လက်ပံတောင်းတောင်တိုက်ပွဲအစတွင် ဒေသခံတွေက ၎င်းတို့
ဆုံးရှူံးခဲ့ကြသည့်ရပိုင်ခွင့်များကို
ငြိမ်းချမ်းစွာဖြင့် ရိုးရိုးအေးအေး
တောင်းဆိုခဲ့ရာမှ တဖြေးဖြေးနှင့်
ငါးပွက်ရာငါးစာချတတ်ကြတဲ့
ရာသီပေါ်နိုင်ငံရေးသမားများပါဝင်ပတ်သက်လာသည်ကိုတွေ့
ရှိလာခဲ့ရသလို....စိတ်ရင်းကောင်းစေတနာထားပြီး
လက်ပတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက်
အရိုးခံစိတ်နဲ့ ဝင်ရောက်ပူးပေါင်းလာကြတဲ့
ရဟန်းသံဃာတော်တွေနှင့်
နိုင်ငံရေးလုပ်နေသူတွေပါဝင်တာကိုလည်း တွေ့ခဲ့ရပါသည်။
လက်ပ
တောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက်
အရိုးခံစိတ်နှင့် ပါဝင်လာသူတွေကို လေးလည်းလေးစားတယ်
ကျေးဇူးလည်း
တင်ပါတယ်။ အဲဒီတုန်းက
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက်
ဒေသခံပြည်သူတွေငြိမ်းချမ်းစွာဆန္ဒပြ
တောင်းဆိုခဲ့တာကိုစာရေးသူအနေနဲ့ ဆောင်းပါးရေး၍
တဖုံ၊ကဗျာရေး၍တမျိုး အပြည့်အဝထောက်ခံခဲ့ပါသည်။
လက်ပတောင်း
တောင်တိုက်ပွဲအရှိန်အဟုန်မြင့်တက်လာတာနဲ့အညီ
ငွေထုပ်ပိုက်ပြီး ပြည်တွင်း- ပြည်ပ
ငါးပွက်ရာငါးစာချတတ်ကြတဲ့ ရာသီပေါ်
နိုင်ငံရေးသမားအချို့နှင့် ဆန္ဒပြပွဲများတွင်
ဂွင်ဖမ်းရန်အကွက်ချောင်းပြီး
အခွင့်ကောင်းကိုစောင့်နေသော နိုင်ငံရေးသမားအချို့
တို့က ထင်ပေါ်ကျော်ကြားချင်၍သော်လည်းကောင်း၊
ငွေရရှိ၍သော်လည်းကောင်း
နိုင်ငံရေးစတန့်ထွင်လာကြသည်။ထို- နိုင်ငံရေး
စတန့်ထွင်လာကြသောနိုင်ငံရေးသမားအချို့သည်
လက်ပတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးကို
အခွင့်ကောင်းယူကာ
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးတခုတည်းကိုပဲ
ဦးမတည်တော့ပဲ၊ လက်တလောမဖြစ်နိုင်သေးတဲ့ နိုင်ငံရေး
တောင်းဆိုမှုတွေရောယှက်ကာ လက်ပတောင်းအစည်းဝေးကို
လူထုညီလာခံဟုကင်မွန်းတပ်ကာ၊ ၎င်းအစည်းဝေးမှ မဖြစ်နိုင်
သေးတဲ့ နိုင်ငံရေးတောင်းဆိုမှုများ
တသီတတန်းကြီးတောင်းဆိုလာခဲ့ကြသည်ကိုတွေ့ရှိခဲ့ရသည်။
ကျနော်သိထားသမျှပြန်ပြော
ရမည်ဆိုလျှင်....( ၁ ) ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊
( ၂ ) ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး၊
နိုင်ငံရေးအကျဉ်းသားများ
ချွတ်ယွင်းချက်မရှိအကုန်ပြန်လွတ်ပေးရေး၊
ဒုတိယအကြိမ်
ပင်လုံညီလာခံကျင်းပပေးရေးအစရှိတဲ့တောင်းဆိုမှုတွေကိုလူထုညီ
လာခံလို့ ကင်မွန်းတပ်ခဲ့တဲ့ အစည်းဝေးကြီးက
တောင်းဆိုလာခဲ့ကြပါတယ်။ ဒါဟာ ရိုးသားတဲ့
ဒေသခံပြည်သူတွေကို မလိမ့်တ
ပတ်လုပ်ပြီး မရိုးသားတဲ့ နိုင်ငံရေးသမားတွေက
စတန့်ထွင်ကာ နိုင်ငံရေးလုပ်စားလိုက်တာပါပဲ။ အဲဒီမှာ
ကျနော်နိုင်ငံရေးအတွေ့
အကြုံအမြင်အရပြောမယ်ဆိုရင် ပယောဂပါနေပြီးဆိုတာ
သတိထားလိုက်မိတယ်။
အမှန်မှာ ကျနော့်အနေနဲ့ ဖြစ်ချင်တာက
လက်ပံတောင်းတောင်ကိစ္စကိုပဲသီးသန့်လုပ်ငန်းစဉ်တခုအဖြစ်အကောင်ထည်ဖော်ဆောင်
ရွက်စေချင်ပါတယ်။
လက်ပံတောင်းတောင်းကြေးနီးစီမံကိန်းရပ်ဆိုင်းပြီးမှသာ
နောက်ဆက်တွဲလုပ်ရမယ့် နိုင်ငံရေးလုပ်ငန်း
စဉ်တွေကို သီးသန့်တခုပြီးတခု- တဆင့်ပြီးတဆင့်
လုပ်စေလိုပါတယ်။ အခုဟာက
ကြေးနီစီမံကိန်းတောင်မရပ်ဆိုင်းရသေးဘူး။
ကိုယ့်ဖြစ်ချင်တဲ့နိုင်ငံရေးမဟာဗျူဟာ-နည်းဗျူဟာတွေ
ငွေရရှိ၍သော်လည်းကောင်း၊ ထင်ပေါ်ကျော်ကြားချင်တဲ့ဆန္ဒနဲ့
သော်
လည်းကောင်းထုတ်ဖော်ပြောကြားနေရင်တော့
ကျနော်တို့နိုင်ငံမှာအုပ်ချုပ်နေတာ
အရပ်သားအစိုးရစစ်စစ်မဟုတ်သေးဘူးဆိုတာ
စဉ်းစားဖို့တော့ကောင်းပါတယ်။ ပြီးတော့-
မနိုင်ဝန်ကိုလည်းထမ်းပိုးရာရောက်စေပါတယ်။ ဥပမာ ။ ။
လက်ပတောင်တောင်ကြေး
နီစီမံကိန်းရပ်ဆိုင်းပြီးပဲထား....ကြေးနီစီမံကိန်းရပ်ဆိုင်းပြီးရင်
ကျနော်အထက်ကဖော်ပြထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေဆက်
လုပ်ကြဦးမယ်ဆိုတာ
တပ်မတော်ကျော်ထောက်နောက်ခံထားတဲ့အစိုးရက
သတင်းမစုံစမ်းရပဲ ကိုယ့်ရဲ့ နိုင်ငံရေးမဟာဗျူဟာ-
နည်းဗျူဟာတွေသိနေထားပြီးဆိုတော့....တိုက်ပွဲမဝင်ခင်မှာပဲ
တပ်ဦးကကျွံနေသလိုမဖြစ်နေဘူးလား။ အမှန်မှာ
ကိုဘာလုပ်မယ်
ဆိုတာကို ဘာမှထုတ်ပြောပြစရာအကြောင်းမရှိဘူး..။
ကိုယ့်ကထုတ်ဖော်ပြောကြားလိုက်တော့ တဖက်က
ကိုယ့်ကိုချေးမှုန်းရ
လွယ်ကူသွားစေပါတယ်။ မြန်မာနိုင်ငံမှာ
ပြုပြင်ပြောင်းလဲရေးတွေလုပ်စရာတွေတပုံကြီးပါ။
နိုင်ငံရေးလုပ်တဲ့အခါ ရိုးသားတဲ့ဒေသ
ခံပြည်သူတွေနဲ့ အရိုးခံစိတ်နဲ့
ပူးပေါင်းပါဝင်လာသူတွေကိုခုတုံးလုပ်ပြီး
နိုင်ငံရေးမလုပ်စားကြဖို့လိုပါတယ်။ အမှန်တကယ်ဆိုရင်
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးတခုတည်းကိုပဲ
တိုက်ပွဲဝင်ရင်တောင် များစွာအခက်ခဲတွေပေါ်ပေါက်လာနိုင်
ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းကို
တချိန်ကမြန်မာနိုင်ငံအပေါ် သြဇာအလွန်တရာမှညောင်းခဲ့တဲ့
တရုတ်အစိုးရပိုင်
ကုမ္ပဏီနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှာ
ထပ်ဆင့်အကယ်ဒမီရထားတဲ့ မြန်မာစစ်တပ်ရဲ့
ကာကွယ်ရေးဝန်ကြီးဌါနကဖက်စပ်လုပ်
ထားလို့ပါပဲ..။ တရုတ်အစိုးရဟာ အခုချိန်မှာ
မြန်မာနိုင်ငံအပေါ်မှာ သြဇာအာဏာ တဖြေးဖြေးနဲ့
လျှော့ကျလာပေမယ့် လက်ကျန်
အရှိန်အဝါတော့
အနည်းငယ်ကျန်ရှိနေပါသေးတယ်ဆိုတာသတိပြုဖို့လိုသေးသလို-ထို့နည်းလည်းကောင်း
မြန်မာစစ်တပ်ဟာလည်း
အရင်ကလိုထင်ရာမဆိုင်းနိုင်တော့ပေမယ့် အချိန်ခါမရွေး
အကြောင်းတခုခုပြပြီး လုပ်ဇတ်ခင်းကာ
ချိန်ခါမရွေးအာဏာပြန်သိမ်းနိုင်
ပါသေးတယ်။ လက်ရှိ-
နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေလုပ်နေစဉ်ကာလမှာ
ရှေ့ကိုလောကြီးပြီးသွားလို့မရသေးပါဘူး။ မီးစဉ်
ကြည့်ကနေရသေးတဲ့ နိုင်ငံရေးကာလမှာ အခန့်မသင့်ရင်
ကျနော်တို့တတွေနေရာဟောင်းဆီကိုပြန်ရောက်သွားနိုင်ပါသေးတယ်။
နေရာဟောင်းကိုပြန်လည်ရောက်ရှိသွားရင်ဘယ်သူတွေနင့်နာမလဲ
ကျနော်တို့ပြည်သူတွေပဲ နင့်နာကြမှာပါ..။ အာဏာရှင်နဲ့
သူ့အ
သိုင်းဝိုင်း၊
ပြီးတော့....တော်လှန်ရေးနိုင်ငံရေးကို
ဗန်းပြပြီးလုပ်စားနေတဲ့သူတွေကပဲ
အကျိုးအမြတ်တွေရရှိပြီး ပျော်ရွှင်နေကြ
မှာပါ။ ပြည်သူအများကတော့ အရင်အတိုင်းပဲ ဒုံရင်း-
ဒုံရင်းနဲ့ နင်းပြားအောက်ကလွတ်မှာမဟုတ်ပါဘူး။
ပြည်တွင်းက အန်အဲဒီ၊
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်း၊
အခြားသောပါတီများနှင့်
ဒီမိုကရေစီအင်အားစုတွေလက်ရှိသွားနေတဲ့ နိုင်ငံရေးခရီး
ကို ခေတ္တစောင့်ပြီးကြည့်စေချင်ပါတယ်။
အခုမှသူတို့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို
လွတ်လွတ်လပ်လပ်လုပ်ရတာ ၂ နှစ်နီးပါးပဲရှိ
ပါးသေးတယ်။ အပြောင်းလဲတွေလည်း
အထိုက်အလျှောက်ဖြစ်ပေါ်နေပါတယ်...မပြောင်းလဲပဲ
အရင်ကအတိုင်းငြိမ်နေရင်တော့ တမျိုးပေါ့..။
ပြောင်းလဲမှုတွေဖြစ်နေပေမယ့် သူတို့ကိုတိုင်က
အားမရသေးဘူးလို့လည်း အားလုံးကို
အတိအလင်းပြောထားပြီးသား
ပါ။ လက်ရှိပြောင်းလဲမှုဖြစ်စဉ်တွေကို
နှစ်ရှည်လများအသားကျနေတဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့
နှိုင်းရှင်ပြီး စံထိုးနေရင်ဘယ်ဖြစ်မလဲ။
ဒါဟာသဘာဝလည်းမကျပါဘူး။ တကယ်အပြောင်းလဲကို
ပြည်တွင်းကပဲ
လုပ်နိုင်တယ်လို့လဲဆိုကြတယ်တချို့လူတွေရဲ့လုပ်ရပ်တွေ
က ပြောတော့တမျိုး လုပ်တော့တမျိုးဖြစ်နေပါသေးတယ်။
ပြည်ပကနေတွန်းပို့ ကြပ်ပွါးလည်းလုပ်နေလို့မရပါဘူး။
ပြည်ပကလူ
တွေလုပ်ရမှာက ပြည်တွင်းက
လိုအပ်ချက်တွေကိုမိမိတတ်နိုင်သည့်ဘက်
ကူညီပံပိုးသွားပြီး အားနည်း- အားသာချက်တွေကို
အပြုသဘောဘောင်ကနေ ဝေဖန်ထောက်ပြသွားဖို့ပဲလိုပါတယ်။
အဆိုးမြင်ဝါဒီနဲ့ ရှုတ်ချ-
ပုတ်ခတ်-စော်ကားနေလို့မရပါဘူး။
ကျနော်တို့မြန်မာနိုင်ငံမှာ
အစိုးရတရပ်ကိုဖြုတ်ချနိုင်လောက်တဲ့ ဆန္ဒပြတဲ့
နိုင်ငံရေးလှုပ်ရှားမှုနဲ့
လူထုအုံကြွမှုတွေရှိခဲ့ပါတယ်..။
အဲဒီလိုရှိခဲ့ရဲ့သားနဲ့
အစိုးရတရပ်ဘာကြောင့်မဖြုတ်ချနိုင်ခဲ့သလဲ ?
ကိုယ့်ရဲ့အားနည်းချက်တွေကိုလည်း နောက်ကြောင်းပြန်
ကောက်ကြည့်ပြီး
ပြန်လည်သုံးသပ်ဖို့လိုပါတယ်။တချိန်လုံး လူထုတိုက်ပွဲ
လူထုတိုက်ပွဲဆိုပြီးလူထုကိုထိုးကြွေးတဲ့ နိုင်ငံရေးတွေ
မလုပ်ကြပါနဲ့။ ဒေါ်အောင်ဆန်းစုကြည်တို့-
ပြည်တွင်း၈၈ မျိုးဆက်တွေဟာ လူထုတိုက်ပွဲအသွင်ဆောင်တဲ့
နိုင်ငံရေးလှုပ်ရှား
မှုတွေလုပ်ခဲ့ကြပါတယ်။ ဖိနှိပ့်မှုအားကြီးတော့ လူထုက
လမ်းပေါ်မတက်ရဲကြဘူး။ နောက်ဆုံးတော့ ကိုယ်ဖြစ်ကိုယ်ခံ
တကယ်
စွန့်လွှတ်အနစ်နာခံသူတွေပဲ
ထောင်နန်းစံခဲ့ကြရပြန်ပါတယ်။ ဒါကြောင့်
အခုလက်ရှိသွားနေတဲ့ ပြည်တွင်းနိုင်ငံရေးကို အချိန်
တခုပေးပြီးစောင့်ကြည့်ပါ။ ဒီအပြောင်းလဲဖြစ်စဉ်မှာ
ကိုယ့်လူတွေလည်းပါနေပါတယ်။ လက်ရှိအစိုးရပဲ
သွားနေတာမဟုတ်ဘူး
ဆိုတာ သိထားကြဖို့လိုပါတယ်။
ဒီနေရာမှာတခုသတိပေးချင်တာက
ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို
သူ့စိတ်တိုင်းကျရေးဆွဲခိုင်းပြီးမှ ၂၀၁၀ မှာ
သူစိတ်ကြိုက်ဖွဲ့ပေးလိုက်တဲ့ ဖားတပိုင်း= ငါးတပိုင်း
အစိုးရကို အာဏာကိုလွှဲပြောင်းပေးခဲ့တာကိုလည်း
မေ့မလျှော့ကြဖို့လို
ပါတယ်။ တပ်မတော်ပြန်တမ်းမှာလည်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ
အာဏာအလွှဲပြောင်းမှုမလုပ်ရသေးပါဘူး။ ဒါကြောင့်မင်း
အောင်လှိုင်ဟာ ဒု-
ဗိုလ်ချုပ်မှူးကြီးအဆင့်မှာပဲရှိနေရတာပါ။ ဒု-
ဗိုလ်ချုပ်မှူးကြီးရှိပြီး ဗိုလ်လ်ချုပ်မှူးကြီးဟာ
ဘယ်သူလည်းမေး
ရင်...ကျနော်ဖြေမှာက သူကတော့
နောက်ကွယ်ကနေကြိုးဆွဲနေတဲ့
လူ့အခွင့်ရေးချိုးဖောက်မှုမှာ အရိုးခေါင်းရွှေတံဆိပ်နဲ့
ပါရဂူဘွဲ့ရရှိထားတဲ့ ဗိုလ်သန်းရွှေပါပဲ။ ဒါကို-
ကျနော်တို့ပြည်သူအများ အထူးသတိချပ်ဖို့တော့လိုပါတယ်။
အရင်တခါတုန်းက
ဧရာဝတီမြစ်ဆုံကိစ္စမှာ အထိနာခဲ့တဲ့တရုတ်အစိုးရဟာ၊
အခုတခါထပ်မံပေါ်ပေါက်လာတဲ့ကြေးနီစီမံကိန်းရပ်ဆိုင်းရေးကိစ္စနဲ့
ပတ်
သက်ပြီး၊ ကြေးနီးစီမံကိန်းမရပ်ဆိုင်းရေးအတွက်
တပ်မတော်ထိပ့်ပိုင်းခေါင်းဆောင်တွေကို
နောက်ကွယ်ကနေဖိအားပေးမှုတွေ
အမျိုးမျိုးပြုနေမှာပဲ။ ဒါကြောင့်မို့
ဘာပဲလုပ်လုပ်- လုပ်တဲ့အခါမှာ တပ်ဦးမကျွံမိစေရန်
လုပ်ငန်းဆောင်တာတွေလုပ်ဆောင်ကြဖို့လိုပါ
တယ်။ ( ကဲ.....ဒါတွေထားလိုက် )
ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက်
တိုက်ပွဲဝင်နေတဲ့ ဒေသခံပြည်သူတွေရဲ့တိုက်ပွဲဟာ
ရာနှုန်းပြည့်မအောင်မြင်ပေမယ့်...အရင်
အစိုးရရဲ့ မတရားတဲ့လုပ်ရပ်တွေကို
ဆန္ဒထုတ်ဖော်ပြသနိုင်ခဲ့ကြတယ်။ ဒါ့အပြင်-
ဒီတိုက်ပွဲကြောင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့
အစီရင်ခံစာအရဆိုရင်.....ထင်သာမြင်သာတဲ့
စာချုပ်ကိုအသစ်ပြန်လည်ချုပ်ဆိုပေးမယ်၊
ဘာသာရေးအဆောက်အဦးကို မူလအ
တိုင်းမပျက်ဆီးအောင် ပြောင်းရွေ့ပေးမယ်၊
သိမ်းဆည်းထားတဲ့လယ်ယာမြေများကို
ကာလတန်ဖိုးပေါက်ဈေးနဲ့ ပြန်လျှော်ကြေးပေး
မယ်၊ အလုပ်ကိုင်သစ်ရရှိစေရန်ဆောင်ရွက်ပေးမယ်၊
သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်ဆောင်ရွက်ပေးမယ်စတဲ့
လိုက်လျှောမှု
တွေဟာအရှူံးထဲက အမြတ်- အဆိုးထဲက
အကောင်းတွေဖြစ်လာတယ်လို့ပဲ မှတ်ယူထားရပါ့မယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်
ရဲ့ အဆိုအရ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေနဲ့
ကော်မရှင်ရဲ့လုပ်ဆောင်မှုတွေဟာ
အကောင်းဆုံးလုပ်ဆောင်ခဲ့သည့်တိုင်အားနည်း
ချက်တွေနဲ့ အားမလိုအားမရဖြစ်မှုတွေ၊ မတူကွဲပြားတဲ့
အမြင်တွေကတော့ရှိနေမှာပဲ။ ဒီအပေါ်
အကွက်ချောင်းပြီးရန်သူကြီးတစ်
ယောက်လို အလဲထိုးမယ့်ပုံစံတွေနဲ့
ဒေါ်အောင်ဆန်းစုကြည်အပေါ် မတုန့်ပြန်သင့်ဘူး။
ဒေသခံပြည်သူတွေနဲ့လည်းရန်မတိုက်ပေး
သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေအားလုံး
သင့်သင့်မျှမျှဖြစ်စေချင်သူပါ။ ဟိုလူ့ကိုသွေး
ခွဲ- ဒီလူ့ကိုချောက်ချဘယ်တော့မှလုပ်မှာမဟုတ်ဘူး။
ဒီနေရာမှာ အလျှင်းသင့်လို့ ထပ်ပြောချင်တာက
ကိုမင်းကိုနိုင်တို့ ၈၈မျိုးဆက်
ထောင်ထဲကမလွတ်ခင်စပ်ကြားမှာ အီးမေးတွေနဲ့
ဖေ့ဘွတ်တွေမှာ ကိုမင်းကိုနိုင်တို့ ၈၈ အဖွဲ့နဲ့
ဒေါ်အောင်ဆန်းစုကြည်ကိုရန်တိုက်
ပေးနေသူတွေရှိခဲ့ပါတယ်။ ၈၈
မျိုးဆက်တွေထောင်ထဲကလွတ်လာပြီး သူတို့ရဲ့
ရပ်တည်ချက်နဲ့ သဘောထားကိုထုတ်ပြောလိုက်
တော့မှသာ ရန်တိုက်ပေးနေတာတွေ ပျောက်သွားပါတယ်။
ကိုယ့်ခေါင်းဆောင်အချင်းချင်းကို ရန်တိုက်ပေးသူတွေဟာ
ဘယ်လိုလူ
မျိုးဆိုတာသိထားကြဖို့လည်းလိုပါတယ်။ အနာဂတ်မှာ
ခင်ဗျားတို့ ကျနော်တို့
ရင်ဆိုင်ကြုံတွေ့ရမယ့်အခက်ခဲတွေအများကြီးရှိနေ
ပါသေးတယ်။ ကျနော့်ဆန္ဒကတော့ မြန်မာနိုင်ငံရဲ့
နိုင်ငံရေးအပြောင်းလဲတွေကို သွေးထွက်သံယိုမှုတွေနဲ့
မဖြေရှင်းစေချင်တော့
ဘူး။ ဒါကြောင့် အနာဂတ်မှာ
တိုင်းပြည်ကိုဖျက်လိုဖျက်ဆီးလုပ်မယ့်သူတွေ၊
တခုခုဖြစ်ရင် အကြမ်းဖက်မယ့်သူတွေကိုအစိုးရအာ
ဏာပိုင်တွေကပဲဖြစ်ဖြစ်-
လူထုလူတန်းစားအလွှာအသီးသီးကပဲဖြစ်ဖြစ် လက်ရှိအစိုးရမှ
ပြတ်ပြတ်သားသားနဲ့ ထိရောက်စွာကိုင်
တွယ်ဖြေရှင်းအပစ်ပေးအရေးယူဆောင်ရွက်ဖို့လိုအပ်ပါတယ်။
ဥပဒေဆိုတာကျောသား- ရင်သား၊ သူ့လူ- ငါ့လူဆိုပြီး
ခွဲမခြားပေး
မထားပါဘူး။ ဒီနေရာကနေ ကာကွယ်ရေးဝန်ကြီးနှင့်
ပြည်ထဲရေးဝန်ကြီးကို တောင်းဆိုချင်တာက အကြမ်းဖက်ပြီး
အဓိက
ရုဏ်းနှိမ်နင်းခဲ့တဲ့အခါဖြစ်ဖြစ်-
လူ့အခွင့်အရေးများချိုးဖောက်တဲ့အခါဖြစ်ဖြစ်
မိမိဘက်ကအပြစ်ကျူးလွန်သူတွေကို ဥပဒေကြောင်း
ရာအရ ထိထိရောက်ရောက်အပြစ်ပေးအရေးယူဖို့လိုအပ်ပါတယ်။
ဒါဟာလည်း မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့
တည်ငြိမ်
အေးချမ်းဖို့အတွက်ပါပဲ..။ တချိန်လုံးဘာလုပ်လုပ်
အပစ်ပေးအရေးမဆောင်ရွက်ပဲထားရင် အနာဂတ်ခရီးကို
အတူတူလျှောက်
လှမ်းကြတဲ့အခါ
များစွာအခက်ခဲတွေဖြစ်ပေါ်စေလာနိုင်ပါတယ်။ မအူပင်မှာ
ရဲသားတစ်ဦးသေဆုံးသွားတာကို ဥပဒေအကြောင်းရာရ
အရေးယူဆောင်ရွက်လုပ်ကိုင်သွားမယ်လို့ ဒု-
ရဲမှူးထွန်းမင်းက ပြောဆိုခဲ့ပါသည်။
ကိုယ်ထိတော့ဥပဒေအကြောင်းရာအရပြော
ဆိုရင်...သံဃာတော်တွေ မီးလောင်စေခဲ့တဲ့
အဓိကရုဏ်းနှိမ်နင်းမှုမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ဒု-
ရဲမှူးကြီးတင်ထွန်းနဲ့ တာဝန်ရှိသူ
များကိုလည်းဥပဒေအကြောင်းရာအရ
အပစ်ပေးအရေးယူဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
ကျနော်တို့တတွေ အတူတကွ ဒီမိုက
ရေစီပန်းတိုင်ဆီသို့ လျှောက်လှမ်းကြတဲ့အခါမှာ
ငါလုပ်လို့- ငါမှားရင် သတ္တိရှိရှိ ငါမှားတယ်လို့
ရဲရဲဝန်ခံပြီး ဥပဒေအရအပစ်ရှိလျှင် ဥပဒေကြောင်းရာအရ
အပစ်ပေးခံကြရမှာဖြစ်ပြီး....ခွင့်လွှတ်သင့်-
ခွင့်လွှတ်ထိုက်တဲ့ အမှားတွေကိုသာ
ခွင့်လွှတ်ပေးရကြရမှာဖြစ်
ပါတယ်။အဲဒီလိုမှမဟုတ်ရင် တရားဥပဒေစိုးမိုးရေးနဲ့
နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်
အကြမ်းဖက်နှိမ်နင်းမှုလုပ်ရပ်တွေဟာ
ကြီးမားတဲ့ အဟန့်အတားတခုဖြစ်နေဦးမှာပဲ။
ဘယ်သူတစ်ဦးတစ်ယောက်အတွက်ကိုမှ အကျိုးမပြုတော့တဲ့
အကြမ်းဖက်မှုတွေ
နဲ့ ပဋိပက္ခအသွင်တွေကို ဦးတည်စေမယ့်လုပ်ရပ်တွေကို
အတတ်နိုင်ဆုံးရှောင်ရှားနိုင်မှသာ
ကျနော်တို့လိုချင်တဲ့ အားလုံးတည်ငြိမ်
အေးချမ်းစေတဲ့ ဘဝကိုရောက်ရှိကြမှာဖြစ်ပါတယ်။
မပေးဆပ်ကြပါနဲ့လို့ပြောချင်ပေမယ်...ခရီးရောက်ဖို့
လွန်ဆွဲပွဲမှာ ပေးဆပ်
မှုတွေက အထိုက်အလျှောက်လိုနေသေးပါတယ်။ အဲဒီ-
ရိုးသားစွာပေးဆပ်နေသူတွေအပေါ်မှာ
နိုင်ငံရေးမှာထင်ပေါ်ကျော်ကြားချင်
လို့....ငွေမျက်နှာတခုတည်းကြည့်ပြီး နိုင်ငံရေးကို
မလုပ်စားကြပါနဲ့လို့ နိုင်ငံရေးလုပ်စားနေသူတွေကိုကော-
နောက်ကွယ်ကငွေ
ထုတ်ပိုက်ပြီး
မြှောက်ထိုးပင့်ကော်လုပ်နေသူတွေကိုမေတ္တာရပ်ခံပါရစေ..။
အဖက်ဖက်က ယိုယွင်းပျက်ဆီးယိုယွင်းနေတဲ့ကိုယ့်
မြန်မာပြည်ကို ပြန်လည်ပြုပြင်တည်ဆောက်ကြတဲ့အခါမှာ
ရိုးသားမှုနဲ့ပဲ မိမိတို့ရဲ့ မြန်မာနိုင်ငံရဲ့
နိုင်ငံ့အရေးတွေကို ရိုးရိုးသားသား
ပဲလုပ်ကိုင်စေလိုပါတယ်။ အခုလိုတိုင်းပြည်ကြီး
အတိဒုက္ခရောက်နေတာကို သိကြရဲ့သားနဲ့
ကလိမ်ကကျစ်ဥာဏ်တွေဆင်ပြီး ပဋိပက္ခအသွင်ဆောင်ကာ
ငွေမျက်နှာတခုတည်းကိုသာကြည့်ပြီး
ရှေ့ဆက်နေကြဦးမယ်ဆိုရင်
လိုရာခရီးကိုရောက်ရှိဖို့အတွက်
ကြန့်ကြာနေဦးမှာပဲ..။ ကျနော်တို့မြန်မာနိုင်ငံဟာ
စစ်ရေး- နိုင်ငံရေးပဋိပက္ခတင်းမာမှုအောက်မှာ
ဖြစ်ချင်တိုင်းဖြစ်ခဲ့တာကြာခဲ့ပြီ
ဆိုတော့ ဖြေရှင်းရမှာကတော့ အောလပုံပါပဲ..။
ရှုပ်ထွေးနေတဲ့ကြိုးကို အချိန်ယူပြီး
တစစီပြန်ဖြေရှင်းနေရသလိုလည်းဖြစ်
နေပါတယ်။ လက်ပတောင်းတောင်ကြေးနီစီမံကိန်းနဲ့
ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်စာထွက်လာတာနဲ့
ဒေါ်အောင်ဆန်း
စုကြည်ကိုဝိုင်းတွယ်မယ့်သူနဲ့ ဝိုင်းသမမယ့်သူတွေဟာ
သံပုံးတီးစရာမလိုပဲ အလျှိုလျှိုထွက်လာပြီး၊
ဘာဖြစ်သလေး-ညာဖြစ်သလေး
နဲ့ ဝိုင်းဆော်တော့တာပဲ။ အစီရင်ခံစာမှာ
လက်ပတောင်းတောင်ကြေးနီစီမံကိန်းဆက်လုပ်ပါလို့
ဖော်ပြထားပေမယ့်....ဆက်လုပ်ရင်
ဒါ-ဒါတွေလုပ်ပေးရမယ်လို့ ရေးသားဖော်ပြထားပါတယ်။
လက်ပတောင်းတောင်ကြေးနီစီမံကိန်းမှာ ဦးဆောင်နေသူတွေက
ဒေသ
ခံပြည်သူတွေကို အစီရင်ခံစာပါအကြောင်းအရာတွေကို
အလုံးစုံထုတ်ဖော်ပြောမပြပဲ၊ အစီရင်ခံစာမှာ
ကြေးနီစီမံကိန်းဆက်လုပ်
ခွင့်ပြုလိုက်တယ်ဆိုတာလောက်တာရှင်းပြပြောဆိုပြီး....
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေကို
ရန်တိုက်ပေးလိုက်ပါ
တယ်။ ကျနော်ဆိုလိုတာက သပိတ်စခန်းကို ဦးဆောင်သူတွေက
ဒါမျိုးမလုပ်သင့်ဘူး....ကော်မရှင်ရဲ့ အစီရင်ခံစာကို
ဒေသခံပြည်
သူတွေသိအောင်ဖြန့်ဝေပေးပြီး
ဘယ်လိုဆက်လက်လုပ်ဆောင်သင့်သလဲဆိုတာကို ဆွေးနွေး
တိုင်ပင်ကြရမှာပါ။ အခုဟာက သပိတ်ကိုဦးဆောင်နေတဲ့
လူတွေက မိမိတို့ဆန္ဒအရ လုပ်ချင်သလိုလုပ်နေတဲ့ပုံစံက
မရိုးသားမှုကို
ပြသရာရောက်နေပါတယ်။ နိုင်ငံရေးကို
ရိုးရိုးသားသားလုပ်ကိုင်ကြပါ...ငွေရပြီး
ဟိုလူ့ကိုနင်း- ဒီလူ့ကိုကျော်- ဟိုလူချကျွေး- ဒီလူ့
ထိုးကျွေးမလုပ်ကြပါနဲ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ
လက်ပတောင်းတောင်ကိစ္စကို
အကောင်းဆုံးဖြစ်အောင်အမုန်းခံပြီး ခေါင်းခံ
ကာလုပ်ဆောင်ပေးသွားတာပါ။ ဦးသိန်းစိန်လည်း
လက်ပတောင်းတောင်ကိစ္စမှာ
ဒေါ်အောင်ဆန်းစုကြည်ကိုအားကိုးပြီး တာဝန်ပေး
လိုက်တာပဲ..။ ဒေါ်အောင်ဆန်းစုကြည်သာ
စုံစမ်းစစ်ဆေးရေးကော်မရှင်မှာမပါရင်....ဖိအားတွေအမျိုးမျိုးအပေးခံရပြီးဒီလောက်
ကောင်းတဲ့ အစီရင်ခံစာထွက်ပေါ်လာမှာမဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကော်မရှင်တွေရဲ့
စွမ်းဆောင်မှုကြောင့် အစီရင်
ခံစာဟာ အကောင်းဆုံမဟုတ်တောင် သင့်သင့်မျှတတဲ့
အစီရင်ခံစာပေါ်ထွက်လာတာကို လက်ခံပေးကြရပါ့မယ်။
ကျနော်ဆိုလို
တာက အဆိုးထဲကအကောင်း- အရှူံးထဲကအမြတ်တွေကို
ဒေသခံပြည်သူတွေရရှိလိုက်တာကို ဆိုလိုတာဖြစ်ပါတယ်။
ကျနော်
တို့လည်း
လက်ပတောင်းတောင်ကြေးနီစီမံကိန်းကိုရပ်ဆိုင်းချင်တာပေါ့။
ဒါပေမယ့် ကျနော်တို့မသိသေးတဲ့ နိုင်ငံရေးရဲ့နောက်
ကွယ်မှာ ဘာတွေဖြစ်နေသလဲ- ဘာတွေရှိနေသလဲဆိုတာ
တကယ်အလုပ်လုပ်သူတွေပဲသိကြမှာဖြစ်ပါတယ်။ တကယ်လက်တွေ့
အလုပ်လုပ်နေသူတွေကို
အငြိုငြင်မပေးကြပါနဲ့....ကိုယ်တိုင်လည်းထိထိရောက်ရောက်
ဘာမှမလုပ်နိုင် ဘေးကနေကြပ်ပွါး
လုပ်နေတာက မသင့်တော်ပါဘူး။
ကိုယ်တိုင်တော့မီးမလောင်ဘူး...မီးလောင်မှုကိုအားပေးတဲ့
အောင်စီဂျင်တော့မလုပ်ကြပါနဲ့။
ငွေရ၍ နောက်ကွယ်ကနေမြှောက်ထိုးပင့်ကော်လုပ်သူတွေနဲ့
အဲဒီလူတွေခိုင်းတာကို ငွေရ၍ လုပ်နေသူတွေကို
ပြောချင်ပါသည်။
ခင်ဗျားတို့ကတော့ ပြည်သူတွေ ဘဝဘယ်လိုပျက်ပျက်
ခင်ဗျားတို့ကတော့ ဘီယာအသောက်ပျက်နေမှာမဟုတ်ပါဘူး...အလှ
အပြင်ပျက်နေမှာမဟုတ်ဘူး။ ပြည်သူတွေကို ဒီလူတွေက
စတေးခံလူတွေလို့ သတ်မှတ်ထားကြတဲ့ သူတွေဆိုတော့
ပြည်သူတွေ
ကိုပွန်းလေးလို ချကျွေး- ထိုးကြွေးလုပ်ပြီး
ဝင်ငွေကောင်းကောင်းနေရကာ တိုက်တွေဆောက်၊
ကားတွေဝယ်၊ဇိမ်ခံအခန်းမှာ
အေးရင်လေပူစက်လေးဖွင့်ပြီး၊ ပူတဲ့အခါ
အဲယားကွန်းဖွင့်ကာ အပျော်မိန်းခလေးတွေနဲ့
လောကစည်းဇိမ်တွေကိုခံနေသူတွေ
သိထားရမှာက ရိုးသားတဲ့ပြည်သူလူထုအပေါ်
ခုတုံးလုပ်ပြီး
နိုင်ငံရေးလုပ်စားနေရင်တော့....ဝဋ်ဆိုတာပြေးလို့မလွတ်ဘူး
ဆိုတာ သိထားရပါ့မယ်။ နိုင်ငံအရေးကို
ရိုးရိုးသားသားလုပ်ကိုင်ကြပါ....ပျက်လျှင်ပြင်ပါ..ငွေမျက်နှာကြောင့်
ရိုးသားတဲ့ မိမိစိတ်
ကို မပြောင်းလိုက်ပါနဲ့..။ မမှားသောရှေ့နေ-
မသေသောဆေးသမားဆိုသလို....အမှားကိုပြင်ပြီး
အမှန်ကိုမြင်ကြပါလို့ ထပ်လောင်း
ပြောကြားချင်ပါတယ်။
နောက်တခုက ကျနော်သတိပြုမိတာက
ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လုပ်
မနာလိုဝန်တိုဖြစ်ပြီး အကောင်းမြင်ဝါဒနဲ့
မကြည့်တဲ့လူတွေကို ဖေ့ဘွတ်နဲ့
အီးမေးတွေမှာတွေ့ရပါတယ်။ ကိုယ်ကိုတိုင်လည်း
ဦးမဆောင်နိုင်- ဦးဆောင်သူနောက်
လည်းကောင်းကောင်းမလိုက်- နဘေးကနေကပ်ဖဲ့ရပ်ဖဲ့နဲ့
ကန့်လန့်ကန့်လန့်လိုက်နေတဲ့သူတွေကိုသတိပြုမိတယ်။
ဒေါ်အောင်
ဆန်းစုကြည်ကို အမေလို့ခေါ်ဆိုတဲ့သူတွေကိုလည်း
မကြိုက်သူတွေရှိသလို...ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့လူတွေ
ကိုလည်း ပုဂိုလ်ရေးကိုးကွယ်သလေး
ဘာညာပြောဆိုသံတွေကြားနေရပါတယ်..။ နိုင်ငံရေးလောကမှာ
လုပ်ဆောင်ချက်
မရှိပဲ ထင်ပေါ်ကျော်ကြားသူတွေမရှိပါဘူး...
ရှိလည်းရေရှည်လူထုထောက်ခံမှုရရှိမယ် မဟုတ်ဘူးဆိုတာ
မနာလိုဝန်တိုဖြစ်နေ
သူတွေကို သိစေချင်ပါတယ်။ ကျနော်အဲဒီလူတွေကို
ဒီနေရာကနေပြောချင်ပါတယ်။ ခင်ဗျားတို့ရဲ့
မနာလိုဝန်တိုမှုနဲ့ အညစ်
အကြေးတွေပေကျံနေတဲ့စိတ်ဓါတ်တွေပြုပြင်ကြပါ..။
တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ အဲဒီစိတ်ဓါတ်နဲ့
သွားတည်ဆောက်
လို့မရဘူး။ ပျက်လျှင်အစဉ်- ပြင်လျှင်ခဏ၊
ပြုပြင်ရင်သဏ္ဍန်ပြောင်းပြီး အဟောင်းတွေ
အသစ်ဖြစ်လာတာလောကကြီးမှာတ
ပုံကြီးပါ..။ ခေတ်စနစ်ဆိုးရဲ့ ဒဏ်ကြောင့်
ပျက်ဆီးနေတဲ့
မိမိရဲ့ကိုယ်ကျင့်တရားတွေကိုမပြင်နိုင်ရင်-
မပြင်ပဲထားရင် အဲဒီလူတွေကို
လူ့အသိုင်းဝိုင်းက ကျင်ထုတ်ပစ်ပလိုက်ရပါ့မယ်။
နိုင်ငံရေးအသိုင်းကရော-
လူမှု့အသိုင်းဝိုင်းနယ်ပယ်ကရော ကျင်ထုတ်ပစ်
မှသာကျနော့်တို့ရဲ့ လူမှု့အသိုင်းဝိုင်းတွေကို အန
္တရာယ်ပြုလို့မရမှာဖြစ်ပါတယ်။
လက်ရှိအစိုးရနဲ့ အာဏာပိုင်တွေမှာလည်း ပြုပြင်စရာနဲ့
အားနည်းချက်တွေအများကြီးရှိနေပါသေးတယ်။
အထူးသဖြင့်လက်နက်
ကိုင်အဖွဲ့ဖြစ်ကြတဲ့ ပြည်သူ့ရဲနဲ့
တပ်မတော်သားတွေပါပဲ။ အထက်ကပေးလာတဲ့အမိန့်တွေဟာ
တိုင်းပြည်နဲ့ လူထုအပေါ်ဘာမှ
အကျိုးမပြုဘူးဆိုရင် ထောင်ကျကျ- ဘာကျကျ
ဘာမှအဲဒီတာဝန်တွေကိုမှ ထမ်းဆောင်နေစရာမလိုဘူး။ အကယ်၍
ခင်ဗျားပစ်မယ့်
သူ- ခင်ဗျားရိုက်မယ့်သူဟာ ခင်ဗျားရဲ့မိဘ- မောင်နှမ-
သားသမီးဖြစ်နေရင်
ခင်ဗျားပစ်မှာမဟုတ်သလို...ရိုက်မှာလည်းမဟုတ်
ဘူး။ ဒီနေရာမှာ ကိုယ်ချင်းစာနာစိတ်ထားရှိဖို့
အထူးလိုအပ်ပါတယ်။ အကယ်၍ တာဝန်ကရပ်စဲရင်လည်း ပြည်သူနဲ့
ပူးပေါင်းပြီး
ပြည်သူကြားမှာ
ရိုးရိုးသားသားလုပ်ကိုင်ရှာဖွေစားသောက်လို့ရပါတယ်..။ဗိုလ်ချုပ်တည်ထောင်ခဲ့ပြီး
လွတ်လပ်ရေးကိုရယူကြိုး
ပမ်းပေးခဲ့တပ်မတော်ကို
ခင်ဗျားတို့ကြီးပဲချစ်တာမဟုတ်ဘူး...ကျနော်တို့ပြည်သူတွေလည်းချစ်တာပဲ..။
ဒါပေမယ့် တပ်မတော်
ထိပ့်ပိုင်းခေါင်းဆောင်တွေက တိုင်းပြည်ရဲ့အာဏာကို
ရယူထားပြီးအခုချိန်ထိ တိုင်းပြည်နဲ့
လူမျိုးကောင်းအောင် မယ်မယ်ရရ
ဘာတခုမှမလုပ်ပေးသေးဘူး။
တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သူ့ရဲ့
တပ်မတော်သားတွေကိုတောင် မဝရေစာကြွေး
ထားကာ ပစ်စလပ်ခတ်ထား- ထားတာ
တပ်မတော်သားတွေအားလုံးအသိပါ။ ခင်ဗျားတို့
လက်တဆုပ်စာကိုအကာကွယ်ပေးနေလို့
ခင်ဗျားတို့ ခံစား- စံစားနေရကြတာကမဟုတ်တာ။
ဒါကြောင့် ပြုပြင်ပြောင်းလဲရေးကာလမှာ
တပ်မတော်သားးများနဲ့ ပြည်သူ ချစ်ကြည်ဖြူကြဖို့
အထူးအရေးတကြီးလိုအပ်ပါတယ်။
အလျှင်းသင့်လို့ထပ်ပြောရရင်.....ပြည်ထဲရေးလက်အောက်ခံဖြစ်တဲ့
ရဲတပ်ဖွဲ့မှာကော- ကာကွယ်ရေးလက်အောက်ခံဖြစ်တဲ့
တပ်မတော်မှာကော အားနည်းချက်နဲ့
ပြုပြင်စရာအချက်လက်တွေ အများကြီးရှိနေပါသေးတယ်။
ဒါဟာလည်း စစ်အာဏာရှင်
အဆက်ဆက်ရဲ့ မင်းမဲ့စရိုက်ဆန်ဆန်
မှားယွင်းခဲ့တဲ့အုပ်ချုပ်မှုစနစ်ဆိုးကြောင့်ဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံက ပြည်သူ့ရဲ
တပ်ဖွဲ့ကိုလည်း
ပြည်သူ့ရဲတပ်ဖွဲ့ဝင်စစ်စစ်တွေဖြစ်အောင်
နိုင်ငံတကာအဆင့်နှင့်အညီ
ပြုစုပျိုးထောင်လေ့ကျင့်ပေးရပါလိမ့်
မယ်။ ပြည်သူ့စစ်သားတွေကိုလည်း ပြည်သူ့စစ်သား
စစ်စစ်တွေဖြစ်အောင် နိုင်ငံတကာအဆင့်နဲ့ အညီ
ပြုစုပျိုးထောင်လေ့
ကျင့်ပေးကြရပါ့မယ်။
ဒါ့အပြင်....ပြည်သူပြည်သားများကိုလည်း
ဒီမိုကရေစီကျင့်စဉ်နဲ့ အညီနေထိုင်သွားနိုင်ဖို့
လုပ်ဆောင်
သွားရမှာဖြစ်သလို...တရားဥပဒေနဲ့ ပတ်သက်တဲ့
သိသင့်သိထိုက်တာတွေ ပညာပေးရေး၊
ဒီမိုကရေစီကျင့်စဉ်နဲ့အညီမိမိရပိုင်
ခွင့်များသိရှိစေရန် လူ့အခွင့်အရေးဆိုင်ရာ
ပညာပေးရေးတို့ကို နိုင်ငံတကာအဆင့်နဲ့အညီ
သင်ကြားပို့ချပေးရပါလိမ့်မယ်။
နိုင်ငံတကာအဆင့်နဲ့အမှီ
လူထုလူတန်းစားအလွှာအသီးသီးရဲ့ဘဝ
လူနေမှုအဆင့်အတန်းမြင့်မားလာအောင်
ကျနော်တို့နိုင်ငံကို
ကျနော်တို့ခေတ်မှာ ကျနော်တို့တတွေ
ဝိုင်းဝန်းတည်ဆောက်နိုင်ကြရပါ့မယ်။
လက်ရှိ- သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့
အားလုံးပူးပေါင်းပါဝင်ပတ်သက်တဲ့ နိုင်ငံရေးကို
အတူတကွလုပ်ဆောင်ကြမယ်ဆိုရင်-အစိုးရအာဏာပိုင်တွေအားလုံး
ကိုယ်လုပ်ချင်တာလုပ်လို့မရတော့ပါဘူး...ဒါကိုလည်း
အစိုးရအာဏာပိုင်များအားလုံး သိရှိထား
ကြဖို့လိုအပ်ပါတယ်။
ပြောင်းလဲဖြစ်စဉ်တွေလုပ်နေစဉ်ကာလအတွင်းမှာ
ခြစားမှုကိုထိထိရောက်ရောက်အပစ်ပေးအရေးယူဆောင်
ရွက်မှုတွေလုပ်ရမယ်။ မတရားတဲ့အမိန့်အာဏာတွေကို
ဘယ်သူပဲပေးပေး ကိုယ်စီကိုယ်စီ ကိုယ့်အသိစိတ်နဲ့
ကိုယ့်ဘာသာ
ဖီဆန်ဆန့်ကျင်လာအောင် လုပ်ရဲရမယ်။ ဒါမှသာ
ပြောင်းလဲမှုဖြစ်စဉ်တွေ
တိုးတက်မှုတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ပွင့်လင်းလာတဲ့
ကနေ့ခေတ်တွင်အထက်အမိန့်အရဆိုပြီး
မှားမှားမှန်မှန်မသုံးသပ်တော့ပဲ ဝုန်းဒိုင်းကျဲ၍
မရတော့ပါ။ ဒါကို သက်ဆိုင်ရာအာဏာ
ပိုင်အကြီးအကဲများနဲ့
လူတိုင်းလူတိုင်းသိရှိကြဖို့လိုအပ်ပါတယ်။အခုဖြစ်ပျက်နေတဲ့
လက်ပတောင်းတောင်ကြေးနီစီမံကိန်းဖြစ်
ရပ်ဟာ....မြစ်ဧရာလိုမဟုတ်ပဲ ကိုင်တွယ်ရခက်ခဲတဲ့
ပြဿနာကိစ္စရပ်ဖြစ်လာပါတယ်။ ဒီအတွက်
စိတ်မကောင်းလည်းဖြစ်ရ
ပါတယ်။ ဒါပေမယ့် ကော်မရှင်ရဲ့အစီရင်ခံစာဟာ
ဒေသခံပြည်သူတွေအတွက် စိတ်တိုင်းကျမဟုတ်ခဲ့တာတောင်
အရှုံးထဲက
အမြတ်- အဆိုးထဲကနေ အကောင်းဘက်ကို
ဦးတည်သွားတယ်လို့ပဲ အပြုသဘောနဲ့သုံးသပ်လို့ရပါတယ်။
ပြီးပြည့်စုံတဲ့ အစီရင်ခံ
စာတခုတော့ မဟုတ်တာတော့သေချာတယ်။ ဒါပေမယ့်
မီးလောင်ဗုံးပဲဖြစ်ဖြစ်- မီးခိုးဗုံးပဲဖြစ်ဖြစ်
ရဟန်းသံဃာတော်တွေကို မီးလောင်စေပြီး ပြင်းပြင်းထန်ထန်
ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့အတွက်
တာဝန်ရှိသူတွေကိုတော့ ပြည်ထဲရေးဝန်ကြီးကနေ
ထိရောက်စွာအရေးယူဖို့လိုအပ်ကြောင်း
ထပ်မံတင်ပြလိုပါတယ်။
နောက်ဆုံးအနေနဲ့ ကြေးနီစီမံကိန်းနဲ့ ကျနော့်အတွေး
ကျနော်အမြင် နိုင်ငံရေးရှုထောင့်တစိတ်တဒေသကို
အဆုံးသတ်ရေးသား
လိုတာက ကျနော်တို့တတွေဟာ အတွေးခေါ်- အယူအဆ- မူဝါဒ၊
ဘာသာ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေနဲ့
မတူကွဲပြားခြားနားတဲ့
အမြင်တွေရှိနေကြပေမယ့်....တိုင်းပြည်နဲ့
လူမျိုးအပေါ်ကောင်းစားစေချင်တဲ့ စိတ်ဆန္ဒတွေ
တူညီကြဖို့အရေးကြီးပါတယ်။ လူတိုင်း
ကိုယ်စီမှာ အားနည်း- အားသာချက်တွေဆိုတာ
ကိုယ်စီရှိကြမှာပဲ။ ခြောက်ပစ်ကင်း သဲလဲစင်ဆိုတာ
ဘယ်သူမှရှိကြတာမဟုတ်
ပါဘူး။ ဒါကြောင့် ကိုယ်မှားနေရင်
ကိုယ်ပြင်ပါ...အချင်းချင်းချစ်ခင်ပါ...အပြစ်ကိုမြင်လျှင်
ပြုပြင်ပေးကြပါ..။ ရန်သူကြီးသဖွယ်
မဆက်ဆံကြပါနဲ့..။ ရေတိမ်နစ်ပြီး
ဒုက္ခရောက်နေတဲ့တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို
မိမိစွမ်းသည့်ဘက်က တတ်စွမ်းသလောက
ရိုးသားစွာအကူညီပေး၍ အကျိုးပြုပေးကြပါလို့
ရေးသားအကြံပြုတိုက်တွန်းနှိုးဆော်ရင်း.....ကြေးနီစီမံကိန်းနှင့်ကျနော့်အတွေး-
ကျနော့်အမြင် နိုင်ငံရေးရှုထောင့်တစိတ်တဒေတကို
နိဂုံးချုပ်ရေးသားတင်ပြလိုက်ရပါသည်။
( ကိုဗလိုင် )
No comments:
Post a Comment