လက်ပံတောင်းတောင် အစီရင်ခံထွက်လာအပြီး လက်ရှိအခြေအနေပေါ်မှာ သုံးသပ်ပြောဆိုတာနဲ့အတူ အင်အားသုံးအကြမ်းဖက်ပဋိပက္ခေ
“လက်ပံတောင်းတောင် ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်အပ်နှင်းတဲ့အခါမှာ ကျနော်တို့က အကျပ်အတည်းကြီးတခုကြားထဲကို
စီးပွားရေးလုပ်ငန်းရှင်တစ်ဥ
“သိပ်တော့ Fair မဖြစ်ဘူးထင်တယ်ဗျ။ တချို့နေရာတွေမှာ ရေးတာတွေကလေ။ အများစုကိုပြောတာမဟုတ်ဘူး။ တချို့ Points လေးတွေမှာလေ၊ စီးပွားရေးဦးပိုင်လို့ပြော
အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်စန္ဒာဝေကျော်ကလည်း အခုလိုပြောပါတယ်။
“ ကျမအနေနဲ့ကတော့ မျှတတယ်လို့မြင်ပါတယ်။ အခုကော်မရှင်ဥက္ကဌကိုယ်တိုင်
တခါ စာပေအသိုင်းအဝိုင်းနဲ့နီးစပ
“လူထုဒီနေ့ဖြစ်နေတာနဲ့ပတ်သက
စာရေးဆရာကျော်ဝင်းက အစီရင်ခံစာနဲ့ပတ်သက်လို့ သူမြင်ထားတာကိုလည်း အခုလိုတင်ပြထားပါတယ်။
“ နှစ်ဖက်စလုံးက Expected Value တွေနဲ့သွားရင် အဖြေမရဘူးဗျ။ လက်ရှိအဖြစ်နဲ့ပိုကောင်းရင်
ဒါကတော့ လက်ပံတောင်းတောင် အရေး သုံးသပ်ပြောဆိုမှုတချို့ကို လက်လှမ်းမှီသမျ တင်ပြခဲ့တာပါ။
( VOA )
"အမှန်အတိုင်းပြောရရင် သူတို့က နိုင်ငံတော်အကျိုးစီးပွားတို့ဘာ
တို့ပြောနေကြပါတယ်။ တကယ်ပြောရရင် နိုင်ငံတော်အကျိုးစီးပွားမဟုတ်ဘူးခင်ဗျ။ ဒါဟာစစ်တပ်နဲ့ ဦးပိုင်ရဲ့အကျိုးစီးပွားဘဲဖြစ် တယ်လို့ ကျနော်အဲလိုပဲယူဆတယ်။"
(ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်)
(ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်)
မနေ
့က လက် ပံတောင်း တောင် မှာ ဖြစ် သွား တဲ ကိစ္စ ဟာ ၊ အောင် ဆန်း စုကြ ည် ရဲ
့လူ ထု အ ပေါ်မှားယွင်းတဲ့ တွက် ချက် မူ ကြီး တစ်ခု လို့  ရိုး ရိုး လေး
ပြော လို့ ရ ပါ တယ်၊
၁။ အောင် ဆန်း စုကြည် ဟာ ဘယ် တော့ မှ လူထုအနေနဲ့  သူ မ အပေါ်ဤကဲ့သို့  တုန့် ပြ န်လာ လိမ့် မယ် လို့ မထင် ထား ခဲ့ ပါ၊ ပြော ရ ရင် လူ ထု တ သူမဘာ ပြောပြောပြည်သူလူထုအနေနဲ့  လက်ခံကြ မှာ ဘဲ လို့  ထင်ထားခဲ့ တယ်။ တစ် နည်း အား ဖြင့်  တော. ကိုယ.်ကိုယ် ကို အထင် ကြီး မူ too much confident or arrogant ပါ ပဲ။
၂။ ဒီလို မထင်ထားတာ တွေ ဖြစ် လာ တော. သူမကိုယ်တိုင်တော်တော်လေးကို ပြာ (shock ) သွားပါတယ်၊ အဲဒါနဲ့ အမျက် ထွက် ပြီး သူ မအနေနဲ့  မပြော သင့် တဲ စကားတွေ့  ကိုစိတ်လိုက်မာန် ပါ ပြော မိ တော့ တာ ပါပဲ ၊ တနည်း အား ဖြင့်  ဆို ရင် တော့ ရှက် ရမ်း ရမ်းခြင်းပါ၊ အဲ လို နဲ့ ဘဲအ ခြေ နေက ပိုဆိုးသွားရ ခြင်း ဖြစ် ပါ တယ်၊
၃၊ နိုင် ငံ ရေး သမား တစ် ယောက်၊ အထူး သဖြင့် အတိုက် ခံ ခေါင်း ဆောင်၊ လူ ထုကရွေး ကောက် တင်မြှောက် ထား တဲ့ လွက်တော်ကိုယ်စားလှယ် တယောက် အနေဖြင့် ဒီလိုမိုး အခြေနေ မျိုးမှာ ပြည်သူဘက်က မဖြစ် မနေ ရပ် တည် ပေးရမည့် တာ ၀န်ရှိ ပါတယ်၊
၎။ တကယ် လို့ များ သူမ အနေ နဲ့ ဒီ ကိစ္စ ပေါ်ဘာတာ ၀န်မှမယူ နိုင် ရင် လဲ အစ ကတည်း က တာဝန် မခံ သင့် ပါဘူး ၊ ခုတော့ ပြည်သူ လူထု အနေနဲ့  သူ မအပေါ်တအား ကြီ မျော် လင့် ထား ခဲ့ ဒါ ဘာတခုမှဖြစ် မလာ တော့ လူထု ရဲ့ ခံစား ချက် ကတော်တော် လေးပြင်း ထန် သွား တာ ပေါ့ ၊ ပြော ရ မယ် ဆို ရင် တော. ပြည် သူ လူ ထု ရဲ့ ယုံကြည်မူကို ချေဖျက်လိုက်ခြင်းပါဘဲ။ တနည်း အား ဖြင့်  တော့ ပြည် သူ တွေ အေ န နဲ့ သူမ အပေါ် တအား ကြီး အားကိုး ပါတယ် ဆို ကာ မှ သူမ အ နေ န့ဲ ပြည်သူလူထု ဘက်မရပ် တည် ဘူး ဆိုတာကြီး သိလိုက်ရတော့ သူ တို့ အနေနဲ့ ခိုကိုး ရာ မဲ့ ဖြစ်သွားသလို ခံစားလုက်ရခြင်း ပါဘဲ၊
၅၊ နောက် တခု ကတော့ သူမ အနေနဲ့  ပြည်သူလူထုရဲ့  သဘောထား အမှန်ကို မသိ ကျိုးကျွံ ပြုခြင်းဘဲ၊ အစကတည်းက ပြည်သူလူထုရဲ့ သဘောထား အမှန် က ရိုးရိုးရှင်းရှင်းလေးပါဘဲ ကျေးနီ စီမံကိန်း ဖြတ်သိမ်းဖို့  ၊ လယ်မြေတွေပြန်ရဖို့  ၊ ဆန္ဒပြစဉ် အတွင်းက ရဲ တွေနဲ့ အာဏာ ပိုင် အဖွဲ့ တွေရဲ့  အကြမ်းဖက် မူ ကို စုံစမ်းစစ်ဆေး ပြီး အမူမှန်ပေါပေါက်စေဖို့  ၊ တရားခံများအား တရားဥပဒေနဲ့  အညီ အရေးယူဆောင်ရွက်ပေးဖို့  ၊ ထိခိုက်ဒဏ်ရာရသူများအား နှစ်နာချက် လျော်ကျေး ပေးရေး၊ မီးလောက်ဗုံး ကိစ္စစုံစမ်းဖော်ထုတ်ပေးဖို့ ပါဘဲ။ သို့ သော် အထက်ပါအရာများအားလုံးကို ကော်မရျင် အနေနဲ့ တစ်ခုမှ အကောင်အထည်ဖော်နိုင်ပေးခြင်း မရှိပါ။

လက်ပံတောင်းတောင် စုံ/ကော် အစီရင်ခံစာ ထွက်မလာခင်ကတည်းက
ဒေါ်စုရဲ့ တင်ကြို ရိပ်ဖမ်းသံဖမ်း နိမိတ်စကားတွေအရ ကြေးနီစီမံကိန်းကို
ဖျက်သိမ်းပစ်ဖို့ မရှိဘဲ ဆက်လက်လုပ်ဆောင်ဖို့ အဖြေသာ ထွက်လာလိမ့်မယ်လို့ 
မြေကြီးလက်ခတ်မလွဲ မျှော်လင့်ထားကြပါတယ်။ ဒီနေရာမှာ မုံရွာသား
ကဗျာဆရာကြီး ဦးအံ့မောင်သုံးသပ်ချက်နဲ့ အတော်တိုက်ဆိုင်မိတယ်။
ဒေါ်စု ဆိုတာ မြန်မာပြည်သူအများစု ထောက်ခံအားပေးလာခဲ့တဲ့ ခေါင်းဆောင်
ဖြစ်တဲ့အပြင် ဒီကနေ့ မှာ စစ်အုပ်စုဘက်တော်သား (အရပ်ဝတ်/ယူနီဖောင်းဝတ်)
တွေအမြင်မှာ သူတို့ လမ်းပြမြေပုံထဲ ၀င်ရောက်လျှောက်လှမ်းခဲ့တဲ့ နိုင်ငံရေးသမား
အမှတ်နဲ့  ဒေါ်စုကို ပန်းစည်းဆက်ကြိုဆိုနေတဲ့ အခင်းအကျင်းလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဒီမိုကရေစီနိုင်ငံရေး အခင်းအကျင်း ထမြောက်အောင်မြင်ဖို့ 
စစ်အုပ်စုအတွက် ဒေါ်စုဟာ လိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ ဘုရားမပြီးသေးလို့ 
ငြမ်း ရှိဖို့ လိုပါသေးတယ်။ ဒီအခြေအနေမှာ ထွက်လာတဲ့အစီရင်ခံစာမှာ
နောက်ကွယ်က အင်းအားထုထည်ဟာ အလွန်ကြီးမားတယ်ဆိုတာကို
“စီမံကိန်းဖျက်သိမ်းရေး၊ ဦးပိုင်အလိုမရှိ၊ ၀မ်ပေါင်ထွက်သွား” လို့ ကြွေးကြော်
နေကြတဲ့ ဒေသခံတွေနဲ့  နိုင်ငံအနှံ့ က အခြားပြည်သူတွေရဲ့  လိုလားချက်ဆန္ဒ
ပြည့်ဝကျေနပ်စေဖို့ ရာ ရာခိုင်နှုန်းအားဖြင့် အားနည်းနေတယ်ဆိုတာ၊
အောင်မြင်ဖို့ အလားအလာ နိမ့်ပါးနေတာ အထင်အရှားပါဘဲ။
ဦးပိုင်နဲ့  အကျိုးတူစီးပွားဖက် ၀မ်ပေါင်ကုမ္ပဏီဆိုတာ တရုတ်နိုင်ငံအခြေစိုက်
ဆိုတာထက် တရုတ်အစိုးရချုပ်ကိုင်တဲ့ လုပ်ငန်းစုကြီးထဲက အဆွယ်အပွား
တစ်ခုဖြစ်ပါတယ်။ မြန်မာအစိုးရ၀န်ကြီး ဦးအောင်မင်းကိုယ်တိုင် ပြည်ပနိုင်ငံ
“တရုတ်ပြည်အစိုးရကို မလွန်ဆန်နိုင်ကြောင်းနဲ့  တရုတ်ကျေးဇူးတွေ
အများကြီးရှိတယ် ဒါ့ကြောင့် ဆပ်မှဖြစ်လိမ့်မယ်” လို့  ပဋိပက္ခဖြစ်နေတဲ့
လက်ပံတောင်းဒေသက ဆန္ဒပြသမားတွေကို ထုတ်ဖော်ဝန်ခံဖူးပါတယ်။
ထိုစဉ်က တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ပွက်ပွက်ညံစွာ ၀ိုင်းဝန်း
ပြစ်တင်ဆဲဆိုဝေဖန်သံတွေ ပွတ်လောရိုက်ခဲ့တာ မှတ်မိကြစေချင်ပါတယ်။
သမ္မတဦးသိန်းစိန် မီးစိမ်းမပြဘဲ သူ့ ဝန်ကြီးတွေ ပေါက်လွတ်ပဲစား ပြောလို့ 
မရဘူးလို့ ဘဲ အကြမ်းဖျဉ်း နားလည်ထားပါတယ်။ အစိုးရတစ်ဖွဲ့ လုံးရဲ့ 
တင်ကူးသဘောထားကိုက ကြေးနီစီမံကိန်းကြီးကို နောက်မဆုတ်တမ်း
ရှေ့ တိုးလုပ်ဖို့  ဆုံးဖြတ်ထားပုံရပါတယ်။ တရုတ်သြဇာ နာခံဖို့ က အဓိက၊
ဒေသခံတွေဆန္ဒက သာမည လို့  စိတ်ဒုံးဒုံးချထားတဲ့ အစိုးရလို့  အကဲဖြတ်ရင်
မှားမယ် မထင်ပါ။ မျက်နှာကြီးနိုင်ငံတွေနဲ့ ရွှေလမ်းငွေလမ်း ပွင့်နေချိန်
(ဟိုလက်ဖြန့် ဒီတောင်းစားချိန်)၊ နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ 
ပုလဲနံပ အကြည်စိုက်နေချိန်ဖြစ်တဲ့ ဦးသိန်းစိန်အစိုးရခေတ်မှာ သူ့ အစိုးရ
အာသာငမ်းငမ်းဖြစ်နေတဲ့ လက်ပံတောင်တောင်စီမံကိန်းကြီးကို ဆက်မလုပ်ဖို့ 
အပြီးတိုင်ဖျက်သိမ်းပစ်ဖို့  တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ဒေသခံတွေရဲ့ ဆန္ဒ
(၃)ချက်ဟာ ကွန်ကရစ်နံရံ ခေါင်းနဲ့ ဝင်စောင့်သလို လွယ်ကူချောမွေ့ တဲ့ကိစ္စ
မဟုတ်ဘူးဆိုတာ ဆန္ဒပြ တောသူတောင်သားတွေ နားလည်ပြီးသားလို့ 
ယုံကြည်မိပါတယ်။ အားနည်းတဲ့ဘက် အနိမ့်စံဘက်က အလိုလို ရပ်တည်မိ
နေတယ်လို့ လက်ခံပြီးသားဖြစ်ပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတစ်ခုလုံးရဲ့  ၄၀ % ကို မြန်မာ့စီးပွားရေး
ဦးပိုင်ကုမ္ပဏီလိမိတက်က အစုရှယ်ယာငွေကြေးတွေ ထည့်ဝင်ထားခြင်းဟာ
စီမံကိန်း ဆက်လက်ဆောင်ရွက်စေဖို့  မဖြစ်မနေ စေ့ဆော်နေတဲ့ ပဓနကျတဲ့
အရင်းခံအချက် ဖြစ်ပါတယ်။ မြန်မာလူထုကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့
“ဦးပိုင်” စီးပွားရေးအုပ်စုလုပ်ငန်းကြီးဆိုတာ စစ်တပ်ကျောထောက်နောက်ခံ
ပြုထားပြီး စစ်တပ်နဲ့ နီးစပ်ပက်သက်တဲ့ ဆွေးမျိုးမိသားစု အသိုင်းအ၀ိုင်းသာ
လုပ်ကိုင်ခံစားခွင့်ရတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။ စစ်တပ်နွယ်ဝင် မဟုတ်တဲ့၊
စစ်တပ်ရဲ့  အာဘော်ကို ငြင်းပယ်တဲ့အမြင်မျိုးရှိတဲ့ သာမန်အရပ်သားတွေ
အနားကပ်လို့ မရတဲ့ ငွေရှာအဖွဲ့ အစည်းဖြစ်ပါတယ်။ ၀င်သမျှ နှစ်စဉ် လစဉ်
ငွေကြေးများဟာလည်း စစ်တပ်အရာကြီး (အငြိမ်းစား/လက်ရှိ)များရဲ့ 
ကိုယ်ပိုင်အိတ်ကပ်တွေထဲဘဲ စီးဝင်လေ့ရှိပါတယ်။ ဦးပိုင်ရဲ့  ဆင့်ပါးစပ်
နှမ်းပက်သလို ပရိဟိတလုပ်ငန်းတွေဟာလည်း အပေါ်ယံ ဟန်ပြတွေပါဘဲ။
တစ်နိုင်ငံလုံးအနှံ့  အုပ်စီးချုပ်ကိုင်ချယ်လှယ်ထားတဲ့  ဦးပိုင်ကုမ္ပဏီကြီးရဲ့ 
လုပ်ငန်းခွဲများဟာ လက်ညှိုးထိုးမလွဲလောက်အောင် ကျယ်ပြန့် လှပြီး
ငွေပေါက်ငွေလမ်း အဓိကကျတဲ့ တွင်းထွက်သယံဇာတ တူးဖော်နှိုက်ထုတ်တဲ့
လုပ်ငန်းအများစုဟာ ဦးပိုင်လက်သီးဆုပ်ထဲမှာချည်း ရှိပါတယ်။
ဦးပိုင်ရဲ့  ခေါင်းကိုင်ဖခင်ဖြစ်တဲ့ စစ်တပ်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးမှာ
အတွင်းကျကျ စိုးမိုးချယ်လှယ် စွက်ဖက်ခွင့် အထူးအခွင့်အရေး ရရှိနေတယ်
ဆိုတာ ၂၀၀၈ ဖွဲ့ စည်းပုံအရ လက်ခံရမှာဖြစ်ပါတယ်။ ပြည်သူလူထုအပေါ်
သေနတ်ရွေးမလား တုတ်ယူမလား ဆိုတဲ့ စစ်တပ်ရဲ့  အာဏာရှင်ဆန်ဆန်
လုပ်ရပ်တွေဟာ မြန်ာနိုင်ငံသားအများစုရဲ့  ရင်ထဲအသည်းထဲမှာ ယနေ့ တိုင်
အနာမကျက်သေးဘဲ ခြောက်လှန့် နေဆဲဖြစ်ပါတယ်။စစ်တပ်မွေးထုတ်ေ ပးလို့ 
လူလားမြောက်ခဲ့လေတဲ့ လက်ရှိအစိုးရရဲ့  ၂ နှစ်ကျော်ကာလအတွင်း
ဆန့် ကျင်ဘက် နိုင်ငံရေးတက်ကြွသူတွေကို ရက်ရက်စက်စက် လူမဆန်စွာ
အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ပြစ်မှုကြီးငယ်များဟာ ထိတ်လန့် 
ခြောက်ခြားစရာကောင်းခဲ့ပါတယ်။ ပစ္စခတ် သွေးအလိမ်းလိမ်း ပေကျံတဲ့
နှိပ်ကွပ်မှုကြီးတွေကြားမှာ စစ်တပ်ခေါင်းစဉ်အောက်က သွားရရှာလေတဲ့
ဦးပိုင်ကုမ္ပဏီရဲ့  ၀င်ငွေမြောက်မြားစွာကို ရှာဖွေဖြည့်ဆည်းပေးမယ့်
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြီးကို အတိုက်အခံလုပ်ရမယ့်
ဒေသခံ တောင်သူလယ်သမားတွေရဲ့  တောင်းဆိုချက် (၃)ရပ် ရရှိဖို့ 
အခွင့်အလမ်းဟာ ကျဉ်းမြောင်းလှတာ သိသာလှပါတယ်။ သေချာပေါက်
အပိုင်နိုင်မယ့် နိုင်ငံရေးကစားပွဲတစ်ခုကို ၀င်ထိုင်ကြတဲ့ လက်ပံတောင်း
ဒေသခံတွေ မဟုတ်ကြပါဘူး။ ဒါကိုသိလျက်နဲ့  ရင်ထဲကခံစားမှုတွေနဲ့ 
သူတို့ ကြွေးကြော်သံတွေကို ကမ္ဘာကသိအောင် ဖော်ထုတ်ဆန္ဒပြခဲ့ကြတာ
ဖြစ်ပါတယ်။
“စီမံကိန်းရပ်”
“ဦးပိုင်ဖျက်သိမ်းရေး”
“၀မ်ပေါင်ထွက်သွား”
စတဲ့ ဒေသခံတွေရဲ့  ဦးတည်ရည်မှန်းချက် (၃)ရပ်ဟာ ဒီမိုကရေစီရရှိရေး၊
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆိုတဲ့ ပကတိ လက်ရှိ မြန်မာ့နိုင်ငံရေး
လိုအပ်ချက်ကြီး (၂)ရပ်ကို သွယ်ဝိုက်ပြီး ကိုယ်စားပြုတယ်လို့  ခံယူတဲ့
အတွက် လက်ပံတောင်းတောင်ဒေသခံတွေရဲ့  တောင်းဆိုမှုတွေကို
လှိုက်လှိုက်လှဲလှဲ ထောက်ခံမိပါတော့တယ်။ မိမိတို့ အကျိုးစီးပွားအတွက်
မဟုတ်ဘဲ တတိုင်းပြည်လုံး အကျိုးစီးပွားအတွက် အားကျိုးမာန်တက်
ဆောင်ရွက်နေတဲ့ လက်ကံတောင်းတောင်ဒေသခံတွေရဲ့  လှုပ်ရှားမှုတွေကို
ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်။
ဒေါ်စုရဲ့ တင်ကြို ရိပ်ဖမ်းသံဖမ်း နိမိတ်စကားတွေအရ ကြေးနီစီမံကိန်းကို
ဖျက်သိမ်းပစ်ဖို့ မရှိဘဲ ဆက်လက်လုပ်ဆောင်ဖို့ အဖြေသာ ထွက်လာလိမ့်မယ်လို့ 
မြေကြီးလက်ခတ်မလွဲ မျှော်လင့်ထားကြပါတယ်။ ဒီနေရာမှာ မုံရွာသား
ကဗျာဆရာကြီး ဦးအံ့မောင်သုံးသပ်ချက်နဲ့ အတော်တိုက်ဆိုင်မိတယ်။
ဒေါ်စု ဆိုတာ မြန်မာပြည်သူအများစု ထောက်ခံအားပေးလာခဲ့တဲ့ ခေါင်းဆောင်
ဖြစ်တဲ့အပြင် ဒီကနေ့ မှာ စစ်အုပ်စုဘက်တော်သား (အရပ်ဝတ်/ယူနီဖောင်းဝတ်)
တွေအမြင်မှာ သူတို့ လမ်းပြမြေပုံထဲ ၀င်ရောက်လျှောက်လှမ်းခဲ့တဲ့ နိုင်ငံရေးသမား
အမှတ်နဲ့  ဒေါ်စုကို ပန်းစည်းဆက်ကြိုဆိုနေတဲ့ အခင်းအကျင်းလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဒီမိုကရေစီနိုင်ငံရေး အခင်းအကျင်း ထမြောက်အောင်မြင်ဖို့ 
စစ်အုပ်စုအတွက် ဒေါ်စုဟာ လိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ ဘုရားမပြီးသေးလို့ 
ငြမ်း ရှိဖို့ လိုပါသေးတယ်။ ဒီအခြေအနေမှာ ထွက်လာတဲ့အစီရင်ခံစာမှာ
နောက်ကွယ်က အင်းအားထုထည်ဟာ အလွန်ကြီးမားတယ်ဆိုတာကို
“စီမံကိန်းဖျက်သိမ်းရေး၊ ဦးပိုင်အလိုမရှိ၊ ၀မ်ပေါင်ထွက်သွား” လို့ ကြွေးကြော်
နေကြတဲ့ ဒေသခံတွေနဲ့  နိုင်ငံအနှံ့ က အခြားပြည်သူတွေရဲ့  လိုလားချက်ဆန္ဒ
ပြည့်ဝကျေနပ်စေဖို့ ရာ ရာခိုင်နှုန်းအားဖြင့် အားနည်းနေတယ်ဆိုတာ၊
အောင်မြင်ဖို့ အလားအလာ နိမ့်ပါးနေတာ အထင်အရှားပါဘဲ။
ဦးပိုင်နဲ့  အကျိုးတူစီးပွားဖက် ၀မ်ပေါင်ကုမ္ပဏီဆိုတာ တရုတ်နိုင်ငံအခြေစိုက်
ဆိုတာထက် တရုတ်အစိုးရချုပ်ကိုင်တဲ့ လုပ်ငန်းစုကြီးထဲက အဆွယ်အပွား
တစ်ခုဖြစ်ပါတယ်။ မြန်မာအစိုးရ၀န်ကြီး ဦးအောင်မင်းကိုယ်တိုင် ပြည်ပနိုင်ငံ
“တရုတ်ပြည်အစိုးရကို မလွန်ဆန်နိုင်ကြောင်းနဲ့  တရုတ်ကျေးဇူးတွေ
အများကြီးရှိတယ် ဒါ့ကြောင့် ဆပ်မှဖြစ်လိမ့်မယ်” လို့  ပဋိပက္ခဖြစ်နေတဲ့
လက်ပံတောင်းဒေသက ဆန္ဒပြသမားတွေကို ထုတ်ဖော်ဝန်ခံဖူးပါတယ်။
ထိုစဉ်က တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ပွက်ပွက်ညံစွာ ၀ိုင်းဝန်း
ပြစ်တင်ဆဲဆိုဝေဖန်သံတွေ ပွတ်လောရိုက်ခဲ့တာ မှတ်မိကြစေချင်ပါတယ်။
သမ္မတဦးသိန်းစိန် မီးစိမ်းမပြဘဲ သူ့ ဝန်ကြီးတွေ ပေါက်လွတ်ပဲစား ပြောလို့ 
မရဘူးလို့ ဘဲ အကြမ်းဖျဉ်း နားလည်ထားပါတယ်။ အစိုးရတစ်ဖွဲ့ လုံးရဲ့ 
တင်ကူးသဘောထားကိုက ကြေးနီစီမံကိန်းကြီးကို နောက်မဆုတ်တမ်း
ရှေ့ တိုးလုပ်ဖို့  ဆုံးဖြတ်ထားပုံရပါတယ်။ တရုတ်သြဇာ နာခံဖို့ က အဓိက၊
ဒေသခံတွေဆန္ဒက သာမည လို့  စိတ်ဒုံးဒုံးချထားတဲ့ အစိုးရလို့  အကဲဖြတ်ရင်
မှားမယ် မထင်ပါ။ မျက်နှာကြီးနိုင်ငံတွေနဲ့ ရွှေလမ်းငွေလမ်း ပွင့်နေချိန်
(ဟိုလက်ဖြန့် ဒီတောင်းစားချိန်)၊ နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ 
ပုလဲနံပ အကြည်စိုက်နေချိန်ဖြစ်တဲ့ ဦးသိန်းစိန်အစိုးရခေတ်မှာ သူ့ အစိုးရ
အာသာငမ်းငမ်းဖြစ်နေတဲ့ လက်ပံတောင်တောင်စီမံကိန်းကြီးကိ
အပြီးတိုင်ဖျက်သိမ်းပစ်ဖို့  တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ဒေသခံတွေရဲ့ ဆန္ဒ
(၃)ချက်ဟာ ကွန်ကရစ်နံရံ ခေါင်းနဲ့ ဝင်စောင့်သလို လွယ်ကူချောမွေ့ တဲ့ကိစ္စ
မဟုတ်ဘူးဆိုတာ ဆန္ဒပြ တောသူတောင်သားတွေ နားလည်ပြီးသားလို့ 
ယုံကြည်မိပါတယ်။ အားနည်းတဲ့ဘက် အနိမ့်စံဘက်က အလိုလို ရပ်တည်မိ
နေတယ်လို့ လက်ခံပြီးသားဖြစ်ပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်
ဦးပိုင်ကုမ္ပဏီလိမိတက်က အစုရှယ်ယာငွေကြေးတွေ ထည့်ဝင်ထားခြင်းဟာ
စီမံကိန်း ဆက်လက်ဆောင်ရွက်စေဖို့  မဖြစ်မနေ စေ့ဆော်နေတဲ့ ပဓနကျတဲ့
အရင်းခံအချက် ဖြစ်ပါတယ်။ မြန်မာလူထုကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့
“ဦးပိုင်” စီးပွားရေးအုပ်စုလုပ်ငန်းကြီးဆိ
ပြုထားပြီး စစ်တပ်နဲ့ နီးစပ်ပက်သက်တဲ့ ဆွေးမျိုးမိသားစု အသိုင်းအ၀ိုင်းသာ
လုပ်ကိုင်ခံစားခွင့်ရတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။ စစ်တပ်နွယ်ဝင် မဟုတ်တဲ့၊
စစ်တပ်ရဲ့  အာဘော်ကို ငြင်းပယ်တဲ့အမြင်မျိုးရှိတဲ့ သာမန်အရပ်သားတွေ
အနားကပ်လို့ မရတဲ့ ငွေရှာအဖွဲ့ အစည်းဖြစ်ပါတယ်။ ၀င်သမျှ နှစ်စဉ် လစဉ်
ငွေကြေးများဟာလည်း စစ်တပ်အရာကြီး (အငြိမ်းစား/လက်ရှိ)များရဲ့ 
ကိုယ်ပိုင်အိတ်ကပ်တွေထဲဘဲ စီးဝင်လေ့ရှိပါတယ်။ ဦးပိုင်ရဲ့  ဆင့်ပါးစပ်
နှမ်းပက်သလို ပရိဟိတလုပ်ငန်းတွေဟာလည်း အပေါ်ယံ ဟန်ပြတွေပါဘဲ။
တစ်နိုင်ငံလုံးအနှံ့  အုပ်စီးချုပ်ကိုင်ချယ်လှယ်ထားတဲ
လုပ်ငန်းခွဲများဟာ လက်ညှိုးထိုးမလွဲလောက်အောင် ကျယ်ပြန့် လှပြီး
ငွေပေါက်ငွေလမ်း အဓိကကျတဲ့ တွင်းထွက်သယံဇာတ တူးဖော်နှိုက်ထုတ်တဲ့
လုပ်ငန်းအများစုဟာ ဦးပိုင်လက်သီးဆုပ်ထဲမှာချည်း ရှိပါတယ်။
ဦးပိုင်ရဲ့  ခေါင်းကိုင်ဖခင်ဖြစ်တဲ့ စစ်တပ်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးမှာ
အတွင်းကျကျ စိုးမိုးချယ်လှယ် စွက်ဖက်ခွင့် အထူးအခွင့်အရေး ရရှိနေတယ်
ဆိုတာ ၂၀၀၈ ဖွဲ့ စည်းပုံအရ လက်ခံရမှာဖြစ်ပါတယ်။ ပြည်သူလူထုအပေါ်
သေနတ်ရွေးမလား တုတ်ယူမလား ဆိုတဲ့ စစ်တပ်ရဲ့  အာဏာရှင်ဆန်ဆန်
လုပ်ရပ်တွေဟာ မြန်ာနိုင်ငံသားအများစုရဲ့  ရင်ထဲအသည်းထဲမှာ ယနေ့ တိုင်
အနာမကျက်သေးဘဲ ခြောက်လှန့် နေဆဲဖြစ်ပါတယ်။စစ်တပ်မွေးထုတ်ေ
လူလားမြောက်ခဲ့လေတဲ့ လက်ရှိအစိုးရရဲ့  ၂ နှစ်ကျော်ကာလအတွင်း
ဆန့် ကျင်ဘက် နိုင်ငံရေးတက်ကြွသူတွေကို ရက်ရက်စက်စက် လူမဆန်စွာ
အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ပြစ်မှုကြီးငယ်များဟာ ထိတ်လန့် 
ခြောက်ခြားစရာကောင်းခဲ့ပါတယ်။ ပစ္စခတ် သွေးအလိမ်းလိမ်း ပေကျံတဲ့
နှိပ်ကွပ်မှုကြီးတွေကြားမှာ စစ်တပ်ခေါင်းစဉ်အောက်က သွားရရှာလေတဲ့
ဦးပိုင်ကုမ္ပဏီရဲ့  ၀င်ငွေမြောက်မြားစွာကို ရှာဖွေဖြည့်ဆည်းပေးမယ့်
လက်ပံတောင်းတောင်ကြေးနီစီမံကိန်
ဒေသခံ တောင်သူလယ်သမားတွေရဲ့  တောင်းဆိုချက် (၃)ရပ် ရရှိဖို့ 
အခွင့်အလမ်းဟာ ကျဉ်းမြောင်းလှတာ သိသာလှပါတယ်။ သေချာပေါက်
အပိုင်နိုင်မယ့် နိုင်ငံရေးကစားပွဲတစ်ခုကို ၀င်ထိုင်ကြတဲ့ လက်ပံတောင်း
ဒေသခံတွေ မဟုတ်ကြပါဘူး။ ဒါကိုသိလျက်နဲ့  ရင်ထဲကခံစားမှုတွေနဲ့ 
သူတို့ ကြွေးကြော်သံတွေကို ကမ္ဘာကသိအောင် ဖော်ထုတ်ဆန္ဒပြခဲ့ကြတာ
ဖြစ်ပါတယ်။
“စီမံကိန်းရပ်”
“ဦးပိုင်ဖျက်သိမ်းရေး”
“၀မ်ပေါင်ထွက်သွား”
စတဲ့ ဒေသခံတွေရဲ့  ဦးတည်ရည်မှန်းချက် (၃)ရပ်ဟာ ဒီမိုကရေစီရရှိရေး၊
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆိုတဲ့ ပကတိ လက်ရှိ မြန်မာ့နိုင်ငံရေး
လိုအပ်ချက်ကြီး (၂)ရပ်ကို သွယ်ဝိုက်ပြီး ကိုယ်စားပြုတယ်လို့  ခံယူတဲ့
အတွက် လက်ပံတောင်းတောင်ဒေသခံတွေရဲ့  တောင်းဆိုမှုတွေကို
လှိုက်လှိုက်လှဲလှဲ ထောက်ခံမိပါတော့တယ်။ မိမိတို့ အကျိုးစီးပွားအတွက်
မဟုတ်ဘဲ တတိုင်းပြည်လုံး အကျိုးစီးပွားအတွက် အားကျိုးမာန်တက်
ဆောင်ရွက်နေတဲ့ လက်ကံတောင်းတောင်ဒေသခံတွေရဲ့  လှုပ်ရှားမှုတွေကို
ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်။
No comments:
Post a Comment