ဝှုတ်ခနဲ ဖြစ်စေသတည်းပေါ့ဗျာ။ ခုတော့ ပြည်သူ့ ဆန္ဒနဲ့ ရွေးချယ်ထားတဲ့
ကိုယ်စားလှယ်တွေ ငုတ်တုတ် အလတ်ကြီးရှိနေတဲ့ လွှတ်တော်များကသာ
ဖြူသည်မည်းသည် ထုတ်ပြန်ကြေညာတာကို စောင့်ကြည့်ပြီး ကျွန်တော်တို့ က
ပြည်သူလူထုဖြစ်စေချင်တာကို အရိုးကြေကြေ အရေခမ်းခမ်း လုပ်ဆောင်ပါ့မယ်..
စသဖြင့်.. မြန်မာနိုင်ငံရဲ့  ဘူးစုခရုစု ပြဿနာပေါင်းစုံကို အဖြေရှာထုတ်ပေးဖို့ ၊
ပဲခူး စစ်ကိုင်း မရောက်ဘဲ နေပြည်တော်လွှတ်တော်မှာ ခစားဒူးထောက်ဖို့ 
ယနေ့ လက်ရှိ အာဏာရပါတီခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ 
ရံဖန်ရံခါ အတိုက်အခံဆိုသူတွေပါ စေညွှန်းအရောက်ပို့ နေကြတယ်။
လွှတ်တော်ထဲကအမတ်တွေရဲ့  လာရာနဲ့ လားရာကို အူမကအစ ချေးခါးမကျန်
နောကြေအောင်သိထားတဲ့ ပြည်သူတွေက စစ်တပ်မကြိုက်တဲ့နိုင်ငံရေးကို
မတို့ မထိ ရေဆန်လေမကန်တဲ့ လွှတ်တော်ကြီးဆိုတာ နားလည်ထားတယ်။
ကိုင်းဖျားကိုင်းနားကိစ္စတွေမှာသ
ယူနီဖောင်းဝတ်တွေ ကွဲလွဲကောင်း ကွဲလွဲနိုင်သော်ငြား စစ်အုပ်စုအကျိုးစီးပွား
အနှစ်သာရပါလာတဲ့အခါ ပခုံးပုတ်စရာမလိုဘဲ တစ်ဖက်တည်းသို့  ပြေးကပ်၊
ညီနောင်ရင်းချာသကဲ့သို့  သွေးစည်းတစ်သားတည်းဖြစ်နေကြပုံက
အမိန့် စောင့်စရာလိုတဲ့ အာဏာရှင်ဗိုလ်သန်းရွှေခေတ်ကထက် ပိုရုပ်ပျက်တယ်။
အခြေခံဥပဒေပြင်ချင်လား.. လာခဲ့ ကျုပ်တို့ ရဲ့ လွှတ်တော်ဆီ။
တိုင်းရင်းသားတွေ လိုလားငတ်ပြတ်ခဲ့တဲ့ ဖက်ဒရယ်နဲ့  နိုင်ငံရေးမယ် ပါဝင်လိုမှု..
လာခဲ့ ကျုပ်တို့ ရဲ့ လွှတ်တော်ဆီ။ သမ္မတဆိုလား ဂျိုပါဖို့ မလို.. လာခဲ့ ကျုပ်တို့ ရဲ့ 
လွှတ်တော်ဆီ။ ဆီ ဆန် ဆား ငရုတ် ကြက်သွန် အကုန်ရမယ်.. လာခဲ့
ကျုပ်တို့ ရဲ့  လွှတ်တော်ဆီ။ ၂၀၁၅ မတိုင်မီ စစ်အုပ်စုအနားမသတ်ရသေးဘဲ
တန်းလန်းကျန်ရစ်တဲ့ (ဒါမှမဟုတ်) ကြားဖြတ်အလွန် ပေါ်ပေါက်လာတဲ့
နိုင်ငံရေးရာသီဥတုကို တည်မှီပြီး ကောက်ချက်ဆွဲ လုပ်ရမယ့် ဗျူဟာများကို
အောင်မြင်အောင် လက်စသတ်ဖို့  အပြင်းအထန် ကြိုးစားကြလိမ့်မယ်။
အစိုးရသစ် တက်လာပြီးနောက် လွှတ်တော်ထဲကနေ ထွက်လာတဲ့ ဥပဒေ၊
နည်းဥပဒေတွေဟာ ဒီမိုကရေစီစံများနဲ့  ဘယ်လောက်တောင် သွေဖီနေတယ်၊
ပြည်သူအကျိုးစီးပွားနဲ့  လူထုလွတ်လပ်ခွင့်ကို ဘယ်လောက်တောင်
ကျောခိုင်းလစ်လျူရှုတယ်ဆိုတာ ထင်ရှားလှတဲ့ သာဓကများဖြစ်တဲ့အပြင်
လာမယ့် လွှတ်တော်နေ့ ရက်များမှာလည်း အလုအယက် ခလုတ်တိုက်မတတ်
တင်ပြဆွေးနွေးကြဖို့  လက်ရေးတပြင်ပြင်ဖြစ်နေတဲ့ ဥပဒေမူကြမ်းအသစ်တွေနဲ့ 
ထောင်းလမောင်းထနေလိမ့်ဦးမယ်။ တက်သုတ်ရိုက် ပန္နက်ချပြီးသကာလ
နိုင်ငံသားတွေကို အကျဉ်းအကျပ်ထဲ၊ တုပ်တုပ်မှ လှုပ်မရအောင် အရောက်ပို့ သ
ကြဦးမယ်။ လွှတ်တော်ဆီက မျှော်လင့်နိုင်တာက စစ်ဗိုလ်ကြိုက်ဥပဒေများက
လွဲလို့  ကျန်တာကို မိန်းမောနေသူဟာ သူရူးတစ်ယောက်ဘဲဖြစ်မယ်။
ဒီတော့ ပြည်သူတစ်ယောက်အနေနဲ့  မိမိလိုလားနှစ်သက်တဲ့နိုင်ငံရေး
ဥပမာအားဖြင့် သမ္မတရွေးချယ်တဲ့အခါ ပြည်သူက တိုက်ရိုက်ရွေးချယ်နိုင်ခွင့်၊
၂၀၀၈ ဖွဲ့ စည်းပုံထဲက မိမိ လက်သင့်မခံနိုင်တဲ့ ဘယ်ပုဒ်မ၊ ဘယ်အခန်း၊
ဘယ်အပိုဒ်ကိုဖြင့် ဖျက်သိမ်းပေးဖို့ စတဲ့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ သဘောဆန္ဒနဲ့ 
လိုလားတောင့်တမှုဟာ ပြည်သူတွေကြား ဘယ်အတိုင်းအဆမျှထိ
ရှိနေတယ်ဆိုတာ လမ်းမတွေပေါ်ထွက်ပြီး ကြွေးကြော်သံတွေတိုင်၊
ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒဖော်ထုတ်ကြရမယ်။ ဒီလိုဆန္ဒထုတ်ဖော်မှုတွေကို
အစိုးရအနေနဲ့  လမ်းပိတ်လို့  ဖုန်ထလို့ ဆိုတဲ့ မဟုတ်တမ်းတရား ဆင်ခြေပေး
မနေဘဲ လိုက်လျောရမယ်။ ဘုရားအလားအမှတ်နဲ့ စောင့်ကြည့်နေပေမယ့်
ဖွတ်သေး ဖွတ်ကြီး ဖွတ်စကောစကတွေသာ တစ်ကောင်ပြီးတစ်ကောင်
ထွက်လာမှတော့ ကိုယ်ကိုယ်တိုင်ဘဲ ကျင့်ကြံအားထုတ် ကြိုးကုတ်ပြင်ဆင်မှ
ဖြစ်မယ်။ လောလောဆယ်တော့ နေပြည်တော်လွှတ်တော်နဲ့  အစိုးရအဖွဲ့ ဟာ
ခေတ်အဆက်ဆက်နဲ့  ရှစ်လေးလုံး ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုများရဲ့ 
လိုလားချက်ပန်းတိုင်မဟုတ်တဲ့အပြ
တစတစဆီ ဆွဲဖြဲ လုံးချေနေတဲ့ ဂိုဏ်းပေါင်းစုံလို့ သာ နှလုံးသွင်းသင့်ကြပါပြီ။
No comments:
Post a Comment