Thursday, January 2, 2014

ပြစ်ဒဏ် လွတ်ငြိမ်း ခွင့် ပြုခြင်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတ ရုံး
အမိန့် အမှတ် ၁ /၂၀၁၄
၁၃၇၅ ခုနှစ် ၊ ပြာသို လဆန်း (၂) ရက်
(၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီလ ၂ ရက်)

ပြစ်ဒဏ် လွတ်ငြိမ်း ခွင့် ပြုခြင်း

(၆၆) နှစ်မြောက် လွတ်လပ်ရေး နေ့ကို ဂုဏ်ပြု သော အားဖြင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး နှင့် တရား ဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တို့ အတွက် လည်းကောင်း၊ လူသား ချင်း စာနာ ထောက် ထားမှုကို အလေး ပေးသော အားဖြင့် လည်းကောင်း၊ အကျဉ်း ထောင် အသီးသီး မှ ပြစ်ဒဏ် ကျခံ လျက် ရှိသော အကျဉ်း သားများ ကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (က) အရ နိုင်ငံတော် သမ္မတ သည် ၁၃၇၅ ခုနှစ်၊ ပြာသို လဆန်း ၃ ရက် (ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ) မတိုင်မီ ကျူးလွန် ခဲ့သော ပြစ်မှု တစ်ခုခုနှင့် စပ်လျဉ်း ၍ ပြစ်ဒဏ် ချမှတ် ခြင်း ခံရပြီး ပါက ယင်း ကဲ့သို့ ကျခံ နေရသော ပြစ်ဒဏ် အသီးသီး ကို အောက်ပါ အတိုင်း ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြု လိုက် သည် -

(က) သေဒဏ် ချမှတ် စေခြင်း ခံရသူ များ အတွက် ထောင်ဒဏ် တစ်သက် (နှစ် အကန့် အသတ် မရှိ) သို့ ပြောင်းလဲ ကျခံ စေရန်။

(ခ) နှစ် အကန့် အသတ် မရှိနှင့် ထောင်ဒဏ် တစ်သက် ကျခံ နေရသည့် အကျဉ်းသား များ (သေဒဏ် မှ ထောင်ဒဏ် တစ်သက် နှင့် နှစ် အကန့် အသတ် မရှိ သို့ လျော့ပေါ့ ကျခံ နေသူများ မပါ) နှင့် ထောင်ဒဏ် (၄၀) နှစ် အထက် ကျခံ နေရ သူများ အား ထောင်ဒဏ် (၄၀) နှစ် သို့ လျော့ပေါ့ ကျခံ စေရန်။

(ဂ) ထောင်ဒဏ် (၄၀) နှစ် နှင့် အောက် ကျခံ နေရသည့် အကျဉ်းသား များ အား ယင်းတို့ ကျခံ နေသော ထောင်ဒဏ် ၏ လေးပုံ တစ်ပုံ အား လျော့ပေါ့ ကျခံ စေရန်။

(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်

No comments: