အားလုံးအမြင်ကျည်းမြောင်းမှု၊လူမျိုးကြီးဆန်မှုကနေလွတ်မြောက်နိုင်ကြပါစေ၊
ကိုကိုဦး(သူပုန်ကျောင်းသား-၈၈)၊
ဘာသာရေးပတိပက္ခတွေက ရပ်တန်းကမရပ်ပဲပိုဆိုးလာနေတယ်၊
မြစ်ဆုံကိစ္စ၊ လက်ပံတောင်းကိစ္စ၊ လယ်မြေယာမြေ သိမ်းသည့်ကိစ္စ၊
ရခိုင်က ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုသည့် ကိစ္စ
အစရှိသော များပြားလှသည့် ကိစ္စရပ်များအပေါ် လူတွေ အာရုံ မရောက်စေရန်
လမ်းလွှဲသော လုပ်ရပ်ပဲဆိုတာအတော်ကိုထင်ရှားလာပါပြီ၊
သို့သော် ကိုယ့်တိုင်းပြည်ကို ကြေမွအောင်သမနေသည့် တရုတ်ကုမ္ပဏီနှင့် မတရားဂုတ်သွေးစုတ်နေကြသူတွေကိုမုန်းတီးရေးကိုတော့ ဘာကြောင့်
မလုပ်ကြသလဲဟု မေးခွန်းမေး စရာ ဖြစ်လာသည်။ မွတ်စလင်အစ္စလာန်မုန်းတီးရေးကို
ဦးပိုင်နှင့် တရုတ်ကုမ္ပဏီများက နောက်ကွယ်ကနေ ကြိုးကိုင် နေသလားဟုပင်
ကျနော်ထင်ပါတယ်၊
ဒီလိုအကျပ်အတည်းကနေဖေါက်ထွက်ဖို့ ဗုဒ္ဒဘာသာပဲဖြစ်ဖြစ်၊မူဆလင်ပဲဖြစ်ဖြစ်၊
ခရစ်ရန်ပဲဖြစ်ဖြစ်၊ဟိန္ဒူပဲဖြစ်ဖြစ် အမြင်ကျယ်ကျယ်နဲ့ညီညွတ်ရေးကိုတည်ဆောက်သင့်ပါတယ်၊
ဒီလိုတည်ဆောက်တဲ့နေရာမှာ နာမည်ဘယ်လောက်ကြီးကြီး၊ ရာထူးဘယ်လောက်ကြီးကြီး၊
သြဇာဘယ်လောက်ကြီးကြီး အမြင်ကျည်းမြောင်းတဲ့သူတွေဖြစ်ရင် ဆရာတော်ကြီးပဲဖြစ်ဖြစ်၊
ဗလီဆရာကြီးပဲဖြစ်ဖြစ်၊ အားလုံးကိုဘေးဖယ်ထားသင့်တယ်၊ အမြင်ကျယ်တဲ့သူတွေ
ရှေ့ထွက်ဦးဆောင်ပြီး လူမျုးစုံဘာသာစုံချစ်ကြည်ရေးကို လူနဲ့မဟုတ်မူနဲ့တည်ဆောက်စေချင်ပါတယ်၊
အမေရိကန်နိုင်ငံဟာ ကျွန်အရောင်းအ၀ယ်များ၊အသားအရောင်လူမျိုးရေးခွဲခြားမှု
ပြဿနာများကနေ နှစ်ပေါင်းများစွာရုန်းထလာခဲ့ရတယ်၊ နောက်ဆုံး သူတို့နိုင်ငံမှာ လူမျိုးဆိုတဲ့အခေါ်အဝေါ်အစား နိုင်ငံသားလို့ခေါ်ဝေါ်သုံးစွဲလာရတဲ့အထိ ပြောင်းလဲမှုတွေရှိခဲ့တယ်၊
ငါဘာလူမျိုးဖြစ်ပါတယ်၊ ငါ့ကိုဘာလူမျုးအဖြစ်သတ်မှတ်ပေးပါလို့တောင်းဆိုတဲ့
လူမျိုးဆိုတာလည်းအမေရိကန်နိုင်ငံမှာမရှိတော့ဘူး၊မြန်မာ့ပြည်မှာကတော့
တောင်းနေဆဲဖန်တီးနေဆဲပါပဲ၊ တန်းတူအခွင့်အရေးကိုတောင်းဆိုရမည့်အစား
လူမျိုးတစ်မျိုးတောင်းလိုက်တော့ ဖွတ်မရဓါးမဆုံးရတဲ့အဖြစ်မျိုးဖြစ်လာရတယ်၊
ဒါဟာအမြင်ကျည်းမြောင်းတဲ့ဦးဆောင်မှု့ရဲ့အကျိုးဆက်တွေဖြစ်တယ်၊
အမေရိကန်မှာတောင် အလုပ်လျှောက်ရင်သာ white, African Americanယ Asian, Islander စသည်ဖြင့်ဘယ်လိုမျိုးနွယ်စုကနေဆင်းသက်လာသလည်းလို့ မေးခွန်းတွေတောင်
ဒီနေ့ခေတ်မမှီတော့ဘူးလို့ပြောနေကြပြီ၊ လူတွေကငြားချင်တဲ့သူတွေငြားပြီး ပွါးများလာနေပါပြီ၊
ပြောရမယ်ဆိုရင်တော့ Mixed တွေကအရမ်းကိုများလာနေပြီ၊ သူတို့ကိုသူတို့ world people
ရယ်လို့ပဲခံစားနေကြပုံရတယ်၊
မြန်မာပြည်မှာလည်း မြန်မာ့လို့ခေါ်ဆိုနေကြသူအများစုဟာအနည်းဆုံး သူတို့ဘိုးဘွားတွေဟာ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုကလာတယ်ဆိုတာလူတိုင်းလေ့လာသိရှိနိုင်ပါတယ်၊
ဒီတော့ဒီနေ့မြန်မာဆိုတာ တိုင်းရင်းသားတွေအပါအ၀င်မှီတင်းနေထိုင်သူ နိုင်ငံသားတွေအားလုံး
ဘုံပိုင်ဆိုင်တဲ့ သကေ`်တလို တဖြေးဖြေးပြောင်းလဲလာနေပါပြီ၊
ကျနော်အနေနဲ့ဒီလိုကမ္ဘာကြီးကကျည်းလာနေပြီအချိန်မှာ ငါမှာဘာလူမျိုးကွလို့
အော်နေမဲအစား မိမိတို့လက်ရှိပိုင်ဆိုင်ထားတဲ့ ဘာသာစကားစာပေတွေကို
မပျောက်မပျက်ဖို့အတွက်သာ ပိုပြီးအာရုံစိုက်သင့်တယ်လို့ထင်ပါတယ်၊
ကျနော်အတွက်ကတော့ဘာလူမျိုးညာလူမျိုးခေါ်တာထက်ထက်စာရင် နိုင်ငံသားတစ်ဦး၊
ဌါနေတိုင်းရင်းသားတစ်ဦးဖြစ်ရင်လုံလောက်နေပါပြီ၊
အဓိကကတော့ ထာဝရပြောင်းလဲနေတဲ့ကမ္ဘာနိယာမကြီးကို ကျနော်တို့အားလုံး
မလွန်ဆန်နိုင်ဘူးဆိုတဲ့အချက်ကို လုံးဝလက်ခံထားလို့ပါပဲ၊
အားလုံးအမြင်ကျည်းမြောင်းမှု၊လူမျိုးကြီးဆန်မှုကနေလွတ်မြောက်နိုင်ကြပါစေဗျာ

No comments:
Post a Comment