Sunday, June 16, 2013

မိုးသီးဇွန်ပြောပြတဲ့ ဇွန်လကျောင်းသားလှုပ်ရှားမှု


၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှု ၂၅ နှစ်ပြည့် အခန်း အနားကိုအဲဒီအချိန်ကပါဝင်လှုပ်ရှားခဲ့ သူတွေက ရန် ကုန်မြို့ တော် ဝင်နှင်းဆီခန်းမှာ ဒီနေ့ ကျင်းပဖို့ စီစဉ်ထား ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့  အခမ်းအနားစီစဉ်ရေးမှာ ပါဝင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-ပြည်တွင်း ဥက္ကဌ ကိုဇေယျက အခုလိုပြောပါတယ်။
"၈၈ဒီမိုကရေစီအရေးတော်ပုံကို ပေါ်ပေါက်စေခဲ့တဲ့ ၈၈ ဇွန် ကျောင်း သား လှုပ်ရှားမှုက အဓိကကျတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင်နိုင်တဲ့ အနေအထားအရ မေ့မရတဲ့ ဒီဟာလေး ကို ငွေရ တု အထိမ်း အမှတ် အနေ နဲ့ ပီပီပြင်ပြင် ကျင်း ပနိုင် ဖို့ ပြင် ဆင်ထားပါတယ်"
၁၉၈၈ ခုနှစ် မတ်လက စက်မှု တက္ကသိုလ် ကျောင်းသား ကိုဘုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို မဆလအစိုးရ လုံထိန်းတပ်တွေရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးရတာ၊ အင်းလျားကန်ဘောင် မှာ ကျောင်းသားတွေရဲ့ ဆန္ဒပြမှု အကြမ်းဖက်ဖြိုခွဲခံရပြီး ကျောင်းသားမြောက်အများ ဖမ်းဆီး ထိန်းသိမ်းခံရတာတွေဖြစ်ခဲ့တဲ့အတွက် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက အစိုးရဆန့်ကျင်ရေးကို ဇွန်လမှာ ဆက်လက်လှုပ်ရှားခဲ့တာပါ။

အဲဒီလှုပ်ရှားမှုမှာ ကိုဘုန်းမော်၊ ကိုစိုးနိုင်တို့ အသတ်ခံရမှုအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ၊ ဖမ်းဆီးကျောင်းသားပြန်လွှတ်ပေးဖို့ တွေတောင်းဆိုခဲ့ကြပြီး ရန်ကုန်တက္ကသိုလ် ကျောင်းဝင်း ထဲမှာ သပိတ်မှောက် တဲ့အဆင့်ကနေ လမ်းတွေပေါ် ထွက်ပြီး ချီတက်တဲ့အထိဖြစ်လာခဲ့ပါတယ်။
ချီတက်လာတဲ့ကျောင်းသားတွေကို ရန်ကုန်မြို့ မြေနီကုန်းအရောက်မှာ လုံထိန်းတပ်ဖွဲ့  တွေက အကြမ်း ဖက် နှိမ်နင်းခဲ့တဲ့အတွက် အရပ်သားပြည်သူတွေနဲ့ လုံထန်း တွေကြား အဓိကရုဏ်းဖြစ်ပြီး လုံထိန်း တပ် ဖွဲ့ဝင်တချို့ရော ကျောင်းသား ပြည်သူတွေ ဘက်ပါနှစ်ဘက်သေကြေဒဏ်ရာရခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကိုမိုးသီးဇွန်ရဲ့ အတွေ့အကြုံ တချို့ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထား ပါတယ်။

No comments: