၂၈၊၂၊၂၀၁၃နေ့က ရွှေည၀ါဆရာတော်ဘုရားကြီး၏မေတ္တာရပ်ခံ၊ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့်
ပလောင်ရွာထဲရှိ မိမိတို့နေအိမ်များသို့ ပြန်လည်ရောက်ရှိလာကြသော
တောင်သူလယ်သမားများ၊ မိသားစုများနှင့် စည်းဝေးတိုင်ပင်ပွဲကို
ပလောင်ရွာကန်ဘောင်အနီး၌ ကျင်းပခဲ့ပါသည်။ ၂၆၊၂၊၂၀၁၃နေ့က ဖြစ်ပွားခဲ့သော
ရုန်းရင်းဆန်ခတ်ဖြစ်စဉ်ကြောင့် မိမိတို့နေအိမ်များသို့ ပြန်မလာ ရဲသည့်
ရွာသူရွာသားများအတွက် ရွှေည၀ါဆရာတော်ဘုရားကြီးက မြို့နယ်နှင့်ခရိုင်မှ
သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊လုံခြုံရေးတာဝန်ရှိသူများနှင့်
ညှိနှိုင်းပေးခဲ့ရာ “ဖမ်းဆီးအရေးယူခြင်း မပြုပါ”ဟူသောကတိကို
ရရှိခဲ့ကြောင်းသိရသည်။ သို့သော် နှုတ်ကတိဆိုသည်မှာ သေချာရေရာခြင်းမရှိ၍
နိုင်ငံတော်အစိုးရက မီဒီယာများ၊သတင်းစာ များမှတစ်ဆင့်
တရားဝင်ထုတ်ပြန်ကြေညာပေးရန် တောင်သူလယ်သမားသမဂ္ဂအနေဖြင့် တိုက်တွန်း
တောင်းဆိုခဲ့ပါသည်။တောင်သူလယ်သမားများအနေဖြင့်လည်း မိမိတို့၏ ဆုံးရှုံးနစ်နာရမှုများ၊ရပိုင် ခွင့်များကို တရားနည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်ကြရန်တိုက်တွန်းခဲ့ပါသည်။ —
No comments:
Post a Comment