မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Saturday, January 11, 2014

မြောက်အမေရိကတိုက်တွင်ဖြစ်ပေါ်နေတဲ့ အအေးလွန်ကဲမှု


Weather News Update
10-1-2014
1:33 am

(၁) မြောက်အမေရိကတိုက်တွင် လက်ရှိကြုံတွေ့နေရတဲ့ အအေးလွန်ကဲမှုမှာ အလွန်အေးသော အာတိတ်ဒေသမှလေများတိုးဝင်မှု(Arctic Blast) ဟုခေါ်လေ့ရှိတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

(၂) မြောက်အမေရိကတိုက်တွင် ဖြစ်ပေါ်နေတဲ့ အအေးလွန်ကဲနေတဲ့ ဒေသတွေမှာ အအေးဆုံးအပူချိန်ကျဆင်းမှုအနေနဲ့-28 deg C အထိတိုးတာ ရရှိနေပါတယ်။ ဒါပေမယ့် လေတိုက်ခတ်တဲ့အခါမှာတော အပူချိန်ကျဆင်းမှုဟာ ပိုကျဆင်း သွားလေ့ ရှိပြီး ဒေသအချို့တို့မှာ - 40ိ deg C အထိရှိခဲ့လို့ လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

(၃)Great Lake အတွင်း ရေခဲမှုဧရိယာပမာဏလေ့လာမှုများအရ ၂၀၀၄ ခုနှစ်ဟာ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ အအေးဆုံးနှစ်ဖြစ်ပါတယ်။ လွန်ခဲတဲ့ (၃၃)နှစ်အတွင်း လက်ရှိ ၂၀၁၄ ခုနှစ် ထက်ပိုအေးတဲ့ နှစ်တွေကတော့ ၁၉၈၁၊ ၁၉၈၈၊ ၁၉၉၀ နှင့် ၂၀၀၄ ခုနှစ်တို့ဖြစ်ကြပြီး၊ အားလုံးတွင် ၁၉၈၁ ခုနှစ်ဟာ အအေးဆုံးနှစ်ဖြစ်ပါတယ်။

(၄) Great Lake အေပ်ါရေခဲမှုကတော့ ဆက်လက်ရှိနေသေးပေမယ့် အအေးဓါတ်တွေကတော့ ပြန်လည်လျော့ကျလာနေပြီလို့ သိရပါတယ်။

ဒါပေမယ့် မေးခွန်း(၂)ခု မေးစရာရှိနေပါတယ်။
(၁) ဒီအအေးဓါတ်တွေ မြန်မြန် ပြန်လာဦးမလား?
(၂) အဲဒီအအေးဓါတ်တွေ အာရှဒေသဖက် ကူးလာဦးမလား?
ဆိုတဲ့ မေးခွန်းတွေဘဲဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်
(မှတ်ချက်။ သီးသန့်ဖြေပေးထားပါတယ်)

No comments: