Tuesday, April 9, 2013

ဗြိတိန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ကွယ်လွန်


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နိုင်ငံရေးအရ မာကျောလွန်းသောကြောင့် “သံမဏိမယ်” (Iron Lady ) ဟု တင်စားခေါ်ဝေါ် ခဲ့ရသော ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ဧပြီလ ၈ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါပြီ။

 ဗြိတိန်၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သူ မာဂရက်သက်ချာ ကွယ်လွန်သွားခဲ့ရခြင်းနှင့် ပတ်သတ်ပြီး လက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွမ်း က “သူမဟာ ကြီးကျယ်တဲ့ ဗြိတိန်နိုင်ငံသားပါ” ဟု မှတ်ချက်ချ ဂုဏ်ပြု ချီးကျုး လိုက်သည်။

၂၀၀၁ ခုနှစ်တွင် လေဖြတ်သွားပြီးနောက် ကျန်းမာရေးအရ အလုပ်တာဝန်မှ အနားယူခဲ့ပြီး နောက်ပိုင်းတွင် အကြိမ်ပေါင်းများစွာ လေဖြတ်ခြင်း ဝေဒနာကို ခံစားခဲ့ရသည်။

သူမ၏ သက်တမ်း နောက်ဆုံးကာလများတွင် လူမြင်ကွင်းသို့ ထွက်ခဲပြီး ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်း ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ကျင်းပပေးခဲ့သည့် မာဂရက်၏ အသက် ၈၅ နှစ်မြောက်
မွေးနေ့ဧည့်ခံပွဲ သို့တက်ရောက်ခဲ့ခြင်း မရှိခဲ့သလို ၂၀၁၁ ခုနှစ် ဇူလိုင်လ အတွင်းက သူ၏ မိတ်ဆွေဟောင်း
ဖြစ်သော ရော်နယ်ရီဝင်၏ ရုပ်ထုကို လန်ဒန်၌ ဖွင့်ပွဲပြုလုပ်ရာသို့လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း၏ ဈာပန အခမ်းအနားကို လာမည့် သီတင်းပတ် အတွင်း ပြုလုပ်မည်ဟု မျှော်လင့် ရသည်။ သူမ ကွယ်လွန်ခဲ့ခြင်းနှင့် ပတ်သတ်ပြီး ကမ္ဘာတဝန်းမှ ခေါင်းဆောင်များနှင့် ထင်ရှားကျော်ကြား သူများက ၀မ်းနည်း စကားများနှင့် သူမအား ချီးကျုး စကားများ ပြောကြားခဲ့ကြရာ -

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက “လွတ်လပ်မှုနဲ့ လွတ်မြောက်ရေးတို့ဘက်မှ ရပ်တည်သူ တယောက်ကို ကမ္ဘာကြီးက လက်လွှတ် ဆုံးရှုံး လိုက်ရပြီး အမေရိကန်နိုင်ငံရဲ့ မိတ်ဆွေစစ်တယောက် ဆုံးရှုံးသွားခဲ့ရပါတယ်” ဟု ပြောသည်။

ထို့အပြင် ကမ္ဘာကျော် နိုင်ငံရေး ပညာရှင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျား ကလဲ “သူမဟာ အာဂ၀န်ကြီးချုပ်နဲ့ ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီးတယောက်ပါ။ သူမရဲ့ အတွေးအမြင်
တွေက အရမ်းကောင်းပါတယ်။ နွေးထွေး လှိုက်လှဲမှုရှိသူလည်း ဖြစ်ပါတယ် ဟု မှတ်ချက်ချသည်။

ဂျာမဏီ ဝန်ကြီးချုပ်ဟောင်း မာကယ်က “ ဥရောပအကွဲအပြဲ ကျော်လွှားနိုင်ရေးနဲ့ စစ်အေး ကာလနိဂုံးပိုင်းမှာ သူမရဲ့ စွမ်းဆောင်မှုတွေကို ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး ” ဟုဆိုသည်။

ဂျာမဏီဝန်ကြီးချုပ် မာကယ်က “ ဥရောပ အကွဲအပြဲ ကျော်လွှားနိုင်ရေးနဲ့ စစ်အေး ကာလနိဂုံးပိုင်းမှာ သူမရဲ့ စွမ်းဆောင်မှုတွေကို ကျွန်မဘယ်တော့မှ မမေ့ပါဘူး ” ပြောသည်။

သူမ၏ ဘ၀သမိုင်းကြောင်း အကျဉ်းချုံ့ ပြန်ကြည့်လျှင်တော့ မာဂရက်သက်ချာကို ၁၉၅၂ ခုနှစ်
အောက်တိုဘာလ တွင် လင်ကွန်းရှိုင်းယား၌ မွေးဖွားခဲ့သည်။

၁၉၅၁ တွင် စီးပွားရေးသမား ဒင်းနစ်သက်ချာနှင့် လက်ထပ်ခဲ့သည်။

၁၉၇၀ တွင် ပညာရေးဝန်ကြီး ဖြစ်လာသည်။

၁၉၇၅ တွင် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

၁၉၇၉ တွင် ဗြိတိန်၏ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်လာပြီး ၁၉၈၂တွင် အာဂျင်တီးနားနှင့် ဖြစ်ပွားသော
ဖောက်ကလန် စစ်ပွဲကို ဦးဆောင်ခဲ့သည်။

၁၉၉၀ တွင် ၀န်ကြီးချုပ်အဖြစ်မှ နှုတ်ထွက်ခဲ့သည်။ ၁၉၉၂ တွင် ဗြိတိသျှ သူရဲကောင်းဘွဲ့ချီးမြှင့် ခံခဲ့ရသည်။

မာဂရက်သက်ချာ ပြောကြားခဲ့သည့် စကားများအနက် ထင်ရှားသည့် စကားအချို့မှာ “အိမ်ထောင်တခုရဲ့
ပြဿနာတွေကို စီမံကိုင်တွယ်ဖို့ နားလည်တဲ့ အိမ်ထောင်ရှင်မတိုင်း တိုင်းပြည်တပြည်ရဲ့ ပြဿနာတွေကို စီမံကိုင်တွယ်ရေးကို နားလည်သဘောပေါက်ဖို့ နီးစပ်ပါတယ်” ဟူ၍ ဖြစ်သည်။ 
  ဗြိတိန်နိုင်ငံရဲ့ တဦးတည်းသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သူ မာဂရက်သက်ချာဟာ တနင်္လာနေ့ မနက်ပိုင်းမှာ ဝေဒနာကို သိပ်မခံစားရဘဲ သက်တောင့်သက်သာ ကွယ်လွန် သွားခဲ့ကြောင်း မိသားစုရဲ့ပြောခွင့်ရသူ Lord Tim Bell ကပြောပါတယ်။

မစ္စစ်သက်ချာဟာ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်ဖြစ်ပြီး၊ ၁၉၇၉ ခုနှစ်နဲ့ ၁၉၉ဝ ခုနှစ်တွေကြား ရွေးကောက်ပွဲ သုံးကြိမ်ကို အနိုင်ရရှိအောင် ကျိုးပမ်းနိုင်ခဲ့သူဖြစ်ပါတယ်။ ၁၉ ရာစုနှစ် နောက်ပိုင်း သက်တမ်း အရှည်ကြာဆုံး ဗြိတိန်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

ကျောင်းသားလူငယ်များ လေ့လာဖတ်ရှုနိုင်ဖို့ သံမဏိအမျိုးသမီးအကြောင်းကို တင်ဆက်လိုက်ပါတယ်။

 

No comments: