မြန်မာ့နိုင်ငံရေးဇတ်ခုံပေါ်မှာထွက်ပေါ်လာမယ့်၊ အနာဂတ်မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအတွက် သတိထားရန်၊ သိထားရန်..အတွက်
ဖေ့ဘုတ်ပေါ်ကတဆင့်ကူးယူတင်ပြလိုက်ပါတယ်။
ဘလောဂါ
Ko Nyo shared The Myanma Age's photo.
NLD
ဘာဖြစ်တာလဲ? နိုင်ငံရေးက ခုမှ လုပ်မယ်ကြံတုံး..ဖြုတ်၊ကပ်၊ ဖယ်
တွေလုပ်ကုန်ပြီ။ ၈၈ တိုက်ပွဲထဲက လူတွေကို တန်ဘိုးမထားရင် ၉၀ တုံးကလို ဂျလဘီ
အမတ်တွေ ထွက်လာလိမ့်မယ်။ ဒီအချိန်ကာလမှာ နိုင်ငံရေးသမားဟာ
ကိုယ့်ကိုယ်ကိုထက် တိုင်းပြည်ကို ပိုချစ်တတ်တာ၊ ကိုယ့်ဘ၀တိုးတက်ရေးထက်
ပြည်သူ့ဘ၀ဖွံ့ဖြိုးရေးကို ပိုစိတ်ထန်သန်သူတွေ ဖြစ်သင့်တယ်။ ၁၉၉၀ တုံးက
ပြည်တွင်းထဲက ဝေဖန်တဲ့ အသံတခု သတိရတယ်။ “ခွေးအမြီးဖြတ်ပြီး NLDလို့
ဆိုင်းဘုတ်ဆွဲပေးရင်တောင် အဲဒီခွေးမြီးပြတ်က အမတ်ဖြစ်နိုင်တယ်” ဆိုတဲ့စကား။
ရန်သူမုန်းတော့ အတိုက်အခံက အမှတ်အလိုလိုတက်နေတာ။ ဒါကို ကိုယ့်ဖာသာ
အထင်ကြီးနေတယ်။ တကယ့် တိုက်ပွဲမှာNLDကို စေတနာမှန်နဲ့ ထမ်းပိုးပေးရတဲ့
ကျောင်းသားတွေ လူငယ်တွေကိုတောင် ငါတို့က ခေါင်းတလုံးပိုမြင့်တယ်
ဆိုပြီးဘ၀င်လေဟတ်နေကြတယ်။ တိုက်ပွဲထဲက ရဲဘော်တွေကို မလေးမခန့်လုပ်လာတယ်။
ပြည်ပရောက် NLD အမတ်တွေတောင် ပြည်သူ့ကိုယ်စားလှယ်ဆိုတဲ့
ဆိုင်းဘုတ်ကိုဖုံတွေပွတ်သပ်ပြီး
ကျောင်းသားတွေ နေစရာမရှိငတ်နေချိန် NED နဲ့ NGO အထောက်အပံ့တွေယူပြီး
မိန်းမောနေကြတယ်။ အဲဒါ အများစုပါ။ အရည်အချင်းကနည်း
နိုင်ငံရေးမျက်စေ့လည်ပြီး အနှစ်၂၀လောက်
ငွေထောက်ပံ့သူတွေရဲ့ ခိုင်းဖတ်အဖြစ် ရပ်တည်ခဲ့ကြတယ်။ အခုလည်း ကြံ့ဖွတ်
ပါတီကို မျိုးရိုးဗီဇနဲ့ နိုင်ငံရေး သန္ဓေမမှန်လို့လူထုက ချဉ်နေတာတကြောင်း။
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်တာတကြောင်း၊ NLD မှတပါး အင်အားကြီးပါတီ
မရှိဆိုတဲ့ လူထုရဲ့ တွက်ကိန်းနဲ့ ၂၀၁၅ အတွက် NLD က အတွင်းကြိတ်
ဗိုလ်လုပွဲတွေ၊ ဖြုတ်၊ ကပ်၊ဖယ်တွေလုပ်နေတယ်။ အနှစ်၂၀လောက် ထောင်ကျခံ၊
မိသားစုဘ၀အပျက်ခံ ပြီးဒေါင်ဒေါင်မြည်လုပ်ခဲ့ကြသူေ တွကို
အောက်လမ်းနည်းတွေနဲ့ အချင်းချင်းတိုက်နေတယ်။ ဒီအချိန် မှာ NLDက
မဟာမိတ်တွေပေါင်းစည်းရမှာ။ ခိုင်မာကျစ်လစ်တဲ့ ပါတီတခုအဖြစ် တခါးဖွင့်
ပေါင်းစည်းရမှာတွေရှိတယ်။ ၉၀ တုံးကလို ငါ့လှေငါထိုးလုပ်ရင် ၉၀ တုံးကလိုပဲ
အချောင်သမားတွေဝင်လာလိမ့်မယ်။ ဗြဲလျှန်း နိုင်ငံရေးကြီးဖြစ်လိမ့်မယ်။
ပြည်သူက လေးစားချစ်ခင်တဲ့ ၈၈တွေ၊ နိုင်ငံရေးသမားဟောင်းတွေ၊
လူမှုတက်ကြွသူတွေ၊ နိုင်ငံရေးတက်ကြွသူတွေကို ပူးပေါင်းရတော့မယ်။
ကြီးမားကျယ်ပြန်တဲ့ နိုင်ငံရေးပါတီတခုဖြစ်ဖို့ဆို
တခါးကျဉ်းကျဉ်းလေးဟထားယုံနဲ့ မရဖူး။ ငါတို့မူပိုင်ဆိုတဲ့စိတ်ဓာတ်တွေ
ဖယ်ရှားဖို့လိုတယ်။ NLD အမြင်ကျဉ်းလို့မရဖူး။ ၁၉၉၀ အကြွေးဆပ်ရမဲ့
အချိန်ရောက်ပြီ။ ၉၀ တုံးက မဲဆန္ဒရှင် လူထုအပေါ်တာဝန်မကျေခဲ့တာတွေ
အတိုးချလုပ်ရမယ်။ အရည်အချင်းရှိသူတွေကို နေရာပေးရမယ်။ ဒီအချိန်က ပြည်သူကို
သစ္စာရှိပါတယ်၊ တိုင်းပြည်ကို ချစ်ပါတယ်လို့ ပါးစပ်နေ ဟောပြရမဲ့
အချိန်မဟုတ်ဖူး။ လက်တွေ့ အနစ်နာခံလုပ်ပြရမှာဖြစ်တယ်။ ၂၀၁၅ ထဲမှာပဲ
တိုးခွေ့မနေပဲ ၂၀၂၀ အထိ အမျော်အမြင်ရှိရှိ မျိုးဆက်မွေးပြီး
ပြင်ဆင်ထားဖို့လိုတယ်။ နိုင်ငံတကာ အတွေ့အကြုံနဲ့ ပညာတတ်တွေ NLDမှာ
မွေးထုတ်ရအုံးမယ်။ ဒါကြောင့် သက်ကြားအိုတွေချည်းကိုပဲ စုပုံ
အားကိုးနေလို့မရဖူး။
“လမ်းပေါ်က ခဲလုံးကောက်တဲ့ နိုင်ငံရေးမျိုး လုပ်ဆိုလည်း လုပ်မယ်” ဟု NLDပါတီတွင်သာ နိုင်ငံရေးလုပ်မည်ဆိုသည့်
ဒေါ်မိမိကြီးနှင့် တွေ့ဆုံခြင်း
ရန်ကုန်၊ မတ် ၉။
No comments:
Post a Comment