April 9, 2013
ဗြိတိန်နိုင်ငံ၏ ကြီးမြတ်သော အမျိုးသမီးဝန်ကြီးချုပ်၊သံမဏိ မယ် (Iron Lady) အဖြစ် အသိ အမှတ်ပြုခြင်းခံခဲ့ရသည့် အ
မျိုး သမီးသူရဲကောင်းကြီးသက်ချာ(Baroness Thatcher) သည် လေသင်ဓုန်းရောဂါဖြင့် (၈.၄. ၂၀၁၃)နံနက်ပိုင်းတွင် ကွယ်လွန် သွားပြီဆိုသည့်သတင်းများကို ကမ္ဘာတစ်ဝန်းရုပ်သံဌာနများက စက်ရပ်သတင်း (Breaking News) အဖြစ် အကျယ်တ၀င့် ထုတ်လွှင့်သွားကြသည်။
သူ့ဈာပနကိုမည်သည့်နေ့ ကျင်းပမည်ဟုမသိရသေးသော် လည်း လာမည့်သတင်းပတ်တွင် ကျင်းပဖွယ်ရှိသည်
သူ့ရုပ်ကလာပ်ကို သူတည်းခို နေထိုင်ကွယ်လွန်ခဲ့သည့် ရစ်ဇ် ဟိုတယ်မှ ယနေ့နံနက်ပိုင်းရွှေ့ ပြောင်းသယ်ဆောင်ပြီး ဈာပန ကိစ္စအတွက် စတင်ပြင်ဆင်နေပြီ ဖြစ်သည်။
မာဂရက်သက်ချာက ““ဘုရင် မကြီးနှင့်တော်ဝင်မိသားစုအားလည်း ကောင်း၊ဒုတိယကမ္ဘာစစ်ကာလက ၀န်ကြီးချုပ်ဖြစ်ခဲ့ဖူးသည့် ဆာဝင် စတန်ချာချီလည်းကောင်း၊ရိုသေ လေးစားသောအားဖြင့် သူ့ဈာပန ကို နိုင်ငံတော်ဈာပနအဖြစ်မကျင်း ပရန် ပြောကြားခဲ့သည်ဟု သူ၏ ပြောခွင့်ရပုဂ်္ဂိုလ် လော့တင်းဘဲလ် ကဆိုသည်။
မောင်ကျော်
ကိုးကား-တယ်လီဂရပ်
No comments:
Post a Comment