NLD မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကို ပြည်တွင်းပြည်ပ မီဒီယာများ ဖိတ်ခေါ်၍ ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
NLD မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံကို ပြည်တွင်းပြည်ပ မီဒီယာများ၊ သံရုံးတာဝန်ရှိသူများကို ဖိတ်ခေါ်၍ ပွင့်လင်းမြင်သာမှုရှိစေ ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ဗဟိုညီလာခံ ကျင်းပရေးကော်မတီဝင် ဦးစိုးဝင်းက ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်ညီလာခံ ၉၀ ရာခိုင်းနှုန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း၊
တိုင်းဒေသကြီးနှင့် ပြည်နယ် ညီလာခံများကို မတ်လ ၃ ရက်နေ့ နောက်ဆုံးထား
ကျင်းပနိုင်ရန်ီစဉ်လျက်ရှိကြောင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်
၈၀၀ ကျော်ထိ တက်ရောက်နိုင်ရန် စီစဉ်ထားကြောင်း NLD ညီလာခံ ကျင်းပရေး
ဗဟိုကော်မရှင်၏ သဘောထား ၂ ရပ်ကို တင်ပြထားပြီးဖြစ်ကာ ယင်းသဘောထားများမှာ
ညီလာခံ ကိုယ်စားလှယ်များသည် ညီလာခံ၏ ရွေးချယ်မှုအဆင့်ဆင့်တွင်
အခြားသူများအား မဲပေးနိုင်ရန် သို့မဟုတ် မဲမပေးနိုင်ရန် စည်းရုံးခြင်း
မပြုရ။ ထိုသို့စည်းရုံးမှုမျိုးကို တိုက်တွန်းခြင်း၊ အားပေးခြင်း၊
ကူညီခြင်းမပြုရနှင့် ညီလာခံကိုယ်စားလှယ်၏ လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ကို
ထိခိုက်စေမည့် အပြုအမူအပြောအဆိုမျိုးကို မပြုလုပ်ရဟု ပါရှိကြောင်း
၎င်းကပြောသည်။
“ညီလာခံကို မတ်လ ၈ ရက်နေ့မှာ အကြိုညှိုနှိုင်းအစည်းအဝေး ပြုလုပ်မယ်။ တက်ရောက်လာတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ၈၀၀ ကျော်ခန့်ထံမှ ဗဟိုကော်မတီဝင် ၁၂၀ နှင့် အရန် ၃၀ ရွေးမယ်။ ဗဟိုကော်မတီဝင် ထံကနေ အလုပ်အမှုဆောင် ၁၅ ဦး၊ အရန် ၅ သီး ထပ်ရွေးချယ်မယ်။ ရွေးချယ်မှုအားလုံးကို လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်မှာပါ။ အားလုံးပြီးသွားတဲ့နေ့ရောက်ရင် ပြီးခဲ့တဲ့နှစ်က လုပ်ခဲ့တဲ့ အလုပ်တွေ ကို နိုင်ငံရေးအစီရင်ခံစာ ဖတ်မယ်။ ဥက္ကဌနဲ့ အတွင်းရေးမှူးများ ကိုလည်း ရွေးချယ်ရန်ရှိသည်’’ ဟု ၄င်းကပြောသည်။
“လက်ရှိဒီမိုကရေစီဆိတ်သုဉ်းခဲ့ရ တာ
ရာစုထက်ဝက်ခန့်ရှိသွားပြီး အခုမှပြန်စရတဲ့ကာလတွေမှာ
အောင်မြင်မှုတွေရှိခဲ့သလို အနည်းငယ်မအောင်မြင်မှုလည်း ရှိခဲ့ပါတယ်။
မအောင်မြင်ခဲ့တာ ဒီမိုအရေစီ ကျင့်သားမရသေးလို့ပါ။ ကျင့်သားမရသေးတဲ့
ဖြစ်စဉ်တွေအပေါ်မှာ ပြန်ပြီးသုံးသပ်မယ်။ အဆင်မပြေဖြစ်စေတဲ့ နေရာတိုင်းမှာ
စီစစ်ဆောင်ရွက်ပေးမယ်။ ဆောင်ရွက်ပေးဖို့ကိုလည်း နောက်လာမယ့်
အလုပ်အမှုဆောင်တွေကို တာဝန်ပေးမည်။” ဟု သံတော်ဆင့်၏ မေးမြန်းမှုကို
ဦးစိုးဝင်းက ပြောသည်။
( သတင်း - မြန်မာသံတော်ဆင့် - အတွဲ -၁ ၊ အမှတ် - ၅၁ ၊ မတ် - ၂ - ၈ ၊ ၂၀၁၃ ခုနှစ် )
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
NLD မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံကို ပြည်တွင်းပြည်ပ မီဒီယာများ၊ သံရုံးတာဝန်ရှိသူများကို ဖိတ်ခေါ်၍ ပွင့်လင်းမြင်သာမှုရှိစေ ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ဗဟိုညီလာခံ ကျင်းပရေးကော်မတီဝင် ဦးစိုးဝင်းက ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်ညီလာခံ ၉၀ ရာခိုင်းနှုန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြေ
“ညီလာခံကို မတ်လ ၈ ရက်နေ့မှာ အကြိုညှိုနှိုင်းအစည်းအဝေး ပြုလုပ်မယ်။ တက်ရောက်လာတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ၈၀၀ ကျော်ခန့်ထံမှ ဗဟိုကော်မတီဝင် ၁၂၀ နှင့် အရန် ၃၀ ရွေးမယ်။ ဗဟိုကော်မတီဝင် ထံကနေ အလုပ်အမှုဆောင် ၁၅ ဦး၊ အရန် ၅ သီး ထပ်ရွေးချယ်မယ်။ ရွေးချယ်မှုအားလုံးကို လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်မှာပါ။ အားလုံးပြီးသွားတဲ့နေ့ရောက်ရင် ပြီးခဲ့တဲ့နှစ်က လုပ်ခဲ့တဲ့ အလုပ်တွေ ကို နိုင်ငံရေးအစီရင်ခံစာ ဖတ်မယ်။ ဥက္ကဌနဲ့ အတွင်းရေးမှူးများ ကိုလည်း ရွေးချယ်ရန်ရှိသည်’’ ဟု ၄င်းကပြောသည်။
“လက်ရှိဒီမိုကရေစီဆိတ်သုဉ်းခဲ့ရ
( သတင်း - မြန်မာသံတော်ဆင့် - အတွဲ -၁ ၊ အမှတ် - ၅၁ ၊ မတ် - ၂ - ၈ ၊ ၂၀၁၃ ခုနှစ် )
No comments:
Post a Comment