Tuesday, March 5, 2013

NLD ဗဟို ညီလာခံ ကိုယ်စားလှယ် ၄ ဦး အား တာဝန်မှ ရပ်စဲ




Tuesday, March 5, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ ပါတီတွင်း ညီညွတ်ရေးကို ပျက်စီးစေသော အပြုအမှု၊ အပြောအဆို လှုပ်ရှားမှုတွေ ပြုလုပ်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့လို့ ပါတီရဲ့ ဗဟို ညီလာခံ ကိုယ်စားလှယ် ၄ ဦးကို ဗဟို ညီလာခံ ကိုယ်စား လှယ်များ အဖြစ်က ရုပ်သိမ်းလိုက်ကြောင်း ညီလာခံ ကျင်းပရေး ကော်မရှင်က ယနေ့ မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ၄ ဦးကတော့

၁။ ဦးခင်မောင်ဝင်း ( ဗဟို ညီလာခံ ကိုယ်စားလှယ်၊ ဥက္ကဌ ၊ အလုပ်အမှုဆောင်၊ NLD လမ်းမတော် မြို့နယ်)

၂။ ဦးသန့်စင်( ဗဟို ညီလာခံ ကိုယ်စားလှယ်၊ NLD ၊ ရွှေပြည်သာမြို့နယ်)

၃။ ဦးခင်မောင်ရှိန် ( ဗဟို ညီလာခံ ကိုယ်စားလှယ်၊ NLD၊ မြောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး)

၎။ ဒေါ်မိမိကြီး ( ဗဟို ညီလာခံ ကိုယ်စားလှယ်၊ NLD ၊ ကောလင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး)

တို့ဖြစ်တယ်လို့ ညီလာခံကျင်းပရေး ကော်မရှင် က ထုတ်ပြန်ထားပါတယ်။

အပြည့်အစုံနဲ့ မူရင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
 

No comments: