Tuesday, June 18, 2013

သမုတ်မြစ် ရဲ့ ကမ်းတစ်ဖက်မှာ

 
 
သမုတ်မြစ် ရဲ့ ကမ်းတစ်ဖက်မှာ
လွမ်းကျန်ရစ်မဲ့
ပြည်သူတွေ ..

ခရိုနီတွေ ရဲ့ ကျောက်မီးသွေးစီမံကိန်း ကြောင့်
တုပ်လှုပ်သွားမှာလား....

ဧရာဝတီ လို့ ကယ်တင်သူ မရှိတဲ့အခါ

မင်းတို့ အားငယ်ကြမှာလား

ဧရာဝတီ လို့ ကယ်တင်သူ မရှိပေ့မယ့်
ဧရာဝတီ လို သတ္တိရှိရှိ ဆက်စီးနေတဲ့သူ

အစဉ်အလာတွေ မကြီးမားပေ့မယ်
စေတနာတွေ ကြီးမားစွာ စီးဆင်းခဲ့သူ....

သမုတ်မြစ်ရေ....
ငါတို့ မင်းကို လေးစားတယ်
မင်း ဘဝ ရဲ့ 
နောက်ဆုံးအချိန်လေးမှာတောင်
ငါကို့ ကယ်တင်ပါလို့  ပြောမသွားခဲ့တဲ့အတွက်

သမုတ်မြစ်ရေ....
မင်းကို သေကြောင်းကြံ ကြသူများထဲမှာ

ခရိုနီ တွေ ရဲ့ လောင်းရိပ်ပိနေတဲ့ ဒေသခံ အချို့ ပါတယ်

အဲဒီဒေသခံတွေ က မင်းကိုကယ်တင်ဖို့  စကားလုံးတွေ ဆွံအနေအခါ

ခွင့်လွတ်ပေးလိုက်ပါ
လူသားဟာ ကိုယ်ကျိုးသမားတွေပါ

ဒါပေ့မယ့်အားမငယ်နဲ့ 

မင်းကို ကယ်တင်ဖို့  အခုချိန်ထိ အိပ်ရေးပျက်နေသူတွေ ရှိတယ်

မင်းခန်းခြောက်သွားရင်
သူတို့ သွေးတွေ
သူတို့ ဘဝ တွေ ထပ်လောင်းပြီး
မင်းနဲ့ အတူ ဆက်စီးဖို့ အဆင်သင့်ရှိတယ်

သမုတ်မြစ်ရေ.....
လူတွေပြောင်းလဲ တတ်ပေ့မယ်
မင်း ဘယ်တော့မှ မပြောင်းလဲပါနဲ့ 

ငါတို့ မင်းနဲ့ အတူ ဆက်စီးဖို့ 
အဆင့်ရှိနေပြီ.......

No comments: