လက်ပံတောင်းတောင်ကို သေဒဏ်ချမှတ်လိုက်ခြင်း၏ နောက်ဆက်တွဲ အလားအလာများ
လက်ပံတောင်းတောင်ကို သေဒဏ်ချမှတ်လိုက်ခြင်း၏ နောက်ဆက...
ကိုဇော်ဝင်:
ခင်ဗျားရဲ့စာဟာ
good analysis ပါ။ ခင်ဗျားစာထဲက အောက်ပါ အပိုဒ်ကို ဖတ်ရတော့ ကျနော်လည်း
ကော်မရှင်ထဲပါတဲ့
ဦးဇော်မြင့်ဖေ အကြောင်းကို ပြောပြချင်လာတယ်။
“လက်ပံတောင်းကော်မရှင်မှာ
ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌရာထူးပေးထားပေမဲ့
ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်မဲ့သူဆိုလို့ ဒေါ်ခင်စန်းလှိုင်နဲ့ ဒေသခံရွာသား
၂ ယောက်ပဲထည့်ပေးထားတယ်။ စစ်အစိုးရက သူတို့ အမာခံတွေ ဖြစ်တဲ့
ဦးကျော်တင့်ဆွေ၊ ဦးဇော်မြင့်ဖေ၊ ဦးလွန်းသီတို့ကို ထည့်ထားတယ်။
ဒေါ်စုလှုပ်မရဘူး။ ဒါပေမယ့် ဒေါ်စုက သူ့ကိုယ်သူ သိပ်အထင်ကြီးတယ်။ ဒါကြောင့်
စစ်ဗိုလ်တွေ ပတ်ချာဝိုင်းတဲ့ ကော်မရှင်ဥက္ကဌရာထူးကို ဒေါ်စုကလက်ခံလိုက်တယ်။
ဒီလိုနဲ့ ဒီကော်မရှင်ဟာ အစကတည်းက မလွတ်လပ်တဲ့ ကော်မရှင်ဖြစ်လာတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်မဲ့သူဆိုလို့ ဒေါ်ခင်စန်းလှိုင်နဲ့ ဒေသခံရွာသား
၂ ယောက်ပဲထည့်ပေးထားတယ်။ စစ်အစိုးရက သူတို့ အမာခံတွေ ဖြစ်တဲ့
ဦးကျော်တင့်ဆွေ၊ ဦးဇော်မြင့်ဖေ၊ ဦးလွန်းသီတို့ကို ထည့်ထားတယ်။
ဒေါ်စုလှုပ်မရဘူး။ ဒါပေမယ့် ဒေါ်စုက သူ့ကိုယ်သူ သိပ်အထင်ကြီးတယ်။ ဒါကြောင့်
စစ်ဗိုလ်တွေ ပတ်ချာဝိုင်းတဲ့ ကော်မရှင်ဥက္ကဌရာထူးကို ဒေါ်စုကလက်ခံလိုက်တယ်။
ဒီလိုနဲ့ ဒီကော်မရှင်ဟာ အစကတည်းက မလွတ်လပ်တဲ့ ကော်မရှင်ဖြစ်လာတယ်။”
“မင်း ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံရေး ဘာတတ်လို့လဲ။ ငါ့ သုံးပုံတပုံတောင် မတတ်ဘူး။”
အထက်ပါစကားဟာ ပြီးခဲ့တဲ့
လက်ပံတောင်းကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်မှာပါတဲ့ အဖွဲဝင် ဦးဇော်မြင့်ဖေ ရှစ်လေးလုံးစစ်တပ်အာဏာသိမ်းပြီးခါစမှာ
ကျနော့်ကို ပြောတဲ့စကားပါ။
ဦးဇော်မြင့်ဖေအကြောင်း
အကျဉ်း။ နာမည်ရင်း ဇော်ညွန့်၊ DSAစစ်တက္ကသိုလ် သင်တန်းမပြီး။ ဗဟိုနိုင်ငံရေးသိပ္ပံမှာ
နည်းပြလုပ်။ ဗဟိုနိုင်ငံရေးသိပ္ပံဆိုတာ ဦးနေဝင်အဏာသိမ်းပြီး ဆိုရှယ်လစ်အာဏာရှင်စနစ်နဲ့
သွားဖို့ နိုင်ငံရေး နကန်းတလုံးမှ မသိတဲ့ စစ်ဗိုလ်စစ်သားတွေကို အရပ်သား နိုင်ငံရေးသမားတွေက
မဆလနိုင်ငံရေးကို သင်ပေးတဲ့ ဌာန။ ဗိုလ်သန်းရွှေ ဗဟိုနိုင်ငံရေးသိပ္ပံကို ကိုင်စဉ် ဗိုလ်သန်းရွှေနဲ့ ဆရာတပည့်ဖြစ်ခဲ့။ ဗဟိုနိုင်ငံရေးသိပ္ပံမှာ
ဦးဇော်မြင့်ဖေကို ဖျံဇော်မြင့်ဖေလို့ခေါ်တယ်။ အကွက်မြင်လျင်လွန်းလို့။ စစ်ဗိုလ်တွေနိုင်ငံရေးပါးဝလာပြီး
အရပ်သားနိုင်ငံရေးဆရာတွေအပေါ်မှာပါ တက်ထိုင်လာတဲ့အခါမှာ နိုင်ငံတော်ကောင်စီရုံးကို ပြောင်းလိုက်တယ်။
ရှစ်လေးလုံး အာဏာသိမ်းပြီးစ ကျောင်းသားလူငယ်တွေ တောခိုကြတဲ့အချိန်မှာ စစ်တပ်နိုင်ငံရေးကြီးစိုးတော့မှာကို
ကြိုမြင်တဲ့ ဦးဇော်မြင့်ဖေဟာ “သား အမြန်ပြန်လာပါ” ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ကလောင်အမည်
ဇော်ညွန့်နဲ့ အစိုးရသတင်းစာမှာ ရေးပါတယ်။ (ကျနော်က နိုင်ငံတော်ကောင်စီရုံး တရုံးလုံး
ဝန်ထမ်းတွေ ဆန္ဒထွက်ပြအောင် ဦးဆောင်စည်းရုံးတဲ့သူ ၅ယောက်ထဲက တယောက်ပါ)။
ဆန္ဒပြဝန်ထမ်းတွေ နှစ်ရက်သုံးရက်နဲ့
မကြာမီ ရုံးပြန်တက်ကြပေမယ့် ကျနော်တယောက်ပဲ ကြေညာသတ်မှတ်ထားတဲ့ စက်တင်ဘာနောက်ဆုံးရက်မှ
ပြန်တက်တယ်။ ကျနော် ရုံးပြန်တက်တဲ့ နေ့မှာပဲ ဦးဇော်မြင့်ဖေက ကျနော့်ကို “မင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး ဘာတတ်လို့လဲ။ ငါ့ သုံးပုံတပုံတောင်
မတတ်ဘူး။ မင်း မှတ်ထား၊ ဘယ်တော့မှ စစ်တပ်မပါဘဲ အာဏာသိမ်းလို့မရဘူး” ဆိုတဲ့
စကားကို ပြောပါတယ်။
မကြာပါဘူး။ S 1 နဲ့ S 2 ဆိုတဲ့ကောင် နှစ်ကောင် ဝန်းထမ်းလောကကို ရမ်းပါလေရော။ ဖြုတ်စရာရှိတဲ့လူ
အမြန်ဖြုတ်။ ကိုယ့်လူဖြစ်တဲ့ သူကို အပေါ်ကနေထိန်းနိုင်အောင် ရာထူးတိုးပေး-
ဆိုတာကို လုပ်တယ်။ ဒီနေရာမှာ
နဝတရုံး တဖြစ်လည်းနဲ့ ဦးဇော်မြင့်ဖေဟာ လက်ရှိ လက်ထောက်ညွှန်မှူးကနေ ဒုညွှန်မှူးဖြစ်တယ်။
တလ အတွင်းမှာ ဒုညွှန်မှူးကနေ နောက်ထပ် ညွှန်မှူးအဖြစ် တဆင့်ထပ်တက်တယ်။ တရုံးလုံး
လက်ဖျားခါသွားတယ်။
တကြိမ်မှာ S 1 ခင်ညွန့်က ဦးဇော်မြင့်ဖေကို ရုံးကိစ္စတခုနဲ့စိတ်တိုင်းမကျတဲ့အဖြစ်တခုမှာ
“မင်းနော် မင်းတော့ နာတော့မှာပဲ” လို့ ကြိမ်းဝါးတော့ ဦးဇော်မြင့်ဖေ ချမ်းတုန်ပြီး
သူ့ဆရာ ဗိုလ်သန်းရွှေဆီ အမြန်ပြေး၊ S 1 သူ့ကို အလုပ်မဖြုတ်ရန် ပြောပေးဖို့ သွားတောင်းပန်ရတယ်။
ယခု ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်ပါလာတာ အသံလွှင်ဌာနတွေက
ကြားလိုက်ရတော့မှ အငြိမ်းစားယူပြီး ကြံ့ဖွတ်ပါတီကနေ လွှတ်တော်အထိ ဆက်လက် တိုးတက်နေမှန်း
သိလိုက်ရတယ်။
ဦးသန်းရွှေရဲ့ လူရင်း၊ ပညာတတ်လူရည်လည်၊ ဦးနေဝင်းလက်ထက်ကထဲက စစ်အာဏာရှင်ဆိုတာ ဘယ်တော့မှ
အာဏာလွှဲပြောင်းမှာ မဟုတ်ဘူး၊ စစ်အာဏာပိုင်တွေနဲ့ အပြန်အလှန် အကျိုးပြုပြီး ကိုယ့်တက်လမ်း
ရှာရမယ်လို့ မူဝါဒ ထားရှိထားတဲ့သူ။ နိုင်ငံတော်ကောင်စီဝင်တွေကို ရုံးစာ အစီရင်ခံစာတွေ
ရေးစားလာတဲ့သူ။ ဒီလို လူမျိုးတွေနဲ့ ဒေါ်စုကို ဥက္ကဌနာမည်တပ်ပြီး မလိုအပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်ခြင်းဟာ
ဒေါ်စုကို ကျော့ကွင်းထဲ ဖျားယောင်းသွတ်သွင်း အသုံးချလိုက်ခြင်းပဲလို့ ကျနော်မှတ်ယူပါတယ်။
ခုချိန်မှာ ဒေါ်စု
ဘယ်လိုခံစားနေရမှန်းမသိပေမယ့် ဦးဇော်မြင့်ဖေ ကတော့ သူ့ဆရာသမား ဗိုလ်သန်းရွှေနဲ့ ဦးပိုင်ဗိုလ်ချုပ်တွေရဲ့
အလိုရှိတဲ့ အတိုင်းကို အစွမ်းပြဆောင်ရွက်ပြလိုက်ရလို့ ဝမ်းသာဂုဏ်ယူနေမှာ အမှန်ပဲ။
အားလုံးကို လေးစားလျက်
မောင်မောင်အောင်
No comments:
Post a Comment