Saturday, January 11, 2014

ဆရာတော် ရှင်ဆန္ဒာဓိကနှင့်အတူ ချင်းပြည်နယ်ခရီးစဉ် လိုက်ပါခဲ့တဲ့ အနီးကပ် ဒါကာ ကိုထွန်းထွန်းဝင်း ရေးသည် ။



မနက် ၆ နာ၇ီ ၄၅ မိနစ်မှာ ကားတန်းထွက်မယ်ဆိုတော့ ၆ နာရီ မနက်စာစား .. ကလေးမြို့ကနေ ကျွန်တော်တို့ ဘုန်းဘုန်းနဲ့အတူ အမေစု ကားတန်း မထွက်ခင် အရင်ထွက်လာခဲ့တယ် .. တစ်နာရီကျော် မောင်းရမယ်တဲ့ .. ဘုန်းဘုန်းကနေ ပညာရေးကျောင်း လက်ဆောင်မွန်ကို အမေစုအတွက် လှူပေးချင်ကြောင်းပြောတော့ အမေစုက တိုင်းရင်းသားတွေဆီမှာ လှူချင်ပါတယ် ဘုရားလို့ပြောတယ် .. ဒါနဲ့ ချင်းပြည်နယ် တီးတိန် ပြည်သူ့လွှတ်တော်အမတ် ဦးပုန်ခန့်အင်းရဲ့ အကြံပေးချက်အရ ကလေးမြို့နဲ့ တစ်နာရီကျော် မောင်းရတဲ့ ရွာငယ်လေးမှာ သိန်း ၅၂၀ အကုန်အကျခံ တည်ဆောက်ခဲ့တာပါ (ဘုန်းဘုန်းရဲ့ ကျောင်းဖွှင့်ပွဲအမှာစကားမှ) ..

ကလေးမြို့ ကနေ ထွက်လာပြီး လမ်းတစ်လျှောက်ကတော့ ရွာစဉ်တွေဖြတ်၊ လယ်တွေဖြတ် ဖုန်ထူတဲ့ မြေကြီးလမ်းပေါ့ .. ဒါပေမဲ့ရွာစဉ်တွေ ဖြတ်တဲ့အချိန်မှာ တွေ့ရတာက လမ်းတွေမှာ ရေတွေဖြန်းပေးထားပြီး ရွာလုံးကျွတ်တန်းစီစောင့်ကြိုနေတာပါ .. စဉ်းစားမိတယ် .. မေတ္တာ ရောင်ပြန်ဟပ်တာပဲလို့ .. ဘယ်သူမှ အတင်းအဓမ္မတိုက်တွန်းပီး ရေဖြန်းခိုင်းတာ၊ ကြိုခိုင်းတာ ရှိမှာမဟုတ် .. ပြည်သူကိုချစ်တဲ့အမေကို ပြည်သူကပြန်ချစ်ခင်တာပါ .. မကြိုက်တဲ့ သူလဲ ရှိမှာပေါ့..

အဲလို မကြိုက်တဲ့သူတွေ မနာလိုဖြစ်လဲဖြစ်ချင်စရာပါ .. ကြည့်လေ.... ဖုန်မထအောင် ရေဖြန်း ထားပေးတာ၊ တအိမ် တယောက် မတက်မနေရမဟုတ်ပဲ အိမ်လုံးကျွတ်ကြိုကြတာ၊ ဒီဓါတ်ပုံ ထဲကလို တချို့ဆိုရင် စားစရာတွေ ပန်းတွေကမ်းပေးကြတယ် .. တကယ်နှဖူးတွေ့ ဒူးတွေ့ ကြုံရတော့ မျက်ရေဝဲလောက်အောင် ကြည်နူးစရာကောင်းလှပါတယ် .. အမေစုက အလုပ် အရမ်းလုပ်သူဆိုတော့ အချိန်သိပ်မရပေမယ့် ဘုန်းဘုန်းရဲ့ ကျောင်းအလှူဖွင့်ပွဲကို ချင်းပြည် ခရီးစဉ်နဲ့ နှစ်ဦးနှစ်ဘက်ချိန်ပြီး တက်ရောက်လာဖြစ်တာပါ ..

အဲဒီကပြီးတာနဲ့ အမေစုက အရင်ပြန်တယ်.. ဘုန်းဘုန်းနဲ့ ကျွန်တော်တို့အဖွဲ့သားတွေ က အေးအေးဆေးဆေး အဖွဲ့လိုက် ဓါတ်ပုံတွေ ရိုက်ပြီးမှ ပြန်တယ်.. ကလေး ပြန်ရောက်တော့ ဘုန်းဘုန်းလဲ နေ့ဆွမ်းစား .. ကိုယ်တွေလဲ နေ့လယ်စာစားပေါ့ ..

အဲဒီအချိန် အမေစုကတော့ ကလေးကနေ တီးတိန်ကို ညနေ ၄ နာရီ ပြည်သူနဲ့တွေ့ဆုံပွဲ အမှီ ထွက်ခွါသွားပါပြီ .. ဘုန်းဘုန်းနဲ့ ကျွန်တော်တို့လဲ နေ့ခင်းဘက်မှာ တီးတိန်ကို ခရီးဆက်တယ် .. အမေစု ခရီးစဉ်နဲ့ မပတ်သတ်တော့ပါဘူး .. နောက်နေ့ မနက်ကိုယ်တွေနိုးတော့ မျက်နှာမသစ် ရသေးဘူး.. အိပ်ခန်းကနေ လှမ်းတွေ့လိုက်တယ် .. အမေစုရဲ့ ကားတန်း စောစောစီးစီး ၂ံ C လောက်မှာ ဖလမ်းနဲ့ ဟားခါးကို ထွက်ခွါသွားတာတွေ့လိုက်ရတယ် .. .. တောင်တွေ ထူထပ်ပြီး လမ်းတွေကကြမ်း၊ ကျဉ်းကလဲကျဉ်း၊ ကားတခုခုကြောင့် ဘေးတချက် ရောက်တာနဲ့ အောက် ကို ပြုတ်ကျမှာ .. အရမ်းအန္တရာယ်များပါတယ် ..

ဘုန်းဘုန်းနဲ့ကိုယ်တို့တစ်ဖွဲ့လုံးကတော့ မှတ်ချက်ချတယ် "" အော် အမေစု အသက်လဲကြီးပြီ .. လူငယ်တွေထက် အပင်ပန်းခံနိုင်ပြီး ပြည်သူအတွက် လုပ်ပေးနေတာပဲ"" ဆိုတော့ တစ်ယောက်က ပြောတယ်.. "ဒါတွေကို မမြင်မသိပဲ အပြစ်ပြောနေသူတွေက ရှိတယ်တဲ့" နောက်တယောက်ကတော့ "" အဲဒီလိုလုပ်ပေးနေရတာကိုက သူ့ ဝဋ်ကြွေးပဲနေ မှာနော်တဲ့"

ဘာပဲပြောပြော အာဇာနည်တွေကတော့ ဘယ်သူပြောတာမှ ဂရုစိုက်မှာမဟုတ်ပါဘူး .. တိုင်းပြည်နဲ့ လူမျိုးအတွက် သေတဲ့အထိ တိုက်ပွဲဝင်နေမှာ မြင်မိတယ် ။

www.facebook.com/tun.win.98

(မှတ်ချက် - ကျွန်တော်မည်သည့်ပါတီဝင်မှမဟုတ်ပါ)

No comments: