..................
(သတင်းဆောင်းပါး - အောင်မြင့်ထွန်း)
အခြေခံအလုပ်သမားထု အတွက် အနည်းဆုံးလုပ်ခ သတ်မှတ်ထားခြင်း မရှိသေးသည့် မြန်မာနိုင်ငံတွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို မတ်လ ၂၂ ရက် နေ့တွင် သတ်မှတ်ပြဋ္ဌာန်းလိုက် သော်လည်း အလုပ်သမားထု မျှော်လင့်နေသော အနည်းဆုံး လုပ်ခ သတ်မှတ်ချက်ကား ထည့်သွင်းဖော်ပြထားခြင်း မရှိသေးသဖြင့် အလုပ်သမား များအတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားသည်။
အနည်းဆုံးလုပ်ခ သတ်မှတ်ချက် မရှိခြင်းက ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံအလုပ် သမားများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်သကဲ့သို့ ဧပြီလကုန်တွင် စတင်တော့မည့် အစိုးရဝန်ထမ်းများ၏ လစာတိုးမြှင့်မှု ကလည်း စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ကြော
"အစိုးရဝန်ထမ်းတွေ လစာတိုး လိုက်တိုင်း ကုန်ဈေးနှုန်းက တက်လေ့ ရှိတယ်။ ကုန်ဈေးနှုန်း တက်လာမယ်။အလုပ်ရှင်ကလည်း လစာတိုးမပေးရင် ပုဂ္ဂလိကအလုပ်သမားတွေ ခံနိုင်မှာ မဟုတ် ဘူး" ဟု ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ အလုပ်သမားအရေး ဆောင်ရွက်သူ ဒေါ်မာမာဦးက ပြောကြားသည်။
အနည်းဆုံးလုပ်ခ သတ်မှတ်မှုအချိန် ကြာမြင့်ပါက အလုပ်သမားများ အတွက် အခက်အခဲ ဖြစ်စေနိုင်ရုံသာမက ဆန္ဒပြ တောင်းဆိုမှုများလည်း ပိုမိုများပြား လာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက် သူများက ဆိုသည်။
အနည်းဆုံးအခကြေးငွေ ဥပဒေ အာဏာတည်ရန် နည်းဥပဒေထွက်ပေါ်ရန် လိုအပ်နေသေးပြီး ဥပဒေအာဏာ တည်ပါကလည်း အနည်းဆုံးလုပ်ခ သတ်မှတ်ရန် လုပ်သား၊ အလုပ်ရှင်၊ အစိုးရ၊ လုပ်ခ သတ်မှတ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် များ ဦးရေအဆတူပါဝင်သော အမျိုးသား ကောင်စီကို ဖွဲ့စည်းရမည်ဖြစ်သည်။ ယင်းအပြင် ပြည်ထောင်စုနယ်မြေ ကော်မတီနှင့် တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ် ကော်မတီကို ဖွဲ့စည်းရမည် ဖြစ်သည်။
အနည်းဆုံးလုပ်ခ သတ်မှတ်ရန် အမျိုးသားကောင်စီဖွဲ့စည်းပြ
"ကြန့်ကြာတာနဲ့အမျှ အလုပ်သမားထု အုံကြွမှုတွေ ဖြစ်လာနိုင်တယ်" ဟု ဦးဌေးက မှတ်ချက်ပေးသည်။
အနည်းဆုံးလုပ်ခ သတ်မှတ်ရေး အတွက် နည်းဥပဒေထုတ်ပြန်ရန် သုံးလခန့် စောင့်ဆိုင်းရမည်ဖြစ်ပြီး နည်းဥပဒေ ထွက်ပြီးမှသာ အမျိုးသားကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အခကြေးငွေ သတ်မှတ်အဖွဲ့များ ဖွဲ့စည်းကာ အနည်းဆုံးလုပ်ခ သတ်မှတ်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဆိုသည်။
"နည်းဥပဒေထွက်ဖို့ သုံးလစောင့်ရမယ်။ အနိမ့်ဆုံးလုပ်ခ ထွက်မယ့် အချိန်တော့ ပြောလို့မရသေးဘူး" ဟု ၄င်းကဆိုသည်။
အလုပ်ရှင်များက ဖြစ်သင့်သောဈေးနှုန်း ကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်သဖြင့် အနည်းဆုံးလုပ်ခ သတ်မှတ်ရာတွင် ကြန့်ကြာမှု မရှိနိုင်ကြောင်း လက်ဝါးအထည်ချုပ် လုပ်ငန်း၏ ဥက္ကဋ္ဌဦးခင်အောင်အေးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် တရားဝင်ရပ်တည် ခွင့်ပြုထားသည့် အလုပ်သမား အဖွဲ့အစည်း များ၏ ခေါင်းဆောင်များကို ခေါ်၍ တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ကာ အလုပ်သမား များ၏ လက်တွေ့ဘဝနှင့် အသံများကို နားထောင်ပြီး လုပ်ဆောင်ပါက အနည်းဆုံး လုပ်ခသတ်မှတ်ရာတွင် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ဒေါ်မာမာဦးက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခ သတ်မှတ်ချက် မရှိသော်လည်း မြန်မာ အလုပ်သမားများ သွားရောက်လုပ်ကိုင်မှု အများဆုံး အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင်ကား အစိုးရက တရားဝင် သတ်မှတ်ပေးထား သည်။ ထိုင်းတွင် ဆိုပါက အနည်းဆုံးလုပ်ခကို တစ်ရက် ဘတ် ၃၀၀ သတ်မှတ်ထားပြီး မလေးရှားနိုင်ငံတွင် အနည်းဆုံးလုပ်ခကို နေရာခွဲခြားကာ တစ်ရက် ရင်းဂစ် ၉၀၀ နှင့် ၈၀၀ သတ်မှတ်ထားသည်။
အနည်းဆုံးလုပ်ခ သတ်မှတ်ရာတွင် လုပ်သားနှင့် မိသားစု လိုအပ်ချက်၊ အဆင့်တန်းမီ နေထိုင်မှုဘ၀၊ စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ် အပြောင်းအလဲများ၊ လက်ရှိလုပ်ခ၊ လူမှုဖူလုံ ရေး အကျိုးခံစားခွင့်၊ နိုင်ငံ၏စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး လိုအပ်ချက်၊ နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေ၊ လုပ်ငန်း၏ သဘောသဘာဝ၊ ဝန်ကြီးဌာန အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားအချက် များကို အခြေခံကာ သတ်မှတ်ရမည် ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ဖော်ပြထားသည်။
အနည်းဆုံးလုပ်ခကို သတ်မှတ်ရာတွင် အလုပ်လက်မဲ့များ အလုပ် ရရှိနိုင်သည့် အခြေအနေပေါ်မူတည်ကာ စဉ်းစားပြီး သတ်မှတ်သင့်ကြောင်း၊ သို့သော်လည်း နှစ်ဦးနှစ်ဖက် လုပ်သာကိုင်သာရှိသော လုပ်ခဖြစ်ရန်လည်း လိုအပ်ကြောင်း လက်ဝါးအထည်ချုပ်လုပ်ငန်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။
"လုပ်ခကို အရမ်းမြင့်ပြီး သတ်မှတ် လိုက်လို့ လုပ်ငန်းတွေ ရပ်သွားလို့ အလုပ်လက်မဲ့ များလာရင်လည်း အကျိုးမရှိပါဘူး" ဟု ၄င်းကသုံးသပ်သည်။
အလုပ်ရှင်များတွင် လုပ်ငန်းလည်ပတ်ရာ တွင် အခြေခံအဆောက်အဦများ မပြည်စုံခြင်း (ဥပမာ - လျှပ်စစ်မီး)၊ လမ်းပန်း ဆက်သွယ်ရေးနှင့် အစိုးရ၏ လုပ်ထုံးလုပ်နည်းများ ကြန့်ကြာမှုကြောင့် အခက်အခဲများ ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။
No comments:
Post a Comment