×××အနောက်တံခါး မှ ဧည့်သည့် များ အရှေ့တံခါးပေါက် မှ ရွှေဧည့်သည်အဖြစ် ပြည်တော်ပြန် ၀င် မည်လော ×××
ကျနော် ဒီနေ့ အိမ်ပြန်ရောက်တော့ မလေးရှား အစိုးရ မှ မကြားသော အချိန် မလေးရှားနိုင်ငံ ဆာလာရန် ဒေသ မှာဖြစ်ပွား ခဲ့တဲ့ မြန်မာနိုင်ငံသားတွေ အပေါ်တိုက်ခိုက်မူ့များပေါ် အခြေခံပြီး နေခွင့်သက်တမ်းကျော်သူ တွေ တရားမ၀င် ၀င်ရောက်သူ တွေ အော်ပရာစီဖမ်းဆီးတဲ့ ပွဲတော်ကြီး နောက်ပိုင်း ထောင်နဲ့ချီတဲ့ မြန်မာ နိုင်ငံသားတွေ အဖမ်းခံ ခဲ့ရတယ် ဒီနေ့ မလေးရှား နိုင်ငံ ရဲ့ ထုတ်ပြန်ချက်အရ လောလောဆယ် ဖမ်းဆီထားတဲ့ မြန်မာ နိုင်ငံသား ၄၀၀၀ ကျော် ကို အစိုးရခြင်း တရားဝင် ပြန်လည် လွှဲပြောင်းပေးမယ် ဆိုတော့ ကျနော် အတွေးများ က ၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် မှာ အစိုးရဟာ မြန်မာနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ဖောက်ဖျက်ပြီး ပြည်ပမှ နည်းမျိုးစုံဖြင့် ခိုးဝင်လာကြတဲ့ နိုင်ငံခြားသားများအား စစ်ဆေးဖော်ထုတ် နိုင်ရန်ရည်ရွယ်ပြီး၊ နဂါးမင်းစီမံချက်ကို ချ မှတ်အကောင်အထည်ဖော်ခဲ့ ဖမ်းဆီး လို ထွက်ပြေးတိမ်းရှောင်သူများ
လို ပြန်လည်လက်ခံတဲ့ ဟင်္သာစီမံချက်တုံး ကလို ဖြစ်များဖြစ်နေမလာလို
စဉ်းတွေးပူရင် ၁၉၇၈ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့ ကစပြီး ၁၉၇၉
ခုနှစ်ဒီဇင်ဘာလ(၉)ရက် နေ့အထိ ဟင်္သာစီမံချက်ဖြင့် ပြန်လည် လက်ခံခဲ့တုံး
ကအယောင်ဆောင် စစ်တစ်ကောင်းသား မူဆလင်များအား လူဦးရေ သုံးသောင်းကျော်အထိ
ပိုပြီး လက်ခံခဲ့ရတယ် အခု လည်း ဘင်္ဂလာဒေ့မှ ဘင်္ဂလီ လှေစီးဒုက္ခသည်တွေ
မြန်မာနိုင်ငံသားအမည် ခံကာ မလေးရှားမှာ ဒုက္ခသည်အဖြစ်လျှောက်ထားတာ
သိန်းဂဏာန်ချီတယ်လိုသိရပါတယ် အခုလို ရွှေလမ်းငွေလမ်းပွင့်ချိန်မှာ
ယင်း ဘင်္ဂလီ တွေ တရားဝင်ပြည်တော်ပြန်ရန် အခွင့်အလမ်းပါ ဒါကို မြန်မာ
အစိုးအရ က ဘယ်လို ကိုင်တွယ်ပါမလည်း အရင်တုံး ကတည်း က မိအေး ၂ ခါ
နာဖူးလေတော့ ရခိုင်သားတစ်ယောက်အနေ နဲ့ တွေးပူရပါတယ် .။.....( ရက္ခာပူရ
ရခိုင် သတင်းစဉ်မှ ဆောင်းပါ ကောက်နုတ်ချက် ကို ဝေမျှလိုက် ပါတယ်)
×××× အနောက်တံခါးမှဧည့်သည်များ×× ×
၁၉၇၈ ခုနှစ်၊ နဂါးမင်းစီမံချက်နှင့် မူဆလင် တို့၏ အခြေအနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါ တီခေတ်
မှာ အစိုးရဟာ မြန်မာနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ဖောက်ဖျက်ပြီး
ပြည်ပမှ နည်းမျိုးစုံဖြင့် ခိုးဝင်လာကြတဲ့ နိုင်ငံခြားသားများအား
စစ်ဆေးဖော်ထုတ် နိုင်ရန်ရည်ရွယ်ပြီး၊ နဂါးမင်းစီမံချက်ကို ချ
မှတ်အကောင်အထည်ဖော်ခဲ့ပါတယ် ။ အဲဒီစီမံချက်အရ စစ်တကောင်းသား ဘင်ဂါလီ မူဆလင်များ အုံလိုက်ကျင်း လိုက်နေထိုင်ကြတဲ့ ရခိုင်ပြည်နယ်မြောက် ပိုင်းမှာစတင်ဆောင်ရွက်ခဲ့ပါတယ်။
နဂါးမင်းစီမံချက်ရဲ့ ပထမဆင့်ကို စစ်တွေမြို့မှာ စတင်ဆောင်ရွက်ခဲ့ပါ တယ်။
အဲဒီလို ဆောင်ရွက်ရာမှာအနောက် ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရခိုင်ပြည်နယ်
ဒေသပါတီ၊ ရခိုင်ပြည်နယ်ပြည်သူ့ကောင်
စီမှ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား
ဦးစီးဌာန ပူးပေါင်းပြီး ၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ
စစ်တွေမြို့ပေါ်ရှိ ရပ် ကွက်များမှာ ရုတ်တရက်စစ်ဆေးခဲ့ပါ တယ်။
ဒုတိယအဆင့်ကို ဘူးသီးတောင် မောင်တောမြို့နယ်များမှာ ဆောင်ရွက်ခဲ့ ပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ ၈-၅-၇၈ ရက်နေ့မှ ၅-၅-၇၈ ရက်နေ့အထိ မောင်တောမြို့နယ်မှာ ၈-၅-၇၈ ရက်နေ့ မှ ၅-၆-၇၈ ရက်နေ့အထိ ဆောင်ရွက်ခဲ့ ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနမှ အင်အား(၄၀၀)တို့ ဟာ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ပြည်သူ့ရဲတပ်ရင်း (လုံထိန်း)တို့ရဲ့ အကူအညီနဲ့ တစ်ရွာဝင် တစ်ရွာထွက် စစ်ဆေးခဲ့ကြပါတယ်။ အဲဒီလို စစ်ဆေးမှုကို ရင်မဆိုင်ရဲကြ တဲ့ စစ်တကောင်းသား ဘင်ဂါလီကုလား တွေက ကြောက်လန့်တကြားဖြစ်ပြီးတော့  ရခိုင်ပြည်နယ်မြောက်ပိုင်ြး မို့နယ်များက နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို
ထွက် ပြေးဝင်ရောက်သွားကြပါတယ်။ ထွက် ပြေးကြတဲ့ အိမ်ထောင်စုနှင့် လူဦးရေ
ကတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊
မြောက်ဦး၊ မင်းပြားမြို့ နယ်တွေက အိမ်ထောင်စုပေါင်း (၂၅၉၉၅) စုနဲ့
လူဦးရေ(၁၅၆၉၉) ယောက်ဖြစ်ပါ တယ်။ နဂါးမင်းစီမံချက်ကြောင့် ဘင်္ဂလား ဒေ့ရှ်သို့
အထိတ်တလန့်ထွက်ပြေးခဲ့ကြတဲ့ စစ်တကောင်းသား မူဆလင်တို့ကို အကြောင်းပြုပြီးရိုဟင်ဂျာအမ ည်ခံမူဆလင်
တို့ရဲ့ မြေအောက်လှုပ်ရှားမှုများ ပြန် လည် ခေါင်းထောင်လာတာတွေ့ရပါ တယ်။
(RHF) နဲ့(RSO)အမည်ခံမြေ အောက်အဖွဲ့အစည်းများက သတင်းစာ ဂျာနယ်တွေမှာ
မြန်မာအစိုးရက မူဆလင် တွေကို မျိုးပြုတ်အောင်သတ်ဖြတ်နေ
တယ်လို့အော်ဟစ်ကြပါတယ်။ဘူးသီး တောင်မြို့နယ်နှင့် မောင်တောမြို့နယ် ထဲမှာရှိတဲ့ မူဆလင်အိမ်အချို့ကို ၎င်းင်းတို့ ကိုယ်တိုင် မီးရှို့ပြီးဓာတ်ပုံရိုက်ကာ" "မူဆလင် ရွာများကိုမြန်မာအစိုးရက မီးရှို့နေပါ တယ်””ဆိုပြီး ကမ္ဘာ့သတင်းရပ်ကွက်များ မှာ မဟုတ်မမှန်လိမ်ညာသတင်းဖြန့် ခဲ့ပါ တယ်။ တစ်ဘက်နိုင်ငံဘင်္ဂလားဒေ့ရှ်အ စိုးရ ကလည်းထွက်ပြေးလာကြသူများကို
မိမိ တို့ နိုင်ငံသားမဟုတ်၍ လုံးဝတာဝန်မယူ ကြောင်း ကန့်ကွက်ခဲ့ပါတယ်။
ဘင်္ဂလား ဒေ့ရှ်၊ ပါကစ္စတန်၊ မလေးရှားစတဲ့ မူဆ လင်နိုင်ငံတွေက
ထုတ်ဝေတဲ့သတင်းစာ များကလည်း ၀ိုင်းဝန်းအောင်ဟစ်ရေး သားခဲ့ကြပါတယ်။
ဒါကြောင့် ကုလသမဂ္ဂ ကြားဝင်ပြီး ထွက်ပြေးသွားသော မူဆလင် တို့ကို
ဒုက္ခသည်များအဖြစ်သတ်မှတ်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးအဆောက်အဦး တို့နဲ့ ကူညီခဲ့ပါတယ်။
ဒီပြဿနာကို မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ကဆွေးနွေးဖြေရှင်းရန်လည်းကြားဝင်စေ့
စပ်ပေးခဲ့ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ အစိုးရခေါင်းဆောင်များ
တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ဟသာင်္စီမံချက်နှင့် မူဆလင်တို့ အခြေအနေ
ဟင်္သာစီမံချက်ဆိုတာကတော့ ထွက်ပြေးကြတဲ့ မူဆလင်တွေကို အကြောင်းပြုပြီး
မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရကို ဆွေးနွေးရာက နေပေါ်ပေါက်လာတဲ့
မြန်မာအစိုးရရဲ့ စီမံချက်တစ်ခုဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့
နဂါးမင်းစီမံချက်ဖြင့် တရားမ ၀င် ခိုးဝင်နေထိုင်သူများကို ဖော်ထုတ်
စစ်ဆေးခဲ့စဉ်က စစ်ဆေးမှုကို ရင်မဆိုင်ရဲ လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို
ထွက်ပြေး သွားတဲ့ မူဆလင်တွေကို ပြန်လည်လက် ခံတဲ့ စီမံချက်ဖြစ်ပါတယ်။
ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်တစ်ရပ်ကို ၉-၇-၇၈ ရက်နေ့မှာ ဘဂ်လားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့မှာလက်မှတ်ရေးထိုးခဲ့ကြပါ တယ်။
အဲဒီသဘောတူညီချက်မှာ ပါဝင် တဲ့အချက်တွေကတော့- (၁) ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ဘင်္ဂလား ဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံယာယီစခန်း များတွင်လက်ရှိ ခိုလှုံလျက်ရှိသည့် မြန်မာနိုင်ငံတွင် တရားဝင် နေထိုင်ခွင့်ရှိ ပြီး၊ မြန်မာနိုင်ငံအမျိုးသားမှတ် ပုံတင် ကတ်ပြားများတင်ပြနိုင်သူများနှင့်
၎င်းတို့ ၏ အိမ်ထောင်စုဝင်များအား အစောဆုံး ပြန်လည်လက်ခံရန် သဘောတူသည်။
အိမ်ထောင်စုဝင်များ ဆိုရာ၍ ခင်ပွန်း၊ ဇနီး၊ မိဘ၊ ယောက္ခမ၊ သား၊ သမီး၊ တရား
ဝင်မွေးစားသားသမီး၊ မြေး၊ သမက်၊ ချွေးမနှင့် မုဆိုးမ ညီမများပါဝင်ပါသည်။
(၂) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတက မြန်မာနိုင်ငံတော်အစိုးရသည် မြန်မာ နိုင်ငံတွင် နေထိုင်ခဲ့ဖူးသူဖြစ်ကြောင်း ဖော်ပြသည့် မြန်မာနိုင်ငံမှထုတ် ပေးထားသော အခြားစာရွက်စာတမ်း၊ အထောက်အထားတင်ပြနိုင်သူများ နှင့် ၎င်းင်းတို့ အိမ်ထောင်စုဝင်များ၊ မြန်မာနိုင်ငံ တွင် နေထိုင်ခဲ့ဖူးသူဖြစ်ကြောင်း သက်
သေအထောက်အထားများ၊ ဥပမာနေ ရပ်လိပ်စာနှင့် အခြားအချက်အလက် စသည်များကို
တင်ပြနိုင်သူများနှင့် ၎င်း တို့၏ အိမ်ထောင်စုဝင်များအား ဒုတိယ အဆင့်အနေဖြင့်
ပြန်လည်လက်ခံရန် သဘောတူသည်။ အိမ်ထောင်စုဝင်များ ဆိုရာ၌ ခင်ပွန်း၊ ဇနီး၊
မိဘ၊ ယောက္ခမ၊ သားသမီး၊ တရားဝင်မွေးစားသမီး၊ မြေး၊ သမက်၊ ချွေးမ၊ မုဆိုးမ
ညီမများပါဝင်ပါ သည်။ ၁၉၇၈ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့ ကစပြီး ၁၉၇၉
ခုနှစ်ဒီဇင်ဘာလ(၉)ရက် နေ့အထိ ဟင်္သာစီမံချက်ဖြင့် ပြန်လည် လက်ခံခဲ့တဲ့
အိမ်ထောင်စုနဲ့ လူဦးရေက တော့ အိမ်ထောင်စု (၃၁၅၀၈)ခုရှိပြီး လူဦးရေ (၁၈၆၉၈၆)
ဦဖြစ်တဲ့အတွက် ကြောင့် လူဦးရေ (၃၀၂၇၈)ဦးအကိုလက် ခံခဲ့ရေကြောင်း သိသိသာသာ
တွေ့နိုင်ပါ တယ်။ ဒီစီမံချက်ဟာ တစ်ဘက်နိုင်ငံနဲ့ထိပ် တိုက်ပဋိပက္ခဖြစ်မှုကို
ရှောင်ရှားနိုင်ခဲ့ပေ မယ့် တိုင်းရင်းသား အယောင်ဆောင် စစ်တစ်ကောင်းသား
မူဆလင်များအား လူဦးရေ သုံးသောင်းကျော်အထိ ပိုပြီး လက်ခံခဲ့ရခြင်းကတော့
မြန်မာနိုင်ငံအ တွက်များစွာ နစ်နာမှုတစ်ရပ်ဖြစ်ခဲ့ရပါ တယ်။
ကျမ်းကိုးစာရင်း ၁။ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း ဒေါက် တာကျော်သက် ၂။ ရခိုင်ပြည်စီးပွားရေးဘဏ်တို က် ဦးလှထွန်းဖြူ ၃။ ရခိုင်ပြည်နယ်အစီရင်ခံစား မြ၀တီ မဂ္ဂဇင်း၊ (၁၉၆၀/ ဇူလိုင်)၊
မောင်တင် ၄။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း၊ ရခိုင် ပြည်နယ် ပြည်သူ့ကောင်စီ
၅။ တော်လှန်ရေးခရီးဝယ် ဘုံပေါက်သာ ကျော် ၆။ ဘူးသီးတောင်မောင်တောမြို့နယ်သမိုင်း
၇။ ရခိုင်ပြည်မှ မူဂျာဟိန်းဟူသည် ခင်ကြီး ဖော်၊ ရခိုင်တန်ဆောင်မဂ္ဂဇင်း ၈။
ရခိုင်ပြည်နယ်သမိုင်းနှင့် ရခိုင်ရိုဟင် ဂျာတို့၏ဘ၀၊ အမျိုးသားပါတီလက်စွဲ
စာစောင် ၉။ အရိယန်မှသက် ရခိုင်မျိုးနွယ်ဆင်း သက်လာရခြင်းများ
နတ်မြစ်စန်းအောင် ရခိုင်တန်ဆောင်မဂ္ဂဇင်း ၁၀။ ရိုဟင်ဂျာလူမျိုးစုရာဇ၀င်အကျဉ်းချုပ် ရိုဟင်ဂျာအမျိုးသားညီညွတ်ရေးအဖွဲ့ချုပ်။
—
ကျနော် ဒီနေ့ အိမ်ပြန်ရောက်တော့ မလေးရှား အစိုးရ မှ မကြားသော အချိန် မလေးရှားနိုင်ငံ ဆာလာရန် ဒေသ မှာဖြစ်ပွား ခဲ့တဲ့ မြန်မာနိုင်ငံသားတွေ အပေါ်တိုက်ခိုက်မူ့များပေါ် အခြေခံပြီး နေခွင့်သက်တမ်းကျော်သူ တွေ တရားမ၀င် ၀င်ရောက်သူ တွေ အော်ပရာစီဖမ်းဆီးတဲ့ ပွဲတော်ကြီး နောက်ပိုင်း ထောင်နဲ့ချီတဲ့ မြန်မာ နိုင်ငံသားတွေ အဖမ်းခံ ခဲ့ရတယ် ဒီနေ့ မလေးရှား နိုင်ငံ ရဲ့ ထုတ်ပြန်ချက်အရ လောလောဆယ် ဖမ်းဆီထားတဲ့ မြန်မာ နိုင်ငံသား ၄၀၀၀ ကျော် ကို အစိုးရခြင်း တရားဝင် ပြန်လည် လွှဲပြောင်းပေးမယ် ဆိုတော့ ကျနော် အတွေးများ က ၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် မှာ အစိုးရဟာ မြန်မာနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ဖောက်ဖျက်ပြီး ပြည်ပမှ နည်းမျိုးစုံဖြင့် ခိုးဝင်လာကြတဲ့ နိုင်ငံခြားသားများအား စစ်ဆေးဖော်ထုတ် နိုင်ရန်ရည်ရွယ်ပြီး၊ နဂါးမင်းစီမံချက်ကို ချ မှတ်အကောင်အထည်ဖော်ခဲ့ ဖမ်းဆီး လို ထွက်ပြေးတိမ်းရှောင်သူများ
×××× အနောက်တံခါးမှဧည့်သည်များ××
၁၉၇၈ ခုနှစ်၊ နဂါးမင်းစီမံချက်နှင့် မူဆလင် တို့၏ အခြေအနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါ
ဒုတိယအဆင့်ကို ဘူးသီးတောင် မောင်တောမြို့နယ်များမှာ ဆောင်ရွက်ခဲ့ ပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ ၈-၅-၇၈ ရက်နေ့မှ ၅-၅-၇၈ ရက်နေ့အထိ မောင်တောမြို့နယ်မှာ ၈-၅-၇၈ ရက်နေ့ မှ ၅-၆-၇၈ ရက်နေ့အထိ ဆောင်ရွက်ခဲ့ ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနမှ အင်အား(၄၀၀)တို့ ဟာ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ပြည်သူ့ရဲတပ်ရင်း (လုံထိန်း)တို့ရဲ့ အကူအညီနဲ့ တစ်ရွာဝင် တစ်ရွာထွက် စစ်ဆေးခဲ့ကြပါတယ်။ အဲဒီလို စစ်ဆေးမှုကို ရင်မဆိုင်ရဲကြ တဲ့ စစ်တကောင်းသား ဘင်ဂါလီကုလား တွေက ကြောက်လန့်တကြားဖြစ်ပြီးတော
ဒီပြဿနာကို မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ကဆွေးနွေးဖြေရှင်းရန်လည်းကြ
အဲဒီသဘောတူညီချက်မှာ ပါဝင် တဲ့အချက်တွေကတော့- (၁) ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အစိုးရသည်
ကျမ်းကိုးစာရင်း ၁။ ပြည်ထောင်စုမြန်မာနိုင်ငံသမ
No comments:
Post a Comment