မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ပြောမှသိ ၊ ထိမှနာ ၊ သာယာနေသူများ
၁၉၇၁ခုနှစ် မင်္ဂလာဒုံဗဟိုထောက် လှမ်းရေးတပ်တွင် ကျွန်တော်သင်တန်း တက်ရသည်။ ညနေစာစားပြီးသင်တန်း ကျောင်းအနီးဝါယာလက်ဈေးသို့ လမ်း လျှောက်စဉ် ကျွန်တော်တို့အနီးမှ ဖြတ် သွားသော မာစီးဒီကားပေါ်တွင် အယ် ဇေးရှင်းခွေးကြီးတစ်ကောင်တွေ့လိုက် သည်။ ခွေးချစ်တတ်သော ကျွန်တော်က ““ဟာခွေးကြီးလှလိုက်တာ””ဟုပြောလိုက် မိပါသည်။အတူလမ်းလျှောက်လာသော ခလရ(၄၅)မှ ဗိုလ်ကြီးဝင်းမောင်က မဆီ မဆိုင်ကျွန်တော့်အား ““မာစီးဒီးကားပေါ် မှာ ခွေးထိုင်သွားတာမနာလိုမဖြစ်နဲ့။ခွေး လည်း သူ့ကုသိုလ်နဲ့သူ၊သူ့ကံနဲ့သူ လာတာ””ဟုပြောပါသည်။
လွန်ခဲ့သော (၈)နှစ်ခန့်က သြစတေးလျ နိုင်ငံမှ မရီးဖြစ်သူလာရောက်လည်ပတ်
သည်။ သူ့ခင်ပွန်းဖြစ်သူမှာ အဆိုတော် ထား၏ခင်ပွန်းဒေါက်တာကြည်ခင်၏ညီ ဦးဝင်းမြင့်ဖြစ်ပါသည်။ အန်တီထားတို့ အိမ်သို့သွားလည်သည်။ အိမ်ထဲတွင် အယ်ဇေးရှင်းခွေးအဖြူကြီးတစ်ကောင်ရှိ ပါသည်။ခွေးချစ်တတ်သော ကျွန်တော် ခွေးကြီးအနီးသွားထိုင်ပြီး ““သားကြီးက ရှား ရှားပါးပါးအဖြူရောင်ဆိုတော့ သိပ်လှတာ ပဲ၊အဲယားကွန်းတည့်တည့်မှာဝပ်နေတော့ မအေးဘူးလား””ဟုပြောပြီး အသာအယာ ပွတ်သပ်ပေးပါသည်။ အန်တီထားက ““သားကြီးမဟုတ်ဘူး။သမီးပါ။သူကအဲယား ကွန်းပိတ်ရင်မနေတတ်ဘူး၊အမြဲဖွင့်ထား ရတယ်””။
နွေရာသီကျွန်တော်တို့ယပ်တောင် တဖျတ်ဖျတ်ခတ်ပြီးနေရချိန်တွင် အယ် ဇေးရှင်းခွေးကြီးအဲယားကွန်းအခန်းထဲ၌ အငြိမ့်သားခံစားနေသည်။သူ့ကုသိုလ်ကံ ကြောင့်ပဲဆိုဆို၊သူ့အရည်အချင်းကြောင့် ပဲဆိုဆို ကျွန်တော်တို့မနာလိုဖြစ်စရာ
အကြောင်းမရှိပါ။ ဒေါ်မာမာအေး သီဆို ထားသည့် ““သူ့ခေတ်နဲ့တော့ သူတွင်ကျယ်
မယ် ——-သူတို့ကိုလည်း ပြိုင်ဖို့မလို ဘူးထင်တယ်””ဆိုသည့်တေးလေးကဲ့သို့ ဖြစ်ပါသည်။
၁၉၆၅ခုနှစ် မန်္တလေးတက်္ကသိုလ်ရှေ့ ရှိကားဂိတ်မှ စာသင်ခန်းဆီသို့ဦးတည်နေ
သော ကျွန်တော်။ နောက်မှ ““ရန်အောင်၊ ရန်အောင်””ဟု ခေါ်သံကြားလိုက်သော်
လည်း ကျွန်တော့်နာမည်မဟုတ်၍ လှည့် မကြည့်ပါ။ကျွန်တော့်ရှေ့နှင့်ဘေးဘယ်/
ညာတွင်လည်း မည်သူမျှမရှိပါ။ ““ရန်အောင်၊ ရန်အောင်၊အို့ အို့
အို့””ဟုထပ်ကြားမှလှည့် ကြည့်လိုက်ပါသည်။ ကျွန်တော့်သူငယ်
ချင်းများဖြစ်သည်။ ““မင်းဘယ်တုန်းက နာမည်ပြောင်းလိုက်တာလဲ။
မင်းပုံကြီးသတင်း စာထဲမှာပါလာတယ်”” သူတို့လက်ထဲမှ
သတင်းစာကိုကြည့်လိုက်ပါသည်။ လွတ် လပ်ရေးနေ့ မြန်မာခွေးအလှပြိုင်ပွဲတွင် ပထမရသော ကျွန်တော့်ခွေးကြီးနှင့်အတူ ခွေးထိန်းကျွန်တော့်ဓာတ်ပုံလူထုသတင်း စာထဲတွင်ပါလာခြင်းဖြစ်ပါသည်။
ဖေဖေသည် ခွေးချစ်တတ်သူဖြစ်၍ လုပ်ဖော်ကိုင်ဖက်ထောင်စာရေးဆရာ ရန်အောင်မောင်မောင်လက်ဆောင်ပေး ထားသည့် ပဲခူးအင်းခွေးဖြစ်၍ အမှတ် တရ ““ရန်အောင်””ဟုအမည်မှည့်ထားခြင်း ဖြစ်ပါသည်။ဖေဖေမနက်(၅)နာရီထောင် ဖွင့်ဖို့သွားလျှင် သူလိုက်သွားသည်။ ဖေဖေ ရုံးခန်း၌ သူနေသည်၊ထမင်းစားချိန် တွင် ထောင်တွင်းရှိအကျဉ်းသားများ စား ဖိုသို့သွားသည်။ ထောင်ပိုင်ကြီးခွေးဖြစ်၍ အကျဉ်းသားများကျွေးမွေးကြသည်။ ခွေး ကလည်း ထောင်ဝတ်စုံဝတ်ထားသော အကျဉ်းသားတိုင်းကို တည့်အောင်ပေါင်း သည်။
ကျွန်တော့်ခွေးမလေး မော်လီမှာ အယ်ဇေးရှင်းမျိုးဖြစ်သည်။အစား အသောက်ကြေးများသည်။ကျွန်တော်တို့ မှာ ချမ်းသာသူများမဟုတ်သဖြင့် မော်လီ အတွက်အမဲသား၊ကြက်ဥမကျွေးနိုင်ပါ။ ပဲဟင်း၊ချဉ်ပေါင်ဟင်းဖြင့်ကျွန်တော်တို့ စားသလိုသူ မစားနိုင်ပါ။ ကျွန်တော် ထမင်းစားပြီးတိုင်း အရိုးလေးများကြေမွ အောင်ဝါးပြီး၊အသားဖတ်လေးနည်းနည်း ဖြင့် အသားနံ့ရအောင်ရောမွှေပြီးကျွေးရ သည်။
ကျွန်တော့်ကုတင်ဘေးတွင်အိပ်သည်။
ညအချိန်ကျွန်တော်ထလျှင် ခေါင်းလေး ထောင်ပြီး အမြီးပုတ်ပြသည်။ အိမ်သာ
တက်ချိန်ကြာနေလျှင် တံခါးဝတွင် လာ စောင့်နေသည်။ ကျွန်တော်ကျောင်းပြန်
ချိန်စောင့်ကြိုသည်။ အိမ်ရှေ့ကုက်္ကိုပင် ကြီးပေါ်တွင် စိုက်ထားသော
သစ်ခွပင်လေး များပြုစုရန်ကျွန်တော်သစ်ပင်ပေါ်သို့တက်သွား လျှင် အောက်မှစောင့်ပြီးဟောင်သည်။ နောင်သစ်ပင်နားသွားသည်နှင့်ဘောင်းဘီ ကိုငုံပြီးဆွဲထားသည်။ တိရစ်္ဆာန်ပင်ဖြစ် သော်လည်း အသည်းနှလုံးရှိသဖြင့် သခင်ကို သံယောဇဉ်ရှိသည်။ဦးနှောက်ရှိသဖြင့် သခင့်အန္တရာယ်ကိုစိုးရိမ်ပူပန်တတ်သည်။
ထိုအချိန်ကမေမြို့စစ်ခွေးတပ်တွင် သင်တန်းဆရာတပ်ကြပ်ကြီးစိုးမြင့်ထံမှ နည်းယူပြီးကျွန်တော့်အိမ်မှခွေးလေးများ ကို သင်ပေးသည်။ လေးလသားအရွယ်မှ စပြီးသင်ပေးရသည်၊အိုမှလက်ပေးသင်၍ မရတော့ပါ။
၂၀၁၂ခုနှစ် အောက်တိုဘာလခန့်က သင်တန်းတစ်ခုတွင် အချိန်ပိုင်းဗဟုသုတ အဖြစ် စာရေးဆရာများဆွေးနွေးပို့ချ လျက်ရှိပါသည်။ ကျွန်တော့်အား အချိန် ပိုင်းဆွေးနွေးပို့ချရန်ကမ်းလှမ်းပါသည်။ ဆွေးနွေးပို့ချရမည့် ခေါင်းစဉ်ကိုကြည့်ပြီး ကျွန်တော်ငြင်းဆန်လိုက်ပါသည်။
““ပြည်သူလူထုအတွင်းနေထိုင်ဆက် ဆံခြင်း””ဖြစ်ပါသည်။ကျွန်တော်ဆွေးနွေး ပို့ချရမည့်သူများမှာ မိုးပေါ်မှကျလာသူ များ၊ ဂြိုဟ်သားများမဟုတ်၍ ငြင်းလိုက် ခြင်းဖြစ်ပါသည်။မည်သည့်နေရာတွင်သွား ရောက်နေထိုင်သူများဖြစ်၍ ပြည်သူလူထု အတွင်းနေထိုင်မှုကိုဆွေးနွေးရန်လိုအပ် သည်ကိုမသိပါ။
ကျွန်တော် Hot News 7-13 Feb 2013 ပါဆရာထက်မြတ်၏ ““မမေ့နိုင်သော စကားများ””ဆောင်းပါးကိုဖတ်ပြီးနောက် ပြည်သူလူထုအတွင်း နေထိုင်ဆက်ဆံ နည်းသာမက၊ပြောဖို့ဆိုဖို့၊တွေးခေါ်ကြံဆ တတ်ဖို့၊ကိုယ်ပြောသည့်စကားအဓိပ္ပာယ် ကိုယ်သိဖို့၊သူများပြောသည့် စကား၏ အနက်အဓိပ္ပာယ်ကိုနားလည်ဖို့များစွာလို အပ်နေကြောင်း စိတ်မချမ်းမြေ့ဖွယ်စဉ်း စားမိပါသည်။
အတိုက်အခံပါတီခေါင်းဆောင်တစ် ဦး လွှတ်တော်ထဲရောက်လာသည်၊ပထမ ဆုံးနိုင်ငံခြားခရီးစဉ်အဖြစ်
ထိုင်းနိုင်ငံသို့ သွားသည်။ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံ
လာရောက်မည့်သူများအတွက် ပြော လိုက်သည်။ အကြံပေးတစ်ဦးက နိုင်ငံခြား
သတင်းဌာနတစ်ခုသို့ ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်ချက်ပို့လိုက်သည်။တစ်ချိန် က အတိုက်အခံပါတီ၏ပြောဆိုသမျှ မကောင်းဟုပြော၊မကောင်းဟုရေးမှ လူတော်လူကောင်းဟု ယူဆသောခေတ် မဟုတ်တော့သည်ကို သူမစဉ်းစားမိ၍ လား၊သူကိုယ်တိုင်က ဥာဏ်ရည်မမီ၍ လားမသိပါ။လုပ်ပိုင်ခွင့်ရှိသူ အာဏာရှင် တစ်စု၏ အစီအမံဖြင့်မြန်မာနိုင်ငံတွင်းလာ
ရောက်လုပ်ကိုင်နေသူများ သူတို့လုပ်ချင် တိုင်းလုပ်ခဲ့ကြသည်။
ယနေ့ပြည်သူတို့ လက်မခံသောအခါ မည်သို့ဖြစ်နေသည် ကို ပြန်ကြည့်ဖို့လိုပါသည်။
““အခြေခံဥပဒေကိုပြင်ဖို့ တပ်မတော် သားတစ်ယောက်လိုသည်””ဟု ပြောခဲ့ခြင်း
နှင့်ပတ်သက်ပြီး၊ ““ကျန်တဲ့ ၇၅ရာခိုင်နှုန်း က သူ့လူတွေလား၊””
““တပ်မတော်သား တစ်ယောက်ရရုံနဲ့ပြီးမှာလား””ဆိုသည့် အသံတွေထွက်လာသည်။ ပြောလိုက်သူ ၏ ရည်ရွယ်ချက်၊အတွေးအခေါ်ကိုစဉ်း စားကြည့်ဖို့လိုပါသည်။ ““တပ်မတော်သား တစ်ဦး””ဆိုသည်မှာ မည်သူ့ကို ရည်ရွယ် ပြီး ပြောသည်ကိုစဉ်းစားကြည့်ကြပါ။ လွှတ်တော်ထဲက ၂၅ရာခိုင်နှုန်းသော တပ်မတော်သားထဲမှ တစ်ယောက်ကို ရည်ရွယ်ခြင်းလား၊ရှေ့တန်းမှာတိုက်ပွဲဝင် နေတာ တပ်မတော်သားတစ်ဦးလား။ သို့မဟုတ်-
ကျွန်တော်ဝေဖန်နေခြင်းမှာ ကိုယ် ပိုင်အတွေး၊ကိုယ်ပိုင်အမြင်တစ်ခုတည်း
ဖြင့် မဟုတ်ပါ။ ပြည်သူတွေဘာပြောနေ သည်၊ပြည်သူတွေမှာ ဘာဆန်္ဒတွေရှိနေ သည်
ဆိုသည့်အသံကို ဝေဖန်စရာမရှိ ခြင်းမှာ သူပြောတာတွေကို ကမ်္ဘာကလက် ခံသည်။
ပြည်သူကလက်ခံသည်။ အောင် မြင်သူလက်မခံလျှင် ရူးလို့ဖြစ်သွားမည်။
သမ်္မတကြီးအကောင်းတွေပြောတိုင်း မထောက်ခံဘူးလား၊အကောင်းမြင်ပြီး ဝေဖန်ရေးသားဖို့ပြောသူများရှိပါသည်။သမ်္မတ ကြီးအကောင်းပြောတိုင်း ကျွန်တော် အကောင်းလိုက်ရေးရလျှင် ကျွန်တော်လူစင်စစ်ကဖားတစ်ကောင် ဖြစ်သွားပါလိမ့်မည်။သမ်္မတကြီးသာ မဟုတ်ပါ ယခင် နိုင်ငံရေးခေါင်းဆောင် အဆက်ဆက်ပြောသွားသောမိန့်ခွန်းများ မကောင်းတာတစ်ခုမျှမရှိပါ။ ဖြစ်မလာ တာဘဲရှိပါသည်။
““ပုဂ်္ဂလိကလုပ်ငန်းများကို ဦးတည် လှုံ့ဆော်သူအချို့အပေါ် အစိုးရက အရေး မယူကြောင်း၊တရားဥပဒေစိုးမိုးရေးမရှိ တော့ပြီးလား””ဆိုသည့် ကိုယ်စားလှယ်ကြီး၊ တစ်ချိန်ကကျောထောက်နောက်ခံအား ကိုးဖြင့် နေထိုင်ခဲ့သည့်ဘ၀ကိုမေ့လိုက်ဖို့ လိုပါသည်။
““ဖယောင်းတိုင်ထွန်းဖို့”” ““ရွှေလက် နဲ့ခေါ်မရရင်”” ““ထမင်းတစ်နပ်လျှော့စား
ဖို့”” ပြောကြသူများကို နိုင်ငံခြားတက်္ကသိုလ် တစ်ခုမှ
နိုင်ငံရေးပညာရှင်ပြောသကဲ့သို့ သင်တန်းဖွင့်ပြီးသင်ပေးလျှင်လည်း သင် ရမည့်အရွယ်မဟုတ်တော့ပါ။သူတို့ပွင့် ပွင့်လင်းလင်းပြောကြမှ သူတို့ရင်တွင်းက ဆန်္ဒတွေပြည်သူတို့သိခွင့် ရကြမည်ဖြစ် သည်။ လွတ်လွတ်လပ်လပ်ပြောကြဆို ကြပါစေ။
ကျွန်တော်သူတို့ကို မလိုတမာစိတ် ဖြင့်ပြောဆိုနေခြင်းမဟုတ်ပါ။သူတို့တွင် အသည်းနှလုံးရှိပါသည်။ပြည်သူတွေကို စာ နာစိတ်ရှိဖို့လိုသည်။ကမ်္ဘာပေါ်တွင် အသိ ဥာဏ်အရှိဆုံးဖြတ်သည့် ဦးနှောက်ပိုင် ဆိုင်ထားသည့် လူသားများဖြစ်ပါသည်။ တွေးခေါ်ပြီးပြည်သူတစ်ရပ်လုံးအတွက် မှန်မှန်ကန်ကန်ဆုံးဖြတ်ပြောဆိုနိုင်ကြပါ စေ ဟုဆုတောင်းပေးလိုက်ရပါသည်။
၁၉၆၃ခုနှစ် ကျောင်းသားအရေး အခင်းတွင် ကျွန်တော်တို့ မန္တလေးတက္က သိုလ်ကျောင်းသားများဆန်္ဒပြကြပါသည်။ စစ်ကားကြီးများ ကျောင်းရှေ့သို့ရောက် လာပြီး ရဲဘော်များဆင်းလာသည်။ ကျွန်တော်တို့ကျောင်းသားများက ““နေ၀င်း ခွေးတွေ””ဟု အော်ဟစ်ဆဲဆိုပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ပါသည်။
၁၉၆၇ခုနှစ်ဘွဲ့ရပြီး တပ်မတော်သို့ ၀င်ခဲ့ပါသည်။ ကျွန်တော်လည်း နေ၀င်း
ခွေးဖြစ်ခဲ့ရပါသည်။ ၁၉၈၈ခုနှစ်အရေး အခင်းတွင် နေ၀င်းခွေး၊စန်းယုခွေး၊စိန်လွင်
ခွေး၊မောင်မောင့်ခွေး ဟုအခေါ်ခံခဲ့ရပါ သည်။ စက်တင်ဘာလ ၁၈ရက် တပ်မတော် မှ
အာဏာသိမ်းပြီးချိန်တွင် ကျွန်တော် စောမောင်ခွေးဖြစ်ခဲ့ပါသည်။
ကျွန်တော် နိုင်ငံ့တာဝန်မှ အနား ယူချိန်တွင် ခွေးဘ၀မှ လွတ်ပြီဟု ယူဆ ခဲ့ပါသည်။ ပြည်သူတွေကြားသို့ရောက်ရှိ ခဲ့ပါသည်။
ပြည်သူတွေကြားမှာ ပြည်သူတွေ နှင့်အတူနေရင်း ပြည်သူ့အသံတွေ နား ထောင်ရင်း မသိမသာပြည်သူ့ခွေးဖြစ်မှန်း
မသိဖြစ်ခဲ့ရပါသည်။ ပြန်စဉ်းစားကြည့် လျှင် ကျွန်တော်ခုမှ
ပြည်သူ့ခွေးဖြစ်ခြင်း မဟုတ်ပါ၊ နိုင်ငံ့တာဝန်ထမ်းဆောင်စဉ်
ပြည်သူများပေးသော လစာစားခဲ့သူဖြစ် ၍ ထိုအချိန်ကတည်းက ပြည်သူကျွေး သော
အစာကိုစားပြီး ပြည်သူ့ခွေးဖြစ်ခဲ့ ခြင်းဖြစ်ပါသည်။
ကျွန်တော်ငယ်စဉ်ကတည်းက ခွေး နှင့်အတူကြီးပြင်းလာခဲ့သူဖြစ်၍ ပြည်သူ့ ခွေးဖြစ်ရသည်ကို ဂုဏ်ယူပါသည်။ ကျွန်တော့်အဖေ၏ခွေးကြီးရန်အောင်ပင် အကျဉ်းသားများကျွေးသည့်ထမင်းစားပြီး
အကျဉ်းသားများ ကျေးဇူးကိုသိပါသည်။ တစ်သက်လုံး ပြည်သူကျွေးတာစားလာ သော
ကျွန်တော် ပြည်သူ့ကျေးဇူးကိုသိရ ပါမည်။ ပြည်သူ့အပေါ်သစ္စာရှိရပါမည်။
လမ်းဘေးမှ ခွေးဝဲစားတစ်ကောင်ဟု သတ်မှတ်လျှင် သတ်မှတ်ပါစေ ကျွန်တော်
ပြည်သူ့သစ္စာကို သိသောခွေးတစ်ကောင် ဖြစ်လိုပါသည်။
အောင်မြင်သူ
အေးချမ်းမွန်မှ ( The Hot News ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
No comments:
Post a Comment