မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Tuesday, January 14, 2014

ဒါလည်း ထည့်စဉ်းစားရမဲ့ အချက်ထဲမှာပါတယ် ။



လက်ရှိနိုင်ငံရေးအခြေအနေ အဓိကကျသောပုဂ္ဂိုလ်များနှင့် ကျနော့်အမြင်------ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးသီးခြားဖော်ပြနေစရာမလိုပဲ ကျန်သောပုဂ္ဂိုလ်တွေရဲ့ဒေါ်စုအပေါ်ထားတဲ့ သဘောထားဟာ ဒီကနေ့နိုင်ငံရေးကိုအဓိကပုံဖော်နေ တာပဲဖြစ်ပါတယ်...မြန်မာ့နိုင်ငံရေးဟာ အာဏာရပါတီ အတိုက်အခံပါတီ ပြည်သူလူထု အားလုံးဟာ ဒေါ်စုကိုဗဟိုပြုနေတာပါ...ဒေါ်စုဗဟိုပြုနိုင်ငံရေးဖြစ်ပါတယ်... အာဏာရပါတီဘက်မှာ အဓိကကျတဲ့သူနှစ်ဦးကတော့ ဦးရွှေမန်းနဲ့ဦးသိန်းစိန်ပါ...ဒီနေရာမှာ ဦးရွှေမန်းနဲ့ပတ်သက်ပြီး အဓိကထားပြောရမှာပါ...ဦးရွှေမန်းဟာ ကြံ့ခိုင်ရေးခေါင်း ဆောင်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုကိုအလိုလားဆုံးခေါင်းဆောင်တစ်ယောက်လို့ယူဆရမှာပါ...သူ့အယူအဆက ဒေါ်စုနဲ့ချစ်ကြည်နားလည်မှုရှိစွာ ရွေးကောက်ပွဲကိုတရားမျှတစွာ ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ညှိနှိုင်းပူးပေါင်းထားတဲ့ အစိုးရအဖွဲ့မျိုးကိုဖွဲ့စည်းလိုပုံရပြီး ရေရှည်အတွက်ခိုင်မြဲတဲ့ရင်ကြားစေ့ရေးကိုတည်ဆောက်လိုပုံပါ...ိဦးရွှေမန်းရဲ့အင်အားကတော့ ကြံ့ခိုင်ရေးပါတီတွင်းမှာ ဦးခင်အောင်မြင့် သူရဦးအောင်ကို သူရဦးအေးမြင့် ဦးမောင်တိုး ဦးသန်းဝင်းတို့ပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီဝင်အများစုနဲ့ လွှတ်တော်အမတ်အများစုဖြစ်ပါတယ်...ဒီနေရာမှာ သမ္မတအုပ်စုဘက်ကိုကြည့်ရင် အစိုးရအဖွဲ့အများစုနဲ့အာဏာရှင်လက်ဟောင်းအယူအဆရှိသူတွေပါပါတယ်... အနေအထားတွေကိုကြည့်ရင် သမ္မတအုပ်စုဟာ ဒေါ်စုကိုမလိုလားသူတွေ အာဏာကိုအချင်းချင်းသာလက်ပြောင်းလက်လွှဲလုပ်လိုသူတွေ ဒေါ်စုကို မတရားမှုတွေနဲ့ ရွေးကောက် ပွဲမှာ ထိန်းချုပ်ထားလိုပြီး ဒေါ်စုသမ္မတမဖြစ်ရေးဟာ သူတို့ရဲ့မဟာဗျူဟာပါ... အစောပိုင်းကာလနိုင်ငံရေး ဦးရွှေမန်နဲ့ ဦးသိန်းစိန် အားပြိုင်ကြရာမှာ ကာချုပ်ဟာကြားနေနေခဲ့ပါတယ်..ဦးရွှေမန်းဟာ ဒေါ်စုနဲ့တိုင်းသိပြည်သိလက်တွဲဆောင်ရွက်လာပါတယ်... ၂၀၁၅ မှာ ဦးသိန်းစိန်ကိုဖယ်ထုပ်ပြီး ကြံ့ခိုင်ရေးရဲ့သမ္မတလောင်းအဖြစ်ဝင်ရောက်ဖို့ကြိုးစားလာပါတယ်..ဒီလိုလုပ်နိုင်လောက်အောင် ကြံ့ခိုင်ရေးပါတီတွင်းထောက်ခံမှုကိုလုံလုံ လောက်လောက်ရရှိထားပြီး ကာချုပ်ကလည်းကြားနေစောင့်ကြည့်နေပါတယ်... အဲဒီလိုအခြေအနေမှာ ဒေါ်စုကိုမလိုလားသူအုပ်စုဘက်မှာ ဦးသန်းရွှေပါဝါကဝင်လာပါတယ်...ဦးသန်းရွှေဟာ ကာချုပ်ကိုလွှမ်းမိုးထားနိုင်ပုံရပါတယ်..ပထမအခြေအနေအရ ကြံ့ခိုင်းရေးပါတီနဲ့လွှတ်တော်တွင်းမှာ ပါဝါကြီးလာတဲ့ ဦးရွှေမန်းကို သမ္မတအုပ်စုကမယှဉ်နိုင်ခဲ့သော်လည်း ဦးသန်းရွှေကဝင်ရောက်လွှမ်းမိုးလာပြီးနောက် ကာချုပ်ဟာ ဦးသန်း ရွှေဖိအားအရ သမ္မတအုပ်စုဘက်ကရပ်တည်လာတယ်လို့ယူဆနိုင်ပါတယ်...အဲဒီအချိန်မှာဦးရွှေမန်းဟာ အကျဉ်းကျပ်ထဲကိုရောက်ခဲ့ပုံပါ... ဒီအခြေအနေမှာ တစ်ချို့က ပြောပါမယ် အပြောကတော့ ရွှေမန်းဆိုတာမျိုးပါ...သူ့နေရာကိုကြည့်ရင် ကြံ့ခိုင်ရေးပါတီတွင်းနဲ့လွှတ်တော်တွင်း(25% မပါ)အများစုထောက်ခံမှုရှိ နေသော်လည်း အဲဒီအားနဲ့ သမ္မတအုပ်ချုပ်ရေးအဖွဲ့ စစ်တပ်နဲ့ပြည်ထဲရေးတို့ပူးပေါင်းထားတဲ့အားကိုယှဉ်ဖို့ဟာမလုံလောက်ပါ... ဒီတော့ သူစိတ်ကူးမျှော်လင့်ချက်အတိုင်းရှေ့ဆက်ဖို့အားလိုလာပါပြီ...ပြည်တွင်းပြည်ပအားကိုရယူနိုင်ဖို့ ဒေါ်စုနဲ့မဟာမိတ်ဆက်ဆံရေးကိုထူထောင်ရမှာပါ...ဒါကိုသမ္မတအုပ်စုက လည်းကောင်းစွာသဘောပေါက်တဲ့အတွက် ဒီလမ်းကြောင်းနည်းဗျူဟာကို ဖြတ်တောက်ဖို့ကာချုပ်အားကိုအသုံးချပြီးကြိုးစားလာပါတယ်.. ဒီနေရာအခြေအနေဟာ ဦးရွှေမန်းအတွက် အလွန်အန္တရယ်ကြီးမားတဲ့ စွန့်စားရမယ်အနေအထားပါ...သူမျှော်လင့်တာဟာ ဒေါ်စုနဲ့ယုံကြည်မှုတည်ဆောက်ပြီး အပြန်အလှန်နား လည်မှုရှိရှိ အပေးအယူလုပ်ပြီး အတိတ်ကိုပြည်ဖုံးကားချပြီး စနစ်သစ်တစ်ခုကိုပီပီပြင်ပြင်ပြောင်းလဲလိုတာပါ...ဒီအကူးအပြောင်းဟာ ဘုရင့်နော်ဖောင်ဖျက်ရမယ့်အနေအထားပါ ...သူအတွက်ဖောင်ဖျက်ဖို့သင့်မသင့်တော့သူစဉ်းစားမှာပါပဲ...စစ်အာဏာရှင်ဟောင်းတွေဟာ ဘယ်သူမှနောက်ကြောင်းမကင်းနိုင်ပါ...ဒီလိုဖြစ်အောင်လည်း ဦးသန်းရွှေကဖန်တီး ထားခဲ့တာပါ...ကြီးမားတဲ့စွန့်စားမှု ဘဝနဲ့ရင်းရမဲ့စွန့်စားမှုဆိုတာတော့အသေအချာပါ...လောလောဆယ်မှာတော့ အပြောကတော့ရွှေမန်းပဲဆိုတာထက် လုပ်ပြဖို့ကခက်ခဲနေမှာပါ ...သေချာတာက သူဟာ ဦးသိန်းစိန်ထက် ဒေါ်စုကိုလိုလားတာတော့အမှန်ပါ...ဒါပေမဲ့ ဒီအချိန်မှာ ဦးသန်းရွှေအပါအဝင်အားတွေက သူကိုဖိအားပေးနေပါတယ်... ဒေါ်စုအနေနဲ့လည်း သမ္မတကိုမယုံကြည်တော့တာအမှန်ပါ...ဦးရွှေမန်းကိုတော့ လိုလိုလားလား ညှိနှိုင်းဆောင်ရွက်လို့ရမယ့်သူတစ်ယောက်အဖြစ်ယူဆပုံရပါတယ်... ဒီတော့ ဦးသန်းရွှေမစွက်ဖက်ပဲ ကာချုပ်ကကြားနေနေမယ်ဆိုရင် တိုင်းပြည်အခြေအနေကအများကြီးကောင်းမွန်လာနိုင်တဲ့အနေအထားပါ... တကယ်တော့ မူလက ဒေါ်စုနဲ့ဦးရွှေမန်း ညှိနှိုင်းထားတဲ့အတိုင်း နိုင်ငံရေးအခြေအနေကိုပုံဖော်နိုင်ခဲ့မယ်ဆိုရင် တိုင်းပြည်အခြေအနေဟာ လုံလောက်တဲ့ အရွေ့တစ်ခုကိုရရှိမှာပါ.. ဒါဟာ ကျနော့်အမြင်သုံးသပ်ချက်ပါ...ဒီသုံးသပ်ချက်ဟာ ခိုင်လုံတဲ့ အချက်တစ်ချို့အပေါ်မှာ အခြေပြုထားတဲ့သုံးသပ်ချက်ပါ... ကျနော်တို့ ဒီမိုတွေဟာ နည်းဗျူဟာကို အသေမထားသင့်ပါ..ကျနော်တို့ရဲ့ ခိုင်မာတဲ့ယုံကြည်ချက်ကတော့ ဒေါ်စုဟာ ကျနော်တို့ရဲ့ခေါင်းဆောင်ပါ...ဒါကိုကိုင်စွဲပြီး လက်ရှိပြောင်းလဲ နေတဲ့ အခြေအနေတွေနဲ့လိုက်လျောညီထွေရှိတဲ့ နည်းဗျူဟာကိုဖော်ဆောင်ဖို့လိုပါတယ်...မဟာဗျူဟာခိုင်မာရမယ် နည်းဗျူဟာကအရှင်ဖြစ်ဖို့လိုပါတယ်... တိုင်းပြည်မှာ ဘက်နှစ်ခုကတော့ရှိနေမယ်ဆိုတာတော့ သဘောပေါက်လက်ခံရမှာပါ...ဒီတော့ အခြားဘက်တစ်ဘက်ကကောင်းသောပြိုင်ဘက် တရားသောပြိုင်ဘက်ဖြစ်ဖို့က လည်းအရေးကြီးပါတယ်...နိုင်ငံရေးဆိုတာ ပြိုင်ဘက်ဆိုတာရှိနေမှာပါပဲ...ဒါကိုလက်ခံရမှာပါ...ဒီတော့ ကိုယ်ဘက်တစ်ခုထဲ အာရုံစိုက်မနေပဲ ပြိုင်ဘက်ကောင်းရဖို့ကိုလည်း ကိုယ်ကဖန်တီးနိုင်ဖို့လိုပါတယ်...ဒါကြောင့်နှစ်ဘက်အခြေအနေနှစ်ခုလုံးဟာကိုယ်နဲ့ပတ်သက်နေပါတယ်...ကိုယ့်ဘက်ကတော့ရှင်းပြီဆိုပြီးနေလို့မရ...အခြားတစ်ဘက်ကဘယ် သူလာလာတိုက်ခိုက်မှာပဲ ဆော်မှာပဲဆိုတာလည်းမသင့်ပါ...ပြိုင်ဘက်ကောင်းကို ကြိုဆိုရမယ် ပြိုင်ဘက်ကောင်းရဖို့အထိ ကိုယ်ကဖန်တီးတတ်ရင်တော့ အကောင်းဆုံးပါ... ပြိုင်ဘက်ကောင်းနဲ့ တရားသဖြင့်မိတ်မပျက်ပဲပြိုင်ဆိုင်ခြင်းဟာ ဒီမိုကရေစီယဉ်ကျေးမှုပါ... ကာချုပ်ရဲ့မကြာမီကပြောသွားတဲ့ ဆင်ခြင်ဥာဏ်မဲ့တဲ့စကားဟာ လွှတ်တော်ကျင်းပခါနီးမှာ အချိန်ကိုက် ဦးရွှေမန်းနဲ့ လွှတ်တော်အမတ်တွေကို အာဏာသံနဲ့ဖိအားပေး ပြေားသွားတဲ့စကားလို့ယူဆရမှာပါ..... ဒါကြောင့် ကိုယ်ဘက်အပိုင်းတွင်သာမက ကျနော်တို့ရဲ့ပြိုင်ဘက်ကောင်းတစ်ယောက်ရရှိရေးကိုလည်း ဒီမိုအင်အားစုတွေကပါဝင်ဆောင်ရွက်သင့်ပါတယ်...တရားမျှတဲ့ ဒီမို ပြိုင်ဘက်တစ်ယောက်ကို ကျနော်တို့အားနဲ့ဖန်တီးပံပိုးပေးရမှာ လိုအပ်ပါကြောင်းတင်ပြပါရစေ----------့်

No comments: