Saturday, January 11, 2014

"ကာချုပ်ကြီးနဲ့ ကာလုံသို့ အကြံပြုစာ"


လွှတ်တော်ထဲကို စစ်ဗိုလ်အမျိုးသမီးနှစ်ဦး ထပ်ထည့်လိုက်တဲ့ ကာချုပ်ရဲ့ လုပ်ရဲ့ဟာ ပြည်သူ့အသံ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလိုက်တာပါ

လူတွေ ဘယ်လောက်အော်အော် ငါ လုပ်ချင်ရာ ငါတို့ လုပ်ချင်ရာ လုပ်မှာပဲ ဆိုတဲ့ သဘောပါ

ခင်ဗျားတို့ ဆရာသခင်တွေ အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ နှစ်တွေ ဆယ်စုနှစ် ၂ နှစ် ကျော်ခဲ့ပါတယ် လက်ရှိလည်း ခင်ဗျားတို့ အုပ်စုထဲကပဲ ဘောင်းဘီချွတ်ပီး ဆက်လက်လုပ်နေဆဲပါ

တိုင်းပြည်လည်း စိစိညက်ညက်ကျေလို့ ကုန်းကောက်စရာမရှိအောင် မွဲတေပြာကျနေပါပီ

တရားဥပဒေအရလည်း စိုးမိုးမှုမရှိခဲ့လို့ ဘင်္ဂါလီငါးသိန်းကျော်လည်း white card ထုတ်ပေးခဲ့ရပီး တိုင်းပြည်ရဲ့ လွှတ်တော်ထဲမှာလည်း သုံးယောက်သား ပြူးကြောင်ကြောင်နဲ့ အသံကြောင်တွေ ဟစ်တောင်းဆိုနေကြပါပီ (white card မှ Pink card, pink card မှ မှတ်ပုံတင်ကဒ်)

ရွှေဥတစ်နေ့တစ်လုံးဥပေးနေတဲ့ လက်ပံတောင်းလည်း ခင်ဗျားတို့ ရောင်းစားခဲ့ပီ၊ ကျောက်ဖြူ ကူမင်းဓါတ်ငွေ့ပိုက်လိုင်းကြီးနဲ့လည်း ပေါက်ဖော်ကြီးက စုပ်ယူစားသုံးနေတာ နေ့တိုင်းအချိန်တိုင်း ဖြစ်နေခဲ့ပါပီ မေခ-မလိခမြစ်ဆုံကိုလည်း ထိုးရောင်းခဲ့လို့ ခင်ဗျားတို့ ဆွေမျိုးပေါက်ဖော်ကြီးက ရာဇသံတွေ အပေးခံခဲ့ရပါပီ

နှစ်ပေါင်းများစွာ ခင်ဗျားတို့ ကြိုးစားခဲ့ကြပီ လို့ ယူဆပီးပြောမယ်ဗျာ

ဘာမှ ဖြစ်မလာခဲ့ဘူး မဟုတ်လား

တိုင်းပြည်နဲ့ ပြည်သူလည်း နှစ်ငါးဆယ်စာလောက် နောက်ကောက်ကျ တစ်ခေတ်မှေးမှိန်ခဲ့တယ် မဟုတ်လားဗျာ

ခင်ဗျားတို့ လက်လျှော့သင့်ပါပီဗျာ

စီးပွားရေးကျွမ်းကျင်သူများ စီးပွားရေးလုပ်စေရင်း တိုင်းပြည်ကို အလုပ်အကျွေးပြုပါစေ

တရားရေးရာကျွမ်းကျင်သူများ တိုင်းပြည်ကို တရားရေးရာ စီရင် အလုပ်အကျွေးပြုပါစေ

ပညာရေးနဲ့ ကျန်းမာရေးကျွမ်းကျင်သူများ တိုင်းပြည်ကို သူတို့ ပညာတွေနဲ့ အလုပ်အကျွေးပြုပါစေ

စာပေမဏ္ဍိုဏ်စာနယ်ဇင်းကျွမိးကျင်သူများ စတုတ္ထမဏ္ဍိုဏ်တည်တံ့ခိုင်မာစေပီး တိုင်းပြည်နဲ့ ပြည်သူကို အလုပ်အကျွေးပြုပါစေ

နိုင်ငံရေး သံတမန်ရေး ဥပဒေကျွမ်းကျင်သူများ တိုင်းပြည်နဲ့ လုထုအတွက် အာမခံအပြည့်အဝရှိပီး ခိုင်မာတဲ့ ဥပဒေတွေပေါ်ပေါက်စေပီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေဖို့ ဒင်းတို့တတွေကို အလုပ်အကျွေးပြုပါစေ

ခင်ဗျားတို့ ကျွမ်းကျင်တဲ့ စစ်သေနင်္ဂဗျူဟာတွေနဲ့ ခင်ဗျားတို့ကျနော်တို့ တပ်မတော်ကြီး အင်အားခိုင်မာတောင့်တင်းအောင် ခင်ဗျားတို့ အလုပ်အကျွေးပြုတည်ဆောက်ကြပါလားဗျာ
ပြည်သူတွေရဲ့ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ အောင်ပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခြင်းခံရမဲ့ အောင်တပ်မတော်ကြီးဖြစ်အောင် ခင်ဗျားတို့ ကျွမိးကျင်ပါတယ်ဗျာ လုပ်လိုက်စမ်းပါ စစ်သားကောင်းကြီး ပီသပြလိုက်စမိးပါဗျာ

ကာချုပ်ကြီးနဲ့ ကာလုံကြီးတွေရယ် ခင်ဗျားတို့ စွမ်းပါတယ် ခင်ဗျားတို့ ရဲ့ စစ်ရေးနယ်ပယ်မှာ ရန်သူကို ဘယ်လိုချဉ်းကပ်ရမယ်၊ ရန်သူ့သတင်း ဘယ်လိုယူရမယ်၊ တပ်ရင်းတပ်မအတွင်း သက်သာချောင်ချိအောင်ဘယ်လိုလုပ်ပေးရမယ် တပ်မိသားစု စားဝတ်နေရေးချောင်လည်ရေး အငြိမ်းစားယူတဲ့အခါ တပ်မတော်သားတွေဘဝ အာမခံချက်ရှိအောင် တည်ဆောက်ပေးရေး စတာတွေ ခင်ဗျားတို့ အရည်အချင်းတွေ အလဟသ မဖြစ်ပါစေနဲ့လားဗျာ
ခင်ဗျားတို့ တပ်မတော်သားတွေ စည်းကမ်းလိုက်နာရေး ပြည်သူကို အမိအဘသဖွယ် ကာကွယ်စောင့်ရှောက်ရေး စတာတွေ သင်ကြားပြသပေးပီး တိုင်းရင်းသား/သူ တွေကို အနိုင်မကျင့်၊ မုဒိမ်းမကျင့်စေဖို့၊ဘဏ်ဓါးပြအဖြစ် မခံယူကြစေဖို့ လုယက်ခိုးဆိုးစာအုပ်ရောင်းသူပန်းစိုက်သူတွေလို မဖြစ်ကြစေဖို့ ခင်ဗျားတို့ တပ်မတော်သားတွေ ကို သင်တန်းပေးသွန်သင်ဆုံးမဖို့ ခင်ဗျားတို့ ကျွမ်းကျင်ပါတယ်ဗျာ လုပ်ပြလိုက်စမ်းပါ ချပြလိုက်စမ်းပါ ကမ္ဘာမှာ မြန်မာစစ်တပ်ဆိုတာ ဒီလို စည်းကမ်းကောင်းတာ တိုက်ရည်ခိုက်ရည်ပြည့်ဝတာ သူရဲကောင်း သူရဘွဲ့ သီဟသူရဘွဲ့ထူးချွန်သူတွေ မွေးထုတ်နိုင်တယ်ကွ ဆိုပီး လက်မထောင်နိုင်အောင် ခင်ဗျားတို့ လုပ်ပြစမ်းပါဗျာ ကျနော်တို့ ပြည်သူတွေ ဂုဏ်ယူချင်လွန်းလို့ ရင်ကော့ချင်လွန်းလို့ ခေါင်းမော့ချင်လွန်းလို့ပါဗျ

ကာချုပ်ကြီးနဲ့ ကာလုံကြီးတို့ သိပါတယ်

ခလုပ်တိုက်မိလို့ ခြေထောက်ကွဲတာ ခြေထောက်နာတာ အဲ့ဒိ ခဲကို မင်းမမြင်လို့ ဆိုပီး မျက်စိ ပါဝါစစ်ပီး မျက်မှန်တပ်ခိုင်းနေရင် ခြေထောက်နာ ဘယ်လိုလုပ်ပျောက်မှာလဲဗျာ
ဗိုက်နာလို့ အစာအိမ်နာလို့ ဆိုတာကို မင်းဒီပါးစပ်ပေါက်က တွေ့ကရာစားလို့သောက်လို့ ဆိုပီး ပါးစပ်ပေါက်ကို အပ်နဲ့ချုပ်လို့ ဗိုက်နာပျောက် အစာအိမ်နာပျောက်မှာ မဟုတ်ဘူးလေဗျာ

အစာနဲ့ဆေး တည့်မှ ဖြစ်သလို အနာနဲ့ ဆေး တည့်မှ ဖြစ်တာကို ခင်ဗျားတို့ သိပါတယ်ဗျာ

အဲ့ဒိတော့ ဥပဒေပြုရေး၊ သံတမန်ရေး၊ နိုင်ငံရေးဆိုင်ရာ လွှတ်တော်ရေးရာဆိုင်ရာတွေမှာ တိုက်ရည်ခိုက်ရည်ကောင်းတဲ့ စစ်သားကောင်းစစ်သားမြတ်တွေ ဘယ်လိုသွားအလုပ်ဖြစ်မှာလည်းဗျာ အုပ်ချုပ်ရေးပိုင်းမှာရော ဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲဗျာ အတိတ်ကသာဓကတွေအရ တိုင်းပြည်လည်း ဂျူံးဂျူံးကျခဲ့ပီလေဗျာ

အဲ့တော့ဗျာ ဘောင်းဘီချွတ်ထားတဲ့ ခင်ဗျားတို့ ဆရာတွေရော၊ ဘောင်းဘီဝတ်နေဆဲ ခင်ဗျားတို့ရော ခင်ဗျားတို့နဲ့ လားလားမှ မအပ်စပ်မပက်သက်တဲ့ နေရာတွေကနေ ခင်ဗျားတို့နဲ့ အင်မတန်လိုက်ဖက်တဲ့ စစ်တပ်ရင်း စစ်တပ်မတွေဆီကို ပြန်သွားပီး တိုင်းပြည်နဲ့ ပြည်သူအရမ်းချစ်ခင်ဂုဏ်ယူရတဲ့ စစ်တပ်ကြီးဖြစ်အောင် ကိုယ့်နေရာကို ပြန်လိုက်ပါတော့လား ခင်ဗျာ..........
— feeling hopeful with Ashin Kawwida and 63 others.

No comments: