစားပေးသည်။
“ဒီရောဂါကစိတ်နဲ့လည်းဆိုင်တယ်။ အချို့ကအခန်းထဲမှာအလုံပိတ်ပြီးအသေ ခံလိုက်ကြတယ်။အချို့ကအခန်းတံခါးဖွင့်ပြီး ကျွန်မတို့ဆီရောက်လာကြတယ်။ ကျွန်မတို့ဘက်က အားပေးနှစ်သိမ့်ရုံ၊ကွန်ဒုံးပေးရုံ၊ပညာပေးရုံ၊စာရွက်စာတမ်းဝေငှရုံနဲ့တင် မလုံလောက်ဘူးဆိုတာတော့ သိတယ်”
နယ်မှရောဂါဝေဒနာသည်များ ရန်ကုန်သို့ပို၍ရောက်လာကြသည်။နယ်မှာ မသေချင်။လူသိလည်းမခံချင်။ကိုယ့်မြို့ကိုယ့်ရွာမဟုတ်သော ရန်ကုန်မှာနေမည်။သေမည်။ ဆေးတွေ့ ပြီးပျောက်ကင်းသွားလျှင်လည်းကုသိုလ်ကံ။
ဖြူဖြူသည်နယ်မှရောက်လာသောHIV/AIDS ရောဂါဝေဒနာသည်များကိုထား ရန်ဦးစွာနေရာရှာရ၏။အိမ်ငှားပေးသည်။အိရှင်ကလက်ခံသည်။ရပ်ကွက်လုံခြုံရေးအဖွဲ့အစည်းများကလက်မခံနိုင်။ရပ်ကွက်ထ်ဲသို့ ရောဂါတွေဖြန့်ဝေနေသည်ဟုစွပ်စွဲ၏။ရောဂါသည်များကို တစ်အိမ်ပြီး တစ်အိမ် ရွှေ့ပြောင်းပေးနေရ၏။ဆရာဝန်တစ်ဦး၏ အကူအညီနှင့်ဘုန်းကြီးကျောင်းများတွင် ရောဂါ သည်များကို တင်ထားရန်ဖြူဖြူကြိုးစားပြန်၏။ ရွှေဝါရောင်အရေးအခင်းပြီးကတည်းက ဘုန်းကြီး ကျောင်းပေါ်သို့လူတင်ရန်မလွယ်ကူပြန်။
နောက်တော့ဖြူဖြူသည်အမေပိုင်သောအိမ်ပေါ်သို့အမေ့ကိုခွင့်တောင်းပြီး ရောဂါသည်များကိုတင်ရတော့၏။သူမနေထိုင်ရာ တောင်ဥက္ကလာနေအိမ်အပါအ၀င် ဒဂုံမြို့သစ် တောင်ပိုင်း၊၁၈ရပ်ကွက်မိသားစုအပိုင် အိမ်ကြီးပေါ်မှာရောဂါသည်တွေကိုတင်ထားသည်၊နောက် တော့ဒဂုံမြို့သစ်မြောက်ကပိုင်း၊၁၁ရပ်ကွက်ကအိမ်တစ်လုံးကိုထပ်မံငှားရမ်းသည်။
အခက်အခဲများ၊အတားအဆီးများ၊အနှောင့်အယှက်များ၊အဖျက်အဆီးများကြား မှဖြူဖြူသည်သတ္တိကောင်းစွာHIV/AIDS Prevention and Care Sectors ကိုဦးဆောင်သည်။
“ဝေဒနာရှင်တွေအတွက်လိုအပ်တဲ့ARTဆေးကတော့၂၀၀၅မှစတင်ရရှိခဲ့တာပေါ့။ ၂၀၀၆၊၂၀၀၇မှာဒီဆေးရဖို့အခက်အခဲဖြစ်လာတယ်။ဒီဆေးကဝေဒနာရှင်ကိုဖြတ်ထားလို့မရဘူး။ ကျွန်မကိုယ်တိုင်ဒီဆေးကိုမရ ရအောင်ရှာခဲ့တယ်။နိုင်ငံရေးကြောင့်ကျွန်မဟာ အကြောက်ဆိုတာမရှိပဲ ဘာမဆိုရဲရဲဝံ့ဝံ့ရင်ဆိုင်တယ်။ဝေဒနာရှင်တွေရှေ့ကဘာမဆိုရပ်တည်ကာကွယ်တယ်။ပြဿနာရှာရင် ကျွန်မကိုယ်တိုင်ရှင်းတယ်။တရားဥပဒေအတွင်းကပေါ့။နိုင်ငံရပ်ခြားရောက်နေတဲ့မြန်မာတွေကလည်း ငွေကြေးကူညီကြပါတယ်။NGOတစ်ခုကလည်းဆေးဝါးကူညီတယ်။ပြည်တွင်းပထနှစ်တွေမှာမကူညီရဲ ကြဘူး။ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးဝေဒနာသည်တွေကိုထားတဲ့နေရာ လာကြည့်တယ်အဲ့ဒီနောက်မှာပြည်တွင်းအလှူ့ရှင်တွေပေါ်ပေါက်လာတယ်”
သူမကပြောပြသည်။
သူမသည်တက်ကြွစွာလှုပ်ရှားသူ။
(၈)
ဒေါ်ဖြူဖြူသင်းသည်၉၁လမ်းက NLD ရုံးခန်းပေါ်တွင်ပြုံးပြုံးရွှင်ရွှင်ထိုင်နေသည်။
၂၀၀၀ပြည့်နှစ်ကအင်းစိန်ထောင်၏ အဆောင်တစ်ခုတွင် အ၀တ်တစ်ထည်ကိုယ် တစ်ခုဖြင့်(၄)လနှင့်(၄)ရက်နေထိုင်ခဲ့ရသော၊သောက်ရေအိုးကလေးတစ်လုံးသာရှိသောအဆောင်ထဲတွင်အပိတ်လှောင်ခံခဲ့ရသောသူမသည် လွှတ်တော်ထဲတွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အဖြစ်တရားဥပဒေစိုးမိုးရေး၊ပြည်တွင်းငြမ်းချမ်းရေးရရှိရေး၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးအတွက်ပြောရေးဆိုခွင့်ရှိတော့မည်။
“တရားဥပဒေကို ကွန်မတို့သိနားလည်ထားဖို့လိုပါတယ်။ဥပဒေအကြောင်းကိုနား လည်အောင်လည်းကျွန်မကြိုးစားလေ့လာနေပါတယ်”
သူမကပြောသည်။
ယခုအခါဒေါ်ဖြူဖြူသင်းသည်HIV/AIDS ရောဂါဝေဒနာရှင်သုံးရာကျော်ကိုတောင်ဒ ဂုံနှင့်မြောက်ဒဂုံနေရာနှစ်နေရာတွင်ကာကွဝ်စောင့်ရှောက်မှုပေးထားသည်။တစ်လလျှင်ဆေးဖိုးသိန်း ၆၀ကျော်ကုန်သည်။
“ရောဂါကပြန်သက်သာလာပြီးမိသားစုအတွက်၊တိုင်းပြည်အတွက်ပြန်လည်အလုပ် လုပ်နိုင်သူတွေရှိလာတယ်”
သူမကပြောသည်။
သူတို့အားဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်အရေးကိုကျွန်တော်မေးမြန်း ကြည့်၏။
“၂၀၀၇မှာ ကျွန်မရှောင်တိမ်းနေရစဉ်ကတောင် ဖုန်းတစ်လုံးနဲ့ဆက်လက်လည် ပတ်အောင်လုပ်နိုင်သေးတာပဲ။အခုတော့ကျွန်မတို့ထံပူးပေါင်းပါဝင်လာတဲ့လူငယ်တွေလည်းများလာ ပြီ။ကျွန်မတို့အားလုံးအတူတူဆက်လက်ကြိုးစားဆောင်ရွက်မှာပေါ့”
သူမကပြောသည်။
သူမသည်ပရဟိတလုပ်ငန်းကိုမည်သည့်အခါမျှပစ်ချမည်မဟုတ်ဟုကျွန်တော် ယုံကြည်သည်။
(၉)
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဒေါ်ဖြူဖြူသင်း၏ Campaign ကာလတွေကို ကျွန်တော်မေးကြည့်၏။
“လူတွေကအရမ်းအသိစိတ်ရှိလာနေပြီ။လူငယ်တွေကလည်းတက်တက်ကြွတယ်။ ကျွန်မကိုလူတွေအများကြီးကကူညီခဲ့ကြပါတယ်။ မင်္ဂလာတောင်ညွန့်NLD ရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လာပြီး ဖြူဖြူကိုကျွန်မယုံကြည်တယ်။ဖြူဖြူကိုယုံကြည်ကြပါ။ဖြူဖြူ ကိုမဲပေးကြပါလို့ပြောလိုက်တိာကလည်းကျွန်မအတွက်ထောက်ခံမဲအပြည့်အ၀ရစေတယ်”
သူမကပြောသည်။
လူတော်တော်များများကလည်းဒေါ်ဖြူဖြူသင်းကိုသိပြီးဖြစ်နေကြ၏။
“ဘယ်လိုသိတာလည်းလို့ကျွန်မမေးကြည့်တယ်။ဂျာနယ်ပေါ်မှာမြင်ဖူးတာ။ ဂျာနယ်ထဲမှာဖတ်ဖူးတာတဲ့။ကျွန်မရဲ့ပရဟိတလုပ်ငန်းကို နိုင်ငံခြားမီဒီယာသမားတွေကပိုပြီးလေ့ လာခဲ့ကြတယ်။ကျွန်မကညကိုးနာရီမှာပို့ထားခဲ့ပြီး မနက်လေးနာရီလောက်မှာပြန်ခေါ်ထုတ်ပေးလိုက် တယ်။တစ်ညလုံးနိုင်ငံခြားသတင်းထောက်ဟာကျွန်မဆီက ဝေဒနာရှင်တွေကိုမေးချင်သလိုမေးပေ တော့ပေါ့”
မင်္ဂလာတောင်ညွန့်မြို့နယ်မှာလူငယ်များ၊ကလေးများကလည်းဒေါ်ဖြူဖြူသင်း ကိုမီဒီယာမှတစ်ဆင့်သိပြီးဖစ်ြနေကြသည်။
“မီဒီယာအပေါ်မှာပွင့်လင်းဖို့လိုအပ်ပါတယ်။အဘဦးဝင်းတင်ကလည်းမီဒီယာ အရေးပါကြောင်းမကြာမကြာပြောပါတယ်
၂၀၁၂၊ဧပြီ(၁)ရက်ကအနိုင်ရရှိချိန်မှာဒေါ်ဖြူဖြူသင်း၏ပျော်ရွှင်မှုကိုကျွန်တော် မေးကြည့်၏။
“အဓိကတော့ပြည်သူတွေကပျော်ကြတာပေါ့၊ပြည်သူလူထုရဲ့ပျော်ရွှင်မှုဟာ ကျွန်မထံကူးစက်လာပြီးကျွန်မလည်းပျော်ပါတယ်။တစ်ချိန်တည်းမှာပြည်သူလူထုကိုကျွန်မအလုပ်တွေ အများကြီးလုပ်ပေးရမယ်ဆိုတဲ့တာဝန်ကိုအလေးအနက်သိနားလည်လိုက်ပါတယ်

No comments: