Tuesday, March 12, 2013

တရုတ်နိုင်ငံမှ ယခင်ဒုတိယ နိုင်ငံခြားရေး အရာရှိဖြစ်သူ Wang Yingfan ၀မ်ယင်ဖန် မြန်မာပြည်သို့ လာရောက်မည်

တရုတ် က ဒေါ်စုကို ဘရာဗို ပေးရန် မြန်မာပြည်သို့ လာရောက်မည်

တရုတ်နိုင်ငံမှ ယခင်ဒုတိယ နိုင်ငံခြားရေး အရာရှိဖြစ်သူ Wang Yingfan ၀မ်ယင်ဖန်အား 
 အာရှရေးတခွင် လှည့်လည်မည့ သံတမန်ကိုယ်စားလှယ်ကြီး အဖြစ် ခန့်အပ်လိုက်ပြီဟု
 တရုတ် နိုင်ငံခြားရေးဌာနမှ ပြောဆိုလိုက်သည်။

ယခု ခန့်အပ်ခံရသော အသက် ၇၁ နှစ်အရွယ်ရှိ ၀မ်သည် ၁၉၉၅ ခုနှစ်က ဒုတိယ 
နိုင်ငံခြားရေးဝန်အဖြစ် ခန့်အပ်ခံရဘူးပြီး ကုလသမဂ္ဂတရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်
 ၅ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ဘူးသည်။

 ယခု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးနှင့် ဆက်ဆံရေးအား လေ့လာသုံးသပ်မည်ဟု ပြောရေးဆိုခွင့်ရှိသူ Hua Chunying ဟူချောင်ယင်းက ပြောဆိုပါသည်။

ဇီမန် တက္ကသိုလ်မှ မြန်မာ့အရေးကျွမ်းကျင်သူ Professor Fan Hongwei ပါမောက္ခ ဖန်ဟွန်ဝေ က မေလအကုန်တွင် စတင်လွှတ်ထုတ်တော့မည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ကိစ္စက အနည်းငယ်
 အရှုပ်ထွေးများ ရှိနေသေးသည်ကို တွေ့ဆုံဆွေးနွေးရန်လိုအပ်သောကြောင့် ယခုခရီးစဉ်အား
 စီစဉ်ခဲ့ကြောင်း ပြောဆိုပါသည်။

တရုတ်နိုင်ငံနှင့် မြန်မာ ဆက်ဆံရေးသည် ၂၀၁၁ ခုနှစ်မှစကာ မြန်မာမှ အနောက်နိုင်ငံများနှင့် 
လမ်းဖွင့်ဆက်ဆံခဲ့သည်ကို ပိုပြီး ကောင်းမွန်လာအောင် ဘရင်းဂျင်းမှ ၀ိုင်းဝန်း
 ပါဝင်ဆောင်ရွက်ခဲ့ကြောင်း လဲ သူက ထောက်ပြပြောဆိုပါသည်။

တရုတ်နိုင်င်သည် ယခု ခရီးစဉ်အား ဇန်နာဝရီလတွင် စတင်ရန် မျှော်လင့်ခဲ့သော်လည်း တရုတ်နိုင်ငံမှ တိုက်ရိုက်ပါဝင်လုပ်ကိုင်နေသော လက်ပံတောင်း၏ နောက်ဆုံးထွက်ပေါ်လာမည့် အစီရင်ခံစာအား သီးခံစိတ်ရှည်စွာ စောင့်ဆိုင်းနေရသောကြောင့် ခရီးစဉ်အား ယခုလာမည့် အပတ်တွင်မှ
 စတင်နိုင်ခဲ့ရကြောင်း ပြောဆိုသည်။

ထိုအပြင် ၂ နိုင်ငံနယ်စပ်အတွင်း နယ်ခြားမျဉ်းတွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများအားလည်း
 ပိုပြီး တည်ငြိမ်မှုရလာအောင် ဆွေးနွေးမည်ဟု ဆိုသည်။

မြန်မာပြည်အတွင်း၇ှိ တိုင်းရင်းသားများ၏ ပတိပက္ခများနှင့် လုံးထွေးနေသော မြန်မာပြည်သည် 
အနောက်နိုင်ငံများ၏ အကျိုးစီးပွါးများအား ဆောင်ရွက်လုပ်ကိုင်ပေးနေရသော အနေထားအား
 တရုတ်ပြည်နှင့် လုံးဝမသက်ဆိုင်ကြောင်း တရုတ်က ဆိုပါသည်။ 

အမေရိကန်ဒေါ်လာ ၃.၆ သန်းခန့် တရုတ်မှ မြစ်ဆုံဆယ်တည်ဆောက်ရေးအား ဆိုင်းငံထားမှုအပေါ်တွင်လည်း ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်၇န်ရှိသည်ဟု ဆိုထားသည်။

ယခု တရုတ်ပြည်မှ သွားရောက်မည် သံတမန်ကြီး ၀မ်သည် ဘရင်ဂျင်း နိုင်ငံခြားရေးဆိုင်ရာ
 သုတေသနတက္ကသိုလ်တွင် ၁၉၆၄ ခုနှစ်တွင်ဘွဲ့ရခဲ့ပြီး တရုတ်ပြည်ဆိုင်ရာ သံတမန်ကြီးအဖြစ်
 ဗြိတိန်နှင့် ဂါနာနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး ၁၉၈၈ မှ ၁၉၉၀ တွင် ဖီလစ်ပိုင်နိုင်ငံတွင် သံအမတ်ကြီးတာဝန် ထမ်းဆောင်ခဲ့ဘူးကြောင်းလည်း ဖေါ်ပြထားသည်။

သူသည် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တရုတ်ပြည်သို့ အလည်ပတ်သွားရောက်ရန် တောင်းခံထားမှုအား ၄င်းရောက်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် ၁ နာရီမျှတွေ့ဆုံပြီး တရုတ်ပြည်သို့ သွားရောက်လည်ပတ်နိုင်ရန် ခွင့်ပြုလက်ခံမည်ဖြစ်ကြောင်းကို ပြောကြားမည်ဟုသိရသည်။

မြန်မာ့အရေးစောင့်ကြည့်နေသော သံတမန်အသိုင်းဝိုင်းမှ ဒေါ်အောင်ဆန်းစုကြည်သည်
 တရုတ်ပြည်အစိုးရ၏ ကျောထောက်နောက်ခံပေးထားသော ၀မ်ပေါင်ကုမ္မဏီအား
 ဆက်လက်လုပ်ပိုင်ခွင့်ပေးလိုက်သောကြောင့် တရုတ်ပြည်မှ ဘရာဗို ပြန်ပေးသည်သဘောဖြင့် 
 လာရောက်လည်ပတ်ခွင့် ပြုလိုက်ကြောင်းပါ။

ဂိုလ်ရှယ်လေး
သတင်းရင်းမြစ်သည် တရုတ်နိုင်ငံခြားရေးဌာနမှသတင်းအတိကျဖြစ်ပြီး သံတမန်အမြင်သည် 
ထိုင်းနိုင်ငံ ဘန်ကောက်မှ ယနေ့ သုံးလပတ် သံရုံးများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများမှ 
ထွက်ပေါ်လာသော သတင်းအရင်းမြစ်ဖြစ်ပါသည်။

၅ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ဘူးသည်

No comments: