ထစ်ခနဲတစ်ခုခုဖြစ်တာနဲ့ နောက်ကြောင်းပြန်လှည့်ရမလား၊ နောက်ကြောင်းပြန်လှည့်လိုက်ရမလား လို့ ခြိမ်းခြောက်တာကို ခင်ဗျားတို့ကလည်း ကြောက်နေသေးတယ်။ စိတ်ချ ... ခြိမ်းခြောက်မဲ့သာ
ခြိမ်းခြောက်နေတာ ... သင်းတို့ကိုယ်တိုင်က နောက်ကြောင်းပြန်လှည့်မှာ
မဟုတ်ဘူး။ ဒီမိုကရေစီအစိုးရ ဆိုတာကြီးကနေ တစ်ပြားသားမှ
လျှော့ရဲမှာမဟုတ်ဘူး။
ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဒီမိုကရေစီအစိုးရဆိုတာကြီးဖြစ်လာလို့
ပြည်သူတွေအတွက် သိသိသာသာ ဘာတွေ ဖြစ်လာသေးလို့လဲ။ ဆန္ဒပြသလို့ရတယ်ဆိုတာကလည်း
ဆန္ဒလေးပဲ ပြသခွင့်ရတာလေ။ အဲဒီ့ ဆန္ဒကို အကောင်အထည်ဖော်ပေးလို့လား။
ငြိမ်းချမ်းရေးအတွက် ဆန္ဒပြလို့ ကချင်ပြည်နယ်ကစစ်ပွဲတွေ ရပ်သွားဖူးလား။
လက်ပန်းတောင်းတောင်အတွက် ဆန္ဒပြလို့ စီမံကိန်းကို ရပ်ပေးလို့လား။ မအူပင်မှာ
ဆန္ဒပြလို့ လယ်စိုက်ဖို့ မြေတွေ ချပေးဖူးလား။ လယ်သမားတွေ ဆန္ဒပြလို့ လယ်တွေ
ပြန်ပေးဖူးလို့လား။ မြစ်ဆုံကိစ္စတောင် ခေတ္တဆိုင်းငံ့ရုံလောက်ပဲ
နှစ်သိမ့်ပေးဖူးတာလေ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ
ဝင်လာလို့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာမယ်၊ ဘာဖြစ်တယ်၊
ညာဖြစ်တယ်နဲ့ ဘာဘာညာညာတွေ လျှောက်ပြောမနေနဲ့။ စစ်အစိုးရလက်ထက်က
ချဉ်ပေါင်ကြော်နဲ့ ပဲပြုတ်ကို ထမင်းဘူးထည့်နေရတဲ့ အလုပ်သမားတွေက ဒီမိုကရေစီ
အစိုးရခေတ်ကြီးမှာလည်း ချဉ်ပေါင်ကြော်နဲ့ ပဲပြုတ်ပဲ။ မလေးတို့၊
ထိုင်းတို့မှာ အလုပ်ကြမ်းလုပ်နေတဲ့ မြန်မာတွေကို
အဲ့လိုသွားစည်းရုံးလို့ကတော့ သူတို့က ရယ်စရာလိုပဲ တ၀ါးဝါးနဲ့
ဝိုင်းရယ်ကြလိမ့်မယ်။ စစ်အစိုးရခေတ်ကလည်း မသေရုံတမယ် ၀င်ငွေနဲ့
လူဖြစ်အောင်နေရတာပဲ။ ဒီမိုကရေစီခေတ်ကြီးမှာလည်း မလောက်မင ၀င်ငွေနဲ့
အသက်ရှင်နေရတာပဲလေ။ ဘာထူးလို့တုန်း။ ဒီမိုကရေစီအစိုးရကြီး ဖြစ်သွားဖို့
ပြည်သူတွေအတွက် ဘာတွေ တိုးတက်လာတယ်ဆိုတဲ့ ထင်သာမြင်သာကိစ္စတွေတော့
တစ်ခုမှမတွေ့မိသေးဘူးပဲ။ ဖုန်းဈေးတွေ ကျတာနဲ့ ဒီမိုကရေစီ ဆိုတာကြီးနဲ့
လားလားမှ မဆိုင်ပါဘူး။ နဂိုထဲက တန်ဖိုးမရှိတဲ့ ဖုန်းဆင်းကဒ်တွေကို
သူတို့ဘာသာ ဈေးတင်ရောင်းနေတဲ့ ကိစ္စပဲလေ။ မြ၀တီမှာ ထိုင်းဖုန်းဆင်းကဒ်တွေ
တစ်ခုမှ ဘတ် (၅၀)၊ မြန်မာငွေ (၁၅၀၀) ပဲရှိတဲ့ကိစ္စ။ သူတို့ဘာသာ အဘကြေးတွေ၊
အစ်ကိုကြီးကြေးတွေ နင့်နေအောင်ပေးပြီး ပြည်သူတွေဆီက ငွေကို
လည်ပင်းညှစ်ယူနေတာ။ ရှက်တတ်ရင်တောင် လဲသေလို့ရတယ်။ တချို့ ပြောလိုက်သေးတယ်။
ဒီမိုကရေစီအစိုးရကြီးမို့ ဒေါ်စုက လွှတ်တော်ထဲရောက်နေတာ .. ဘာဘာညာညာပေါ့။
ဒေါ်စုနဲ့ NLD က တစ်ယောက်စ၊ နှစ်ယောက်စ လွှတ်တော်ထဲရောက်လို့ ဘာဖြစ်လာလို့လဲ။
ဘယ်သူတွေ ဘာပြောပြော ဒေါ်စုကို လွှတ်တော်ထဲ ထည့်ထားတာ မကောင်းတတ်လို့
နေရာပေးထားရတာလို့ပဲမြင်တယ်။ ဒါမှ လူမြင်သူမြင် ကောင်းမှာလေ။
စစ်အစိုးရခေတ်က ၀န်ကြီးတွေက ဗိုလ်ချုပ်တွေ။ အခုခေတ်က ၀န်ကြီးတွေကလည်း
ဗိုလ်ချုပ်(ငြိမ်း)တွေပဲလေ။ ဘာထူးသွားလို့လဲ။ စစ်အစိုးရခေတ်က
တပ်မတော်အသွင်ပြောင်းတွေကို ၀န်ကြီးဌာနတွေထဲရွှေ့တယ်။ အခုလည်း
ရွှေ့နေတုန်းပဲလေ။ အရပ်သားတွေ ဘယ်မှာနေရာရလို့တုန်း။ လက်ရှိအစိုးရမှာ
ဝန်ကြီးနေရာရနေတဲ့ အရပ်သားတွေဆိုတာကလည်း ကြံ့ဖွံ့ကလူတွေပဲဟာ။ လွှတ်တော်
ဆိုတာကလည်း စစ်တပ်က တစ်မတ်သားနဲ့ ကြံ့ဖွံ့က ငါးမူးသားလောက် ပါနေတာပဲလေ။ ¬¬
ဒီမိုကရေစီခေတ်ကြီးဖြစ်သွားလို့ ကောင်းစားလာတာကတော့ သူတို့တွေလို့ပဲ ကျွန်တော်က မြင်မိတယ်။ ဒီမိုကရေစီခေတ်ကြီးဖြစ်သွားလို့
ဦးသန်းရွှေလည်း အေးအေးဆေးဆေး နေရတယ်။ နို့မဟုတ်ရင် ကဒါဖီလို
အသေဆိုးချင်ဆိုးနေဦးမယ်။ ခုတော့ ဒီမိုကရေစီ အစိုးရဆိုတာကြီးက ဦးသန်းရွှေကို
အကာအကွယ်ပေးနေတဲ့ ခံတပ်ကြီးပဲလေ။ဒီမိုကရေစီခေတ်ကြီး ဖြစ်သွားလို့ နောက်ကြောင်းပြန်တရားစွဲခွင့်မရှိစေရ
ဆိုတဲ့ အကာအကွယ်အောက်မှာ အရင်က စစ်ဗိုလ်ချုပ်ဟောင်းတွေ အေးအေးသက်သာနဲ့
ဂေါ့ဖ်ရိုက်လို့ ရနေတာလေ။ ဒီမိုကရေစီခေတ်ကြီးဖြစ်သွားလို့
ခရိုနီတွေ ဘဏ်စာရင်းတွေ ပြန်ဖွင့်ဖို့ ကြိုးစားလို့ရသွားတယ်။
ထုတ်ကုန်သွင်းကုန် သူဌေးတွေ ပစ္စည်းတွေပို့ခွင့်ရတယ်။ ဒီမိုကရေစီခေတ်ကြီး
ဖြစ်သွားလို့ ဦးသိန်းစိန်တစ်ယောက် အမေရိက ရောက်ဖူးသွားတယ်။
ဒီမိုကရေစီခေတ်ကြီးဖြစ်သွားလို့
ကုလသမဂ္ဂမှာ လူလုံးပြခွင့်ရတယ်။ ဒီမိုကရေစီခေတ်ကြီး ဖြစ်သွားလို့ နိုဘယ်ဆု
ရမလိုလို ဘာလိုလိုနဲ့ ဟိုဒင်းဝမ်းသာအောင် လေလည်ပြတဲ့ အသံတွေ ကြားနေရတယ်။
ဒီမိုကရေစီခေတ်ကြီး ဖြစ်သွားလို့ ဟိုနိုင်ငံ၊ ဒီနိုင်ငံ လတ်လျားလတ်လျား
သွားခွင့်ရတယ်။ ဒီမိုကရေစီခေတ်ကြီး ဖြစ်သွားလို့ ကော်ဘရာဂိုလ်းမှာ
လေ့လာခွင့်ရတယ်။ ဒီမိုကရေစီခေတ်ကြီး ဖြစ်သွားလို့ အိုဘားမားရောက်လာတယ်။
အမေရိကန်နဲ့ ပလူးပလဲလုပ်ခွင့်ရတယ်။ အကူအညီတွေတောင်းလို့ရတယ်။
ဒီမိုကရေစီခေတ်ကြီး ဖြစ်သွားလို့ အတွင်းရေးမှူး (၁) ဟောင်း၊
နအဖ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဘ၀ကနေ ဒုတိယ ဗိုလ်ချုပ်အောင်ဆန်းတို့၊
ဒီမိုကရေစီ၏ ဖခင်ကြီးတို့ စသဖြင့် ၀ါဒဖြန့်ခွင့်ရတယ်။ ကဲ …
ဒီမိုကရေစီခေတ်ကြီး ဖြစ်သွားလို့ ဘယ်သူတွေ ကောင်းစားကြလဲ။
ဒါတောင်မှတ်မိသလောက်ပဲ ပြောတာနော်။ စေ့စေ့စပ်စပ်နဲ့ သေချာရှာဖွေရင်
ဒီ့ထက်မကရှိဦးမယ်။
ဗိုလ်ချုပ်ဟောင်းတွေအတွက် ဒီလောက်ကောင်းနေတဲ့ ဒီမိုကရေစီခေတ်ကြီးကနေ ဘယ်သူက နောက်ပြန်လှည့်ချင်မှာလဲ။ နောက်ပြန်လှည့်လိုက်ရမလားဆိုတဲ့ စကားနဲ့ သူတို့က ခြိမ်းခြောက်ရမှာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က ခြိမ်းခြောက်ရမှာ။
ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဒီမိုကရေစီအစိုးရဆိုတာကြီးဖြစ်လ
ဒီမိုကရေစီခေတ်ကြီးဖြစ်သွားလို့
ဗိုလ်ချုပ်ဟောင်းတွေအတွက် ဒီလောက်ကောင်းနေတဲ့ ဒီမိုကရေစီခေတ်ကြီးကနေ ဘယ်သူက နောက်ပြန်လှည့်ချင်မှာလဲ။ နောက်ပြန်လှည့်လိုက်ရမလားဆိုတဲ့
No comments:
Post a Comment