Friday, March 8, 2013
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲနိုင်ရေးအတွက်အမှန်တကယ်အရေးတကြီးလိုနေတာဟာဘာလဲ?
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲနိုင်ရေးအတွက်အမှန်တကယ်အရေးတကြီးလိုနေတာဟာ
ခေါင်းဆောင်မဟုတ်ဘူး
ပါတီလဲမဟုတ်ဘူး
ခေါင်ဆောင်ဆိုရင် ကမ္ဘာကတောင်လေးစားရပါတဲ့ ဒေါ်စုအပါအဝင် ၈၈တွေနှင့်တဖုံ၊ နောက်ဆုံးရွေးစရာ
မရှိရင်တောင် သိန်းစိန်၊ ရွှေမန်း၊မင်းအောင်လှိုင်တို့ ရှိတယ်။
ပါတီဆိုရင်လည်း NLD အပါအဝင်နှင့်တခြားအရည်အခြင်းရှိတဲ့ပါတီတွေရှိတယ်။နောက်ဆုံးရွေးစရာမရှိ
ပြန်ဘူးဆိုရင်လည်း ကြံဖွတ်ရှိတယ်။
သိန်းစိန်၊ ရွှေမန်း၊မင်းအောင်လှိုင်တို့ နဲ့ ဆက်သွားရင်လဲနောက်ဆုံးမှာတော့သူတို့ ပေးကမ်းတဲ့ဒီမိုကရေစီနှင့်
ဒီတော့
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲနိုင်ရေးအတွက်အမှန်တကယ်အရေးတကြီးလိုနေတာဟာဘာလဲ?
ပြည်သူတွေဘဲ့ဖြစ်တယ်။
ဆန္တတွေဆိုတာတောင်မှ သာမန်ညှောင်ညဆန္တတွေကိုဆိုလိုတာမဟုတ်ပါ။
တကယ်လုပ့်၊ အဟုတ်ဖြစ်ရမယ်ဆိုတဲ့ အဓိပတိ တပ့်ထားတဲ့  ဆန္တအဓိပတိ ဖြစ်ရပါ့မယ်။
အဲဒီအဓိပတိ ဆန္တသာရှိပါ။
ကမ္ဘာမှာ" မြန်မာတွေကွ" လို့ လက်မထောင်ပြီးကြွေးကြော်နိုင်ကြမှာမြေကြီးလက်ခပ့်မလွဲပါ။
ဒေါ်စုနှင့် NLD က ၂၀၁၅ မှာနိုင်သွားပြီဆိုပါတော့၊ ပြည်သူတွေမပါရင်ဘာမှလုပ့်လို့ ရမှာမဟုတ်ဘူး။
အမြင်တခုကို ပွင့်လင်းစွာပြောရရင်၊ NLD နိုင်သွားပြီး ထင်ထာတာတွေမလုပ့်ပေးနိုင်ဘဲ၊ ပြည်သူတွေအငြို
ညင်ခံကြရမှာထက်၊ ပြည်သူတွေရှေ့ကတရားဝင်မားမားမတ်မတ်ရပ့်တည်ပေးနိုင်တဲ့ ပြည်သူ့ အတိုက်အခံ
အဖြစ်က NLD အတွက်ရေရှည်မှာပိုပြီးအကျိုးရှိနိုင်တယ်လို့ ထင်တယ်။
၂၀၁၅မှာ NLD နိုင်သွားလည်းဒေါ်စုက သမ္မတဖြစ်မလာနိုင်သေးသလို၊ ဒေါ်စု ကချစ်လှပါပြီဆိုတဲ့စစ်တပ့်က
အထူးသဖြင့်ထိပ့်ပိုင်းခေါင်းဆောင်တွေက ပြောင်းလဲမှုတွေကိုလိုလားကြမှာမဟုတ်ကြသေးပါ။
အာဏာပါဝါအရသာကိုသိသွားကြပြီ။ သူတို့ အတွက်တော့ သောက်လေ၊ သောက်လေ ငတ်မပြေပါဘဲ့။
သူတို့ အသက်အိုးအိမ်စည်းစိမ်တွေကို ဘယ်သူ့ ကိုယုံလို့ ဝကွက်အပ့်ကြမလဲ?
ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်သာ ဘုရင်ဖြစ်စေဆိုတဲ့ အတွေးတွေမွှေးကြဘို့ လိုနေကြပါပြီ။
ကျနော့်အမြင်သာဖြစ်ပါတယ်။ လွတ်လပ်စွာသဘောထားကွဲလွှဲနိုင်ကြပါတယ်။
အောင်ငယ် (ဘိတ်)
No comments: