Saturday, June 15, 2013

“ဒေါမာန်ဟုန်”စာအုပ် ပြည်တွင်း၌ တရားဝင် ထုတ်ဝေခွင့် ရရှိ


Sunday, June 16, 2013

၁၉၈၈ ခုနှစ်ကာလအတွင်း အသွေးအရောင်ကင်းသည့် ကျောင်းသားများမှ စတင်ခဲ့သော လူထုလှုပ်ရှားမှုတစ်ခုကြောင့် အာဏာရှင် လက် အောက်တွင် နှစ်အတန်ကြာ မှိုင်းမိနေခဲ့သော မြန်မာနိုင်ငံအား အလှည့်အပြောင်းတစ်ခု ဖြစ်စေခဲ့ပြီး ယင်းကာလ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တိုက်ပွဲများအကြောင်းကို ရေးသားထားသော ဒေါမာန်ဟုန်စာအုပ်ကို ပြည်တွင်း၌ ပထမဆုံး တရားဝင် ထုတ်ဝေခွင့် ရရှိခဲ့သည်။

အဆိုပါစာအုပ် မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲ ၂နာရီခန့်က ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့ပြီး ၈၈မျိုးဆက်ကျောင်းသားများ အပါအဝင် နိုင်ငံရေး နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ယင်းစာအုပ်ရေးသားသူ ဆွီဒင်စာရေးဆရာ ဘာတီးလ် လင့်တနာ (Bertil Lintner)ကိုယ်တိုင် စာအုပ်နှင့်ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။

“၁၉၈၈ခုနှစ်၊ စက်တင်ဘာ ၁၈ မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ကျောင်းသားလူငယ် ထောင်ပေါင်များစွာဟာ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နေထိုင်စရာ မရှိတဲ့အတွက် ကျွန်တော့်အိမ်မှာလည်း ဒုက္ခသည်စခန်းကြီး တစ်ခုလိုတောင် ဖြစ်ခဲ့ရတယ်၊ ဒီလူ တွေဟာ တကယ့်ကို အမှန်တရားကို ရရှိဖို့ အဓိက အရင်းမြစ်တွေ ဖြစ်ခဲ့ပါတယ်၊ ဒီလူတွေနဲ့သာ မတွေ့ခဲ့ရင် ဒီစာအုပ်ရေးသားလို့ရမှာ မဟုတ် ပါဘူး”ဟု ဘာတီးလ်လင့်တနာ က ပြောကြားသည်။

၁၉၈၉ခုနှစ်တွင် ရေးသားပြုစုခဲ့သည့် မူရင်းအမည် OUTRACE စာအုပ်အတွက် လိုအပ်သော အချက်အလက်များကို ကျောင်းသားပြည်သူ ရာနှင့်ချီ၍ တွေ့ဆုံမေးမြန်းခဲ့ရကြောင်း သိရပြီး စာရေးဆရာစံဝင်းမောင်နှင့် မင်းမျိုးနိုင်တို့က မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့ကာ လွင်ဦးစာပေမှ ဖြန်ချိခြင်း ဖြစ်သည်။

ယင်းစာအုပ်မှာ ၁၉၈၈ခုနှစ်က ထွက်ပြေးတိမ်းရှောင်ခဲ့ရသော၊ အဓမ္မထိန်းသိမ်းခံခဲ့ရသော ကျောင်းသားလူငယ်များနှင့် ပြည်သူများ၏ ကိုယ် တွေ့ခံစားချက်များကို ထုတ်ဖော်ပြောကြားခဲ့သည့်စာအုပ်ဖြစ်ပြီး ထိုအချိန်က အဖြစ်အပျက်များကို ယနေ့ခေတ် လူငယ်များ ပြန်လည် စိတ်ဝင် စားစေမည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း ဘာတီးလ်လင့်တနာ က ပြောကြားသည်။

“စာအုပ်မျက်နှာစာမှာ ကျွန်တော်ရဲ့နာမည် ပါပေမယ့် ကျွန်တော်က သူများတွေရဲ့ အချက်အလက်တွေကို သယ်ဆောင်သူ ပြန်ပြောသူမျှသာ ဖြစ်ပါတယ်၊ ၁၉၈၈က အကျဉ်းချခံရသူ၊ နှစ်ပေါင်းများစွာ တိုက်ပိတ်ခံရသူတွေကို ဒီနေရာကနေ ကျေးဇူးတင်စကား ပြောပါရစေ”ဟု ၎င်းက ပြောကြားသည်။

၈၈မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ ကိုဂျင်မီကလည်း “အရေးတော်ပုံကြီးကို ပထမဦးဆုံး ရုပ်လုံးပေါ်အောင် ရေးသားခဲ့တဲ့ နိုင်ငံခြားသား သတင်းထောက်၊ မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ နိုင်ငံခြားသား သတင်းထောက်၊ ပထမဦးဆုံး Black List ကြေညာခံရတဲ့ နိုင်ငံခြား သား သတင်းထောက်ရဲ့ အောင်နိုင်မှုကို မိတ်ဆက်ပေးလိုက်တဲ့ ထုတ်ဝေသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဒေါမာန်ဟုန်စာအုပ် ရေးသားသူ ဘာတီးလ်လင့်တနာသည် ယခင်က အရှေ့ဖျား စီးပွားရေး အပါတ်စဉ်ဂျာနယ် မှ သတင်းထောက်တစ်ဦး လည်း ဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း ပုံမှန်ရေးသားခဲ့ကာ ထိုစဉ်က မြန်မာနိုင်ငံအတွက် နံမည်ပျက်စာရင်း (Black Lick) အသွင်းခဲ့ခဲ့ရသူ လည်း ဖြစ်သည်။

ထက်နောင်နောင်

မြန်မာ့ခေတ်

No comments: