မတ်လ (၁၆) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် တံတားနီ အောက်မေ့ဘွယ်အခမ်းအနား နှင့် မြန်မာနိုင်ငံမှာ ရောက်ရှိလာမည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
တဦးဖြစ်သူ
ကိုဌေးကြွယ်နဲ့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတို့ကိုတက်ရောက်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
မနက်ပိုင်း အခမ်းအနား -- တံတားနီအောက်မေ့ဘွယ် အခမ်းအနားကို မင်္ဂလာရာမကျောင်းတိုက်တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားပါမည်။
အချိန် - နံနက် ၆း၃၀ - ၉း၀၀
နေရာ - 1708 Powder Mill Road, Silver Spring, MD 20903
အစီအစဉ် - နံနက် ၆း၃၀ -- ဆရာတော်များအား အာရုဏ်ဆွမ်း ကပ်လှူခြင်း။
နံနက် ၈း၀၀ -- ၁၉၈၈ မတ်လ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး အရေးတော်ပုံ လှုပ်ရှားမှုတွင် အသက်ပေး တိုက်ပွဲဝင်သွားခဲ့ကြသူများအား အောက်မေ့ဘွယ် ဆုတောင်းမေတ္တာပို့ တရားတော် နာကြားခြင်း။
ညနေပိုင်း အခမ်းအနား -- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား
မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ လေ့လာရေးခရီးအဖြစ် ရောက်ရှိလာမည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် က လက်ရှိ မြန်မာ့အရေး (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး) အပြောင်းအလဲ
အခြေအနေများကို သုံးသပ်တင်ပြပြီး နဲ့ မြန်မာမိသားစုဝင်များနဲ့ ပွင့်ပွင့်လင်းလင်း မေး-ဖြေ ဆွေးနွေးသွားပါမည်။
အချိန် - ညနေ ၅း၃၀ - ၈း၃၀
နေရာ - 12920 Twinbrook Parkway, Rockville, 20851
လေးစားစွာဖြင့်
စီစဉ်လှုံဆော်သူများ
DC..MD..VA

No comments:
Post a Comment