Sunday, April 14, 2013

"အမေအိုတစ်ယောက်၏ အိုဇာတာ"

"အမေအိုတစ်ယောက်၏ အိုဇာတာ"
**************************
 မန္တလေးမြို့၊ ဘုရားကြီးအနောက်မုခ်၊ ခြသေ့င်္နှစ်ကောင်ဘေးတွင် အမေအိုတစ်ယောက် ဒုက္ခရောက် နေသည်ကြား၍ ချမ်းမြသာစည်မြို့နယ်၊ ရဲတပ်ဖွဲ့မှူး ဦးမြင့်ဇော်၏ အကူအညီဖြင့် ဘိုးဘွားရိပ်သာပို့ဖို့ ကြိုးစားရာ အမှတ် (၁၀)ရဲစခန်းမှူး ဦးသန်းဇော်ဦးကိုယ်တိုင် ဘိုးဘွားရိပ်သာသို့ လိုက်ပို့ပေးပါသည်။ 
 မစိုးရိမ်တိုက်သစ်မှ စာချဆရာတော် ဦးဇောတိက၏ကားဖြင့် ဦးဇင်းနှစ်ပါးနှင့် စခန်းမှူးတို့သည် အမေအိုကို ကားဖြင့်လိုက်ပါ ပို့ဆောင်ပါသည်။ အမေအိုအား အနီးကပ်ပြုစုပေးသူ ဒေါ်မြင့်မြင့်ခိုင်(ဘုရားကြီးအနောက်မုဒ် ကွမ်းယာဆိုင် ပိုင်ရှင်)လည်း လိုက်ပါကူညီ လုပ်ကိုင် ပေးပါသည်။ 
 အသက်(၈၀)ကျော်ဖြစ်သည်က တစ်ကြောင်း၊ သွားနိုင်၊ လာနိုင်၊ သန့်ရှင်းနိုင်လောက်အောင် မသန်မာတော့ဘဲ အမြဲလဲနေသည်က တစ်ကြောင်းတို့ကြောင့် ဘိုးဘွားရိပ်သာက လက်မခံလိုက်ပါ။ အမေအိုအား ဦးဝီရသူက ငါးသောင်းကျပ်၊ ကျောင်းအစ်မကြီး၏မြေး ဒေါ်ခင်စန်းဝင်းက နှစ်သောင်းကျပ် လှူဒါန်းခဲ့ပါသည်။ ယခု အမေးအို ခြင်္သေ့ကြီးဘေးနား ပြန်ရောက်သွားပါသည်။ 
 အမေအိုကို "ဒေါ်ပု"ဟု သိရှိထားပြီး သားဆိုးနှစ်ယောက် သေဆုံးသွားရာမှ ချွေးမများက အိမ်ရောင်းပြေးကြပြီး အမေအိုကို ပစ်ထားခဲ့သောကြောင့် ယခုလို နေရသည်ဟု အရပ်သူ/သားများက ပြောနေကြ ပါသည်။ ပုံပါအတိုင်း နေ့စဉ်နေပူကြီးထဲမှာ အမြဲတမ်းအိပ်နေသည်ဆို၏။ သနားသူများ ကျွေးမွေးထားကြပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးထားကြပါသည်။ မတ္တရာ၊ မြစ်သား၊ ကျောက်ဆည် ဘိုးဘွားရိပ်သာများ အဆက်အသွယ်ရှိပါက ကူညီပေးနိုင်ပါသည်။ 
                                                      (14-4-2013)

No comments: