Tuesday, January 14, 2014

တပ်မတော်ရဲ့သဘောထားကိုစာလုံးနဲ့မြင်မှ ယုံကြည်ချင်ကြကသူများအတွက်



တပ်မတော်ရဲ့သဘောထားကိုစာလုံးနဲ့မြင်မှ ယုံကြည်ချင်ကြကသူများအတွက်

မင်းအောင်လှိုင်ရဲ့စကားလက်ဆောင်ကတော့
ရှင်းရှင်းလင်းလင်းရှိလှပါတယ်၊
ဒီလိုမိန့်ခွန်းထဲက သဘောထားအတိုင်းဆိုလျှင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းချင်လွန်းလို့
အလျှော့ဆုံးဈေးနဲ့ ပေးထားတဲ့ပြန်လည်ရင်ကြားစေ့ရေးဆိုတာကလည်း
လေထဲတိုက်အိမ်ဆောက်ထားသလို ပျိုလဲပျက်စီးခဲ့ပြီဆိုတာ ငြင်းစရာမလိုတော့၊

နိုင်ငံရေးအလင်းရောင်တွေ ပိတ်မှောင်မသွားခင်
ယုံကြည်မှုကိုအင်မတန်တည်ဆောက်ချင်နေသေးတဲ့
ပွင့်လင်းလူ့အဖွဲ့အစည်းက လူသူများအတွက်ကိုလည်း
တပ်မတော်အဖွဲ့အစည်းရဲ့ ပွင့်လင်းတဲ့ယုံကြည်ချက်ကိုပြလိုက်ပါပြီ၊

ခြေဥကို လွတ်တော်ထဲကို ၀င်ပြင်မယ်ဆိုတဲ့ သူတွေကိုလည်း
တပ်မတော်ရဲ့က ပျက်ရယ်ပြုနေပါပြီ၊

သူတို့ရှေ့ဆက်သွားမဲ့လမ်းကု
ပြတ်ပြတ်သားသားထုတ်ဖေါ်ပြလိုက်တဲ့နောက်တော့
သံယောဇဉ်မပြတ်သူတွေ နေပြည်တော်ကို လိုက်သွားပြီါ်
ကိုယ့်ကျင်းကိုယ်တူးသင့်တယ်

(၂၀၀၈)ကိုမထိနဲ့ တပ်မတော်ကိုမထိနဲ့ မီးပွင့်သွားမယ်၊
ဆိုတဲ့ရာဇသံနောက်မှာ မျှော်လင့်ချက်ဆိုတာကုန်ဆုံးသွားပါပြီ၊
ဒါနဲ့များ ဘာများမျှော်လင့်ချက်ရှိနေသေးလဲ၊

ဒါကြောင့်
လက်တွေ့ဘ၀မှ ငြိမ်းချမ်းရေးဆိုတာ
ငြိမ်းငြိမ်းချမ်းချမ်း တည်ဆောက်ချင်တိုင်း အလွယ်တကူ
ဖြစ်မလာနိုင်ဘူးဆိုတာကို သမိုင်းကသက်သေပြနေပါပြီ

No comments: