Tuesday, June 4, 2013

သေမင်းချိန်ခွင်

ပါးစပ်က ဒီမိုကရေစီ

လူက ဂျလေဘီမလုပ်နဲ့

အမှိုက်ကို တေါင်းထဲပစ်

တံတွေးကို ပုံးထဲထွေး

ရေချိန်ကိုက်ရင် အေးဆေးသေ

မကျေနပ်ရင် ဝေးဝေးနေ

အထာမကျဘဲ

တောသူတောင်သား

လယ်လုပ့်သားတွေ

ကွန်ပျုတာနဲ့

face bookတက်

အကုန်ဖိုက်နေတာဟ

လမ်းကြောင်းလှည့်

လိမ်ကောက်နေတာက

ဘောလုံးအသင်း အသစ်ထင်ရဲ့

ဟုတ်လှချည်လားမထင်နဲ့

ကိုယ့်ဂိုးကိုယ်သွင်းတဲ့

အက့်(စ်)ကိုဘာလို

အသေပစ်သာတာနင်ခံရမှာမို့

ခပ်ကြောင်ကြောင်အမှောင်ခေတ်က

ဟိုးအဝေးမှာနေရစ်ခဲ့ပြီ

လာမရစ်နဲ့

ခံစစ်တွေမသုံးတော့တာ

မင်းသိရက်သားနဲ့

သနားတယ်ဟာ

တောမခြောက်ခင်ပြန်လှည့်တော့

မုဆိုးလည်းသားကောင်

သားကောင်လည်း မုဆိုးမို့

မသိတာမရှိတဲ့

ခေတ်ကြီးမှာ မင်းဝေးဝေးမှာသွားသေ
လိုက်

ဲ


No comments: