ဖလမ်းမြို့ရဲတပ်ဖွဲ့ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်းကို
ကန့်သတ်ချုပ်ခြယ်မှုများရှိခဲ့
ချင်း၊ မတ် ၁၀။
ရိခေါဒါးရ်မြို့မှ ဖလမ်းမြို့သို့ ညတွင်းချင်း ခရီးဆက်လာသော
မင်းကိုနိုင်နှင့် ကိုကိုကြီးတို့ ဦးဆောင်လာသည့်ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလု့အဖွဲ့အစည်း၏ ဟောပြောပွဲကို ဖလမ်းမြို့နယ်
ရဲတပ်ဖွဲ့မှ ချုပ်ခြယ် ကန့်သတ် ခြိမ်းခြောက်မှု များရှိခဲ့သည်
ဟု ဒေသခံများက ပြောကြသည်။
ဖလမ်းမြို့နယ် ခန်းမတွင် ဟောပြောရန်နှင့် ဆောက်လုပ်ရေး တည်းခိုရိပ်သာတွင်တည်းခိုရန် စီစဉ်ထားခဲ့ သော်လည်း
ကြိုတင် စီစဉ်ထားခဲ့သည့်အဆိုပါ နေရာများတွင် ပြုလုပ်ခွင့်
မရရှိခဲ့ပဲ ဖလမ်းမြို့၊ ဥုးအရိယ၀ံသ၏ဗဟိုသာသနာပြု
ကျောင်းတွင် တည်းခိုခဲ့ကြရပြီးဖလမ်းနှစ်ခြင်း ခရစ်ယာန် နယ်အဖွဲ့ခန်းမတွင် ဟောပြောပွဲပြုလုပ်ခဲ့ကြကြောင်း
သိရပါသည်။
ဟောပြောခွင့် ရရှိရေးအတွက် သက်ဆိုင်ရာဌာနများသို့ ၂၈.၂.၁၃)ရက်နေ့မှစ၍ဒေသခံလူငယ်များက ခွင့်ပြုစာ
တင်ရာတွင် ၅ကြိမ်ခန့် ပြန်ပြင်ရေးခိုင်းခဲ့ကြောင်း၊ ၀န်ထမ်း
များကိုဟောပြောပွဲသို့မတက်ရန် နှုတ်ဖြင့်တားမြစ်မှုများရှိခဲ့
ကြောင်း၊ လူဦးရေ ၅၀ဦးခန့်သာ တက်ရောက်ခွင့်ပေးခဲ့ကြောင်း
စသည့်ကန့်သတ်ချုပ်ခြယ်မှုများ ရှိခဲ့ကြောင်းကိုငြိမ်းချမ်းရေး နှင့် ပွင့်လင်းခရီးစဉ် ဟောပြောပွဲ စီစဉ်သည့် ဖလမ်းမြို့လူငယ်တစ်ဦး
ကပြောကြားသည်။
“ နိုင်ငံတော် သမ္မတကိုယ်တိုင်က နိုင်ငံရေးကို ပြည်သူတွေ
စိတ်ဝင်စားဖို့တိုက်တွန်းနေချိန်မှာ ပြည်နယ်၊ ခရိုင်အစိုးရအဖွဲ့
တွေက၀န်ထမ်းတွေ ဟောပြောပွဲမတက်ဖို့ တားမြစ်ခြိမ်းခြောက်
နေတာ ဘာသဘောလဲ။အမိန့်နှင့်ခြိမ်းခြော က်လို့ မရဘူး။ ရတဲ့
နည်းကိုသုံးပြီးပြည်သူတွေနှင့်လ က်တွဲနိုင်အောင် ကြိုးစားသွား
မယ် ”ဟု ကိုကိုကြီးကပြောပြခဲ့ပါသည်။
၈၈-မျိုးဆက် ကျောင်းသားများ၏ ချင်းပြည်နယ်သို့ငြိမ်းချမ်း
ရေးနှင့် ပွင့်လင်းခရီးစဉ်တွင် တီးတိန်မြို့၊ ရိခေါဒါးရ်မြို့၊ဖလမ်း
မြို့နှင့် ဟားခါးမြို့များသို့ ရောက်ရှိခဲ့ကြပါသည်။ရောက်ရှိသည့်
မြို့တိုင်းတွင် ဒေသခံ ချင်းတိုင်းရင်းသားများနှင့်ရင်းနှီးပွင့်လင်းစွာ
ပြောဆို ဆွေးနွေးခဲ့ကြပြီးဒေသခံချင်းတိုင်းရင်းသားများဘက်မှ ချင်းတောင်ပေါ်တွင်သောက်ရေရှားပါးခြင်း၊ လျှပ်စစ်မီးမရရှိခြင်း၊ ကားလမ်းများ မကောင်းခြင်း၊ချင်းတောင်တန်းရှိ စာသင်ကျောင်း
များတွင် ဗမာစကား နားမလည်သည့် ချင်းတိုင်းရင်းသား
ကျောင်းသူ၊ ကျောင်းသားများကို ဆရာ၊ ဆရာမများကဗမာ
စကားဖြင့်သာ သင်ကြားပေးကြသည့် အတွက်ချင်းပြည်နယ် ပညာရေးနိမ့်ကျမှုရှိကြောင်း၊ မူလတန်းကျောင်း ဆောင်ဆောက်
ရန်အစိုးရက ဘတ်ဂျက်ချပေးထားသည်ဟု သိရသော်လည်း
ကျောင်းဆောက်ချိန်တွင်ကျောင်းသား၊ ကျောင်းသူများကို လုပ်အားပေးခိုင်းခြင်းတို့ ရှိကြောင်း၊နိုင်ငံခြားသားတွေကို
ချင်းပြည်နယ်သို့ လာရောက်လည်ပတ်ခွင့် မပြုခြင်းများ
ရှိကြောင်း၊ ဖက်ဒရယ် စနစ်ကို ကျင့်သုံးမည်ဆိုလျှင်မည့်သည့်
နိုင်ငံ၏ ဖက်ဒရယ် စနစ်မျိုးကို ကျင့်သုံးလျှင်ကောင်းမည်နည်း
ဟူသောဒေသခံချင်းတိုင်း ရင်းသားများ၏ မေးခွန်းများ၊ အဆိုများ
ကိုငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းကလည်း ပွင့်လင်းမြင်
သာစွာပြန်လည် ဆွေးနွေး ပေးခဲ့ကြောင်း သိရပါသည်။
ချင်းပြည်နယ်သို့ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းခရီးစဉ်သည်ပထမ
ဆုံးအကြိမ်ဖြစ်ပြီး (၇.၃.၁၃)ရက်နေ့မှ (၉.၃.၁၃)ရက်နေ့အထိ
ကြာခဲ့ပြီးလမ်းခရီးကြမ်းတမ်းမှုဒါဏ် နှင့် ဟောပြောခွင့်ပိတ်ပင်မှုများ၊
အချိန်မကိုက်ညီမှုများ ကြုံတွေ့ခဲ့ကြရကြောင်းသိရပါသည်။
ကျော်သူစိုး(ကလေးမြို့)
Re-Post By ACM 10-3-2013
အေးချမ်းမွန် Credit to >> The Myanma Age << Thank
ကန့်သတ်ချုပ်ခြယ်မှုများရှိခဲ့
ချင်း၊ မတ် ၁၀။
ရိခေါဒါးရ်မြို့မှ ဖလမ်းမြို့သို့ ညတွင်းချင်း ခရီးဆက်လာသော
မင်းကိုနိုင်နှင့် ကိုကိုကြီးတို့ ဦးဆောင်လာသည့်ငြိမ်းချမ်းရေးနှင
ပွင့်လင်းလု့အဖွဲ့အစည်း၏ ဟောပြောပွဲကို ဖလမ်းမြို့နယ်
ရဲတပ်ဖွဲ့မှ ချုပ်ခြယ် ကန့်သတ် ခြိမ်းခြောက်မှု များရှိခဲ့သည်
ဟု ဒေသခံများက ပြောကြသည်။
ဖလမ်းမြို့နယ် ခန်းမတွင် ဟောပြောရန်နှင့် ဆောက်လုပ်ရေး တည်းခိုရိပ်သာတွင်တည်းခိုရန် စီစဉ်ထားခဲ့ သော်လည်း
ကြိုတင် စီစဉ်ထားခဲ့သည့်အဆိုပါ နေရာများတွင် ပြုလုပ်ခွင့်
မရရှိခဲ့ပဲ ဖလမ်းမြို့၊ ဥုးအရိယ၀ံသ၏ဗဟိုသာသနာပြု
ကျောင်းတွင် တည်းခိုခဲ့ကြရပြီးဖလမ်းနှစ်ခြင်
သိရပါသည်။
ဟောပြောခွင့် ရရှိရေးအတွက် သက်ဆိုင်ရာဌာနများသို့ ၂၈.၂.၁၃)ရက်နေ့မှစ၍ဒေသခံလူငယ်မျ
တင်ရာတွင် ၅ကြိမ်ခန့် ပြန်ပြင်ရေးခိုင်းခဲ့ကြောင်း၊ ၀န်ထမ်း
များကိုဟောပြောပွဲသို့မတက်ရန် နှုတ်ဖြင့်တားမြစ်မှုများရှိခဲ့
ကြောင်း၊ လူဦးရေ ၅၀ဦးခန့်သာ တက်ရောက်ခွင့်ပေးခဲ့ကြောင်း
စသည့်ကန့်သတ်ချုပ်ခြယ်မှုများ ရှိခဲ့ကြောင်းကိုငြိမ်းချမ်းရေး
ကပြောကြားသည်။
“ နိုင်ငံတော် သမ္မတကိုယ်တိုင်က နိုင်ငံရေးကို ပြည်သူတွေ
စိတ်ဝင်စားဖို့တိုက်တွန်းနေချိန
တွေက၀န်ထမ်းတွေ ဟောပြောပွဲမတက်ဖို့ တားမြစ်ခြိမ်းခြောက်
နေတာ ဘာသဘောလဲ။အမိန့်နှင့်ခြိမ်းခြော
နည်းကိုသုံးပြီးပြည်သူတွေနှင့်လ
မယ် ”ဟု ကိုကိုကြီးကပြောပြခဲ့ပါသည်။
၈၈-မျိုးဆက် ကျောင်းသားများ၏ ချင်းပြည်နယ်သို့ငြိမ်းချမ်း
ရေးနှင့် ပွင့်လင်းခရီးစဉ်တွင် တီးတိန်မြို့၊ ရိခေါဒါးရ်မြို့၊ဖလမ်း
မြို့နှင့် ဟားခါးမြို့များသို့ ရောက်ရှိခဲ့ကြပါသည်။ရောက်ရှိသည့
မြို့တိုင်းတွင် ဒေသခံ ချင်းတိုင်းရင်းသားများနှင့်ရင်
ပြောဆို ဆွေးနွေးခဲ့ကြပြီးဒေသခံချင်းတိုင်းရင်းသားများဘက်မှ ချင်းတောင်ပေါ်တွင်သောက်ရေရှားပါ
များတွင် ဗမာစကား နားမလည်သည့် ချင်းတိုင်းရင်းသား
ကျောင်းသူ၊ ကျောင်းသားများကို ဆရာ၊ ဆရာမများကဗမာ
စကားဖြင့်သာ သင်ကြားပေးကြသည့် အတွက်ချင်းပြည်နယ် ပညာရေးနိမ့်ကျမှုရှိကြောင်း၊ မူလတန်းကျောင်း ဆောင်ဆောက်
ရန်အစိုးရက ဘတ်ဂျက်ချပေးထားသည်ဟု သိရသော်လည်း
ကျောင်းဆောက်ချိန်တွင်ကျောင်းသာ
ချင်းပြည်နယ်သို့ လာရောက်လည်ပတ်ခွင့် မပြုခြင်းများ
ရှိကြောင်း၊ ဖက်ဒရယ် စနစ်ကို ကျင့်သုံးမည်ဆိုလျှင်မည့်သည့်
နိုင်ငံ၏ ဖက်ဒရယ် စနစ်မျိုးကို ကျင့်သုံးလျှင်ကောင်းမည်နည်း
ဟူသောဒေသခံချင်းတိုင်း ရင်းသားများ၏ မေးခွန်းများ၊ အဆိုများ
ကိုငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းကလည်း ပွင့်လင်းမြင်
သာစွာပြန်လည် ဆွေးနွေး ပေးခဲ့ကြောင်း သိရပါသည်။
ချင်းပြည်နယ်သို့ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းခရ
ဆုံးအကြိမ်ဖြစ်ပြီး (၇.၃.၁၃)ရက်နေ့မှ (၉.၃.၁၃)ရက်နေ့အထိ
ကြာခဲ့ပြီးလမ်းခရီးကြမ်းတမ်းမှုဒ
အချိန်မကိုက်ညီမှုများ ကြုံတွေ့ခဲ့ကြရကြောင်းသိရပါသည်။
ကျော်သူစိုး(ကလေးမြို့)
Re-Post By ACM 10-3-2013
အေးချမ်းမွန် Credit to >> The Myanma Age << Thank
No comments:
Post a Comment