၈ လေးလုံး လှုပ်ရှားမှု ငွေရတု ကျင်းပရေး သတင်းစာရှင်းလင်း
Sunday, June 16, 2013
၈ လေးလုံးအရေးတော်ပုံ လှုပ်ရှားမှု ငွေရတုအမှတ်တရအခမ်းအနား
ကျင်းပရေးနှင့်ပတ်သက်၍ အကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ ညနေ ၄ နာရီက
သင်္ဃန်းကျွန်းရှိ ၈၈ ရုံးခန်းမှာ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ပြပွဲကျင်းပရေးဆိုင်ရာ စီမံထားမှုများ၊
ဘဏ္ဍာရေးဆိုင်ရာ စီမံထားမှုများ ဖိတ်ကြားရေးဆိုင်ရာ စီမံထားမှုများအပါအ၀င်
ပွဲဖြစ်မြောက်ရေးအတွက် ကဏ္ဍအလိုက်ဖွဲ့စည်းထားသော ဆပ်ကော်မတီ ၁၀ ခု၏
ဆောင်ရွက်ဆဲအခြေအနေများနှင့် ပတ်သက်ပြီး တာဝန်ရှိသူ အသီးသီးက
ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ငွေရတု အခမ်းအနားအား သြဂုတ်လ
၆-၇-၈ ( ၃ ရက်) များတွင် ကျင်းပသွား မည်ဖြစ်ပြီး ဖိတ်ကြားရေးဆိုင်ရာ
အစီအစဉ် ၁၂ ရပ် ၊ ချမှတ်ဖိတ်ကြားသွား မည်ဖြစ်ကြောင်းသိရသည်။
အခမ်းအနားပြုလုပ်မည့် နေရာနှင့်ပတ်သက်၍ လတ်တလောတွင်
အတည်ပြုနိုင်ခြင်းမရှိသေးဘဲ၊ ကနဦး ရည်ရွယ်ထားချက်အရ ရန်ကုန် တက္ကသိုလ်
ဘွဲ့နှင်းသဘင် ဖြစ်ပြီး အဆိုပါနေရာ မရရှိပါက
မြန်မာကွန်ဗင်းရှင်းစင်တာတွေပြု လုပ်သွားရန် လျာထားကြောင်းသိရသည်။
NLA
Popular Myanmar News Journal
—


Sunday, June 16, 2013
၈ လေးလုံးအရေးတော်ပုံ လှုပ်ရှားမှု ငွေရတုအမှတ်တရအခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍ အကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ ညနေ ၄ နာရီက သင်္ဃန်းကျွန်းရှိ ၈၈ ရုံးခန်းမှာ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ပြပွဲကျင်းပရေးဆိုင်ရာ စီမံထားမှုများ၊ ဘဏ္ဍာရေးဆိုင်ရာ စီမံထားမှုများ ဖိတ်ကြားရေးဆိုင်ရာ စီမံထားမှုများအပါအ၀င် ပွဲဖြစ်မြောက်ရေးအတွက် ကဏ္ဍအလိုက်ဖွဲ့စည်းထားသော ဆပ်ကော်မတီ ၁၀ ခု၏ ဆောင်ရွက်ဆဲအခြေအနေများနှင့် ပတ်သက်ပြီး တာဝန်ရှိသူ အသီးသီးက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ငွေရတု အခမ်းအနားအား သြဂုတ်လ ၆-၇-၈ ( ၃ ရက်) များတွင် ကျင်းပသွား မည်ဖြစ်ပြီး ဖိတ်ကြားရေးဆိုင်ရာ အစီအစဉ် ၁၂ ရပ် ၊ ချမှတ်ဖိတ်ကြားသွား မည်ဖြစ်ကြောင်းသိရသည်။
အခမ်းအနားပြုလုပ်မည့် နေရာနှင့်ပတ်သက်၍ လတ်တလောတွင် အတည်ပြုနိုင်ခြင်းမရှိသေးဘဲ၊ ကနဦး ရည်ရွယ်ထားချက်အရ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ဖြစ်ပြီး အဆိုပါနေရာ မရရှိပါက မြန်မာကွန်ဗင်းရှင်းစင်တာတွေပြု
NLA
Popular Myanmar News Journal

No comments:
Post a Comment