မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ ကွယ်လွန်
==================
မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ရဿသည် လွန်ခဲ့သည့် ထိုင်းမြန်မာနယ်စပ် ဝင်ကမြို့၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သိရပါသည်။ ကင်ဆာရောဂါကို လပေါင်းများစွာ ခံစားခဲ့ရပြီး ယနေ့ လွန်ခဲ့သည့်နာရီအနည်းငယ်တွင် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်ဟု သိရပါသည်။
၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့တုန်းက မွန်ပြည်သစ်ပါတီဥက္ကဋ္ဌဟောင်းနိုင် ရွှေကျင်နှင့်
ဒုဥက္ကဋ္ဌဟောင်း နိုင်ထင်တို့၏ ရုပ်ကလာပ်တည်ရှိရာ မုဒုံမြို့နယ်၊
ဝင်းစိန်တောရကျောင်းကို သွားရောက်ခဲ့ပြီး အမှတ်တရ
ကြွေပြားရုပ်ချပ်ပုံများကို ကပ်ပေးခဲ့သူ လက်ရှိဒုဥက္ကဌ နိုင်ရဿက “ဥက္ကဌကြီး
နှစ်ဦး ဟာ မွန်အမျိုးသားလွတ်မြောက်ရေးအတွ က်
သေဆုံးတဲ့အချိန်အထိ ကြိုးပမ်းခဲ့တယ်၊ သူတို့ဟာ မွန်ပြည်သူတွေအတွက်
ရှေ့ဆောင်လမ်းပြဖြစ်တယ် အဲဒီတော့ ကျန်ရှိနေတဲ့ ကျွန်တော်တို့ဟာ
ဥက္ကဌကြီးတွေကို ဂုဏ်ယူရမယ်၊ သူတို့ရဲ့ စွမ်းဆောင်ချက်တွေကို
မှတ်တမ်းတင်ရမယ်” ဟု ပြောဆိုခဲ့ဖူးသည်။
မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ရဿ ကွယ်လွန်ခြင်းမှာ မွန်အမျိုးသားတော်လှန်ရေးအတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခု ဖြစ်ပြီး ကျန်ရစ်သူ ခေါင်းဆောင်ကြီး၏ မိသားစုများနှင့်အတူ တော်ဝင်မီဒီယာမိသားစုမှ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း။----
တော်ဝင်မီဒီယာ
သုဝဏ္ဏဘူမိသုတေသန
သထုံမြို့။
==================
မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ရဿသည် လွန်ခဲ့သည့် ထိုင်းမြန်မာနယ်စပ် ဝင်ကမြို့၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သိရပါသည်။ ကင်ဆာရောဂါကို လပေါင်းများစွာ ခံစားခဲ့ရပြီး ယနေ့ လွန်ခဲ့သည့်နာရီအနည်းငယ်တွင် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်ဟု သိရပါသည်။
၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့တုန်းက မွန်ပြည်သစ်ပါတီဥက္ကဋ္ဌဟောင်းနိုင်
မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ရဿ ကွယ်လွန်ခြင်းမှာ မွန်အမျိုးသားတော်လှန်ရေးအတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခု ဖြစ်ပြီး ကျန်ရစ်သူ ခေါင်းဆောင်ကြီး၏ မိသားစုများနှင့်အတူ တော်ဝင်မီဒီယာမိသားစုမှ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း။----
တော်ဝင်မီဒီယာ
သုဝဏ္ဏဘူမိသုတေသန
သထုံမြို့။

No comments:
Post a Comment